17/02/2020
''Estimator to Project Manager''
ကျောင်းဆင်းခါစမှာ Estimate တွက်တတ်တယ်
ဒါပေမယ့် လက်တွေ့အသုံးမချတတ်တာများပါတယ်
ပြီးတော့ Estimate လို့ပြောလိုက်ရင် Project တစ်ခုရဲ့ Cost ကိုတွက်တာလို့ပဲ ယူဆကြတယ်
တကယ်တော့ Estimate ဆိုတာ Cost ပဲတွက်တာမဟုတ်ပါဘူး . . Project Time ဘယ်လောက်ကြာမလဲဆိုတာကိုပါ ခန့်မှန်းတွက်ထုတ်လိုက်တာပါ . .
(1) အလျား . . အနံ . . အမြင့် . . ဆိုတဲ့
Details of Measurement တွေကိုရှာ
(2) Analysis of Rate မှာ အခြေခံပြီး
တွက်ထုတ်လိုက်ရင် Material နဲ့ Worker ရမယ်
Material နဲ့ Manpower ကိုရရင် ကိုဆုံးဖြတ်နိုင်ဖို့ပဲလိုတယ် . . ဒါဆိုကုန်မယ့်
Money ကိုသာမက Time ကိုပါ Management လုပ်လို့ရပါပြီ
For example . . အနေနဲ့100'x100'x20' site အတွက် Earthwork Excavation လုပ်မယ်ဆိုပါတော့
Volume = 200,000 cubic feet
Analysis of rate မှာ Hard Soil အတွက်ဆို
100 cu ft အတွက် Digger = 3 Nos. ပေးတယ်
200,000 CFT အတွက်ဆို 6000 Nos. လိုမယ်
ဒါက တစ်နေ့အလုပ်ချိန် ၈ နာရီစာအခြေခံထားတာ . .
ဒီတော့ 200,000 CFT ရှိတဲ့ 100'x100'x20' site ကို တစ်ရက်ထဲ မြေအပြီးတူးချင်ရင် မြေတူးသမား ၆၀၀၀ လိုမယ်လို့ခန့်မှန်းနိုင်တယ်
၆၀၀၀ လုံးသုံးရင် တစ်ရက်(8 hours)နဲ့ပြီးတယ်
အလုပ်သမား ၆၀၀၀ လုံးရနိုင်ဖို့ကတော့ မလွယ်ဘူး
တစ်နေ့ အလုပ်သမား ၆၀ ထည့်မယ်ဆိုရင်
6000 = 1day(8 hours)
60 = 100 days(800 hours)
ရက်ပေါင်း ၁၀၀ (၃လ နဲ့ ၂ ပတ်လောက်ကြာမယ်)
တကယ်လို့ Project schedule က မြေတူးဖို့ ၁ လပဲ အချိန်ရတယ်ဆိုရင် ဘယ်လိုလုပ်မလဲ . .
လုပ်သားအင်အားနဲ့တူးရင်တော့
6000 workers = 1 day(8hours)
200 workers = 6000x1/200 = 30 days(240hours)
၁ လပဲ အချိန်ရ ရင် လူအား ၂၀၀ လောက်ပြုံတူးပြီး အလုပ်လုပ်ဖို့က မဖြစ်နိုင်ဘူး
ဒီတော့ Excavator တွေသုံးမှ ရမယ် . .
1 cubic yard ဆန့်တဲ့ bucket နဲ့ Back hoe အတွက် တူးရမယ့်မြေကြီးက Light ဆိုရင်
Operator = 1.4
Oiler = 1.4
Labourer = 1.4
100 cubic yard အတွက် Total = 4.2 ပဲလိုမယ်
ဒီတော့ တူးရမယ့် Volume က
200,000 CFT = 7407 cu yard
100 cu. yd = 4.2 nos.
7407 cu. yd = 311 nos.
20000 CFT(7407 cu. yd)အတွက်
1day(8hr) နဲ့အပြီးတူးဖို့ 311 ယောက်လိုရင်
30days(240hr) မှာ 10.1 ယောက်ပဲလိုမယ်
တနည်းအားဖြင့် Back hoe တစ်စီးရှိရင် လူဆယ်ယောက် ၈ နာရီ Duty နဲ့တင် ၁ လထဲအပြီးတူးလို့ရပါမယ် . .
အဲ့ဒီလိုပဲ Mass concrete တွေကို လူနဲ့လောင်းရင် ဘယ်လောက်ကြာမယ် . . Agitator တွေသုံးရင် ဘယ်လောက်ပဲကြာမယ်ဆိုတာ Estimate သမားက Project မစခင်ကတည်းက ကြိုတွက်ထားနိုင်ပါတယ် . .
ဒါဆို Analysis of Rate ကနေ ကျနော်တို့ Project မှာ ကုန်နိုင်မယ့် Material နဲ့ Manpower ကိုရတာက (Estimate တွက်တတ်တာက) Cost ကိုသာမက Time အချိန်ကိုပါ တွက်ထုတ်တယ်ဆိုတာရှင်းပါတယ်
Project Management မှာ အရေးကြီးတဲ့ M နှစ်လုံးဖြစ်တဲ့ Material & Manpower ကိုကြိုသိရင် Method နဲ့ Money ဆိုတဲ့ နောက်တဲ့ M နှစ်လုံးကိုပါ Management လုပ်နိုင်လာမယ့်လမ်းစပါပဲ . .