Phyo Family

Phyo Family သန့် ကောင်း တန်တာ‌လေး‌တွေပဲ ပေးချင်

မနက်ဖြန်အတွက် အမှာစာရင်းစတင်ကောက်ခံဘာစားစားတစ်ပွဲ=300ပဲ တန်လည်းတန် ကောင်းလည်းကောင်းMotherကြီးအတွက် အော်ဒါကူကောက်ပေး😊😊😊အာ...
07/12/2020

မနက်ဖြန်အတွက် အမှာစာရင်းစတင်ကောက်ခံ
ဘာစားစားတစ်ပွဲ=300ပဲ
တန်လည်းတန် ကောင်းလည်းကောင်း
Motherကြီးအတွက် အော်ဒါကူကောက်ပေး😊😊😊
အားပေးလို့ကျေးဇူးပါရှင့်

ကိုယ်ဘာရောင်းရောင်း ကိုယ့်ကိုချစ်လို့ ❤️❤️❤️ကိုယ်ရောင်းတာလေးကြိုက်လို့😊😊😊အားပေးတာကိုကျေးဇူးအထူးတင်ရှိပ့ါတယ်ရှင်😘😘😘
19/11/2020

ကိုယ်ဘာရောင်းရောင်း ကိုယ့်ကိုချစ်လို့ ❤️❤️❤️
ကိုယ်ရောင်းတာလေးကြိုက်လို့😊😊😊အားပေးတာကို
ကျေးဇူးအထူးတင်ရှိပ့ါတယ်ရှင်😘😘😘

သစ်ကြားသီး၏ အကျိုးကျေးဇူးများ ❤️နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်းစိတ်ကျရောဂါ သက်သာစေခြင်းကိုယ်အလေးချိန်ကို လျော့ကျစြေ...
11/11/2020

သစ်ကြားသီး၏ အကျိုးကျေးဇူးများ ❤️

နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်း
စိတ်ကျရောဂါ သက်သာစေခြင်း
ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း
ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးခြင်း
ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း
မှတ်ဥာဏ်ကို ကောင်းမွန်စေခြင်း
သည်းခြေကျောက်တည်မှုမဖြစ်အောင် ကာကွယ်နိုင်ခြင်း
ကောင်းကောင်း အိပ်မောကျစေခြင်း
ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုကို တွန်းလှန်နိုင်ခြင်း
အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

Source: Good Health
သစ်ကြားသီးလေးရောင်းနေပါပြီရှင့်
❤️❤️တစ်လုံး100ကျပ်အနည်းဆုံ3း0/40‌တော့ယူပေးပါရှင့်
လိပ်စာ09265664250
42*43,78*79

ပူတာအို ကချင်ပြည်နယ်ထွတ် ဂရိတ်ဖု သီးပါ။-  သွေးတိုး၊ဆီချို သွေးချို သက်သာခြင်သလား - အသည်းကြောင့် လူမအိမသာ မလန်းမဆန်း ဖြစ်...
04/11/2020

ပူတာအို ကချင်ပြည်နယ်ထွတ် ဂရိတ်ဖု သီးပါ။

- သွေးတိုး၊ဆီချို သွေးချို သက်သာခြင်သလား
- အသည်းကြောင့် လူမအိမသာ မလန်းမဆန်း
ဖြစ်နေသလား ဂရိတ်ဖုလေးသာစား

- ဂရိတ်ဖု အရသာက အချဉ်ဓာတ် များတယ်
- သကြားဓာတ် ပါတာနည်းတယ်
- အနံ့ မွှေးတယ်
- အရည် ညစ်ပြီး သကြား အနည်းငယ်ဖြင့်
ဖျော်သောက်နိုင်သည်
- သဘာဝ အသီးစစ်စစ် 100%
ဆီးချို သွေးတိုး ရောဂါကို လျော့ကျစေနိုင်ပြီး
ကိုယ်အလေးချိန်လျော့နေသူများ အတွက်လည်း
အထူးသင့်လျော်လို့ ကလေး လူကြီးစားသုံးနိုင်ပါတယ်။
အသီးရဲ့အရသာက ခါးသက်သက်နဲ့အချဉ် ဓာတ်ရှိပါတယ် အချိုဓာတ်အနည်း‌လေးလဲရှိပါတယ်

ရေမထိပဲအိတ်လေးစွတ်ထားရင်
၃လထိထားခံပါတယ်ရှင့်
ပူတာအိုဂရိတ်ဖု တစ်လုံး 800ks
ရှားပါးသွေးသီး၊ကဗ်ဗလာသီးနဲ့ဆင်တယ်
3လုံး=1500ကျပ်
ကချင်‌ဒေသလိမ်မော်သီးလေးတွေ=3လုံး1000ကျပ်
မန်းလေးမြို့ တွင်း 5000ယူ ပို့ခဖရီးပါရှင့်
အရမ်းဝေးမှပို့ခယူမှာပါနော်
42*43,78*79နဲ့နီးရင်
အိမ်လာယူလို့လည်းရပါတယ်ရှင့်

08/08/2020

အစားအစာ များ ၏ အဆိပ်ဖြေနည်းများ

✿ ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက်၏ အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်း ဖြစ်ပါတယ် ။

ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊bacon ၊ အစားအစာများက စားကောင်းတဲ့ အပြင် အချိန်ကြာရှည်စွာ အထားခံနိင်တာ မို့လုတိုင်းနှစ်သက်ကြပါတယ်။

ဒါပေမယ့် လွန်ကဲသော ဆားဓါတ် ပါဝင်ပြီး အသား ကို ကြာရှည် ဆားနယ် သိပ်ရတာကြောင့် နိုက်ထရိုစမင်း (Nitrosamine) ကိုဖြစ်စေပြီး လူ့ ခန္ဓာကိုယ်ထဲရောက်သွားတဲ့ အခါမှာ ကင်ဆာရောဂါ ကိုဖြစ်စေတဲ့
Dimethylnitrosamine ဒြပ် အဖြစ်သို့ပြောင်းလဲ သွားပါတယ် ။

✬ အဆိပ်ဖြေဆေး က လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။
လက်ဖက်ရည်ကြမ်း က ဘေးအန္တရာယ် ကိုဖြစ်စေသောဒြပ်တွေ ကို ပျက်ပြားစေပါတယ် ။ နေ့တိုင်း လက်ဖက် ရည်ကြမ်းသောက်ခြင်း က ကျန်းမာရေးကို အထောက်အကုပြုနိင်ပါတယ် ။

ငါးခြောက် ၊ဝက် ဆားနယ်ခြောက် ၊ဝက်ပေါင်ခြောက် ပေါင်း (သို့) ချက်စားတဲ့ အခါ ရှာလကာရည် (သို့) သံပရာရည် အနည်း ငယ် ထည့်ပြီး ကျက်အောင်ချက်ခြင်းဖြင့် နိုက်ထရိုစမင်း Nitrosamine ကို ပျက်ပြားစေ ပါတယ်။ (ညဉ့်သိပ် ထားသော ရေနွေးကိုတော့ မသောက် သုံးသင့်ပါ)

