Pyo Khin Thar Nursery and Garden

Pyo Khin Thar Nursery and Garden Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyo Khin Thar Nursery and Garden, Mandalay, Myanmar, Mandalay.

စက်တဲကုန်းခြံမှ စတင်မယ့်ခြေလှမ်းသစ်တစ်ခုPKT Landscaping and Waterfall Training နှင့်ပူးပေါင်း ကျင်းပစီစဉ်မယ့် …… #ရေတံခွ...
19/02/2025

စက်တဲကုန်းခြံမှ စတင်မယ့်ခြေလှမ်းသစ်တစ်ခု
PKT Landscaping and Waterfall Training နှင့်
ပူးပေါင်း ကျင်းပစီစဉ်မယ့် ……

#ရေတံခွန်နှင့်ဥယျာဉ်ခြံငယ်ပြုလုပ်ဖန်တီးခြင်း
စာတွေ့ ၊ လက်တွေ့ သင်တန်း


Batch : 001 / 25
Duration : 3 Days (included on job training)
Time : 10:00 a.m to 3:00 p.m
Start Date : (1-3-2025) to (3-3-2025)
Fees : 250,000-KS
Location. : SET TE’ GONE FARM (Pyin Oo Lwin)

သစ်ပင်ပန်းပင်ငယ်များစိုက်ပျိုး၍ ဥယျာဉ်ခြံအလှဆင် ထူထောင်ခြင်းနဲ့ ရေတံခွန် စမ်းချောင်းငယ်များ ပြုလုပ် ဖန်တီးခြင်း စာတွေ့၊ လက်တွေ့ သင်တန်းဖြစ်ပါတယ်။
သင်တန်းကာလ ၃ ရက်ကြာမြင့်မှာဖြစ်ပြီး On Job Training လည်းပါဝင်မှာဖြစ်ပါတယ်။

မိမိတို့ကိုယ်တိုင် Design ရေးဆွဲခြင်းနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ အပင်အမျိုးအစားပေါင်း ၅၀ ကျော် ကို လေ့လာစိုက်ပျိုးရမှာဖြစ်ပါတယ်။

ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှုတို့ ပါဝင်မှာဖြစ်ပြီး မိမိတို့ကိုယ်တိုင်ကိုယ်ကျ စိတ်ကူးယဉ်ပုံဖေါ်ပြီး လုပ်ငန်းခွင် ဝင်ရောက်နိုင်သည်အထိ စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်တန်းဆိုပြီး စာသင်သလို ပျင်းရိဖွယ်သင်ကြားခြင်းမျိုးမဟုတ်ပဲ အမှန်တကယ်တတ်မြောက်မှုရှိစေရန် ကိုယ်တိုင်ခံစားဖန်တီးမှုများပါဝင်မှာဖြစ်ပြီး မြေပြင်အကျယ် ၁၀ ပေ ၁၅ ပေစာ မြေကွက်လပ်မှာ အမှန်တကယ် စိုက်ပျိုးပြီး သဘာဝကျောက်တုန်းများနဲ့ ရေတံခွန် စမ်းချောင်းငယ်ပြုလုပ်ခြင်းတို့လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်နိုင်စေရန်
စီစဉ်ထားရှိပါတယ်။

Work shop 3 ရက်စလုံးအောင်မြင်စွာပြီးမြောက်ပါက ကိုယ်ပိုင်လုပ်ငန်းခွင် ဝင်နိုင်သည်အထိ တက်မြောက်စေဖို့ မိမိကိုယ်တိုင်ပဲ ပန်းဥယျာဉ်ငယ်လေးတွေ ဖန်တီးမလား၊
အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ Landscaping လုပ်ကိုင်သူအဖြစ် အသက်မွေးမလား အကျိုးရှိစေသော အမှန်တကယ်တက်ရောက်သင့်သော သင်တန်းဖြစ်ပါတယ်။

