Sulatt Stainless Steel Kitchen Equipments & Home Decoration

  • Home
  • Myanmar
  • Bagan
  • Sulatt Stainless Steel Kitchen Equipments & Home Decoration

Sulatt    Stainless Steel Kitchen Equipments & Home Decoration Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sulatt Stainless Steel Kitchen Equipments & Home Decoration, Home improvement, Bagan . . . ညောင်ဦး, Bagan.

Caming Soon.....
15/10/2017

Caming Soon.....

14/10/2017
ဒါ​လေး​တွေလည်း  လုပ်​ပါတယ်​လို့.....
10/10/2017

ဒါ​လေး​တွေလည်း လုပ်​ပါတယ်​လို့.....

ဝန်ထမ်းကောင်းတွေ ဘာကြောင့် ဆုံးရှုံးရသလဲတစ်ခါတစ်ရံမှာ ဝန်ထမ်းကောင်း တွေက ကိုယ့်ရဲ့ ကုမ္ပဏီကို စွန့်ခွာသွားကြ တယ်။ အဲဒီလိုစ...
10/10/2017

ဝန်ထမ်းကောင်းတွေ ဘာကြောင့် ဆုံးရှုံးရသလဲ

တစ်ခါတစ်ရံမှာ ဝန်ထမ်းကောင်း တွေက ကိုယ့်ရဲ့ ကုမ္ပဏီကို စွန့်ခွာသွားကြ တယ်။ အဲဒီလိုစွန့်ခွာကြတဲ့ အကြောင်း အချက်လည်း များစွာရှိပါတယ်။ ဥပမာ အားဖြင့် ထိုက်သင့်တဲ့ရာထူးနဲ့ လစာမပေး နိုင်တာအပြင် တခြားအချက်များစွာလည်း ရှိနေပါသေးတယ်။ ဘယ်အချက်တွေက ဝန်ထမ်းကောင်းတွေကို ဆုံးရှုံးစေသလဲဆို တာ စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁.Team Work အားနည်းတာ

ကုမ္ပဏီတစ်ခုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတစ်ခုပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း၊ ဌာနဆိုင်ရာအချင်းချင်း ခေါင်းဆောင်မှု အားနည်းတာ၊Team Work အားနည်း တာက နာတာရှည်ရောဂါတစ်ခု လိုဖြစ်စေ ပါတယ်။ မကြာခဏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပစ်ပယ်ခံရမှု၊ ထုတ်ပယ်ထားမှုစတဲ့အချက် တွေကြောင့် နောက်ဆုံးမှာ ဝန်ထမ်း ကောင်းတွေက သူတို့ရဲ့ ခေါင်းဆောင်ကို စွန့်ခွာလာကြပါတယ်။

၂.အလုပ်ပတ်ဝန်းကျင်ကောင်းမရှိတာ

ဘယ်နေရာမှာမဆို ပတ်ဝန်းကျင် ကောင်းလိုအပ်ပါတယ်။ နေထိုင်ရာပတ် ဝန်းကျင်ဖြစ်စေ၊ အလုပ်ပတ်ဝန်းကျင်ဖြစ် စေ၊ ပေါင်းသင်းဆက်ဆံရတဲ့ လူ့ပတ်ဝန်း ကျင်မှာဖြစ်စေ ပတ်ဝန်းကျင်ကောင်းဖို့ လိုအပ်ပါတယ်။ ဒီအတိုင်းပဲ အလုပ်ခွင် တစ်ခုမှာ အလုပ်ပတ်ဝန်းကျင်ကောင်းမရှိ တာက ဝန်ထမ်းကောင်းတွေ အလုပ်ခွင်ကို စွန့်ခွာဖို့ ဖြစ်စေနိုင်ပါတယ်။ အမြဲတမ်း Negativeအမြင်တွေချည်း စုဝေးနေတဲ့ အလုပ်ခွင်တစ်ခုမှာ ဘယ်လိုဝန်ထမ်းမျိုးက ကြာရှည်နေထိုင်နိုင်မလဲ။ အဲဒီ Negative အမြင်တွေချည်းရှိတဲ့ အလုပ်ခွင်မှာ စိတ်ဖိ စီးမှုတစ်ခုတည်းတင် မဟုတ်ပါဘူး၊ ကိုယ့် ရဲ့ စိတ်ဓာတ်ကိုပါ ထိခိုက်နစ်နာစေပါ တယ်။ ဒါ့ကြောင့် ဝန်ထမ်းကောင်းတွေက အဲဒီလို အလုပ်ခွင်မျိုးကို စွန့်ခွာကြပါ တယ်။