✿ အီကြာကွေး ၏ အဆိပ်ဖြေဆေး က ပဲနို့ရည်ဖြစ်ပါတယ် ။

အီကြာကွေး ထဲမှာ များသော အားဖြင့် ကျောက်ချဉ် ထည့်ထားပါတယ် ။ အလူမီနီယမ်ဒြပ် (aluminum) ပါတာ မို့လူ့ ခန္ဓာကိုယ်က စုပ်ယူပြီးနောက် ဦးနှောက် ဆဲလ်များ ထုတ်လုပ်မှု ကို ထိခိုက်စေ တယ်။အလူမီနီ ယမ်ဒြပ် က ခန္ဓာကိုယ်ပြင်ပသို့ ထုတ် ပစ်ဖို့မလွယ်ကူတာမို့ ကိုယ်ခန္ဓာထဲမှာ စုစည်း ကျန်ရစ်နေတတ် ပါတယ် ။

ကြာလာတော့ ခန္ဓာကိုယ်ကို ထိခိုက်နိင်ပါတယ် ။ မှတ်ဥာဏ် မကောင်းတော့ခြင်း ၊ စိတ်ဓာတ် ကျခြင်း၊ စိတ်တို စိတ်ဒေါသ ထွက်ခြင်း ၊ပိုဆိုး ပါက အကြို ဇရာအိုရောဂါကို ဖြစ်စေတယ် ။

✬အဆိပ်ဖြေဆေး က ပဲနို့ရည်ဖြစ်ပါတယ် ။
ပဲနို့ရည်တွင် များပြားသော Lecithin ဒြပ်ပါတာ မို့မှတ်ဥာဏ်ကောင်းစေပါတယ် ။ ကယ်လဆီယမ်ဒြပ်Calcium လည်း ပါဝင်တာမို့ အရိုးအတွက် အထောက်အကုပြုနိင်ပါတယ် ။

✿ ချဉ်ဖတ် ၏ Sauerkraut အဆိပ်ဖြေဆေး က Kiwi ကီဝီသီးဖြစ်ပါတယ် ။

ချဉ်ဖတ် ကို လူတိုင်းကြိုက်နှစ်သက်ကြ ပါတယ် ။ ဆားစိမ် ထားတာမို့ဗီတာမင်စီ မရှိတော့ပါ ။ချဉ်ဖတ်ထဲ တွင် အောက်စီလစ် အက်စစ် oxalic acid နှင့် ကယ်လဆီယမ်ဒြပ် ပါတာမို့အူက အလွယ်တကူ စုပ်ယူ ပြီး ကျောက်ကပ် က ပြင်ပ သို့ထုတ်တဲ့ အခါ ဆီးလမ်းကြောင်း မှာ ကျောက်တည်တတ် ပါတယ် ။

အချဉ် သိပ်ထားသော အစားအစာ များတွင် နိုက်ထရိတ် Nitrite များပါဝင်ပြီး ခန္ဓာကိုယ် ထဲရောက်တဲ့ အခါမှာ ကင်ဆာရောဂါကိုဖြစ်စေသော နိုက်ထရိုစမင်း nitrosamine အဖြစ်သို့ပြောင်းလဲသွားပါတယ်

✬ အဆိပ်ဖြေဆေး က Kiwi ကီဝီသီးဖြစ်ပါတယ်
များပြားသော ဗီတာမင်များ ပါဝင်သော သစ်သီး များကို စားခြင်းဖြင့် ကင်ဆာရောဂါ ကိုဖြစ်စေသော နိုက်ထရိုစမင်း ဒြပ်ကို ပျက်ပြားစေပါတယ် ။

အစာအိမ် ကင်ဆာနှင့် အစာအိမ်ပြွန်လမ်းကြောင်း ကင်ဆာရောဂါဖြစ်ပွားမှု ကိုလျှော့နည်းစေပါတယ် ။ ကီဝီသီး တွင် ဗီတာမင်စီ အများဆုံး ပါဝင်တာမို့ ကီဝီသီး တစ်လုံး က လုတစ်ယောက် စာ တစ်နေ့လိုအပ် တဲ့ ဗီတာမင်စီ နဲ့ ညီမျှပါတယ် ။

✿ (Hot pot )ပောာ့ပေါ့ ရဲ့ အဆိပ်ဖြေဆေး က ကျွဲကောသီးဖြစ်ပါတယ် ။

အလွယ် တကု အပူကြီးသူများ အတွက် (သို့) ခံတွင်း ၌ အပူဖုပေါက်သူများ အတွက် အခြေအနေပိုဆိုး သွား တတ်ပါတယ် ။ မကြာခဏ ကောင်းသွားလိုက်ပြန်ဖြစ်လိုက် ဖြစ်နေတတ် ပါတယ် ။ အစာအိမ်ပြွန် လမ်းကြောင်းနှင့် ခံတွင်း ကင်ဆာကို တိုက်တွန်းနိင်ပါတယ် ။

ပောာ့ပေါ့က အပုကြီးတတ်တဲ့ အပြင် ဂေါက်နာရောဂါ ကိုပါ ဖြစ်စေနိင်ပါတယ် ။ ဆားဓာတ် အများဆုံး ပါတာမို့ ပောာ့ပေါ့ စားပြီးလျှင်ရေ များများသောက်ပါ ။ ကျောက်ကပ် အတွက် တာဝန် ပိုသွားတတ် ပါတယ် ။

✬အဆိပ်ဖြေဆေး က (ရှောက်ခါးသီး) ကျွဲကောသီးဖြစ်ပါတယ် ။
အဆီ အဆိမ့် အစပ် (မာလာပာင်း) ပောာ့ပေါ့သုံးဆောင်ပြီးနောက် ကျွဲကောသီး ကို စားခြင်းဖြင့် အပုကျ ၊ အဆီ အဆိမ့်အစပ်တွေ ကို ပြယ်ပျက်စေပြီး သရက်ရွှက် အတွက် အထောက်အကူပြုပါတယ် ။

✿ အသားကင် များ ရဲ့အဆိပ်ဖြေဆေး က ကဇွန်းဥ ဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ်။

တုတ်ထိုး အသားကင် အစရှိသော ကင်စားသော အစားအစာ အမျိုးမျိုး ကို မီးသွေး (မီးကင် ) လိုက်တဲ့ အခါ
ပါဝင် တဲ့ Benzopyrene က ခန္ဓာကိုယ်ရောက်တဲ့ အခါ အစာအိမ် ကင်ဆာ ကိုဖြစ်စေနိင်ပါတယ် ။