သင်တန်းပြီးမြောက်ပါကလည်း သင်ကြားရေးပို့ချပေး
မယ့်ဆရာကိုယ်တိုင် ဦးစီး ပုံဖေါ်စိုက်ပျိုးပြုလုပ်ပေးခဲ့တဲ့ ရေတံခွန်လေးများ၊ စိုက်ခင်းအလုပ်ဆိုက်များတွင် ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် လုပ်ငန်းမိတ်ဖက်ဖြစ်သော ပျိုးပင်အရောင်းခြံများ၊ စျေးကွက် တွက်ချက်မှု ၊ ပျိုးပင် လက္ကားဒိုင်များ၊ ပျိုးပင် ရေတံခွန်ပစ္စည်း ထုတ်လုပ်ရောင်းချသူများနှင့်ပါ ချိတ်ဆက် ဆက်သွယ်ပေးသွားမှာဖြစ်လို့ လက်မလွတ်ပဲအခုပဲ သင်တန်းစုံစမ်းအပ်နှံနိုင်ပြီဖြစ်ပါတယ်။

သင်တန်းတက်ရောက်သင့်သူများ
~~~~~~~~~~~~~~~~~~~~~~
- ပျိုးပင် ပျိုးခြံ လုပ်ငန်းများဖြင့်ကိုယ်ပိုင်လုပ်ငန်းစတင်လိုသူများ
- မိမိ အိမ် ၊ ခြံများတွင် ကိုယ်တိုင်ကိုယ်ကျ Landscaping ပြုလုပ်ဖန်တီးလိုသူများ။
- ပျိုးပင်များရဲ့ သဘောသဘာဝကို သိနားလည်လိုသော Design Engineer များ။
- Landscaping Maintenance and Service လုပ်ကိုင်လိုသူများ။
- သဘာဝပါတ်ဝန်းကျင်နှင့်ပျိုးပင်စိုက်ပျိုးခြင်း ဝါသနာပါသူများ

သင်ကြားပို့ချပေးမည့်အကြောင်းအရာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
- သစ်ပင်ပန်းမာန်များ၏သဘောသဘာဝ
- အပင်အမျိုးအစားများနှင့် ရှင်သန်ပုံ
- ဓါတ်မြေဩဇာ အပင်အားဆေးများနှင့် သဘာဝမြေဆွေးများ
- 2D hand sketch drawing design
- Estimating Cost
- ရာသီဥတုရေမြေနှင့် အပင်များဖြစ်ထွန်းမှု
- သဘာဝကျသောရေတံခွန်ပြုလုပ်ခြင်း
- သဘာဝပါတ်ဝန်းကျင်နှင့် လေသန့်ပင်များ
နှင့် အခြားစိတ်ဝင်စားဖွယ် အကြောင်းအရာများအပြင် လက်တွေ့ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ရသော workshops များပါ ပါဝင်မှာဖြစ်ပါတယ်။

ယောကျာ်းလေး၊ မိန်းကလေး မည်သူမဆိုတက်ရောက်နိုင်ပြီး ကျင်းတူး၊ ကျောက်စီ အစရှိသော လုပ်ငန်းများအတွက် အတွေ့အကြုံရှိတဲ့ Helper များမှ ကူညီလုပ်ကိုင်ပေးမှာမလို့ သင်တန်းသား/သူများအနေနဲ့
ထိုလုပ်ငန်းများ မလုပ်ဆောင်နိုင်မှာ ပူပန်စရာမလိုပါဘူးခင်ဗျာ။

ဘယ်မှာမှ စတင်ဖွင့်လှစ်သင်ကြားမှုမရှိသေးတဲ့ ပထမဆုံးသော Landscaping and Waterfall making workshop လေးဖြစ်တဲ့အပြင် သဘာဝပါတ်ဝန်းကျင်နှင့် ပါတ်သက်သော၊ အပင်လေးများရဲ့ ရှင်သန်ဖြစ်ထွန်းမှုတို့ကို စိတ်လက်ကြည်လင်ရွှင်လန်းစွာ သင်ယူနိုင်ဖို့ ယခုပင် ဆက်သွယ်စုံစမ်းလိုက်ဖို့ အကြံပြုလိုက်ပါရစေ။

စုံစမ်းမေးမြန်းခြင်းကို နွေးထွေးစွာကြိုဆိုပါတယ်။

သင်တန်းကြေး ၊ 250,000-KS
#သင်ထောက်ကူပစ္စည်းပျိုးပင်ပန်းပင်မြေဆွေးပါပြီး

သင်တန်းကာလ ၊ ( ၃ ) ရက်

သင်တန်းအချိန် ၊ မနက် ၁၀:၀၀ နာရီမှ ညနေ ၃:၀၀ နာရီ။
