12/05/2025
အန်တီခင့် မိတ်ဆွေတွေနဲ့ အဆက်အသွယ်ပြတ်နေတာ ကြာလှပြီနော်၊ အန်တီခင် ကျန်းမာရေး မကောင်းလို့ အဆက်အသွယ်ပြတ်နေတာ sorry ပါရှင်၊ ဒါပေမယ့် မိတ်ဆွေတွေ ခုချိန်ထိ အားပေးနေကြတာကို ကျေးဇူးအထူးတင်ပါတယ်ရှင်၊ အရင်တုန်းကလိုတော့ အိမ်အရောက် လာမပို့နိုင်တာကိုတော့ ခွင့်လွှတ်ကြပါရှင်၊ ရနိုင်မယ့်နေရာကိုတော့ အရင်တုန်းကလို ကျောက်မြောင်းမတ်နဲ့ စတားစီးတီးက စပရင်းကော်နာဆိုင်မှာ ရနိုင်ပါတယ်။ တခု သတိပေးချင်ပါတယ် ငံပြာရည်ကို ပလတ်စတစ်ဗူးနဲ့ သုံးထားတော့ တစ်ခါတလေ ငံပြာရည်က အရင်လို မမွှေးတော့ဘူးလို့ ခံစားလာခဲ့ရင် နေပူပူမှာ ထားလိုက်ပါ၊ နေနဲ့ချက်ထားတာဆိုတော့ အရင်လိုပြန်ပြီး မွှေးလာပါလိမ့်မယ်၊ အမှန်ကတော့ ဖန်ပုလင်းနဲ့ ဆိုရင်တော့ ခုလို အလုပ်ရှုပ်မှာ မဟုတ်ဘူး၊ sorry ပါရှင်၊ ခုချိန်ထိ အားပေးနေကြတဲ့ မိတ်ဆွေတွေကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။ အန်တီခင် မိတ်ဆွေတွေအားလုံး ဆရာတော်ကြီး အရှင်နန္ဒမာလာရဲ့ ဆုပေးသလို သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။