✬အဆိပ်ဖြေဆေး က ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။
အသားကင် များကိုသုံးဆောင်ပြီးနောက် ကဇွန်းဥဖုတ် (သို့) စိမ်းစားဥ ထဲတွင် သစ်စေး ဓာတ် cellulose အများဆုံး ပါဝင်တာ မို့အသားကင် ထဲတွင် ပါဝင်သောဘေးအန္တရာယ် ကို ဖြစ်စေတဲ့ အဆိပ် များကို ခန္ဓာ ကိုယ် ပြင်ပသို့ဖယ်ထုတ်နိင်စွမ်း ရှိပါတယ် ။

အသားကင် ထဲမှ များပြားသော အဆီဓာတ် များကို ခန္ဓာကိုယ် က မစုပ်ယုနိင်အောင် ပာန့်တားနိင်စွမ်း ရှိပါတယ် ။

✿ ဆေးဘဲဥ ရဲ့ အဆိပ်ဖြေဆေး က ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။

ဆေးဘဲဥ ကို လုတိုင်းကြိုက်နှစ်သက် မှာပါ ။ တရုတ် ၊ ထိုင်း .ယုနန် လုမျိုး များက အမျိုးမျိုး ချက်စားကြပါတယ် ။(ဆေးဘဲဥကြော် ၊ဆေးဘဲဥ သုပ်) ဆေးဘဲဥ လုပ်ရာတွင် အနည်းနှင့် အများ ခဲဓာတ် lead ပါပါတယ် ။

ခဲ ဓာတ် များများ စားမိလျှင် အသိဥာဏ်လျှော့နည်း လာခြင်း၊ အာရုံကြော ကို ထိခိုက်နိင်ခြင်း ၊ နားမကြားခြင်း ၊ သင်ယုနိင်စွမ်း (အသိဥာဏ်) လျှော့နည်းလာ နိင်ပါတယ် ။

✬ အဆိပ်ဖြေဆေး က ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။
ဆေးဘဲဥ နဲ့ပဲပြား က လိုက်ဖက် ညီတဲ့ အစား အစာဖြစ်ပါတယ် ။ ပဲ အမျိုးမျိုးတွင် ပါဝင်သော သစ်စေး က အစား အစားထဲတွင် ပါဝင်သောခဲ ဓာတ် ကို အစာအိမ် က စုပ်မယု သွားနိင်အောင် ပာန့်တားနိင်ပါတယ် ။ ကယ်လဆီယမ် ဓာတ် ပါဝင်တာမို့ လည်း ခဲဓာတ်ကို တားဆီးနိင်ပါတယ် ။

တို့ပာူး က လု ခန္ဓာကိုယ်ထဲမှာရောက်သွားတဲ့ ခဲဓာတ်ကို ပျက်ပြားစေပြီး ခန္ဓာကိုယ်သွေးကြော ထဲမှ သတ္တူ ဓာတ်စုစည်းခြင်း ကို လျှော့နည်းနိင်စွမ်း ရှိပါတယ်

သုံးလေ ကြိုက်လေ တြိဂံမျက်နှာသစ်ဆပ်ပြာ ဝက်ခြံ အမဲစက် ဆားဝက်ခြံ အကုန်ပျောက် မျက်နှာကြည်လင်.  ဖြူစင်စေတယ်
08/07/2020

သုံးလေ ကြိုက်လေ တြိဂံမျက်နှာသစ်ဆပ်ပြာ

ဝက်ခြံ အမဲစက် ဆားဝက်ခြံ အကုန်ပျောက်
မျက်နှာကြည်လင်. ဖြူစင်စေတယ်

အရမ်းမိတယ် အရမ်းမိုက်တယ်တစ်ခဲမှ 5500ကျပ်
06/07/2020

အရမ်းမိတယ် အရမ်းမိုက်တယ်
တစ်ခဲမှ 5500ကျပ်

ကျေးဇူးတင်ပါတယ်ရှင့်😘😘😘
29/06/2020

ကျေးဇူးတင်ပါတယ်ရှင့်😘😘😘

အမြင့်ဆုံး ရလာဒ်များ အတွက် ဒေါင်လိုက် ဥယျာဉ် စိုက်ပျိုးရေး နည်းလမ်းများ🥒  🥒  🥒  🥒  🥒  🥒  🥒  🥒  🥒  🥒  🥒ဒေါင်လိုက် ဥယျာဉ် ...
29/06/2020

အမြင့်ဆုံး ရလာဒ်များ အတွက် ဒေါင်လိုက် ဥယျာဉ် စိုက်ပျိုးရေး နည်းလမ်းများ
🥒 🥒 🥒 🥒 🥒 🥒 🥒 🥒 🥒 🥒 🥒

ဒေါင်လိုက် ဥယျာဉ် စိုက်ပျိုးခြင်း (vertical gardening) ကို အသုံးပြု၍ သင်ဟာ အထွက်တိုးစေခြင်း၊ ပိုမိုကြီးမားတဲ့ ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးခြင်း နဲ့ ပိုမို စွမ်းရည် ပြည့်ဝတဲ့ စိုက်ပျိုးနေရာ အသုံးချခြင်း တို့ကို ပြုလုပ် နိုင်ပါတယ်။

{မူရင်း ရေးသားသူ။ ။Barbara Pleasant

The original of this article written in English has been found in “Mother earth news” website. ILLUSTRATION: ELAYNE SEARS }

ဒေါင် လိုက် ဥယျာဉ် စိုက်ပျိုးခြင်း (vertical gardening)

💡ဥယျာဉ်မှုးတွေဟာ ဒေါင်လိုက် ဥယျာဉ် စိုက်ပျိုးရေး ကို လွယ်ကူ ချောမွေ့စေဖို့ ကိရိယာ တန်ဆာပလာ တွေ အမျိုးမျိုး တီထွင် ခဲ့ကြ သို့မဟုတ် အလိုက်သင့်ပြု့ပြင် သုံးစွဲ ခဲ့ကြပါတယ်။ အောက်ပါ ပုံများမှ ပထမပုံကို နာရီလက်တံ သွားသည့် အတိုင်း ဘယ်ဖက် ထိပ်မှ စ၍ ကြည့်ပါ - ခိုင်ခန့်တဲ့ မွေးမြူရေး တိရိစ္ဆာန်ခြံ ဇကာကွက် အကာအရံဟာ စည်းရိုး အဖြစ်၎င်း၊ ခရမ်းချဉ်သီးပင် အထောက်အပံ့ အဖြစ်၎င်း တာဝန် နှစ်မျိုး ထမ်းဆောင်ပါတယ်။ ဒါ့အပြင် ပေါင်းမိုးခုံး ဝင်ပေါက် တခု ကို ဖန်တီးဖို့ သူတို့ကို ကွေးပစ် နိုင်ပါတယ်။ သစ်ပင်ငယ်တွေ သို့မဟုတ် ဝါးတိုင်တွေဟာ ပဲပင် တွယ်တက်တဲ့ ကတော့ပုံ တဲမှာ အလွယ်တကူ အသုံးပြု့ နိုင်ပါတယ်။ ပဲနွယ် ရဲ့ နှာမောင်းလေးတွေက အညှောင့်များတဲ့ ချုံပုတ်တွေကို တွယ်တက်ချင်ကြပါတယ်။ ပြီးတော့ "ခရမ်းချင်သီး" လှောင်ချိုင့် ဆိုတာတွေက ငရုတ်ကောင်းပင်တွေ နဲ့ ခရမ်းချင်ပင်တွေ ကို ထောက်ပံ့ ပေးပါတယ်။💡