#နေ့လည်စာတစ်နှပ်နှင့်ကော်ဖီပါဝင်ပြီး
ထမင်းဂျိုင့်ထုတ်စရာမလိုပါ။

သင်တန်းတည်နေရာ
စက်တဲကုန်းခြံ၊ ရေငယ်၊ ပြင်ဦးလွင်မြို့။
09943010227
09402529666
(နယ်မှလာရောက်တက်ရောက်လိုသူများအဆောင်
နေစရာစီစဉ်ပေးပါမည်)









ပျိုးခင်းသာမှ ယနေ့စိုက်ပျိုးပေးခဲ့သောပိတောက်ပင်ကြီးများ။အားပေးနေကျ ဖေါက်သည် အစ်မ စီးပွါးရေးများတိုးတက်ကောင်းမွန်ပါစေ။အပင...
30/04/2023

ပျိုးခင်းသာမှ ယနေ့စိုက်ပျိုးပေးခဲ့သော

ပိတောက်ပင်ကြီးများ။

အားပေးနေကျ ဖေါက်သည် အစ်မ စီးပွါးရေးများ

တိုးတက်ကောင်းမွန်ပါစေ။

အပင်များလည်း အမြန်အရိပ်ရ၍ ရှင်သန်ဖြစ်ထွန်းပါစေ။

ပျိုးခင်းသာပျိုးဥယျာဉ်
မန္တလေး။
09402529666
09402644974

လာမယ့် မိုးရာသီ အရိပ်ရသစ်ပင် အလှူပျိုးခင်းသာ ပျိုးဥယျာဉ်မှ လာမယ့် မိုးဦးအတွက်မန္တလေးမြို့အနီးတဝိုက် အရိပ်ရသစ်ပင်များ မည်...
29/04/2023

လာမယ့် မိုးရာသီ အရိပ်ရသစ်ပင် အလှူ

ပျိုးခင်းသာ ပျိုးဥယျာဉ်မှ လာမယ့် မိုးဦးအတွက်

မန္တလေးမြို့အနီးတဝိုက် အရိပ်ရသစ်ပင်များ

မည်သူမဆို တစ်ဦးလျှင် တစ်ပင်နှုန်း အခမဲ့ လှူဒါန်း

ပေးပါမယ်ခင်ဗျာ။

အရိပ်ရသစ်ပင်စိုက်ပျိုးလိုသော လူမှုရေး အသင်းအဖွဲ့

များအတွက် တစ်သင်းလျှင် ၁၀ ပင်နှုန်း ခြံတွင်ပျိုးထား

ပြီးသော အသင့်ရှိသည့် အရိပ်ရပင်များ လှူဒါန်း

သွားမှာပါ။

ဆရာတော်၊ သံဃာတော်များနဲ့ ဆရာလေးများအားလည်း

အရိပ်ရပင်များလှူဒါန်းပေးသွားမှာပါ။

အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဓူ အစရှိသော

မည်သည့်ဘာသာရေးအသင်းအဖွဲ့မဆိုလည်း

လှူဒါန်းပေးသွားမှာပါ။

နောင်ကာလများမှာ တစ်ဖက်ဖက်က

အကျိုးပြုနိုင်အောင် မိုးဦးကျတိုင်း သစ်ပင် စိုက်ကြပါ။

ရှင်သန်အောင်စိုက်ပျိုးနိုင်ကြပါစေ……

အရိပ်ရပျိုးပင်အလှူခံလိုပါက

ပျိုးခင်းသာ ပျိုးဥယျာဉ်
မန္တလေး။
ဖုန်း ၊ 09402529666, 09402644974
တို့ကိုဆက်သွယ် စုံစမ်းနိုင်ပါတယ်။

လိပ်စာ
မြောက်ပြင်၊ အောင်းချမ်းသာရပ်၊ GTC ကျောင်းအနီး ၊ လျှပ်စစ်ဓါတ်အားခွဲရုံ စီမံကိန်းမန်နေဂျာရုံးရှေ့၊
မန္တလေး။

ကိုင်းကူး မျိုးပွါးခြင်း။~~~~~~~~~~~~~~~~ကိုင်းကူးမျိုးပွါးဖို့ အဓိက သဘောတရားလေးတွေ အရင်ရှင်းပြပေးပါရစေ။အဓိကက ပန်းပင်ငယ်...
26/04/2023

ကိုင်းကူး မျိုးပွါးခြင်း။
~~~~~~~~~~~~~~~~
ကိုင်းကူးမျိုးပွါးဖို့ အဓိက သဘောတရားလေးတွေ အရင်ရှင်းပြပေးပါရစေ။
အဓိကက ပန်းပင်ငယ်တွေမှာ ကိုင်းအခက်လေးတွေမှာ အဆစ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အပိုင်းလေးတွေကို သတိထားကြည့်ရင် သိနိုင်ပါတယ်။

