𝐻𝑒𝓇’𝓈 𝒢𝒶𝓇𝒹𝑒𝓃

𝐻𝑒𝓇’𝓈 𝒢𝒶𝓇𝒹𝑒𝓃 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐻𝑒𝓇’𝓈 𝒢𝒶𝓇𝒹𝑒𝓃, Nurseries & Gardening Store, 118rd, bet 45 & 46(A), Mandalay.

🤍
28/07/2023

🤍

𝑷𝒂𝒓𝒊𝒋𝒂𝒕 𝒇𝒍𝒐𝒘𝒆𝒓𝒔 (𝒐𝒓) 𝑵𝒊𝒈𝒉𝒕 𝒇𝒍𝒐𝒘𝒆𝒓𝒊𝒏𝒈 𝒋𝒂𝒔𝒎𝒊𝒏𝒆 🧡မြန်မာလို ဆိပ်ဖလူးပန်းလို့ ခေါ်ကြတဲ့ ဒီပန်းတွေကို မြင်ကြရင် ငယ်ဘဝကို ပြန်သ...
01/10/2021

𝑷𝒂𝒓𝒊𝒋𝒂𝒕 𝒇𝒍𝒐𝒘𝒆𝒓𝒔 (𝒐𝒓) 𝑵𝒊𝒈𝒉𝒕 𝒇𝒍𝒐𝒘𝒆𝒓𝒊𝒏𝒈 𝒋𝒂𝒔𝒎𝒊𝒏𝒆 🧡

မြန်မာလို ဆိပ်ဖလူးပန်းလို့ ခေါ်ကြတဲ့ ဒီပန်းတွေကို မြင်ကြရင် ငယ်ဘဝကို ပြန်သတိရစေမယ်ထင်တယ်။
ဒီဆိပ်ဖလူးပန်းတွေဟာ သဘာဝပေါက်ပင်မဟုတ်ပဲ အလှစိုက်ကြတဲ့ ပန်းပင်မျိုးဖြစ်တယ်။ မူရင်းဒေသကတော့ India ကတဲ့။ India မှာ သူ့ကို Parijat flowers လို့ခေါ်ကြတယ်။ ဒီမှာတော့ အာရုဏ်ဦးပန်း၊ ရိုးနီပန်း စသဖြင့် ဒေသအလိုက် အမျိုးမျိုးခေါ်ကြပါတယ်။

အပင်ပုမျိုးဖြစ်ပြီး ပေနှစ်ဆယ်လောက်ထိ မြင့်တတ်ပါတယ်။ သူ့မှာ ဆေးဖက်သိပ်ဝင်တဲ့ အရွက်တွေလည်းရှိသလို အဖြူရောင်ပွင့်ချပ်တွေနဲ့ အလယ်မှာ လိမ္မော်နီရောင်လေးသန်းနေတဲ့ သိပ်လှတဲ့ပန်းတစ်မျိုးဖြစ်ပါတယ်။ ဆိပ်ဖလူးပန်းရဲ့ ရနံ့က ပျားရည်နံ့လေးနဲ့ ပိုတူသလို ခံစားရတယ်။ အနံ့နည်းနည်းပြင်းတာမို့ တစ်ချို့ကတော့ မကြိုက်ကြဘူး..(မင်မင်ကတော့ စံပယ်နံ့ထက် သူ့ကို ပိုကြိုက်တယ်..)

သူ့ရဲ့ ပန်းပွင့်ချိန်က August to December ဆိုပေမယ့် အမြဲပွင့်နေတတ်တာများပါတယ်။ ဆောင်းဦးပိုင်းတွေမှာဆိုရင်တော့ ပုံမှန်ထက် ပိုပွင့်ကြတယ်။ ဒီပန်းတွေဟာ ညနေနေဝင်ချိန်ဆို စပြီးပွင့်တယ်..ပြီးရင် ညဦးလောက်ဆို ပတ်ဝန်းကျင်တစ်ခုလုံး အီနေအောင်ကိုမွှေးတာ။ ဒါပေမယ့် သူ့ရဲ့ပန်းစက်ဝန်းကသိပ်တိုတယ်..မနက်နေထွက်ချိန်ဆိုတာနဲ့ ပန်းတွေအကုန် မြေပေါ်ကြွေကျကုန်ရော..။ဒါကြောင့် Night Flowering Jasmine လို့ခေါ်ကြတာဖြစ်မယ်။