၃.မျှမျှတတမရှိတာ

ဒီအချက်ကလည်း လုပ်ငန်းခွင်တိုင်း အတွက် မရှိမဖြစ်အရေးပါပါတယ်။ လုပ်ငန်းခွင်တွေမှာ လုပ်သက်ကြာနေပြီ ဖြစ်တဲ့ ဝန်ထမ်းတွေထက် အတွေ့အကြုံ လည်း နည်းတဲ့ ဝန်ထမ်းအသစ်တွေကို လစာပိုပေးတာ၊ ခံစားခွင့်တချို့ပိုပေးတာ က ဝန်ထမ်းကောင်းတချို့ကို လက်လွတ် ဆုံးရှုံးစေတယ်လို့ ဆိုပါတယ်။ စစ်တမ်း ကောက်ယူမှုတွေအရ ဒီအချက်က အလုပ်က ထွက်ဖို့ နံပါတ်တစ်အချက်ဖြစ်နေတယ် လို့ ဖော်ပြနေပါတယ်။

၎.အရည်အသွေးမြှင့်တင်ဖို့ အခွင့်အလမ်း နည်းပါးတာ

ကိုယ့်ရဲ့ ဝန်ထမ်းတွေရဲ့ အသက်မွေး ဝမ်းကျောင်းပညာရပ်တွေမှာ ဘယ်လို ကူညီနိုင်မလဲဆိုတဲ့အချက်ကို စဉ်းစားပေး သင့်ပါတယ်၊ ဒါမှမဟုတ်ရင်တော့ သူတို့ အတွက် တိုးတက်ဖို့အခွင့်အလမ်းမပေး တာက ဝန်ထမ်းကောင်းတွေ ကိုယ့်ဆီက ထွက်သွားဖို့ အရှိန်ယူပေးလိုက်တာပါပဲ။ တစ်ချို့အလုပ်တွေမှာ ရှိပါတယ်၊ ဝန်ထမ်း တွေကို တခြားသင်တန်းပေးမတက်တာ၊ အလုပ်မှာလည်း သင်တန်းပေးတာမျိုးမရှိ တဲ့ အလုပ်ခွင်တွေကို ဝန်ထမ်းတွေက စွန့် ခွာကြတာများပါတယ်။
ကိုယ့်ရဲ့ ဝန်ထမ်းကို အလုပ်ခွင်မှာ ပိုပြီးတော့ Professional ဖြစ်အောင်၊ သက်ဆိုင်ရာပညာရပ် တစ်ခုခုမှာ ပိုပြီးထူး ချွန်လာအောင် လုပ်ဆောင်ပေးတဲ့ အလုပ် နေရာမျိုးကို ဝန်ထမ်းတွေအနေနဲ့ ပိုအလိုရှိ တယ်ဆိုတာကို လုပ်ငန်းရှင်တွေအနေနဲ့ စဉ်းစားသင့်တဲ့ အချက်တစ်ခုဖြစ်လာ ပါတယ်။

၅.ကျင့်ဝတ်မညီတာ

လုပ်ငန်းခွင်မှာ အကြီးအကဲဖြစ်စေ၊ မန်နေဂျာဖြစ်စေ ရိုးသားမှုမရှိတာ၊ စိတ် ဓာတ်ညံ့ဖျင်းတာတွေကြောင့်လည်း ဝန် ထမ်းကောင်းတွေ ဆုံးရှုံးရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မရိုးသားမှု၊ လိမ်ညာ မှု၊ တာဝန်ယူမှုမရှိတာတွေကြောင့် ဝန် ထမ်းတွေရဲ့ လေးစားမှုရဖို့ ခက်ခဲနိုင်ပါ တယ်။ ဒီအချက်တွေကြောင့်ပဲ ဝန်ထမ်း ကောင်းတွေက တခြားနေရာမှာ အလုပ် သစ်ရှာဖို့ ခေါင်းဆောင်ဆိုသူတွေကို စွန့်ခွာသွားကြတာဖြစ်ပါတယ်။