တော်တော်များများသော အပင်တိုင်းရဲ့ ကိုင်းတိုင်းမှာ အဖုအရစ်ကလေးတွေနဲ့ အဆစ်ကလေးတွေ ပါရှိတတ်ပါတယ်။ အဲ့ဒီအဆစ်လေးတွေတိုင်းက အပင်ကိုင်းကူးမျိုးပွါးနိုင်ဖို့ရာ အဓိကကျတဲ့နေရာလေးတွေ ဖြစ်ပါတယ်။
အဆစ်ရဲ့ အောက်ကပ်ရပ်နေရာလေးတွေကနေ
အမြစ်သစ်လေးတွေ ထွက်ရှိနိုင်ဖို့ အားပြုပေးပါတယ်။
သူ့အလိုလို အဆစ်အောက်ကနေ အမြစ်ကျနေတတ်တဲ့ အပင်မျိုးများက ဥပမာပြရရင် သစ်ခွင်ပင်လို၊
ဝါးပင်များလို အပင်တွေက ဘာမှ မလုပ်ပေးရပဲနဲ့
အမြစ်တွေဟာ အဆစ်အောက်ကနေ ပြူထွက်
နေတတ်ပါတယ်။

ဒီသဘာဝကိုအခြေခံပြီးတော့ပဲ ကိုင်းကူးမျိုးပွါးခြင်းကို ကျွန်တော်တို့ ပျိုးထောင်ကြည့်မှာဖြစ်ပါတယ်။

၁။ အသုံးပြုကိုင်းကူးမျိုးပွါးမယ့် ဇလပ်စင်္ကြာပု
(အမေပင်) မိခင်ပင်တစ်ပင်ရဲ့ ဘေးမှာဖြာထွက်နေတဲ့
ကိုင်းလေးတွေထဲကနေ လေးလက်မလောက်ကို cutter ဖြင့် ကိုက်ဖြတ်ပါမယ်။

၂။ ကိုက်ဖြတ်ထားသောကိုင်းငယ်လေးများကို
အသင့်ခပ်ထားသော ရေပုံးထဲမှာ ရေစိပ်ထားပြီး
ကိုက်ဖြတ်ထားသည့် ကိုင်းရဲ့ အောက်ခြေ တစ်လက်မခန့် သို့မဟုတ် တစ်ဝက်ခန့်ကို အရွက်ကလေးတွေ
ဖယ်ထုတ်ပစ်ရပါမယ်။

၃။ အရွက်လေးများဖယ်ထုတ်ထားသော ကိုင်းလေးရဲ့ အောက်ခြေအစပ်နားက အနီးစပ်ဆုံး အဆစ်ရဲ့
အောက်ခြေကပ်ရပ်နေရာလေးကို ကိုင်းညှပ်ကက်ကြေး
ဖြင့် ထပ်ဖြတ်ပေးရပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုင်းကူး၊ ကိုင်းညှပ် မျိုးပွါးနည်း သင်ခန်းစာ၊ ပုံနဲ့ video file များလေ့လာလိုပါက Aurora Private Group လေးသို့ Join ထားပါ။

🌱ပျိုးပင်များကိုင်းကူးမျိုးပွါးခြင်း
🌱Landscaping ပညာရပ်များ
🌱သဘာဝပါတ်ဝန်းကျင်ပိုမိုကောင်းမွန်စေရန်
🌱သဘာဝအခြေပြုခရီးသွားခြင်းများ

အစ အစရှိတဲ့ အကြောင်းအရာများကို လေ့လာလိုပါက
Aurora Private Group လေးမှာ Member ဝင်ထား
လိုက်ပါ။

အသေးစိပ် သိရှိလိုပါက
09402529666 သို့ ဆက်သွယ်နိုင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
ပျိုးခင်းသာ
မန္တလေး။

