မစိုးစိုးလမင်းသာ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mandalay
  • မစိုးစိုးလမင်းသာ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး

မစိုးစိုးလမင်းသာ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မစိုးစိုးလမင်းသာ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး, Home improvement, ၆၂လမ်းနှင့် သံလမ်းဒေါင့်, Mandalay.

26/09/2022

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ

အချိန်
သွားနေတယ်။

အသက်အရွယ်
ပြောင်းနေတယ်။

ကလေးအရွယ်ကနေ
ဆယ်ကျော်သက်အရွယ်ထိ
အပူအပင်မဲ့
ပျော်စရာအရွယ်ပေါ့။

ဆယ်ကျော်သက်အရွယ်ကနေ
လူငယ်လူရွယ်အရွယ်က
ဘာလုပ်လုပ်
စိတ်အားထက်သန်တယ်။

လူရွယ်ကနေ
လူလတ်ပိုင်းအရွယ်ရောက်တော့
စိတ်ပျက် လက်မှိုင်ချရတာတွေ
များလာခဲ့တယ်။

ဘဝဆိုတာ
ရုပ်ရှင်ရိုက်သလိုပါပဲ။

ဖြတ်လျှောက်ဘဝကနေ
အရံသရုပ်ဆောင်
ငါတို့ ဖြစ်လာတယ်။

အရံကနေ
ခေါင်းဆောင်သရုပ်ဆောင်
ဖြစ်လာတယ်။

အတိုက်အခိုက် အထိုးအနှက်ကြားမှာ
သင်ခန်းစာယူပြီး
အခက်အခဲကြားမှာ အတွေ့အကြုံကို
ငါတို့ ယူခဲ့တယ်။

မသိမသာနဲ့
ငါတို့ ရင့်ကျက်လာခဲ့တယ်။
တည်ငြိမ်လာခဲ့တယ်။

အရာတော်တော်များများကိုလည်း
သဘောပေါက် နားလည်လာခဲ့တယ်။

လူ့စိတ် လူ့မနောကိုလည်း
သိလာခဲ့တယ်။

စစချင်းမှာရှိတဲ့ မခံချင်စိတ်
ဒေါသတွေက
နောက်ပိုင်းမှာ ငြိမ်သက်လာတယ်။

ဒီဘဝခရီးလမ်းက
ပြောင်းလဲမှု မြန်ဆန်နေတယ်။

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။

မိဘတွေ ဖြစ်ကုန်ကြပြီ။

ဦးဦး ဒေါ်ဒေါ်တွေ ဖြစ်ကုန်ကြပြီ။

အမှားလုပ်မိရင် တာဝန်ယူရပြီ။

မိသားစုရှိလာတော့
တာဝန်ကို ထမ်းပိုးရပြီ။

အရင်ကလို
အဖေတို့ အမေတို့ လုပ်လိုက်မယ်
ဆိုတာမျိုး
မရတော့ဘူး။

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။

ခန္ဓာကိုယ် ပုံပြောင်းစပြုလာပြီ။
ဗိုက်ပူလာပြီ။
အကျင့်စရိုက်တောင်မှ
တည်တည်ငြိမ်ငြိမ် ဖြစ်လာခဲ့ပြီ။

အိမ်ကို ပိုပိုသံယောဇဉ်ရှိလာခဲ့ပြီ။

ဘုရား တရားရိပ်ကို ပိုတပ်မက်လာခဲ့ပြီ။

ကျန်းမာရေးကို
ပထမလို့ ထားတတ်လာခဲ့ပြီ။

ငွေကြေးဥစ္စာအပေါ်
အမြင် တဖြည်းဖြည်း ပေါ့လာခဲ့ပြီ။

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။

မောတဲ့အခါနားသင့်ရင် နားပါ။
ခန္ဓာကိုယ်က အဓိကပါ။

နွမ်းတဲ့အခါအိပ်သင့်ရင် အိပ်ပါ။
အိပ်ရေးတွေ အပျက်မခံနဲ့တော့။

ဆာတဲ့အခါစားသင့်ရင် စားပါ။
ချွေတာမနေနဲ့တော့။

တစ်သက်တာက တိုလွန်းပါတယ်။
မျက်စိတစ်မှိတ်တွင်းမှာ
ကျော်ဖြတ်ကုန်ကြတာပါပဲ။

ကောင်းတဲ့အရာကို
နောက်ဆုံး သိမ်းမထားပါနဲ့။
သိမ်းရင်း သိမ်းရင်း
ကိုယ့်အတွက်မဟုတ်ဘူး ဖြစ်သွားလိမ့်မယ်။