သင့် ရဲ့ ဥယျာဉ်ဟာ ကြီးသည် ဖြစ်စေ၊ သေးသည် ဖြစ်စေ တည့်မတ်တဲ့ ကောက်ပဲ သီးနှံပင်တွေကို စိုက်ပျိုးဖို့ ဒေါင်လိုက် ဥယျာဉ် စိုက်ပျိုးရေး နည်းလမ်းများ အသုံးပြုခြင်းဖြင့်စတုရန်း လက်မတိုင်းကို ပို၍ ကောင်းမွန်စွာ သင် အသုံးချ နိုင်ပါတယ်။ တိုင်ထောင်ပဲများဟာ ထုံးစံ အတိုင်း အမျိုးးမျိုးသော ချုံဖုတ်ပဲ များစွာထက် နှစ်ဆ ပိုထွက်ပါတယ်။ ပြီးတော့ (အပင်နွှယ်တက်ရန်) မှန်ကန်တဲ့ စင်တွေဟာ သခွားသီး အထွက်ကို နှစ်ဆ တိုးစေနိုင်ပါတယ်။ ထို့နောက်လည်း ရောဂါပိုးတွေ ကြီးပွားအောင်မြင်ရာ စိုထိုင်းတဲ့ မြေပြင်ရဲ့ အထက်မှာ ၎င်းတို့အား ထားနိုင်ဖို့ ထောက်ပံ့မှု တမျိုးမျိုး လိုအပ်တဲ့ ခရမ်းချင် ကဲ့သို့ အပင်များလည်း ရှိပါတယ်။ ကောင်းမွန်စွာ ထောက်ပံ့စင်ခံ ထားရတဲ့အပင်အားလုံးဟာ ခူးဆွတ် ရတာ နဲ့ ပိုမွှားတွေ အတွက် စောင့်ကြည့် ရတာ လွယ်တဲ့ အပြင် စင်များကို အစာရှာဖွေရာ နားနေတန်းများ အဖြစ် အသုံးပြုကြတဲ့ ပိုးမွှားစား ငှက်များဆီမှ အကူအညီကို သင်ရပါ လိမ့်မယ်။

အပင်တွေ အပေါ်တက်ပုံ

ဥယျာဉ် စင်တွေကနေ အကျိုးရတဲ့ အပင်တွေဟာ ကောက်ကွေးနေတဲ့ နွယ်ပင် နှာမောင်းတွေ၊ ခနော်နီခနော်နဲ့ အမွှာ ပင်စည်တွေ သို့မဟုတ် ခရမ်းချင် ပင် ကိစ္စမှာတော့ မြေကြီး နဲ့ ထိတဲ့ နေရာတွေမှာ အမြစ်ထွက်တဲ့ ရှည်လျားသော ခနော်နီခနော်နဲ့ ကိုင်း တွေ အပါအဝင် နည်းမျိုးစုံ နဲ့ အထောက်အပံ့ ဒေါက်တွေ/တန်းတွေကို တွယ်ကုပ် ထားပါတယ်။

ပဲပင်တွေ နဲ့ သခွားနွယ်ဝင် အပင် တွေက ထုတ်လုပ်တဲ့ ကောက်ကွေးနေတဲ့ နွယ်နှာမောင်း တွေဟာ ရတဲ့ အရာကို ရစ်ပတ် လိမ့်မည် ဖြစ်တာကြောင့် ဤ ကောက်ပဲ သီးနှံပင်တွေ ကို အထောက်အပံ့တွေ လုပ်ပေးတဲ့ အခါ အဆင်ပြေသလို ပုံစံတမျိုးမျိုး လုပ်ပေးလိုက်လျင် ရပါတယ်။ နွယ်နှာမောင်းတွေက စင်တခုရဲ့ ကန့်လန့်ဖြတ် နဲ့ ဒေါင်လိုက် အစိတ်အပိုင်းတွေကို တွယ်ကပ်တာကြောင့် တိုင်တွေမှာ တွယ်ဆက်ထားတဲ့ ဘက်တီးရီယား ပိုးဖြင့် ဆွေးမြေ့နိုင်တဲ့ ကြိုးတွေနဲ့ ယက်လုပ်ထားတဲ့ ပိုက်ကွန်တွေဟာ ယေဘုယျအားဖြင့် ကောင်းကောင်း အလုပ်ဖြစ်ပါတယ်။ သူတို့ကိုယ်ပေါ် သူတို့ ပြန်လည် ကွေးညွှတ် လာသည့် တိုင်အောင် အထက်ဖက်သို့ တဖြည်းဖြည်းခြင်း ကြီးထွားသွားလျက် အမွှာ ပင်စည် နှစ်ခုဟာ သူတို့ရဲ့ အထောက်ပံ့(တိုင်)ကို ရစ်ပတ် ကြပါတယ်။ အဲဒါဟာ ဗျစ်ပင်၊ တိုင်ထောင်ပဲ /ပဲနွယ် ပင်များ ၊ မားလဘာ ဟင်းနုနွယ် နဲ့ ပဲသီး/ပဲတောင့်ရှည် ပင်တို့ မှာ မြင်တွေ့ရတဲ့ ကြီးထွားမှု အကျင့် တခု ဖြစ်ပါတယ်။

အမွှာ ပင်စည်တွေ အတွက် ကန့်လန့်ဖြတ် လိုင်းတွေဟာ အသုံးမဝင်သလောက် ဖြစ်တာမို့ တိုင်တွေ သို့မဟုတ် တည့်မတ်တဲ့ ခြံစည်းရိုး တခုနဲ့ ဖွဲ့စည်း ထားတဲ့ စင်တွေနဲ့ သူတို့ဟာ အကောင်းဆုံး အလုပ်လုပ် ပါတယ်။

ခရမ်းချင်သီးတွေဟာ သူတို့ကိုယ် သူတို့ သူတို့ရဲ့ အထောက်အပံ့တွေ အပေါ် ပစ်တင်ချင်ကြ ပါတယ်။ သူတို့ကို လေ့ကျင့်ပေးပြီး အပေါ် ထောင်ထားတဲ့ စင်တွေနဲ့ ချည်နှောင်ပေး ရပါမယ်။ အဲဒါက သူတို့ကို ဝါယာ လှောင်အိမ်တွေ ထဲမှာ စိုက်ရတာလောက် မလွယ်ကူလှ ပါဘူး။ ခရမ်းချင်ပင်တွေက ဖွံ့ဖြိုးကြီးထွားလေ ဘေးဖက်အားလုံး ကနေ ထောက်ပံ့ ပေးတဲ့ ပိုပြီးမာတဲ့ ခရမ်းချင် လှောင်အိမ် တခု သင်ပိုပြီး လိုလေ ပါပဲ။

ယာယီလား ဒါမှမဟုတ် အမြဲတမ်းအတွက်လား?

