HMUE Architect Design&Construction

HMUE Architect Design&Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HMUE Architect Design&Construction, Architectural Designer, No. 91B . 21-22 Aungmyaethazan Township, Mandalay.

သိထားသင့်တဲ့ ဆိုလာစနစ် (၃) မျိုး ဆိုလာစနစ်တွေကို သုံးစွဲပုံအမျိုးအစားအလိုက် (၃) မျိုး ခွဲခြားနိုင်ပါတယ်။ သင့်ရဲ့ လိုအပ်ခ...
10/12/2025

သိထားသင့်တဲ့ ဆိုလာစနစ် (၃) မျိုး

ဆိုလာစနစ်တွေကို သုံးစွဲပုံအမျိုးအစားအလိုက် (၃) မျိုး ခွဲခြားနိုင်ပါတယ်။ သင့်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အသင့်တော်ဆုံးစနစ်ကို ရွေးချယ်နိုင်ဖို့ စနစ်တစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို ရှင်းပြပေးထားပါတယ်။

၁။ On-Grid စနစ်
on grid system

အစိုးရ လျှပ်စစ်မီးလိုင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့စနစ်ပါ။ ဘက်ထရီ မလိုအပ်ပါဘူး။
အလုပ်လုပ်ပုံ: နေ့ဘက် နေရောင်ခြည်ရတဲ့အခါ ဆိုလာပြားကနေ လျှပ်စစ်ထုတ်ပြီး သုံးစွဲပါတယ်။

အားသာချက်

- ဘက်ထရီမလိုအပ်တဲ့အတွက် ကနဦးကုန်ကျစရိတ် အသက်သာဆုံးပါ။
- လျှပ်စစ်မီတာခကို အဓိက လျှော့ချနိုင်ပြီး၊ ပိုလျှံတဲ့လျှပ်စစ်ကို ပြန်ရောင်းလို့ရတဲ့အခါ ဝင်ငွေပြန်ရနိုင်ပါတယ်။ (မြန်မာနိုင်ငံမှာတော့မရသေးပါ)
- Off-grid စနစ်တွေထက် ဈေးသက်သာပြီး တပ်ဆင်ရလွယ်ကူစေပါတယ်။
- ဘက်ထရီမပါတဲ့ အတွက် အစိတ်အပိုင်းတွေ နည်းပါးပြီး ပြုပြင်ထိန်းသိမ်းစရိတ် နည်းပါးပါတယ်။
-On-Grid စနစ်သည် ဈေးသက်သာပြီး လစဉ် လျှပ်စစ်ဘေလ်များကို သက်သာစေသောကြောင့် off-grid သို့မဟုတ် hybrid စနစ်များနှင့် နှိုင်းယှဉ်ပါက သင်၏ရင်းနှီးမြှုပ်နှံမှုကို ပိုမိုမြန်ဆန်စွာ ပြန်လည်ရရှိနိုင်ပါသည်။

အားနည်းချက်

- အကြီးမားဆုံး အားနည်းချက်ကတော့ ဓာတ်အားလိုင်း (အစိုးရမီး) ပြတ်တောက်သွားတဲ့အခါ သင့်ရဲ့ ဆိုလာစနစ်လည်း ပိတ်သွားပါတယ်။
- သင့်ဧရိယာတွင် လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက on-grid စနစ်ကို မသုံးသင့်ပါ။
- ဘယ်သူနဲ့သင့်တော်လဲ: အထည်ချုပ်စက်ရုံ၊ ရေခဲစက်ရုံ၊ ရုံးခန်းကြီးနဲ့ စူပါမားကတ်လို လုပ်ငန်းတွေမှာ အထူးသင့်တော်ပါတယ်။

၂။ Off-Grid စနစ်

အစိုးရ လျှပ်စစ်မီးလိုင်းနဲ့ လုံးဝမချိတ်ဆက်ဘဲ ကိုယ်ပိုင်ဘက်ထရီကို အားထားရတဲ့စနစ်ပါ။
အလုပ်လုပ်ပုံ: နေရောင်ခြည်ရတဲ့အချိန်မှာ ဆိုလာပြားကနေ လျှပ်စစ်ထုတ်ပြီး ဘက်ထရီထဲမှာ သိုလှောင်ထားပါတယ်။ ညဘက်မှာတော့ ဘက်ထရီထဲက အားကို ပြန်သုံးပါတယ်။

