05/02/2024
🏠🏗........လုပ်ငန်းလက်ခံရရှိခြင်း.........🏠🏗
အဆောက်အဦး ဆောက်လုပ်ခြင်း နှင့် နှစ်ဦးသဘောတူ စာချုပ် ကို January - 25 - 2024 တွင် ချုပ်ဆိုခဲ့ပါသည်။
ရန်ကုန်တိုင်း ဒေသကြီး ၊ မြောက်ဒဂုံ မြို့နယ် ၊ (၄၄) ရပ်ကွက် ၊ ဖိုးရာဇာလမ်း ၊ အမှတ် ( ၄၈၃) ၊ ( 20 ' × 60')မြေကွက်၌ မြေညီထပ် အလျှား (၅၀ ပေ) အနံ (၁၇ ပေ) ၊ ပထမထပ် အလျှား (၅၄ ပေ) အနံ (၁၇ ပေ) ၊ ဒုတိယအမိုးထပ် အလျှား (၃၀ ပေ ) အနံ (၁၇ ပေ) နှင့် လှေခါးအိမ်အပါ (RC) အဆောက်အဦးကို ပုံစံအတိုင်း RC လှေခါး ၊ အိပ်ခန်း + ရေချိုးခန်း + အိမ်သာခန်း နှင့် ထမင်းစားခန်း များပါဝင်ပြီး လမ်း Level မှ ( ၂ ပေ ၆ လက်မ) နှင့် အတွင်း Walling များ အားလုံး ( ၄ လက်မ ခွဲ) အုတ်ရိုးများဖြင့် ပစ္စည်း + လေဘာစုစုပေါင်း ကျသင့်ငွေ ( ၁၂၀,၀၀၀,၀၀၀/-) (တစ်ထောင့် နှစ်ရာသိန်းကျပ်)တိတိဖြင့် တည်ဆောက်ရန် သဘောတူပြီးဖြစ်ပါသည်။
-ပါဝင်သောလုပ်ငန်းများ-
RC Foundation တည်ဆောက်ခြင်း Ground Level အောက် ( ၉လက်မ) အုတ်ရိုးနှင့် Ground Level အတွက် အတွင်းအပြင် Walling များအားလုံး (၄ လက်မခွဲ) အုတ်ရိုးစီ + ချော ၊ မိန်းဝင်+ထွက်+နောက်ထွက်တံခါး+အပေါ်ဝရံတာထွက် တံခါးများအားလုံး ပျဥ်းကတိုး ကျဥ်းဘောင်+ ကျွန်းတံခါးများ အသုံးပြုမည်ဖြစ်ပါသည်။
အိပ်ခန်းတံခါး Mine Steel door တံခါး ရေချိုးခန်း အိမ်သာ UPVC Door တံခါးများ ပြတင်ပေါက် တံခါးများ အားလုံး UPVC Slide 4'×4' နှင့် 4'×3' တံခါးများ အသုံးပြုပါမည်။
အပေါ်ထပ် + အောက်ထပ် ကြမ်းခင်းများအားလုံး 12'' × 12 '' ကြမ်းခင်းကြွေပြား အပေါ်ဆုံးထပ် 30' × 17' အတွင်းပိုင်းကြမ်းခင်းကို 12'' × 12'' ကြွေပြားအပြည့်ခင်းပေးမည်ဖြစ်သည်။
Kitchen Basin ခုံအားလုံး 60×60 mm အခင်းများ အိမ်သာရေချိုးခန်း အတွင်းပိုင်းနံရံများ 8'' × 12 '' ဆိုဒ် 6' အမြင့် နှင့် Floor အား 12'' × 12'' အခင်းများကိုသုံးပြုပါမည်။
အိမ်သာခန်းများ ဘိုထိုင် + စတီးဘေစင် + ၁၅၀၀ လီတာ (ဖိုက်ဘာ) ရေတိုင်ကီ နှင့် ရေပိုက် သွယ်တန်းခြင်း အိမ်တွင်း မီးလိုင်းများ နံရံတွင်း ( အမြှပ်တပ်ဆင်ခြင်း)
ဆေးသုပ်ခြင်း အဆောက်အဦး အတွင်းအပြင် အားလုံး ရှီလာ တစ်ကုပ် ၊ ပတ်တီး ၂ ကုပ် ၊ Orient paint ဆေး (၂) ကုပ် ၊ လှေခါးလက်ရမ်းအား စတီးလက်ရမ်းဖြင့် အလှဆင်မည်ဖြစ်သည်။ အပေါ်ဝရံတာများအား Hollow ပိုက်များဖြင့် အလှဆင်မည် ။ မိန်းတံခါး စတီးဘာဂျာ ပြတင်တံခါး ဂျပန်ကွက် သံပန်း ခြံစည်းရိုး Hollow Slide Door ၊ အိမ်နောက်ဘက် Septic Tank 12' × 4' အိမ်ဘေး ၊ ဝဲယာ ရေမြောင်း အိမ်ရှေ့ ဖိနပ်ချွတ် နေရာများ ကွန်ကရစ်လောင်းခြင်းများဖြင့် အပြီးတည်ဆောက်ပေးမည်ဖြစ်ပါသည်။
...အသုံးပြုမည့် ပစ္စည်းများ..
၁။ ကြံ့ + အယ်ဖာ - Cement
၂။ ၈ပေါက် စက်အုတ် နှင့် လေပေါင်စက်အုတ်
၃။ 16mm ၊ 10mm သံဆိုဒ်များ အသုံးပြုပါမည်။
(( မှတ်ချက် - အဆောက်အဦးကို ပုံစံအတိုင်းတည်ဆောက်ရာတွင် မူလ Sqft မှအပိုလုပ်ငန်းများရှိခဲ့သော် လုပ်ငန်းအပ်နှံသူ (ပိုင်ရှင်) နှင့် လုပ်ငန်းလုပ်ကိုင်သူတို့ ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အထက်ပါ လုပ်ငန်းများအတွက် အကြမ်းထည်အချောထည် အပြီးလုပ်ငန်းကြာမြင့်ချိန် ၆ လ ဖြစ်ပါသည်။
ယုံကြည်စွာဖြင့်လုပ်ငန်းအပ်နှံပေးသော ဦးတင်အုန်း နှင့် ဒေါ်ခင်မာကြူ တို့မိသားစုကို လဲ ကျွန်တော်တို့ U Than Win Construction မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့် ကျွန်တော်တို့ U Than Win Construction မိသားစုမှလဲ လူကြီးမင်းတို့ ယုံကြည်စွာ အပ်နှံထားသော လုပ်ငန်းအား ပြီးဆုံးသည်အထိ အပ်နှံထားသော ပုံစံအတိုင်း တာဝန်ယူဆောင်ရွှက်ပေးသွားပါမည်။
လုပ်ငန်းအပ်နှံခဲ့သော မိသားစု များကိုလဲအထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ထပ်မံအပ်နှံမည့် မိသားစုများကိုလဲ လှိုင်လှဲစွာ ကျွန်တော်တို့ U Than Win Construction ဘက်မှ ကြိုဆိုနေကြောင်းပြောကြားလိုပါတယ် ခဗျာ....အားလုံးကိုကျေးဇူးတင်ပါတယ်။