ကျွန်မရဲ့ အတွေ့အကြုံ မှာတော့ အမှန်တကယ် ခိုင်ခံ့တဲ့ ထောင်မတ်ထားတဲ့ ဥယျာဉ်စင် တွေကို ၁၈ လက္မ အနက် မြေမှာ စိုက်ပြီး အထိုင်ချ ထားတဲ့ တီပုံ သံတိုင်များ သို့မဟုတ် ၄ ပတ်လည် ဒေါင်လိုက် တိုင်များ (သို့မဟုတ် တောထဲက ရတဲ့ ၃ လက္မ အချင်းရှိတဲ့ သစ်လုံးငယ်များ) နဲ့ ဆိုင်းတွယ် ထားရပါမယ်။ ဒီ တဝက်တပျက် ကြာရှည်ခံ ဥယျာဉ် စင်တွေ တည်ဆောက် တပ်ဆင်ခြင်းဟာ အချိန် နဲ့ ခွန်အားတွေ ယူပါတယ်။ ကျွန်မရဲ့ ဥယျာဉ်ထဲမှာ ဘက်စုံ အသုံးပြု နိုင်ဆုံး စင်တွေဟာ ၈ ပေခန့် ကျယ်ပြီး ၄ ပေ ကနေ ၅ ပေ အမြင့် ရှိကြ ပါတယ်။ အဲဒါတွေကို တိုင် နှစ်တိုင် နဲ့ ချိတ်ဆက်ထားတဲ့ ယက်လုပ်ထားသော ခြံစည်းရိုး ဝါယာ သို့မဟုတ် မွေးမြူရေး ခြံသုံး လေးထောင့်ကွက် စကာများ နဲ့ ပြု့လုပ် ထားပါတယ်။ စည်းရိုး အောက်ခြေ နဲ့ မြေအကြီးအကြား ၄ လက္မ လွှတ်ထားခြင်းဖြင့် ယင်းနေရာမှာ ပေါင်းသင်ဖို့ နဲ့ စိုက်ပျိုးဖို့ ပိုမို လွယ်ကူစေ ပါတယ်။ ဒီလိုမျိုးကဲ့သို့ စင်တခုရဲ့ အကျိုးကျေးဇူးတွေ ကတော့ နွေဦး ကာလ တခုစီမှာ ဒီစင်ရဲ့ အဆင်သင့် ရရှိနိုင်မှု နဲ့ ဥယျာဉ်ထဲမှာဆွဲဆောင်မှု ရှိပြီး အမြဲတန်း ရှိနေသော ပေါ်လွင်တဲ့ သွင်ပြင် တခု ပြု့လုပ်ဖို့ ရွေးချယ်နိုင်ခြင်းပါ။

ဒီစင်မျိုး သို့မဟုတ် (လက်ရှိ ခြံစည်းရိုး တခုလိုမျိုး) အခြား ကြာရှည်ခံ ဒေါင်လိုက် ဥယျာဉ် အထောက်အပံ့ (စင်) များ ရဲ့ အားနဲချက်ကတော့ peas (စားတော်ပဲပင်များ)၊ beans (ပဲတောင့်ပင်များ)၊ ခရမ်းချင်ပင်များ နဲ့ သခွား မျိုးနွယ် သီးနှံပင်များအား အလှည့်ကြ စိုက်ပျိုးခြင်း ကို ၎င်းက ကန့်သတ်ခြင်း ပါပဲ။ ကတော့ပုံ ဝါးတဲများ ကဲ့သို့သော ယာယီ စင်များဟာ သင်ဘယ်နေရာမှာ ဘာစိုက်မယ်ဆိုတာ မျိုးမှာ သင့်ကို ပိုမို ပြောင်းလွယ်ပြင်လွယ် ရှိစေပါတယ်။ ဒါပေမဲ့ သူတို့ကို ဖြုတ်ချပြီး ပျက်စီးမသွားစေဖို့ ဆောင်းတွင်း တတွင်းလုံး ခြောက်သွေ့တဲ့ နေရာ တခုမှာ သိမ်းထားဖို့ လိုပါတယ်။ သင်ဟာ ဆောင်းဦးရာသီ မှာ စင် အစိတ်အပိုင်းတွေကို စုစည်းပြီး သူတို့ကို အတူတကွ ကြိုး သို့မဟုတ် အဝတ်စ အမြောင်းတွေနဲ့ ချည်နှောင်ပြီး ဆောင်းတွင်း တလျောက်လုံး သိမ်းထားခဲ့လျင် နောက်ရာသီ မှာတော့ သူတို့ဟာ အလျင်အမြန် တက်လာ ပါလိမ့်မယ်။

အများအားဖြင့် ဝါဂွမ်း၊ ပိုက်ဆံလျှော် သို့မဟုတ် ဂုန်လျှော် ကြိုးတန်းတွေကို ထောင်မတ်ထားတဲ့ တိုင်တွေမှာ ချည်နှောင်ပြီး ကျွန်မဟာ နှစ်စဉ်နှစ်တိုင်း ယာယီစင်တွေ သုံးလေးငါးခုလောက် ပြုလုပ် ပါတယ်။ (ကျွန်မ (ပိုက်ကွန်)ကြိုးလို့ ခေါ်တာတွေက ဤ သဘာဝ ဖြစ်သော၊ ဘက်တီးရီးယားအားဖြင့် ဆွေးမြေ့နိုင်သော ကုန်ကြမ်းပစ္စည်း တွေထဲက တမျိုးမျိုးရဲ့ ကြိုးလုံး တခုပါပဲ)။ ဘက်တီးရီးယားအားဖြင့် ဆွေးမြေ့နိုင်သော ကုန်ကြမ်းပစ္စည်း တွေကို အသုံးပြုခြင်းအားဖြင့် ကျွန်မ စင်ကို ကိုက်ဖြတ်ချနိုင်ပြီး တပြိုင်နက်တည်း မှာပဲ အပင်တွေကို ဆွဲထုတ်ယူ နိုင်ပါတယ်။ ထိုနောက် အဲဒါတွေ အားလုံးကို မြေဆွေးပုံပေါ် ပစ်လိုက်ရုံ ပါပဲ။