အားသာချက်
- လျှပ်စစ်မီးလိုင်းပေါ် လုံးဝမှီခိုစရာမလိုဘဲ မီးမရတဲ့နေရာတွေမှာ သုံးစွဲနိုင်ပါတယ်။
- Off-Grid စနစ်များသည် အီလက်ထရွန်းနစ်ပစ္စည်းများအတွက်တည်ငြိမ်ကာ အနှောင့်အယှက်ကင်းသော ပါဝါကို ပေးစွမ်းပါသည်။

အားနည်းချက်

- ဘက်ထရီကုန်ကျစရိတ်ကြောင့် ကနဦးရင်းနှီးမြှုပ်နှံမှု အများဆုံးပါ။
- ဘက်ထရီများကို ပုံမှန်ပြုပြင်ထိန်းသိမ်းရန် လိုအပ်ပါသည်။
- ဘက်ထရီအစားထိုးခြင်းသည် ရေရှည်ကုန်ကျစရိတ်ဖြစ်လာသည်။
- ဓာတ်အားသုံးစွဲနိုင်မှုသည် ဘက်ထရီအရွယ်အစားပေါ် မူတည်ပါသည်။

လျှပ်စစ်မီးမရတဲ့နေရာတွေ ဒါမှမဟုတ် ကျေးလက်ဒေသကနေအိမ်တွေအတွက် သင့်တော်ပါတယ်။

၃။ Hybrid စနစ်

အဓိပ္ပာယ်: On-Grid နဲ့ Off-Grid နှစ်မျိုးပေါင်းစပ်ထားတဲ့ အဆင့်မြင့်စနစ်ပါ။
အလုပ်လုပ်ပုံ: အစိုးရမီးလိုင်းနဲ့ ချိတ်ဆက်ထားသလို ဘက်ထရီလည်း ပါဝင်ပါတယ်။ နေရောင်ခြည်ကနေ လျှပ်စစ်ထုတ်ပြီး အိမ်မှာသုံးစွဲ၊ ပိုလျှံတာကို ဘက်ထရီထဲ အရင်ထည့်၊ ဘက်ထရီပြည့်ရင် မီးလိုင်းထဲ ပြန်ပို့နိုင်ပါတယ်။ (မြန်မာနိုင်ငံမှာတော့မရသေးပါ) အစိုးရမီးပြတ်လည်း ဘက်ထရီထဲက အားကို အလိုအလျောက်ပြောင်းသုံးပေးပါတယ်။

Credit




#ဆောက်လုပ်ရေး

#ဆိုလာ

ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု  အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သို.မဟုတ်) steel str...
03/12/2025

ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု




အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သို.မဟုတ်) steel structureလို့ခေါ်တဲ့သံထည်အဆောက်အဦးရဲ့ အမိုးဆလပ်ပြင်ပေါ်မှာ တင်ထားတဲ့ ရေကန်အလေးချိန်အကြောင်းပါ။

အိမ်ဆောက်ကတည်းက အမိုးဆလပ်ပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဉ်းစားသင့်ပါတယ်။အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆို စာဆုံးအောင်ဖတ်ပေးပါ။
အမိုးဆလပ်မှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိပါသလား။
ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)
တစ်ပေပတ်လည် တစ်ပေအမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။

ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။
ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။
အမိုးဆလပ်မှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။
ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
ဆလပ်ပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။
ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ ဆလပ်၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။
ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။
ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။
ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)
အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။
မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။
အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။
အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။

ဒါပေမဲ့ ကန်ထရိုက်က အမိုးဆလပ်မို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။
ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။
သေချာ တွက်ချက်ဆောက်ခိုင်းပါ။
ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။
မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့
ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။

ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးဆလပ်တစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် အဆင်ပြေပါပြီ

