20/09/2021
တော်သလင်းလပြည့်
ဂရုဓမ္မအခါတော်နေ့
ဂရု- အလေးထားပြီး
ဓမ္မ-ကိုယ့်ကျင့်သီလလို့ဆိုတဲ့ ငါးပါးသီလကို စောင့်ရှောက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။
အဆင်ပြေခြင်း မပြေခြင်း
ရောဂါ ကင်းခြင်း မကင်းခြင်း ဆိုတဲ့အရာတွေက
အတိတ်ကံလ်ို့ဆိုပေမယ့်
ခုလက်ရှိ သီလမလုံ သီလမရှိ ကုသိုလ်ပြုခြင်းမရှိရင်လည်း
ဆင်းရဲခြင်းဒုက္ခ ။ ထူပြောတဲ့ ရောဂါတွေ ဖြစ်တတ်တာပါပဲ ။
အဆင်မပြေတိုင်း ရောဂါတွေဖြစ်တိုင်း အတိတ်ကံလို့မထင်ပါနဲ့ လက်ရှိ ကိုယ့်သီလလုံခြုံမှု့
စောင့်ထိန်းမှု့ ရှိရဲ့လား......
ကိုယ်လုပ်နေ ပြောနေတာတွေကရော
ကောင်းတဲ့ကံတွေ ဖြစ်ပါရဲ့လားလို့
ပြန်ပြီးစီစစ်ကြည့်လိုက်ပါ ။
အများစု ကံငါးပါး မလုံခြုံတာ များတယ်
ကိုယ်လုပ်တာ ကောင်းလားမကောင်းလား
ဆင်ခြင်မှု့နည်းတယ်
ဖြစ်တည်မှု့အပေါ်လိုက်ပြီး ပျော်သလိုနေကြတယ်
တွေ့သမျှဒုက္ခအကြောင်းရင်းမရှာ ကံစေရာလို့တွက်ပြီးနေကြတယ်...
အဲ့လိုနေတာကြာ အကျင့်ပါသွားပြီး
ဘဝကို ကြုံသလို ဖြတ်သန်းနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းဆိုတာတွေနဲ့ တွေ့နေ့ရအုံးမှာပဲ။
ဒါကြောင့် ဘဝမှာ အဆင်ပြေချင်တယ် ရောဂါဘယတွေ ကင်းဝေးချင်တယ်ဆိုရင် ကံငါးပါးဆိုတဲ့ ငါးပါးသီလကို အတတ်နိုင်ဆုံး
လုံအောင်ထိန်းကြပါ လို့ ပြောရင်းးးးးးးး
အားလုံး ဘေးဘယာဝေး အေးချမ်းကြပါစေ....
Credit
မောင်လမင်း(သာသနာ့ရင်ခွင်)