သီးနှံပင် အလိုက် သီးသန့် အထောက်အပံ့(စင်)များ

အရွက်တွေ နေရောင်များများ ရစေခြင်းအားဖြင့် အအောင်မြင်ဆုံးသော ဥယျာဉ်စင်များဟာ အပင်ရဲ့ "အရွက် - သစ်သီး အချိုးအစား" ကို မြှင့်တင် ပေးပါတယ်။ အထောက်အပံ့စင်ကောင်း တခုဟာ သင့်အား အသီးတွေ ဆွတ်ခူးရန် နွယ်တွေ အကြားဆီထိ လက်လှမ်းမီစေပြီး ကြည့်ရှုစစ်ဆေး ရတာ လွယ်ကူစေ ပါတယ်။ ပြီးတော့လည်း သူ့ရဲ့ ဝန်ကို ထမ်းထားနိုင် လောက်အောင် ခိုင်မာ ရပါမယ်။

အလျားလိုက် ကြိုးတန်းတွေနဲ့ အစပြုပြီး တိုင် ၂ တိုင်ကို တွယ်ဆက်ချီနှောင်ထားတဲ့ လေးထောင့်ကွက် ပိုက်ကွန် တခု အဖြစ် ယက်လုပ်ခြင်းဖြင့် ပြုလုပ်ထားတဲ့ ထောင်လိုက်စင် တခု ပေါ်မှာ စိုက်ပျိုးလျင် စားတော်ပဲပင် အနွယ်ဝင် (snow pea, snap pea or shelling pea) ဘယ်အမျိုး မဆို ဖြစ်ထွန်း ပါတယ်။ တိုင်တွေဟာ အပင် ကွဲပြားမှု အလိုက် ယင်းတို့ အား မျှော်မှန်းထားသည့် ကြီးထွားလာမည့်အတိုင်းအတာထိ အမြင့် ရှိသင့်ပါတယ်။ ဒါဟာ ၂ ပေ ကနေ ၆ ပေ အပိုင်းအခြားတွင်းမှာ ရှိနိုင် ပါတယ်။ အပင်တွေကြားက မြေကြီးထဲ စိုက်ထားတဲ့ သေးငယ်တဲ့ သစ်ကိုင်းပြောင်လေးတွေက ပဲပင်ပေါက် ကလေးများအား သူတို့ရဲ့ အထောက်အပံ့တွေဆီ ကူညီဦးဆောင်ပေး ပါလိမ့်မယ်။ ရှည်လျားတဲ့ နွယ်ရှိတဲ့ (စားတော်)ပဲပင် အမျိုးမျိုးဟာ ပဲသီးတွေနဲ့ ထိပ်ပိုင်း လေးလာခဲ့လျင် အပိုအထောက်အပံ့များ လိုအပ်လေ့ ရှိပါတယ်။ အလွယ်တကူ ဖြေရှင်းနည်း တခုကတော့ အပင်စိုက်ထားတဲ့ ဧရိယာ အပြင်ထောင့် တခုစီမှာ တိုင်တတိုင်စီ နဲ့ စုစုပေါင်း လေးတိုင် ထပ်ထဲ့ရန် ဖြစ်ပါတယ်။ ဤတိုင်တွေက ရေပြင်ညီ ပြေးထားတဲ့ ကြိုးတန်း ၂ တန်း သို့မဟုတ် ၃ တန်း နဲ့ လုပ်ထားပြီး မြေကြီးကနေ ၅ ပေထိ ရှိတဲ့ ခြံကို အထိုင်ချ ထားနိုင်ပါတယ်။ ၎င်းတို့ရဲ့ (စင်ဆီသို့)ချိတ်ဆက်မှုတွေ လွတ်ထွက်ခဲ့တဲ့ ပဲနွယ်များဟာ ယင်းတို့အား အံ့သြလောက်အောင် ခူးဆွတ်ရ လွယ်ကူ စေမည့် ကြိုးများပေါ် သွယ်ဖြာ၍ ကျလာ ပါလိမ့်မယ်။ မနှစ်ကတော့ စိတ်ကူးဟောင်း တခုကို ကျွန်မ စမ်းခဲ့ပါတယ် - ကောက်နှံပင်တွေကို စားတော်ပဲပင် အထောက်အပံ့ အဖြစ် အသုံး ပြု့ပြီးတော့ပေါ့။ ၁၄ လက္မခန့် အကွာရအောင် ပါးထားတဲ့ ဆောင်းတွင်း တလျောက် ဖြတ်သန်း ရှင်သန်ခဲ့တဲ့ နှံစား ရိုင်းဂျုံပင်တွေဟာ ကောင်းကောင်ကြီး အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုင်းပင်တွေရဲ့ ၅ ပေရှိ အမြင့်ကို အသုံးချဖို့ မြင့်မားတဲ့ ပဲပင်တမျိုးတော့ သင်လိုအပ် ပါမယ်။

မည်သည့် ပဲစင်အား မဆို အကျိုးအများဆုံး အသုံးချနိုင်ဖို့ စင်ရဲ့ အခြေမှာ ‘Sugar Ann’ snap peas နဲ့ ‘Sugar Snap.’ ကဲ့သို့သော တိုသော အမျိုး တခု နဲ့ ရှည်သော အမျိုး တခု ဖြင့် စီဆင့်၍ ထားပါ။ {Sugar Ann’ snap peas နဲ့ ‘Sugar Snap.’ တို့မှာ ကြွတ်သော အခွံရှိပြီး အခွံပါ စားနိုင်သည့် ချိုသော ပဲသီးများ ဖြစ်သည်ဟု့ ဆိုပါသည်။ ကျွန်တော်တို့ မြန်မာများ စားလေ့ ရှိသည့် ရွှေပဲသီး နှင့် ဆင်တူသည် ထင်ပါသည်။ သိရှိသူများရှိက comment မှာ ပြောပေးပါခင်ဗျား။} ပိုပြီး နှေးကွေးစွာ ကြီးထွားတဲ့ သူရဲ့ ဘဝတူ ညီအကို ကို အထောက်အပံ့ အနည်းငယ် ပေးလျက် တိုတဲ့ အမျိုးက လျင်မြန်စွာ ကြီးထွား ပါလိမ့်မယ်။ ပြီးတော့ ရှည်တဲ့ တခုက စတင် ပွင့်ချိန်မှာပဲသူက စတင် သီးပါ လိမ့်မယ်။

