The Burmese Natural Life

The Burmese Natural Life contact for work-📞09-693036727/09-897442284
(275)

ဘဝဆိုတာ rehearsal မရှိသလို လုပ်လို့လဲ မရနိုင်ပါဘူးပြီးတော့ နောက်ပြန်လှည့်လို့လဲ မရနိုင်ပါဘူး။ နုတ်ဖျားက ထွက်သွားတဲ့ စကား...
19/08/2026

ဘဝဆိုတာ rehearsal မရှိသလို လုပ်လို့လဲ မရနိုင်ပါဘူး
ပြီးတော့ နောက်ပြန်လှည့်လို့လဲ မရနိုင်ပါဘူး။
နုတ်ဖျားက ထွက်သွားတဲ့ စကားလုံးတွေ
ကျွန်တော်တို့ ပြုမူလိုက်တဲ့ အပြုအမူတွေ ဟာ
အတိတ်ကိုပြန်သွားလို့ မရနိုင်ပါဘူး။

အသက်ငယ်တုန်းမှာ လုပ်ကြည့်ချင်တာတွေ လုပ်ချင်
တာတွေကို လုပ်ကြည့်တာက တကယ်အရေးကြီးတယ်
လို့ ကျွန်တော်ထင်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ
လုပ်ချင်တာတွေ၊နှစ်ဆယ်ကျော်အရွယ်မှာ ဖြစ်ချင်တာ
တွေ ပြီးတော့ သုံးဆယ်ကျော်အရွယ်မှာ လုပ်ချင်တာတွေကို
မလုပ်ဖြစ်ခဲ့ဘူးဆိုရင် သေချာတယ် ၄၀/၅၀ အရွယ်ရောက်
တဲ့အခါ နောင်တရနေရမှာပါ။

အဲ့ဒီစိတ်တစ်ခုတည်းကပဲ ကျွန်တော့ကို မောင်းနှင်ဖို့ တွန်း
အားပေးခဲ့တာထင်ပါတယ်။ တကယ်လည်း သတ္တိတွေ ရှိ
လာခဲ့ပါတယ်။ စိန်လဲ စိန်ခေါ်ဝံ့ခဲ့တယ်။

အောင်မြင်မူ့တွေရဲ့ ဆန့်ကျင်ဖက်က ရှုံးနိမ့်ခြင်း
မဟုတ်ပဲ စိန်ခေါ်မူ့ရော မဖြစ်နိုင်ဘူးလား။ ဒါဆို ကျွန်တော်
တို့ ဘာကြောင့်များ စိန်မခေါ်ကြည့်တာပါလိမ့်။ စိန်မခေါ်ကြည့်
ရင်တော့ ရှုံးနိမ့်လိုက်ပါတဲ့။

The Burmese Natural Life.

17/08/2026

ကြည့်ရတာတော့ ခရီးသွား ဧည့်သည်မဟုတ်ပဲ
မြစ်ထဲ စက်လှေမောင်းပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ဒေသခံလို့ထင်ပါတယ်။ မြင်ကွင်းလှလို့ ရိုက်ကူးလိုက်တာ
အခုသေချာကြည့်လိုက်မှ စပရိုက် ဖြစ်သွားတယ်။

16/08/2026

နှလုံးသား အာဟာရ ဗီတာမင် နေ့စွဲများ။

ဘဝမှာ ကျွန်တော်တို့ တကယ်ဖြစ်ချင်တဲ့အရာကိုရှေ့ဆက်နိုင်ဖို့အတွက် ဒါကိုလဲကြောက် ဟိုဟာကိုလည်း လန့်ပြီး ကျွန်တော်တို့ တကယ်လုပ...
15/08/2026

ဘဝမှာ ကျွန်တော်တို့ တကယ်ဖြစ်ချင်တဲ့အရာကို
ရှေ့ဆက်နိုင်ဖို့အတွက် ဒါကိုလဲကြောက် ဟိုဟာ
ကိုလည်း လန့်ပြီး ကျွန်တော်တို့ တကယ်
လုပ်ချင်တဲ့အရာကို မလုပ်ရဘဲ အသက်ရှင်သန်နေ
ရမယ်ဆိုရင် အဲ့ဒါက တကယ်ပဲ ကျွန်တော်တို့ကို သေ
ချာပေါက် ပျော်ရွှင်နိုင်ပါ့လားလေ။

နောက်ပြီးကြတော့ရော နောင်တရမနေရဘူးလား။
ကျရှုံးရင်လဲ ကျရှုံးနိုင်မယ် စိတ်ဓာတ်တွေ
ပြိုလဲရင်လဲ ပြိုလဲပေါ့ ဘာဖြစ်လဲ။

အသစ်က ပြန်စရုံပဲပေါ့။
အနဲဆုံးတော့ အတွေ့အကြုံရမှာပဲလေ
တစ်ခါလောက် ဖြစ်ဖြစ် ကိုယ့်အတွက်
ကြိုးစားပေးပါ။

The Burmese Natural Life.