#အနာဂတ်အိမ်လေး #ဆောက်လုပ်ရေး


👷🏼အိမ်တစ်လုံးစတင်တည်ဆောက်တော့မယ်ဆို အရင်ဆုံး လုပ်သင့်တာက Pre-Consultation ပါ။🏠အများစုက အိမ်ဆောက်တာဆိုတာ Design ကြည့်ပြီး...
27/11/2025

👷🏼အိမ်တစ်လုံးစတင်တည်ဆောက်တော့မယ်ဆို အရင်ဆုံး လုပ်သင့်တာက Pre-Consultation ပါ။

🏠အများစုက အိမ်ဆောက်တာဆိုတာ Design ကြည့်ပြီး ဘက်ဂျက်ချပြီး ဆောက်တယ် လို့ပဲ ထင်တတ်ကြပေမဲ့ အမှန်တကယ် အဆင့်မြင့်အိမ်တစ်လုံး တည်ဆောက်ဖို့အတွက် Pre-Consultation လုပ်ခြင်းက အခြေခံပိုင်နိုင်ပြီး အရေးအကြီးဆုံးအချက်ဖြစ်ပါသည်။
🔍 Pre-Consultation ဆိုတာဘာလဲ? ဘာကြောင့် အရေးကြီးသလဲ?

1️⃣ သင့်မြေနဲ့လိုက်ဖက်မယ့် Design ရွေးချယ်နိုင်ရန်

• မြေအမျိုးအစား
• Road Alignment
• Sunlight Direction
• Ventilation
အခုလို Technical အချက်အလက်တွေကို Engineer/Architect က onsite အရ Lab test လုပ်သလို စစ်ဆေးရှင်းပြပေးနိုင်ခြင်း။

2️⃣ ခန့်မှန်းမထားတဲ့ Construction Risk တွေကို ကြိုတင်ဖယ်ရှားနိုင်ရန်

• မြေပြိုနိုင်ခြေ
• Foundation အမျိုးအစား
• Drainage Problems
• Neighbor Boundary Issues
Pre-Consultation မရှိဘဲ တိုက်ဆောက်မယ်ဆိုရင် ဒီလို Risk တွေကို မကာကွယ်နိုင်သလို ကျသင့်တဲ့ကုန်ကျစရိတ်ထပ် ငွေကြေးကုန်ကျစရိတ်တွေပိုမိုဖောင်းပွနိုင်ပါသည်။
• 3️⃣ Budget ကို အမှန်တကယ် Accurate ဖြစ်အောင်

အိမ်တည်ဆောက်မယ့် အကြမ်းအသေးစိတ်ကိုတွက်ဆနိုင်ခြင်း

✔ Estimated Cost
✔ Material Quality Options
✔ Time Frame
✔ Labour Cost စတာတွေကို
Engineer Team က တိတိကျကျ Breakdown ပေးနိုင်တာမလို့
ဘယ် Budget နဲ့ ဘယ် standard ကို ဆောက်မလဲ ဆိုတာ တိတိကျကျသိနိုင်ပါတယ်။
အိမ်ရှင်အနေနဲ့ လိုချင်တဲ့
အိမ်ပုံစံ၊ အခန်းဖွဲ့၊ အမြင့်၊ Future Extension Plans ဒီအရာတွေကို Professional ကျကျ တွက်ချက်ဖြေရှင်းပေးပြီး မလိုအပ်တဲ့ ငွေကြေးကုန်ကျမှုတွေ၊ အချိန်ကျန့်ကြာမှုတွေ၊ Risk တွေကိုကြိုတင်တွက်ဆ ကာကွယ်နိုင်မှာဘဲဖြစ်ပါတယ်။