ယခုကဲ့သို့ အပင်များနဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးများ၊ သင်ခန်းစာများကို သင်ယူလေ့လာလိုပါက Aurora ဆိုတဲ့ Private Gr...
21/04/2023

ယခုကဲ့သို့ အပင်များနဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးများ၊ သင်ခန်းစာများကို သင်ယူလေ့လာလိုပါက Aurora ဆိုတဲ့ Private Group လေးမှာ ဝင်ရောက်သင်ယူလေ့လာနိုင်ပါတယ်။ သဘာဝအခြေပြုခရီးစဉ်လေးတွေအကြောင်းနဲ့ လစဉ် တစ်လတစ်ကြိမ် လေ့လာရေးခရီးစဉ်လေးတွေပါ ပါဝင်မှာမလို့ Group လေးဝင်ထားမယ်ဆိုရင် ဤ page messenger မှ သို့မဟုတ် ဖုန်းဖြင့် 09402529666 ကိုခေါ်ဆိုဆက်သွယ်နိုင်ပါတယ်။

ပိုမိုကောင်းမွန်သော ဝန်းကျင်သစ်တစ်ခုဆီသို့ (၁)
==================================

သစ်ပင်ပန်းပင်များပျိုးထောင်ရာတွင်
ယခင်က အစေ့မှမျိုးပွါးခြင်းဖြင့် စိုက်ပျိုးခဲ့ကြပြီး ယခုနောက်ပိုင်းတွင်မူ မျိုးပွါးနည်းမျိုးစုံဖြင့် တီထွင်စိုက်ပျိုးတဲ့ စနစ်ဆီသို့ ဦးတည်လာခဲ့ပါပြီ။

လူသားတို့ရဲ့ လူဦးရေတိုးပွါးလာမှု၊ စားနပ်ရိက္ခာလိုအပ်မှုတို့ကြောင့် စိုက်ပျိုးရေးနည်းစနစ်များကို အထွက်တိုးအောင်တီထွင်ကြံဆ၍ စိုက်ပျိုးလာခဲ့ကြပါသည်။

ထိုသို့ နည်းပညာအားပြုစိုက်ပျိုးမှုများတွင်
အထွက်တိုးအောင်ကြံဆစိုက်ပျိုရခြင်းများကြောင့်
ကောင်းကျိုးလည်း ရှိသလို ကာလကြာမြင့်လာသည်နှင့်အမျှ သဘာဝပါတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာ၊ ဆိုးကျိုးများလည်း အတူဖြစ်ပေါ် သက်ရောက်မှုများရှိလာခဲ့သည်။

ဤ ဆိုးကျိုးသက်ရောက်မှုများကို စတင်သတိပြုမိချိန်မှစ၍ ထိုအကျိုးသက်ရောက်မှုများကို ကုစားနိုင်ရန် ပြန်လည်ပြင်ဆင်မှုများအား ယနေ့ထက်တိုင် ကြိုးစားရှာဖွေစမ်းသပ်စိုက်ပျိုးမှုများ ပြုလုပ်နေကြ ပါသည်။

ထိုအထဲကမှ Organic စိုက်ပျိုးရေးနည်းစနစ်နှင့် GAP စိုက်ပျိုးရေးနည်းစနစ်များသည် သဘာဝပါတ်ဝန်းကျင်နှင့်လူသား မျိုးနွယ်တို့အတွက် ပိုမိုကောင်းမွန်သင့်တော်သော နည်းစနစ်များဖြစ်ပေမယ့်
ပုံမှန် ဓါတုမြေဩဇာအသုံးပြုစိုက်ပျိုးသော
သီးနှံထွက်ကုန်များ၏ အရေအတွက်၊ အရွယ်အစားများကို လိုက်မမှီနိုင်သောကြောင့်နှင့် အခြား
အကြောင်းအရာ များကြောင့် ယခုထက်ပိုမို
အောင်မြင်အောင်ကြိုးစား နေကြရဆဲပင်ဖြစ်သည်။

ထိုထိုသော စိုက်ပျိုးရေးနည်းစနစ်များနှင့် အပင်များ အား မျိုးပွါးနည်းစနစ်များအကြောင်းကို
တစ်ဆင့်ခြင်း တစ်ရက်ခြင်း ဤ Group တွင်
ရေးသားဖေါ်ပြသွားပါမည်။