လူတွေက စကားအများကြီး ပြောလေ့ရှိကြပြီးဘဝကို ဒီလိုမျိုးရှင်သန်ရမယ်၊ဟိုလိုမျိုးရှင်သန်ရမယ် ဆိုပြီးတော့ပေါ့လေ။   ဒါပေမဲ့လည်း...
13/08/2026

လူတွေက စကားအများကြီး ပြောလေ့ရှိကြပြီး
ဘဝကို ဒီလိုမျိုးရှင်သန်ရမယ်၊ဟိုလိုမျိုးရှင်သန်
ရမယ် ဆိုပြီးတော့ပေါ့လေ။
ဒါပေမဲ့လည်း တကယ်တမ်းကြတော့ ကိုယ့်ဘဝရဲ့
ဇာတ်လိုက်က ကျွန်တော်တို့ ကိုယ်တိုင်ပဲ မဟုတ်လား။
တခြားသူရဲ့ ခံစားချက်တွေ၊ဆန္ဒတွေ၊ပျော်ရွှင်ဖို့တွေ၊
စိတ်အလိုမကျနိုင်ခြင်းတွေကို ဖြည့်ဆည်းပေးရင်း ကနေ
တကယ်တော့ ကျွန်တော်တို့ လိုချင်တဲ့ ဘဝကို မသိမသာ
လေး တိတ်တဆိတ် ဆုံးရှုံးမှန်းမသိ ဆုံးရှုံးခဲ့ရတယ်။
လက်ရှိတောင် မပျော်ရွှင်ရတဲ့ ပတ်ဝန်းကျင်တစ်ခုဟာ
နောက်ပိုင်းတွေမှာရော ကျွန်တော်တို့ ပျော်ရွှင်ချမ်းမြေ့
နိုင်မယ်လို့ သေချာပေါက် ထင်ပါသလား……
ဘဝမှာ တစ်ကြိမ် တစ်ခါလောက်ဖြစ်ဖြစ် ငါ့အတွက်
ဆိုပြီး တိုက်ခိုက်စွန်းစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
မှားသွားလည်း ဘာဖြစ်လဲ ကိစ္စမရှိဘူး။ ဒီလို စွန့်စားဖို့
ရွေးချယ်လိုက်လို့ သေချာပေါက် ငါနောင်တရမှာ မဟုတ်ဘူး
ဆိုပြီးတော့ပေါ့။
ကျွန်တော်တို့ အသက်တွေ ကြီးလာတဲ့အခါ ကျွန်တော်တို့
လုပ်ဖြစ်ခဲ့ စွန့်စားခဲ့တဲ့အရာတွေထက် မတိုက်ခိုက် မစွန့်
စား သူရဲဘောကြောင်ခဲ့တဲ့ အရာတွေက တမြေ့မြေ့နဲ့ စိတ်
နှလုံးသားကို လက်ကျန်ဘဝ တခုလုံး နောင်တ တရားတွေကပဲ
ကြီးစိုးရှင်သန်ရတတ်တယ်တဲ့။
ကျွန်တော့အတွက် အဲ့စကားလေး တစ်ခွန်းဟာ သူရဲကြောင်
နေတဲ့ ကျွန်တော့ကို သတ္တိတွေ ရှိလာခဲ့စေပါတယ်။

The Burmese Natural Life.

တစ်ချို့လူတွေ အတွက်ကြပြန်တော့လဲဒါဟာ မွေးရာပါ  အခွင့်အရေး၊တစ်ချို့တလေအတွက်ကြပြန်တော့လဲ  ဒီလိုအခွင့်အရေးလေးရဖို့ ရှိသမျှအာ...
13/08/2026

တစ်ချို့လူတွေ အတွက်ကြပြန်တော့လဲ
ဒါဟာ မွေးရာပါ အခွင့်အရေး၊တစ်ချို့
တလေအတွက်ကြပြန်တော့လဲ ဒီလိုအခွင့်
အရေးလေးရဖို့ ရှိသမျှအားအင်တွေ အကုန်ပစ်ထည့်
ကြိုးစားတာတောင် မလွယ်ပြန်ဘူးလေ။
ဒါပေမဲ့လဲ ကြိုးစားမူ့တိုင်းက သစ္စာမဖောက်ဘူးတဲ့။

ဓာတ်ပုံတွေကတော့(13.8.2026)ရိုက်ကူးခဲ့တဲ့ ဖိုးအင်ရွာကလေးပါ။

The Burmese Natural Life.