🏠 HMUE Construction မှာဆိုရင် လူကြီးမင်းတိုရဲ့ အိမ်ကလေးကို အပ်နှံလိုက်ပြီဆိုတာနဲ့ စတင်မဆောက်လုပ်မီ ▪️𝐏𝐫𝐞 - 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 ကို 𝐅𝐫𝐞𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 အနေနဲ့ အိမ်တိုင်ရာရောက် အထိပါအရင်ဆုံး တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပေးပါတယ်။
🔸 Site Inspection
🔸 Requirement Analysis
🔸 Design & Structure Advice
🔸 Budget Planning
🔸 Timeline Estimation
အစရှိသည်တို့ကို ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။
အနာဂတ်အိမ်လေးအတွက်စိတ်အေးစေဖို့ HMUE Construction နဲ့လက်တွဲစို့ .....
ဆက်သွယ်ရန်

☎️𝐏𝐡𝐨𝐧𝐞: 𝟎𝟗 𝟗𝟖𝟔 𝟓𝟓𝟏 𝟐𝟐𝟕 / 𝟎𝟗 𝟕𝟕𝟎 𝟎𝟐𝟓 𝟓𝟔𝟔
🏢 လိပ်စာ: အမှတ် (𝟗𝟏/𝐁)၊ 𝟐𝟏 – 𝟐𝟐 ကြား၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးမြို့။

#အိမ်ဆောက် #ဆောက်လုပ်ရေး #အိမ်ပိုင်ရှင် #ဝါကျွတ်ကာလ #အနာဂတ်အိမ်လေး #အထပ်မြင့်
v

24/11/2025

ငလျင် အကြောင်းအသေးစိတ်ရှင်းပြထားတာလေးကို ဗဟုသုတရစေရန်
ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်👷‍♀️
Credit org uploaded




အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာကအိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ Floor_Plan ပ...
24/11/2025

အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ Floor_Plan ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?
အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်
Standard_Size
ဧည့်ခန်း
ဟောခန်း
ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ
အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

အိပ်ခန်း
Hotelအခန်း
Guest_house_အခန်း တွေရဲ့ အကျယ်အဝန်းဟာ
အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ
အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ
အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ
အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ
အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ
အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်
ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ
အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

ဝရန်တာဆိုက် ရဲ့အကျယ်ကတော့
အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ
အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ
အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

ရေချိုးခန်း
အိမ်သာ
မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ
အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ
အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့
အကျယ်ဟာ 3'~ပေ
အကျော် ဟာ 7"~ လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ်
Credit





ငလျင်ကြောင့်ဖြစ်ပေါ်လာသောနံရံအက်ကြောင်းများကိုယ့်အခန်းထဲ ပြန်ရောက်တဲ့အခါ ဟုတ်ဟုတ်/ မဟုတ်ဟုတ် ဒါလေးတွေ စစ်ကြည့်ပြီး ကိုယ်...
20/11/2025

ငလျင်ကြောင့်ဖြစ်ပေါ်လာသောနံရံအက်ကြောင်းများ

ကိုယ့်အခန်းထဲ ပြန်ရောက်တဲ့အခါ ဟုတ်ဟုတ်/ မဟုတ်ဟုတ် ဒါလေးတွေ စစ်ကြည့်ပြီး ကိုယ်ဘာဆက်လုပ်ရမယ် အကြမ်းဖျင်းသိနိုင်ပါတယ်။
"ငလျင်လှုပ်ပြီးပေါ်လာတဲ့ နံရံအက်ကြောင်းတွေရဲ့ အန္တရာယ်"

ငလျင်ကြောင့် အက်ကြောင်းတွေ ပေါ်လာခဲ့ရင် အက်ကြောင်းပုံစံ နဲ့ နံရံအမျိုးအစား ပေါ်မူတည်ပြီး အန္တရာယ်အဆင့်ကို သုံးသပ်နိုင်ပါတယ်။



Load Bearing Walls (အရေးကြီးဆုံး)

ဝန်ထမ်းထားတဲ့ နံရံတွေဟာ အဆောက်အအုံ အလေးချိန်ကို ထောက်ပံ့ပေးထားတာမို့ အက်ကြောင်းပေါ်လာရင် အန္တရာယ်ရှိ

Reinforced Concrete Wall ဆိုရင် ...
# ထောင့်ဖြတ်အက်ကြောင်း (X-ပုံစံ)
ငလျင်အားကြောင့် နံရံပြတ်တောက်မှုဖြစ်