ဒီဆိပ်ဖလူးပန်းတွေရဲ့ ပန်းစကားက love and will never face any hardships တဲ့။ တစ်ယောက်ယောက်ကို လက်ဆောင်ပေးတဲ့အခါ ချစ်ခြင်းမေတ္တာကို ရည်ညွှန်းသလို ဘယ်လိုဆင်းရဲဒုက္ခမျိုးနဲ့မှ မကြုံရပါစေနဲ့လို့လည်း အဓိပ္ပါယ်ရတယ်။

မြန်မာအယူအဆနဲ့ဆိုရင်တော့ ဒီအပင်ဟာ ဆေးဖက်သိပ်ဝင်တယ်တဲ့။ အထူးသဖြင့် သူ့အရွက်တွေက နှလုံးအတွက်ကောင်းသလို ကြိတ်ပြီး ပျားရည်၊ ဆား စတာတွေနဲ့ ရောသောက်ရင် ချောင်းဆိုးတာ၊ ဝမ်းပျက်တာ၊ သန်ထတာတွေကို ပျောက်ကင်းစေတယ်တဲ့။ အပွင့်တွေကတော့ အဆစ်အမြစ်တွေအတွက် သိပ်ကောင်းတယ်လို့ လူကြီးတွေက ပြောကြတယ်။
crd

🗄🪴Greenhouse Cabinet🪴🗄မိုးအေးအေးရှာရင်းဖွေရင်းတွေ့ရှိ…မင်မင်တို့ နိုင်ငံမှာတော့ အသုံးပြုသူနည်းပါးသေးတယ်နော် ဒီလိုလေးတွေ။...
05/09/2021

🗄🪴Greenhouse Cabinet🪴🗄

မိုးအေးအေးရှာရင်းဖွေရင်းတွေ့ရှိ…
မင်မင်တို့ နိုင်ငံမှာတော့ အသုံးပြုသူနည်းပါးသေးတယ်နော် ဒီလိုလေးတွေ။အနောက်နိုင်ငံမှာကျ အပင်ချစ်တဲ့သူတွေက တယုတယကို မှန်အိမ်နဲ့ထားတာ။

Greenhouse cabinet လေးတွေကိုနေရောင်ရတဲ့နေရာမှာထားပေးရင်အပင်လေးတွေအတွက်ပိုအဆင်ပြေပါတယ်တဲ့။အထူးသဖြင့် Indoor plants အမျိုးအစားတွေများတယ်။
အလင်းမရတဲ့အိမ်တွေ ဥပမာ တချို့ တိုက်ခန်းနဲ့နေသူတွေကတော့ အပင်ကိုအလင်းပေး လိုအပ်တဲ့အပူပေးတဲ့ LED light လေးတွေတပ်ဆင်ကြတယ်။တချို့ဆို Fan ပါထည့်ပေးထားတာနော်😃😃😃အာ့လိုကို တယုတယ စိုက်ကြတာ။

အာ့လို Cabinet လေးတွေလိုချင်ရင် မင်မင့်ဆီ Order အပ်လို့ရပါတယ်ရှင်🥰💕

’s Garden🪴


‼️နိုင်ငံတကာမှာ  Mask ကို နှစ်ထပ်တပ်ဖို့အကြံပြုထားကြပါပြီ။ တပ်လည်းတပ်နေကြပါပြီ။ ‼️အရင်ဆုံး  Surgical mask ကို mask အရင်း...
02/07/2021

‼️နိုင်ငံတကာမှာ Mask ကို နှစ်ထပ်တပ်ဖို့အကြံပြုထားကြပါပြီ။ တပ်လည်းတပ်နေကြပါပြီ။ ‼️