13/08/2026

မိုးရာသီပန်းလောင်မြစ် အလှတရား။

#ထူးခြားပြည့်စုံသောPremierArabicaDrip

12/08/2026

ပန်းလောင်ဒေသရဲ့ အလှတရား

#ထူးခြားပြည့်စုံသောPremierArabicaDrip

11/08/2026

မtayခင် ကမ္ဘာကြီးကို ကျောပိုးအိတ်ကလေးတစ်လုံးနဲ့ သွားကြည့်ချင်တယ် ဆိုတဲ့ အိမ်မက်တွေ ဖြစ်လာသေးလဲ ပန်းလောင်မြစ်ရေတံခွန်လေးတော့ ရောက်ဖူးအောင် လာခဲ့ကြပါ။ဒီအချိန်က အရမ်းလှလို့ပါ။ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်၊ကူမဲမြို့ လူတစ်ဦး (၂၀၀၀၀)ကျပ်။ ၁လီတာ ရေသန့်၊ကော်ဖီပူပူတစ်ခွက်၊လည်ပတ်စရာ ကင်းတားလေးဆည်၊ပိန္နဲပင်ကြိုးတံတား၊ပန်းလောင်မြစ်ရေတံခွန် အသွား၊အပြန် စက်လှေစီးခ ပါဝင်ပြီး အသက်ကယ်အင်္ကျီ(life jacket)များလည်းမဖြစ်မနေ ဝတ်ဆင်ရပါတယ်ဗျ။ ပန်းလောင်ရေတံခွန်အပေါ်စီးက မြင်ရတဲ့ ပန်းလောင်မြစ် view point တို့ကို travel guide တစ်ယောက်ဖြင့် အနီးကပ် ဝန်ဆောင်မူ့ပေးသွားမှာပါဗျ။ ရေကူးတဲ့အခါလည်း အနီးကပ် စောင့်ရှောက်ပေးသွားမှာပါဗျ။ အသေးစိတ်သိရှိနိုင်ရန်09-897442284/09-693036727

ပြည့်စုံသွားတဲ့ စိတ်ဟာ ဘယ်တော့မှ မဆူညံတော့ဘူးတဲ့။ တောင်ကျစမ်းချောင်းလေးတစ်ခုဟာ ကျောက်ခဲတွေနဲ့ တိုက်မိတဲ့အခါ၊ အတားအဆီးတွေ...
10/08/2026

ပြည့်စုံသွားတဲ့ စိတ်ဟာ ဘယ်တော့မှ
မဆူညံတော့ဘူးတဲ့။ တောင်ကျစမ်းချောင်းလေးတစ်ခုဟာ
ကျောက်ခဲတွေနဲ့ တိုက်မိတဲ့အခါ၊ အတားအဆီးတွေ
ရှိနေတဲ့အခါမှာတော့ "ဆူညံသံ" တွေ အများကြီး
ထွက်ပေါ်နေတတ်ပါတယ်။

ဒါပေမဲ့ အဲဒီရေတွေဟာ နက်ရှိုင်းပြီး ကျယ်ပြန့်တဲ့
ပင်လယ်ပြင်ကြီးထဲကို ရောက်သွားတဲ့အခါမှာတော့
ဘာအသံမှ မထွက်တော့ဘဲ "တိတ်ဆိတ်" သွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ပြည့်စုံသွားလို့ပါပဲ။
ပင်လယ်မှာ သူ့ရဲ့ နက်ရှိုင်းမှုနဲ့ အင်အားကို ဘယ်သူ့ကိုမှ သက်သေပြနေဖို့ မလိုတော့ပါဘူး။

ဘဝဟာလည်း ဒီအတိုင်းပါပဲ...
ကိုယ့်ကိုယ်ကိုယ် မလုံခြုံသေးသရွေ့၊ သူတစ်ပါးရဲ့
အသိအမှတ် ပြုမှုကို လိုလားနေသရွေ့တော့ ကိုယ့်ရဲ့
ပိုင်ဆိုင်မှုတွေ၊ အောင်မြင်မှုတွေကို အတင်းအကျပ်
လိုက်ကြွားနေမိပါလိမ့်မယ်။

ဒါပေမဲ့ ကိုယ့်ရဲ့ "အတွင်းစိတ်" ဟာ တကယ်ပဲ
လွတ်လပ်ပြီး ပြည့်စုံသွားတဲ့အခါမှာတော့...
သူတစ်ပါးထက် သာကြောင်း ပြသဖို့ မလိုအပ်တော့ဘူး။
ဘယ်သူတွေ ဘာပြောပြော ကိုယ့်ပျော်ရွှင်မှုက
ခိုင်မြဲနေတယ်။ကြွားဝါခြင်းထက် ကိုယ့်ဘဝကို
အေးအေးချမ်းချမ်း ခံစားဖို့ပဲ အာရုံစိုက်လာတယ်။

တကယ်လွတ်လပ်သွားတဲ့သူဟာ လောကကြီးကို
တစ်ဖက်သား မြင်စေချင်တဲ့အတိုင်း မဟုတ်ဘဲ၊
ကိုယ်တိုင် ခံစားရတဲ့အတိုင်းပဲ ရိုးရိုးရှင်းရှင်း
ရှင်သန်တတ်လာပါတယ်။
တိတ်ဆိတ်ခြင်း" ဆိုတာ အားနည်းတာမဟုတ်ဘဲ "
ပြည့်စုံလွတ်လပ်ခြင်း" တစ်ခုပါပဲ။
Credit.
#ထူးခြားပြည့်စုံသောPremierArabicaDrip

Address

Cheonan
31000

Website

Alerts

Be the first to know and let us send you an email when The Burmese Natural Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share