# အလျားလိုက်အက်ကြောင်း
အားသက်ရောက်မှုများလို့ နံရံညွန့်ကျမှုဖြစ်

# ထောင့်တွေမှာ ဒေါင်လိုက်အက်ကြောင်း
column + beam အဆက် failure ဖြစ်

Brick-Wall အုတ်နံရံ ဆိုရင် ...
# လှေကားထစ်ပုံစံ အက်ကြောင်း
foundation အခြေခံအုတ်မြစ်ရွေ့လျားမှုကြောင့်ဖြစ်

# နံရံဖောင်းထွက် အလျားလိုက်အက်ကြောင်း
နံရံပြိုကျနိုင်ခြေများ (အရေးပေါ်ပြုပြင်ရန် လိုအပ်)
အထက်ပါ failure ‌များအတွက် အင်ဂျင်နီယာများ အမြန်စစ်ဆေးပြီး ချက်ချင်း reinforce လုပ်ရပါမယ်။



Non-Load Bearing Wall

အဆောက်အဦအလေးချိန်ကို ထောက်ပံ့ထားခြင်း မရှိတဲ့ နံရံအမျိုးအစား (ဥပမာ - အခန်းဖွဲ့နံရံ) ဖြစ်တာမို့ အန္တရာယ်သိပ်မရှိပေမယ့် စောင့်ကြည့်ဖို့လို

# မျက်နှာကျက် + နံရံ အဆက်မှာ ၆ မီလီမီတာ အထက် အက်ကြောင်း
အမိုးစလပ်ပြားရွေ့လျားမှု (roof displacement) ကြောင့် ဖြစ်

# တံခါး/ ပြတင်းပေါက်ဘေးက အက်ကြောင်း
structure ပိုင်း ရွေ့လျားမှုကြောင့် ဖြစ်
အက်ကြောင်းတွေ ပိုကျယ်လာခြင်းရှိ/ မရှိ စောင့်ကြည့်ရပါမယ်။ တည်ငြိမ်သွားတဲ့အခါ joint compound ဖြင့် ပြုပြင်နိုင်ပါတယ်။



Shear Walls

ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ နံရံအမျိုးအစား ဖြစ်ပါတယ်။

# ထောင့်ဖြတ် X-ပုံစံ အက်ကြောင်း
ငလျင်အားကို ခံနိုင်ခဲ့ပေမယ့် အားနည်းသွားနိုင်

# အနားသတ်တွေမှာ ကွန်ကရစ်ကြေမွနေခြင်း
compression failure (အရေးပေါ်ပြုပြင်ရန် လိုအပ်)
အင်ဂျင်နီယာမှ အမြန်စစ်ဆေးဖို့ (assess residual strength) လိုပါတယ်။



Foundation Walls (အရေးကြီး)



# basement နံရံတွေမှာ အလျားလိုက် အက်ကြောင်း
မြေဖိအားကြောင့် / liquefaction damage ဖြစ်

# ရွေ့သွားတဲ့ ဒေါင်လိုက် အက်ကြောင်း
foundation မညီမညာ/ တစ်ခြမ်း နိမ့်ကျခြင်းကြောင့် ဖြစ်
အရေးပေါ် shoring ထောက်ပြီး foundation stabilisation ပြုလုပ်ရပါမယ်။



စိုးရိမ်ရသော အချက်များ (နံရံအမျိုးအစားမရွေး)
# အက်ကြောင်း တဖြည်းဖြည်းကျယ်လာခြင်း
(ခဲတံနဲ့ အမှတ်အသားပြုထားပါ)
တံခါး/ ပြတင်းပေါက်တွေ ပိတ်ရခက်လာခြင်း
(အဆောက်အအုံ ရွေ့လျားနေတာကြောင့် ဖြစ်)
ကွန်ကရစ်ကွာကျပြီး သံမဏိချောင်းများ ပေါ်နေခြင်း
(သံချေးတက်နိုင်ခြေများ)



စိုးရိမ်စရာမလိုသော အက်ကြောင်းများ
# အခန်းဖွဲ့နံရံမှာ ၃ မီလီမီတာအောက် သေးငယ်တဲ့ အက်ကြောင်းများ
# Non Load Bearing Wall တွေပေါ်က ဒေါင်လိုက်အက်ကြောင်းများ
အားလုံး ဘေးကင်း အဆင်ပြေကြပါစေ...