ကျွန်တော်တို့သည် သဘာဝနှင့်ကင်းကွာ၍
အမြောက်အများထုတ်လုပ်ခြင်း၊
လိုအပ်သည်ထက်ပိုသော အသစ်အဆန်းများ
တီထွင်ခြင်း၊
သဘာဝတရားကိုဆန့်ကျင်၍ ရာသီဥတုကို
ကျော်လွန်ပြီး အသီးအနှံများကို ဖြစ်ထွန်းအောင်
ကြိုးစားခြင်း၊
မျိုးရိုးဗီဇများ ပြောင်းလဲ၍ စိုက်ပျိုးရေး မျိုးဗီဇ အသစ်များကိုတီထွင်စိုက်ပျိုးခြင်းများကြောင့်နှင့်
ဓါတုမြေဩဇာများကို နှစ်ရှည်လများ အမြောက်အမြားသုံးစွဲလာခြင်းများကြောင့် ၄င်းတို့၏
ရိုက်ခတ်မှုများ ဆိုးကျိုးများအား ယခုလက်ရှိ ခံစားနေရပြီဖြစ်သည်။

ထိုကြောင့် အထက်ပါဖြစ်ရပ်ဆိုးကျိုးများကို ကုစားနိုင်ရန် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကြိုးစား အဖြေထုတ်ကြရန် ပိုမိုကောင်းမွန်သော ဝန်းကျင်သစ်တစ်ခုဆီသို့ အတူလျှောက်လှမ်းကြရန် …….

နောက်ရက်ဆက်လက်ဖေါ်ပြပါမည်။

စိုးလင်းကျော်

19/04/2023

ပျိုးပင်ပန်းပင်များနဲ့ ပါတ်သက်သော သိစရာမှန်သမျှကို

အလွယ်တကူလေ့လာနိုင်ရန် ……

🌱သစ်ပင်ပန်းပင်များ စိုက်ပျိုးပြုစုပုံ

🌱ကိုင်းကူးကိုင်းဆက်ခြင်းများ

🌱မျိုးစေ့ပျိုးထောင်ခြင်း

🌱ကိုင်းဖြတ်မျိုးပွါးခြင်း

🌱သဘာဝမြေဩဇာပြုလုပ်ခြင်း

🌱သဘာဝရွက်ဖျန်းဆေးများ ဖေါ်စပ်ခြင်း

🌱စပ်မြေ မြေဆွေး ပြုလုပ်ခြင်း

🌱ပျိုးဥယျာဉ်တစ်ခုတည်ထောင်ခြင်း

🌱ပျိုးခြံငယ်တစ်ခု ဖန်တီးစိုက်ပျိုးခြင်း

🌱ပျိုးပင်ပန်းပင် အရောင်းခြံဖွင့်လှစ်ခြင်း

အစရှိသည်တို့အပါအဝင်

သဘာဝပါတ်ဝန်းကျင်နှင့် ဆိုင်သော သိမှတ်ဖွယ်ရာများ၊

သဘာဝတရားအနီးမှရရှိနေသော အပင်များနဲ့ လူမှုပါတ်ဝန်းကျင်အသုံးဝင်မှုများ၊

သဘာဝအခြေပြု ခရီးသွားခြင်းဆိုင်ရာ အထွေထွေ
ဗဟုသုတများ၊

စွန်ပစ်အမှိုက်များမှ ရရှိနိုင်မည့် အဖိုးမဖြတ်နိုင်သော
သဘာဝအကျိုးပြု အနုဇီဝများအကြောင်းများ

နောက်ပိုင်းတွင်ပိုမိုအားထည့်လုပ်ဆောင်သင့်သည့်
သဘာဝအခြေပြုအပန်းဖြေစခန်းများ တည်ထောင်ပုံ

Eco resort များတွင် ရှိသင့်သည့်စံနှုန်းများ

ပိုမိုပူပြင်းလာသော ကမ္ဘာမြေကြီးအတွက်
တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်မည့်
သိထားသင့်သည့် အကြောင်းအရာများ