အရင်ဆုံး Surgical mask ကို mask အရင်းနားလေးမှာထုံးပြီး တပ်ပါ။ ဘေးဘက်ကနေ ပိုးဝင်ပေါက်မရှိအောင်ပါ။ မဟပါစေနဲ့။ အဲ့အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့mask ကို ထပ်အုပ်ပြီး တပ်ပေးပါ။ အဝတ် mask ကတော့ ထုံးစရာမလိုပါဘူး။ အမျိုးအစားတူတဲ့ mask 2ထပ် မတပ်ရပါSurgical Mask နှစ်ထပ် မရပါ။ အဝတ် Mask နှစ်ထပ်မရပါ။ အောက်ခြေက Surgical Mask ကို ထုံးပြီးတပ်ပါ။ ပြီးရင်အပေါ်က အဝတ် Mask ထပ်သုံးပါ။ဒီတစ်နည်းပဲ ရပါမယ်။

KN 95 ပေါ်ဆိုရင်တော့ ဘာ mask မှ မတပ်ရပါ။
ပုံမှန် တပ်နေကျလိုမျိုး Surgical mask တခုထဲကို မထုံးဘဲ တပ်ရင်၅၆.၁ %ပဲ ကာကွယ်နိုင်ပါတယ်။ ထုံးပြီးတပ်ရင် ၇၇ % ကာကွယ်နိုင်တယ်။
ရိုးရိုး အဝတ် mask တခုထဲ တပ်ရင်၅၁.၄ % ကာကွယ်နိုင်တယ်ပါတယ်။
ထုံးထားတဲ့ surgical mask ပေါ်အဝတ် mask အုပ်ပြီး နှစ်ထပ်တပ်ရင် ၈၅.၄ % ကအထိ ကာကွယ်နိုင်လို့ပါ။

မလိုအပ်ရင်အိမ်အပြင်မထွက်တာ အကောင်းဆုံးပါ။ ထိုင်းမှာလည်း အခြေအနေတော်တော်ပြန်ဆိုးနေပါတယ်။ ဒီမှာလည်တော်တော်ကူးစက်နေပါပြီ။ သေဆုံးတွေလည်းများနေပါပြီ။

လူငယ်မို့ ကိုယ်ခံအားကောင်းတယ် ဖြစ်လည်းပြန်သက်သာမှာ မတွေးပါနဲ့။ ဒီဗီဇအသစ်ပိုးက ပိုမြန်ပါတယ်။ ကုဖို့မလွယ်ပါ။

ကိုယ်က သယ်ဆောင်သူဖြစ်ပြီး ကိုယ့်ဆီကကူးမယ့် ကိုယ်ခံအားနည်းတဲ့ အဖိုးအဖွားတွေ၊ ကလေးတွေ၊ ငွေကြေးမတတ်နိုင်သူတွေ ရဲ့အသက်ကို ကိုယ်ကစပြီး ကယ်တင်ပေးပါ။ ဂရုစိုက်ကြပါ။ လက်ဆင့်ကမ်းပေးပါ။

Credit: Dr Tain Htet Yan

Feb 1 ကစ အရောင်းပို့စ်မတင်ဖြစ်တာလဲကြာပီ....မင်မင်တို့က China ကို Boycott လုပ်ထားတာမို့ Page လေးမှာ ပစ္စည်းတွေဆက်တင်မရောင...
24/04/2021

Feb 1 ကစ အရောင်းပို့စ်မတင်ဖြစ်တာလဲကြာပီ....မင်မင်တို့က China ကို Boycott လုပ်ထားတာမို့ Page လေးမှာ ပစ္စည်းတွေဆက်တင်မရောင်းပေးတော့ပါဘူးနော်🙁
အဆင်ပြေတဲ့အခါ local made လေးတွေတင်ပေးနိုင်အောင်ကြိုးစားပါ့မယ်။

’s Garden🌿

ဒီတစ်ခေါက်နဲနဲကြာသွားလို့ ပစ္စည်းတွေရရင် မင်မင်က Cactus & Sacculent ထည့်စိုက်တဲ့ကျောက်ခဲထုပ်လေးတွေ လက်ဆောင်ထည့်ပေးပါ့မယ်...
14/01/2021

ဒီတစ်ခေါက်နဲနဲကြာသွားလို့ ပစ္စည်းတွေရရင် မင်မင်က Cactus & Sacculent ထည့်စိုက်တဲ့
ကျောက်ခဲထုပ်လေးတွေ လက်ဆောင်ထည့်ပေးပါ့မယ်နော်...☺️☺️