❤️ အနာဂတ်အိမ်လေးအတွက်စိတ်အေးဖို့ HMUE Construction နှင့်လက်တွဲစို့... ❤️
ဆက်သွယ်ရန်
☎️Phone : 09 986 551 227 / 09 770 025 566
🏢 လိပ်စာ – အမှတ် (91/B)၊ 21 – 22 ကြား၊ အောင်မြေသာစံ မြိုနယ်၊ မန္တလေးမြို့။






18/11/2025
HMUE Architect Design&Construction ကို စိတ်ချယုံကြည်စွာဖြင့် ရဲမွန်တောင်ဘက်မှာ ဆောက်လုပ်မည့် 50’x55’ Chinese traditional...
18/11/2025

HMUE Architect Design&Construction ကို စိတ်ချယုံကြည်စွာဖြင့် ရဲမွန်တောင်ဘက်မှာ ဆောက်လုပ်မည့် 50’x55’ Chinese traditional modern classic building Design လေးအပ်နှံပေးသောကြောင့် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏🏽🙏🏽🙏🏽
🥰ယုံကြည်မှုနှင့်ထိုက်တန်သောရလဒ် နှင့် Customer စိတ်တိုင်းကျဖြစ်အောင် အကောင်းဆုံးပုံဖော်ပေးခဲ့သော Project လေးအား လေ့လာနိုင်ရန်တင်ပြပေးလိုက်ပါတယ်ခင်ဗျာ
🏗️ အိမ်ဆောက်ဖို့ဘဲဖြစ်ဖြစ်၊ ရုံးခန်း၊ Bar&Restaurant အစရှိသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် Design ဆွဲသည်မှစ၍ အိမ်ဆောက်လုပ်ပြီးစီးသည်အထိကို HMUE Construction မှာ One Stop Service အနေဖြင့်အကောင်းဆုံးတာဝန်ယူတည်ဆောက်ပေးနေပါပြီနော်.....
✅ ကျွမ်းကျင်သော Architecture Design ပညာရှင်များနှင့်တိုင်ပင်ကာ လူကြီးမင်းတိုစိတ်တိုင်းကျ Design ရေးဆွဲနိုင်ခြင်း။
✅ ကျွမ်းကျင်သောအင်ဂျင်နီယာပညာရှင်များကိုယ်တိုင်စနစ်တကျ ဦးစီး၍ တာဝန်ယူတည်ဆောက်ပေးခြင်း။
✅ အရည်အသွေးပြည့်မှီသောပစ္စည်းများနှင့် နည်းပညာများကို အသုံးပြုကာ ဆောက်လုပ်ပေးမှုကြောင့် အိမ်ဆောက်လုပ်ပြီးသည်မှစ၍ နေထိုင်စဥ်ကာလာတစ်လျှောက်စိတ်အေးချမ်းသာစေခြင်း။
✅ ကျွမ်းကျင်သော အလုပ်သမားများဖြင့်သာဆောက်လုပ်ပေးခြင်း။
✅ သတ်မှတ်ထားသောအချိန်အတွင်း စနစ်တကျ ပြီးစီးအောင်တာဝန်ယူတည်ဆောက်ပေးခြင်း။
👷‍♂️ လုပ်ငန်းအပ်နှံသည့် အချိန်မှစပြီး အိမ်ဆောက်လုပ်ပြီးစီးသည့်အချိန်ထိ အကောင်းဆုံးတာဝန်ယူတည်ဆောက်ပေးမည့် HMUE ARCHITECT Design&Construction နှင့်လက်တွဲပြီး အနာဂတ်အိမ်လေးကို လက်တွေ့အကောင်အထည်ဖော်လိုက်ပါ .......
❤️ အနာဂတ်အိမ်လေးအတွက်စိတ်အေးဖို့ HMUE Construction နှင့်လက်တွဲစို့... ❤️
ဆက်သွယ်ရန်
☎️Phone : 09 986 551 227 / 09 770 025 566
🏢 လိပ်စာ – အမှတ် (91/B)၊ 21 – 22 ကြား၊ အောင်မြေသာစံ မြိုနယ်၊ မန္တလေးမြို့။