အစ အစ ရှိသော စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးစာစုများနဲ့ သင်ကြားပေးမည့် ရက်တိုသင်တန်းများ
စာတွေ့၊ လက်တွေ့၊ Online Training များအပါအဝင်
#မိမိကိုယ်တိုင်ကိုယ်ကျလက်တွေ့လေ့လာလို့ရမယ့်
အစီအစဉ်တွေကို ပါဝင်ချင်တယ်ဆိုပါက
ပျိုးခင်းသာ Page Messenger တွင်လည်းကောင်း
ဖုန်း 09402529666 သို့ လည်းကောင်းဆက်သွယ်
စုံစမ်းစာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

တစ်ခါပါဝင်ရုံဖြင့်အထက်ပါအကြောင်းအရာများကို
Life time လေ့လာလို့ရမယ့် Private Group တစ်ခုမှာ Member ဝင်ခွင့်ရမှာဖြစ်ပြီး ထပ်မံသင်ယူလိုတဲ့ ရက်တိုသင်တန်းများမှာလည်း သင့်တင့်သော သင်တန်းကြေး ဖြင့် စာတွေ့၊ လက်တွေ့ လေ့လာနိုင်ရန် စီစဉ်ပေးထားပြီး တစ်လ တစ်ကြိမ် လေ့လာရေးခရီးစဉ်များပါ ပါဝင်မှာ
ဖြစ်လို့ လက်မလွှတ်သင့်ပဲ ယခုပင် ဆက်သွယ်ကြည့်ဖို့
အကြံပြု ပါရစေ…..

ပိုမိုကောင်းမွန်သော ဝန်းကျင်သစ်ဆီသို့ ……

Hot Line 09402529666

သဘာဝအခြေပြု ဝါးအဆောက်အဦး၊ မြေယာရှုခင်းအလှဆင်ခြင်းနဲ့ eco base relaxation project creating services

ဆောက်လက်စ လက်စသပ်နေတဲ့ ဆိုက်ကလေးမှာအိမ်ရှင်လိုချင်တဲ့ ထင်းရှုးပဒေသာပင်လေးတွေနဲ့ဗမာဇလပ်ဖြူအပင်လေးတွေ စိုက်ပျိုးပေးခဲ့ပါတယ...
22/03/2023

ဆောက်လက်စ လက်စသပ်နေတဲ့ ဆိုက်ကလေးမှာ

အိမ်ရှင်လိုချင်တဲ့ ထင်းရှုးပဒေသာပင်လေးတွေနဲ့

ဗမာဇလပ်ဖြူအပင်လေးတွေ စိုက်ပျိုးပေးခဲ့ပါတယ်။

ပျိုးပင်ပန်းပင် အလှဆင်စိုက်ပျိုးခြင်းနဲ့ ပါတ်သက်ရင်

ပျိုးခင်းသာကို အမြဲသတိတရအားပေးလို့

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

Maintenance ServiceAfter sales service ပျိုးခင်းသာ မန္တလေး။09402529666
20/03/2023

Maintenance Service

After sales service

ပျိုးခင်းသာ မန္တလေး။
09402529666

Landscaping site survey ပျိုးခင်းသာပျိုးဥယျာဉ်နှင့် မြေယာအလှဆင်လုပ်ငန်းမန္တလေး။09402529666
20/03/2023

Landscaping site survey

ပျိုးခင်းသာ
ပျိုးဥယျာဉ်နှင့် မြေယာအလှဆင်လုပ်ငန်း
မန္တလေး။

09402529666

ထိုင်ဝမ်ဘန္ဒာ အရိပ်ရအလှပင်ကြီးများနှင့်ဖေါက်စတေးအုန်းပင်များ စိုက်ပျိုးပေးခြင်း။ပျိုးခင်းသာပျိုးဥယျာဉ်နှင့် မြေယာအလှဆင်လ...
20/03/2023

ထိုင်ဝမ်ဘန္ဒာ အရိပ်ရအလှပင်ကြီးများနှင့်
ဖေါက်စတေးအုန်းပင်များ စိုက်ပျိုးပေးခြင်း။

ပျိုးခင်းသာ
ပျိုးဥယျာဉ်နှင့် မြေယာအလှဆင်လုပ်ငန်း
မန္တလေးမြို့။

09402529666
09402644974

Address

Mandalay, Myanmar
Mandalay

Telephone

+959402529666

Website

Alerts

Be the first to know and let us send you an email when Pyo Khin Thar Nursery and Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyo Khin Thar Nursery and Garden:

Share