pole beans ၊ runner beans နဲ့ ပဲတောင့်ရှည် (asparagus beans) တွေဟာ ရင့်မှဲ့ချိန်မှာ အလွန်အမင်း လေးလာပါတယ်။ ထောင်ထားတဲ့ စင်များဟာ ခိုင်မာတောင့်တင်း ရပါမယ်။ ဒါမှမဟုတ်လျင် နွေရာသီ မိုးသက်မုန်တိုင်းတွေက သူတို့အား စောင်းရွဲ့ သွားအောင် တွန်းနိုင်ပါတယ်။ လက်ရှိ ဝါယါနဲ့ ယက်ထားတဲ့ ခြံစည်းရိုး တခုကို pole beans ပဲသီးတောင့်ပင် တွေကို ထောက်ပံ့ဖို့ အသုံးပြု့တာထက် ပိုကောင်းတဲ့ အသုံးချမှု မရှိလောက်ပါဘူး။ Half-runner varieties လို့ခေါ်ကြတဲ့ ပဲနွယ်ပင် အမျိုးမျိုး တွေဟာ ၄ ပေ ကနေ ၅ ပေထိ မြင့်တဲ့ ခြံစည်းရိုး တခုနဲ့ အကောင်းဆုံး အံဝင်ဂွင်ကျ ပါတယ်။ ပိုမို ရှည်လျားတဲ့ ပဲပင် အမျိုးမျိုး အတွက် လိုအပ်လျင် မြင်မားတဲ့ ခြံတိုင်တွေကို စည်းရိုးရဲ့ အမြင့် တိုးမြှင့် ဖို့ အတွက် အလွယ် တကူပဲ ထပ်ထဲ့ နိုင်ပါတယ်။ နွယ်တွေကြား မြင်ကွင်း တခု ဖန်တီးဖို့ ဤခြံတိုင်တွေကို သင်ကြိုးနဲ့ ချိတ်ဆက် နိုင်ပါတယ်။ ဒါကို အဝါရောင်၊ ခရမ်းရောင် နဲ့ အစိမ်းရောင် ပဲသီးတောင့်များ ထုတ်လုပ်ပေးတဲ့ pole beans (တိုင်တက်ပဲပင်များ) အရောအစပ် တခုနဲ့ ကျွန်မ ပြုလုပ်ခဲ့ စဉ်က ရလာဒ်ဟာ ပျော်စရာ ကောင်းလှ ပါတယ်။

ပဲသီးတွေဟာ သုံးချောင်းထောက် သို့မဟုတ် ကတော့ ပုံစံစင် တခု ဆောက်ပေး ချိန်မှာ အောင်မြင် ဖြစ်ထွန်းပါတယ်။ အဲဒါက သူထမ်းထားရတဲ့ အလေးချိန် တိုးလာစဉ်မှာ သူကိုယ်သူ အောက်ဖက်တဲ့တဲ့ကို ဆွဲတာကြောင့် သဘာဝ အားဖြင့် ပြိုလဲခြင်းမရှိအောင် ရပ်တည်နိုင်ပါတယ်။ သင့်အနေနဲ့ ပဲစင် တခု စီစဉ် ချိန်မှာ အမြင့်ကို ဂရုတစိုက် စဉ်းစား သင့်ပါတယ်။ တစုံတရာ အပေါ် မတ်တတ် မရပ်ပဲ ပဲသီးတွေကို သင် မမီနိုင်တာကြောင့် မဆွတ်လိုက်ရပဲ ကြည့်နေရတာထက် ဆိုးတဲ့ အရာ မရှိ တော့ပါဘူး။ နွယ်ရှည် အမျိုးအစားတွေကို ရှောင်ခြင်းဖြင့် အတိုင်းအတာ တခုအထိ အမြင့်ကို သင်ထိန်းချုပ် နိုင်ပါတယ်။ ဒါပေမဲ့ စင်ရဲ့ အမြင့်ကိုလည်း သင် ကန့်သတ်ဖို့ လိုပါ လိမ့်မယ်။

ကျွန်မ တဦးတည်း အနေနဲ့ပြောရလျင်၊ ကျွန်မ အနှစ်သက်ဆုံး ပဲစင် ၂ ခု ရှိပါတယ် - စောစော အပင်စိုက်ခြင်း အတွက် ဝါယာနဲ့ ယက်ထားပြီး သတ္တု့ ခြံစည်းရိုးတိုင် နှစ်ချောင်းနဲ့ ထိန်းမတ်ထားတဲ့ အချင်း ၃ ပေရှိ ခရမ်းချင် လှောင်အိမ် (သံစကာ လှောင်အိမ်) နဲ့ ရာသီ နှောင်းပိုင်း စင် တခု အတွက် ပြောင်းချိုပင် ရိုးတံတွေ ဖြစ်ပါတယ်။ Pole beans ခေါ် တိုင်တွေပေါ်တက်တဲ့ ပဲနွယ်ပင်တွေဟာ ငြိုးချောက်နေတဲ့ ပြောင်းပင်ပေါ်သို့ ထက်သန်စွာ ကုတ်ကတ် တက်ပါတယ်။ ပြီးတော့လဲ ပဲပင်စိုက်ဖို့ ပြောင်းပင်ကို အနဲဆုံး တပေ မြင့်သည်အထိ သင်စောင့်သမျှ သူက မမှုပါဘူး။

သခွား မျိးကွဲတွေ စင်တခုကို ဘယ်လောက်တောင် နှစ်သက် သလဲ ဆိုရာမှာ / စင်တခုနဲ့ ဘယ်လောက်တောင် ကောင်းကောင်း အကျင့် ရလာတယ် ဆိုတဲ့ နေရာမှာ ကတော့ ကွဲပြား ကြပါတယ်။ အသီးကြီး သီးတဲ့ burpless hybrid ခေါ် လေ(ချဉ်)တက်မှုကင်းတဲ့ စပ်မျိုးများဟာ ကြိုး သို့မဟုတ် နန်းကြိုးတွေနဲ့ လုပ်ထားတဲ့ တဲ့မတ်သော လေးထောင့်ကွက် ပုံစံ စင် ပေါ် တက်ဖို့ အလွယ်တကူ လေ့ကျင့် ပေးနိုင်ပါတယ်။ ကြီးထွားလာတဲ့ နွယ်တွေကို စကာကွက်တွေထဲ တပတ် တခါလောက် တွန်းသွင်း ပေးရုံပါပဲ။ သနပ်တည်ရာမှာ သုံးသော ပိုသေးတဲ့ သခွားသီး သီးတဲ့ အပင်တွေကတော့ အခက်တွေ ပိုထွက်ပါတယ်။ အဲ့ဒါက သူတို့ကို လေ့ကျင့်ပေးရာမှာ ပိုမို ပြီး ထိန်းမနိုင် သိမ်းမရ ရှိလှ ပါတယ်။ သံ (/သတ္တု့ နန်းကြိုး) စကာ ခရမ်းချင် လှောင်အိမ်တွေက သူတို့ရဲ့ ကိုင်းတွေကို ကျကျနန ထိန်းသိမ်းပြီး ရင့်မှဲလာတဲ့ အသီးတွေကို ပို၍ လွယ်ကူစွာ ရှာတွေ့ နိုင်စေ ပါတယ်။