၆.လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ အရှက်ရစေတာ

အလုပ်ခွင်မှာ ကိုယ်နဲ့ ရာထူးအဆင့် အတန်းတူသူ ဒါမှမဟုတ် ကိုယ့်ရဲ့လုပ် ဖော်ကိုင်ဖက်တွေရှေ့မှာ အမှားတစ်ခုခု ကြောင့် အော်ဟစ်ပြောဆိုတာမျိုးကလည်း ဝန်ထမ်းကောင်းတွေကို ဆုံးရှုံးစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ပရောဂျက် တစ်ခုခု မအောင်မြင်တာကြောင့် အဲဒီ ဝန်ထမ်းကို လူပုံအလယ်မှာ ရှုတ်ချပြောဆို တာက သူ့ရဲ့ ဂုဏ်သိက္ခာကို အလေးမထား ရာရောက်ပါတယ်။ ကိုယ့်ထက် ရာထူးနိမ့် သူပင်ဖြစ်ပါစေ တစ်ဦးဂုဏ်သိက္ခာကို တစ်ဦးက လေးစားရပါမယ်။

၇.ဝန်ထမ်းရဲ့ အကြံဉာဏ်ကို နားမထောင်တာ

လုပ်ငန်းခွင်တိုင်းမှာ အကြီးအကဲတွေ ရဲ့ အကြီးဆုံးအမှားကတော့ ကိုယ့်ရဲ့ ဝန် ထမ်းရဲ့ အိုင်ဒီယာ၊ အကြံÓဏ်ကို နား ထောင်ဖို့ အချိန်မပေးတာလို့ ဆိုကြပါ တယ်။ အကယ်၍ သူတို့ရဲ့ အိုင်ဒီယာတွေ၊ အကြံဥာဏ်တွေကို လက်မခံနိုင်ရင်တောင် အကောင်းမြင်ပေးရပါတယ်။ သင့်ရဲ့ အကောင်းမြင်တဲ့ မှတ်ချက်တစ်ခုက ဝန် ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအား၊ နေ့စဉ် လှုပ်ရှား ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင် တာတွေ မြင့်တက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းတွေရဲ့ အသံကို နား ထောင်ပါ။ သူတို့တွေရဲ့ အကြံဉာဏ်တွေ ကို နားမထောင်တာက ဝန်ထမ်းကောင်း တွေကို ဆုံးရှုံးဖို့ ပိုမိုလွယ်ကူစေပါတယ်။

၈.ဝန်ထမ်းရဲ့ အောင်မြင်မှုကို အသိ အမှတ်မပြုတာ

လုပ်ငန်းခွင်အတွင်းက မိမိဝန်ထမ်း တွေရဲ့ အောင်မြင်မှုကို အသိအမှတ်မပြု တာက ဝန်ထမ်းတွေအတွက် စိတ်ဓာတ်ကျ စရာအပြင်၊ အနာဂတ်မှာ အခက်အခဲတွေ ကိုကျော်လွှားဖို့အတွက် အားအင်မဲ့စေပါ တယ်။ ဒီအချက်ကြောင့်ပဲ သင့်ရဲ့ ဝန်ထမ်းတွေက သင့်ရဲ့ ခေါင်းဆောင်မှုအောက်ကနေ ထွက်ခွာဖို့ တွန်းအားတစ်ခုဖြစ်စေတာ ကို အထူးဂရုပြုဖို့လိုပါတယ်။

Mie Mie

Address

Bagan . . . ညောင်ဦး
Bagan
0

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

959764300841

Website

Alerts

Be the first to know and let us send you an email when Sulatt Stainless Steel Kitchen Equipments & Home Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share