31/01/2022
ခွဲခြားဆက်ဆံ မူ့မရှိဘူး
ဆိုပါစို့
ရခိုင်တွေ ဆေးကျောင်း တက်ချင်ရင် ဘယ်သွားရလဲ ။ တက်ခွင့်ရလျှင် မကွေးပါပဲ ရန်ကုန်မှာ တက်ချင်ရင် ပုံစံ 10 ရှိမှ ပုံစံ 10 မရှိရင် မတက်နဲ့
ရခိုင်တွေ AGTI GTC TU တက်ကြတယ် EC သင်ချင်လား သင်ခွင့်မရဘူး IT သင်ချင်လား မရဘူး Architecture တက်ချင်လား တက်ခွင့်မရဘူး တက်ချင်ရင် မြန်မာပြည်အလယ်ပိုင်းသွား ဒါတောင် ပုံစံ 10 ရှိမှ
တန်းတူ အခွင့်အရေး အကြောင်း ပြောမယ် လွတ်လပ်ရေး ရပြီးတာ 71 နှစ်ပြည့်မှ လျပ်စစ်မီး 24 နာရီ ရတယ်။ ဘာတွေနောက်ကျ သွားလည်း ပညာရေး ကျမ်းမာရေး အသိပညာ စက်မူ့လုပ်ငန်း စီးပွားရေး နည်းပညာ စတဲ့ စတဲ့ မြောက်များစွာ နောက်ကျ ခဲ့ရတယ် ။ ပင်လယ်ကရတဲ့ Exports ကုန်အားလုံးဟာ သိုလှောင်ဖို့ လျပ်စစ်မရှိလို့ ရတဲ့ဈေးနဲ့ ထိုးရောင်းရတယ်။
ခင်ဗျား ကားပေါ်မှာ အိပ်မောကျနေရင်တောင် ဒုန်း ကနဲ ဆောင့်လိုက်တာနဲ့ ရခိုင်ပြည်နယ်မှ ကြိုဆိုပါ၏ ဆိုတာ ကားပေါ်က ဆင်းကြည့်စရာ မလိုဘူး သိကိုသိတယ်။
တချို့ 40 age over တွေ မှတ်မိလိမ့်မယ် ငသိုင်းချောင်းက ဆန် 10 အိပ်လောက်တင်လာရင် ဖမ်းခံရတယ် ။ အိမ်နီးချင်း ဘင်္ဂလာနဲ့ နယ်စပ်ကုန်သွယ်ရေး ဇုံ ပိတ်ခံထားရတယ်။
မြန်မာနိုင်ငံ ထဲမှာ မှတ်ပုံတင်စစ်တာ ရခိုင်က ဝင်ပေါက်ထွက်ပေါက်တွေပဲရှိတယ်။ အခြား ဘယ်အရပ်ဘယ်ဒေသမှာ မှ မစစ်ဘူး။ ၁၁/ ကိုင်ထားရင် ရာထူးကြီးကြီး ရဖို့ မလွယ်ဆိုတာ ဝန်ထမ်း ဖြစ်တဲ့ အခါ သိလာလိမ့်မယ်။
သမိုင်းတွေ သင်ရတဲ့ အခါ ရခိုင်လူမျိုးတွေရဲ့ သမိုင်းတွေ မပါတော့တာ သတိထားမိလာလိမ့်မယ်။ လေယာဉ် စီးတဲ့ အခါ ရခိုင် ပြည်နယ်ဟာ ဈေးအကြီးဆုံး ဆိုတာ သိလာလိမ့်မယ်။
ဂုဏ်ယူစရာ သမိုင်းထဲမှာ မပါတာတွေတော့ ရခိုင်တွေမှာ ရှိသေးတယ်။
ပုဂံ ကိုတည်ဆောက်ခဲ့တာ ရခိုင် ဗိသုကာ ပညာရှင်တွေ
တန်ခိုးကြီး ဘုရား ဆင်းထုတွေဟာ ရခိုင်ကနေ ယူဆောင်သွားခဲ့တာတွေ
မြန်မာစာ သည် ဒို့စာ ဆိုပေမဲ့ ရခိုင်က ရက္ခဝဏ အက္ခရာ ကို ယူသုံးထားတာတွေ
ဆူးလေ စေတီ ကို ဗြိတိသျှ လက်က ကယ်ထုတ်ခဲ့တဲ့ ချန်ထွန်း(Queen Elisabeth) နဲ့ တိုက်ရိုက်တွေခွင့် ရသော တစ်ဦးထဲသော ရခိုင်
ဗုဒ္ဓ ဘာသာ ကို အိန္ဒိယ နဲ့ ခေတ်ပြိုင် ကိုးကွယ်ခဲ့တာတွေ
အရှေ့တောင်အာရှ မှာ ပထမ ဆုံးသော မြို့ပြနိုင်ငံ ထူထောင်သူ ရခိုင်တွေ
မိထ္တိလာ ကန်ကို ရခိုင် သုံ့ပန်း တွေနဲ့ အသေခံ တူးခဲ့ရတာတွေ
အင်းလေးမှာ လက်ဖြတ်ခံရလို့ ခြေထောကိနဲ့ လှေလှော်ခဲ့တဲ့ ရခိုင်တွေ
မြန်မာပြည် လွတ်လပ်ရေး မရခင်ကပင် ရခိုင် တွေ လွတ်လပ်ရေး ရခဲ့ပြီ ဆိုတာတွေ
သခင်အောင်ဆန်း ကို ခေါင်းကွဲအောင် ရိုက်ခဲ့ တဲ့ ကင်းမော်သား အကြောင်းတွေ (ရခိုင်နဲ့ မြွေပွေး ရခိုင်အရင်သတ်)
ဆရာတော် ဦး ဥတ္တမ ရဲ့ မြန်မာ့လွတ်လပ်ရေး အတွက် စွမ်းဆောင်ခဲ့ပုံတွေ
ပထမ ဆုံး ဘဏ် သူဌေး ရဲကျော်သူ အကြောင်းတွေ
လေ့လာခွင့် သင်ကြားခွင့် တန်းတူ ရကြပါစေ လို့သာ ဆုတောင်းရင်း
Good Luck မြန်မာ
copy by Tgk . TD .Gw group
- PYAE PHYO LINN