Melons (သခွားမသီး၊ ဖရုံသီး၊ ဖရဲသီး စသည်)တို့က ထောင့်ဖြတ် သို့မဟုတ် A ပုံစံ ဘောင် ရိုက်ထားတဲ့ စင် (လှည်းဦးထောက်ပုံ စင်)တွေကို သုံးဖို့ တခုတည်းသော အခွင့်အလမ်းကို ပေးပါတယ်။ Melon တို့ရဲ့ နွယ်များဟာ မြေပြင်မှာ ကပ်နေရတာကို ပိုနှစ်သက် သော်လည်း သူတို့ကို မြှင့်ထားခြင်းက မြေပြင်ပေါ်မှာ သွားလာ နေတဲ့ ရောဂါပိုးတွေ နဲ့ အင်းဆက်ပိုး များ မကျရောက်အောင် သူတို့အား အကာအကွယ် ပေးပါတယ်။ ရိတ်သိမ်းချိန်မှာ (အားစိုက်) ချွေပစ် ရတဲ့ မျိုးတွေကို ရှာဖွေပါ။ (အားစိုက်) ချွေပစ် တယ်ဆိုတာက melon မှဲ့ချိန်မှာ နွယ်ကနေ ဖြတ်ပစ်တာကို ပြောတာပါ။ အသီးသေးလေးတွေသီးတဲ့ melon မျိုး honeydew (မွှေးချိုချို သခွားမသီး)ပင် တွေဟာ စင်နဲ့ စိုက်ပျိုးရေး အတွက် အသင့်တော်ဆုံးပါ။

သင့်ရဲ့ ဥယျာဉ်နေရာက ကြပ်ပြီး melon ပင်တွေ အတွက် နေရာ မရှိဘူးဟု့ သင် ထင်လျင် ဒီ အရသာ ရှိတဲ့ နွေရာသီ သစ်သီး အတွက် ဘေးချင်း ကပ်နေတဲ့ စိုက်ခင်း တွေကို အခုံးပုံ သို့မဟုတ် A-frame (A ပုံစံ) စင် တခုနဲ့ ဆက်ပေးခြင်း ( စိုက်ခင်း ၂ ခု အကြား နေရာမှာ စင်ကို ခွထားဖို့) ကို စဉ်းစားပါ။ ဒီ အထာလေး က လျှောက်လမ်း တခုကို အသုံးချလို့ရတဲ့ မြေပြင် အထက် ဥယျာဉ် စိုက်ရာ နေရာ အဖြစ် ယာယီ အားဖြင့် ပြောင်းပေး ပါတယ်။

တခုတည်းသော စင်ဟာ အရပ်အမောင်း နိမ့် တဲ့ အပင်တပင်ကို ကြေနပ်စေ ပေမဲ့ ကလန့်ကလား အပင်တပင်အတွက်တော့ ကပ်ဆိုက်မှု တခု ဖြစ်ပါလိမ့်မည်။ ဒါ့ကြောင့် မျိုးကွဲတခု ရဲ့ သူ့ကိုယ်ပိုင် ကြီးထွားမှု အကျင့်စရိုက်တွေကို သင် သတိထားမိ လာတဲ့ အထိ ယက်လုပ်ထားတဲ့ သို့မဟုတ် ဂဟေဆော်ထားတဲ့ သံနန်းကြိုး လှောင်အိမ်ထဲ ထည့်ပြီး စိုက်ပျိုးတဲ့ ခရမ်းချင်သီး(ပင်) တွေကို စောင့်ကြည့်နေဖို့ လိုအပ် ပါတယ်။ လက်ဖြစ် လှောင်အိမ်များ အတွက် ထိပ်တန်း ရွေးချယ်စရာ ကတော့ ကွန်ကရိ အားဖြည့် ဝါယာ/သံနန်းကြိုး ဖြစ်ပါတယ်။ အဲ့ဒါက နှစ်များစွာ ခံမည် ဖြစ်ပြီး ၆" x ၆" အပေါက်တွေက ခူးဆွတ်ရတာ လွယ်ကူစေ ပါတယ်။ လှောင်အိမ်တွေကို ပြု့လုပ်ရာမှာ တဖက်ကို အနည်းငယ် ရှုးထားခြင်းဖြင့် သူတို့ကို သိမ်းတဲ့ အခါ တခုနဲ့ တခု စွပ်ပြီး ထားနိုင်ပါတယ်။

ဘက်စုံရ ဒေါင်လိုက် စိုက်ပျိုးရေး

ဒေါင်လိုက် ဥယျာဉ် စိုက်ပျိုးရေး ကနေ ဥယျာဉ်တိုင်း နီးပါး ဟာ အကျိုးကျေးဇူး ရနိုင်ပါတယ် - သူတို့ဟာ နေရာ ချွေတာတယ်၊ ရိပ်သိမ်း / ခူးဆွတ် ရတာလွယ်ကူတယ်၊ မြေကြီးမှာ အောင်းနေတဲ့ ရောဂါပိုးတွေကို အားနဲစေတယ်၊ အထွက်ကို အမြင့်ဆုံး ဖြစ်စေတယ်၊ ပြီးတော့ အကျိုးပြု့ ငှက်တွေရဲ့ လုပ်ဆောင်ချက်တွေကို အားပေးတယ်။ ။

https://www.motherearthnews.com/organic-gardening/gardening-techniques/vertical-gardening-zmaz10djzraw

(Barbara Pleasant ၏ Vertical Gardening Techniques for Maximum Returns အား ဘာသာပြန် ထားပါသည်။ သူမဟာ သူမ၏ အနောက်တောင် ဗာဂျီးနီးယား ဥယျာဉ် ထဲမှာ ဟင်းသီးဟင်းရွက် အပင်များ နှင့် ပန်းပင်များကို ဒေါင်လိုက် စိုက်ပျိုး ပါသည်။)

(US မှာစိုက်ပျိုးတာကို ရေးသား ထားပေမဲ့ မြန်မာပြည်က ဥယျာဉ် သမားများ အတွက်လည်း အကျိုးရှိ မည်ဟု့ မျှော်လင့် ပါတယ်။)

You can improve yield, grow bigger vegetables, and make more efficient use of growing space through vertical gardening.

❤️😍😍😍😍😍❤️
29/06/2020

❤️😍😍😍😍😍❤️

အားပေးကြတဲ့အတွက် ကျေးဇူးပါ ချစ်ဆုံးတို့😍😍😍
29/06/2020

အားပေးကြတဲ့အတွက် ကျေးဇူးပါ ချစ်ဆုံးတို့😍😍😍

Address

42x43, 78x79 Northern Chan Kya That Si
Mandalay

Telephone

+9677250286

Website

Alerts

Be the first to know and let us send you an email when Phyo Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share