သေရင် ဘယ်သူမှ
ဘာမှယူသွားလို့ မရဘူး။

ပါသွားမှာက သင်ပြုခဲ့သမျှ
ကောင်းမှု ကုသိုလ်တွေပါ။

အသိ သတိလေး ကပ်ချိန်တန်ပါပြီ။

မသိမသာနဲ့ ငါတို့ အိုမင်းလာခဲ့ပြီ။

Credit-OriginalWriter
#သုတရသစာပေများစုစည်းရာ

Exp သံချောင်းများ/Alpha-Crown ဘိလပ်မြေများ/Shera-SCG ဘုပ်ပြားများ/Mulia-SCG ဖန်တုံးများ /Hollow-U Beam-I Beam/ဟင်းကရိုင်...
23/07/2022

Exp သံချောင်းများ/Alpha-Crown ဘိလပ်မြေများ/Shera-SCG ဘုပ်ပြားများ/Mulia-SCG ဖန်တုံးများ /Hollow-U Beam-I Beam/ဟင်းကရိုင်းများ/အထပ်သားများကိုလက်လီလက်ကားရနိုင်ပါတယ်။

Exportသံချောင်းလုံးများ/Alpha-Crown ဘိလပ်မြေများ/Shera-SCG ဘုပ်ပြားများ/Muli-SCG တံဆိပ်ဖန်တုံးများ/Great wall-Family တံဆ...
23/07/2022

Exportသံချောင်းလုံးများ/Alpha-Crown ဘိလပ်မြေများ/Shera-SCG ဘုပ်ပြားများ/Muli-SCG တံဆိပ်ဖန်တုံးများ/Great wall-Family တံဆိပ်အထပ်သားများ/GI Hollow-U Beam -I Beam-ဟင်းကရိုင်းများကိုလမင်းသာ မှာလက်လီလက်ကားရနိုင်ပါသည်။

2021 အတွက်ရလဒ်က I phone(13-128 G)နှင့်ရွှေတမတ်သားဆုပါ။ကျေးဇူးပါ Shera
11/06/2022

2021 အတွက်ရလဒ်က I phone(13-128 G)နှင့်ရွှေတမတ်သားဆုပါ။ကျေးဇူးပါ Shera

လမင်းသာ (2) လေးကိုအမြန်ဖွင့်ခြင်နေပါပြီ။မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းတည်ငြိမ်ပါစေ။
10/11/2021

လမင်းသာ (2) လေးကိုအမြန်ဖွင့်ခြင်နေပါပြီ။မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းတည်ငြိမ်ပါစေ။

12/08/2021

အိမ်ဆောက်ပစည်းဆိုင်များသတိထားကြပါ။Mdy မှာအချီကြီးလိမ်တဲ့အဖွဲ့ရှိတယ်နော်။

လမင်းသာရဲ့အမာခံတပ်သားများနှင့်ဆက်လျောက်ဆဲပါ။မြန်မာနိုင်ငံသားအားလုံးကျမ်းမာပြီစိတ်ချမ်သာနိုင်ကြပါစေ။
15/07/2021

လမင်းသာရဲ့အမာခံတပ်သားများနှင့်ဆက်လျောက်ဆဲပါ။မြန်မာနိုင်ငံသားအားလုံးကျမ်းမာပြီစိတ်ချမ်သာနိုင်ကြပါစေ။

အစစအရာရာဂရုစိုက်ပါ။
12/07/2021

အစစအရာရာဂရုစိုက်ပါ။

အခြေနေကတော့ဂရုစိုက်လုပ်နေရပါတယ်။အစစအရာရာ takecare
12/07/2021

အခြေနေကတော့ဂရုစိုက်လုပ်နေရပါတယ်။အစစအရာရာ takecare

ခုထိတော့လည်ပတ်နေသေးတယ်။ငဗစ်လည်းကြောက်သေးစျေးကလည်းရောင်းခြင်နဲ့
01/07/2021

ခုထိတော့လည်ပတ်နေသေးတယ်။ငဗစ်လည်းကြောက်သေးစျေးကလည်းရောင်းခြင်နဲ့

Sheraဘုပ်ပြားများရောက်ပါတယ်။
21/11/2020

Sheraဘုပ်ပြားများရောက်ပါတယ်။

10/11/2020

2လပိုင်း2020ကအကြွေးနာမည်ကြီးအင်/ယာနာမည်က ၄လုံးနဲ့သူပေ့ကိုဖတ်ကြည့်ရင်တော့လန်ထွက်နေတာပဲ တောင်းတာကိုသွင်းပေးတါ ၂သိန်းတဲ့ရစရာရှိတဲ့သိန်း ၇၀ကိုကျေအောင်ဘယ်လိုတောင်းမလဲ။ဒီတခါလာရင်စ်းနေတဲ့ကားဝတ်ထားတဲ့စိန်တွေဆွဲဖြုတ်ယူမှကြေမယ်ထင်တယ်။

Address

၆၂လမ်းနှင့် သံလမ်းဒေါင့်
Mandalay
4801

Telephone

+95281619

Website

Alerts

Be the first to know and let us send you an email when မစိုးစိုးလမင်းသာ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share