25/12/2020

Hello🥳🥳🥳Merry Christmas To You All ပါနော်🎄🎄🎄
နိုင်ငံခြားမှာ Christmas ကိုသူတို့ဘယ်လိုတွေအလှဆင်ပြီးကျင်းပလဲဆိုတာ နယ်မြို့လေးတစ်ခုမှာရိုက်ထားတဲ့ Video လေးထဲကနေ တူတူလိုက်ပြီးကြည့်ရအောင်နော်😍
🏡အိမ်လေးတွေကလဲချစ်စရာလေးတွေ🥰အာ့နေရာရောက်ရင် ဓာတ်ပုံတွေပတ်ရိုက်လို့ကိုဆုံးမှာမဟုတ်ဘူး....နေချင်စရာလေး🥳🥳🎅🏻🧑🏻‍🎄🤶🏻
ကဲ.....အားလုံးပဲ ပျော်ရွှင်စရာ Christmas Night လေးဖြစ်ပါစေရှင်🧡🧡🧡

25,2020 Christmas
’s Garden🌿

ဒီဇိုင်းကိုကြိုက်လို့😂😂လောင်ခမ်းမားဘူးတောင်ပါလိုက်သေး🤣🤣🤣တစ်အိုး 5500 ပါ...မှာချင် Cb 😉😉😉
20/12/2020

ဒီဇိုင်းကိုကြိုက်လို့😂😂လောင်ခမ်းမားဘူးတောင်ပါလိုက်သေး🤣🤣🤣တစ်အိုး 5500 ပါ...မှာချင် Cb 😉😉😉

ဒီဇိုင်းသစ်လေးတွေထဲက တစ်အိုး ၅၀၀၀ ကျပ်ပါရှင့်...သူကနဲနဲလေးတော့ကျယ်ပါတယ်နယ်မြို့များအိမ်အရောက်ပို့ပေးပါတယ်🧡🧡ကြာချိန် ၃ ပတ...
20/12/2020

ဒီဇိုင်းသစ်လေးတွေထဲက တစ်အိုး ၅၀၀၀ ကျပ်ပါရှင့်...သူကနဲနဲလေးတော့ကျယ်ပါတယ်
နယ်မြို့များအိမ်အရောက်ပို့ပေးပါတယ်🧡
🧡ကြာချိန် ၃ ပတ်
🔺Prepaid ပါရှင့်🔺

Lithops စိုက်ဖို့လေးတွေ....အသေးလေးတွေပါနော်....4500 Ks.....အနုစိတ်လေးလုပ်ထားတာ☺️......
19/12/2020

Lithops စိုက်ဖို့လေးတွေ....အသေးလေးတွေပါနော်....4500 Ks.....အနုစိတ်လေးလုပ်ထားတာ☺️......

ဒါလေးတွေ 6500 တန်ကနေ 12500 ထိရှိမယ်နော်...တချို့ဟာလေးတွေက တစ်ရုပ်ထဲကိုမှအပင် ၂ ပင် ၃ ပင် စိုက်လို့ရတာလေးတွေ☺️☺️ကြိုက်တဲ့...
19/12/2020

ဒါလေးတွေ 6500 တန်ကနေ 12500 ထိရှိမယ်နော်...တချို့ဟာလေးတွေက တစ်ရုပ်ထဲကိုမှအပင် ၂ ပင် ၃ ပင် စိုက်လို့ရတာလေးတွေ☺️☺️
ကြိုက်တဲ့ပုံစျေးမေးလို့ရပါတယ်ရှင့်
ကြာချိန် - ၃ပတ်ပါ...
နယ်မြို့များ အိမ်အရောက် Deli အပ်ပေးပါတယ်။
🔺Prepaid ပါရှင့်🔺

ဒါလေးတွေ 4800 ပါနော်....မှာချင်ရင် မှာလို့ရပါတယ်ရှင့်🥰🥰
19/12/2020

ဒါလေးတွေ 4800 ပါနော်....မှာချင်ရင် မှာလို့ရပါတယ်ရှင့်🥰🥰

Address

118rd, Bet 45 & 46(A)
Mandalay

Telephone

+959974200007

Website

Alerts

Be the first to know and let us send you an email when 𝐻𝑒𝓇’𝓈 𝒢𝒶𝓇𝒹𝑒𝓃 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐻𝑒𝓇’𝓈 𝒢𝒶𝓇𝒹𝑒𝓃:

Share