🤩ဝါကျွတ်ပြီဆိုတော့ အိမ်ဆောက်ဖို့ စိတ်ကူးထားသူတွေရှိလား❓❓❓🤔🙏မြန်မာ့ယဉ်ကျေးမှုအရ ဝါဆိုလကနေ သီတင်းကျွတ်လအထိ ဝါတွင်းကာလကို ဆ...
07/11/2025

🤩ဝါကျွတ်ပြီဆိုတော့ အိမ်ဆောက်ဖို့ စိတ်ကူးထားသူတွေရှိလား❓❓❓🤔

🙏မြန်မာ့ယဉ်ကျေးမှုအရ ဝါဆိုလကနေ သီတင်းကျွတ်လအထိ ဝါတွင်းကာလကို ဆောက်လုပ်ရေးလုပ်ငန်းများ ခေတ္တရပ်နားလေ့ရှိပါတယ်။ ယခုအခါမှာတော့ ဝါကျွတ်ပြီဖြစ်တဲ့အတွက် အိမ်ဆောက်လုပ်မယ့် အစီအစဉ်တွေကို စတင်အကောင်အထည်ဖော်ဖို့ အချိန်ကောင်းကို ရောက်ရှိလာပါပြီ။🏡

✨𝐇𝐌𝐔𝐄 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 မှ ဝါကျွတ်ကာလမှာ အိမ်အမြန်ဆုံးဆောက်လုပ်လိုသူ၊ စိတ်ချယုံကြည်ရတဲ့ လက်တွဲဖော်ကို ရှာဖွေနေသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများကို အပြည့်အဝ ပေးအပ်ဖို့ အသင့်ရှိနေပါပြီ။🤝

📣ဒါ့အပြင် အိမ်ဆောက်ချင်သူများအတွက် ဘတ်ဂျက်နှင့် ဒီဇိုင်းလိုအပ်ချက်အပေါ် မူတည်ပြီး 𝐏𝐚𝐜𝐤𝐚𝐠𝐞 (၃) မျိုးစီစဉ်ပေးထားပါတယ်။

⭐ခိုင်ခံ့တဲ့ အိမ်တည်ဆောက်ပုံ (𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞) နှင့် အခြေခံ အိမ်ပြီးစီးမှုများကို သက်သာသော ဈေးနှုန်း ဖြင့် လိုချင်သူများအတွက် *Silver* 𝐏𝐀𝐄 𝐏𝐚𝐜𝐤𝐚𝐠𝐞 ⭐

🏗️အိမ်ရဲ့အဓိက အဆောက်အအုံကို ခိုင်မာတိကျတဲ့ ပုံစံ ဖြင့် ဆောက်လုပ်လိုသူများနှင့် အတွင်းပိုင်း ပြင်ဆင်မှုများကို မိမိစိတ်ကြိုက် ရွေးချယ်လိုသူများအတွက် သင့်တော်တဲ့ *GOLD* 𝐏𝐀𝐄 𝐏𝐚𝐜𝐤𝐚𝐠𝐞 🏗️

🕋ပရီမီယံ အရည်အသွေးရှိသော ဆောက်လုပ်ရေးပစ္စည်းများ၊ ခေတ်မီဆန်းသစ်သော ဒီဇိုင်းများ၊ အကောင်းဆုံးသော အဆောက်အအုံကို လိုချင်သူများအတွက် *Diamond* 𝐏𝐀𝐄 𝐏𝐚𝐜𝐤𝐚𝐠𝐞 ဆိုပြီး စိတ်တိုင်းကျရွေးချယ်နိုင်ပါတယ်။🥰

🎉ဝါကျွတ်ကာလမှာ စိတ်အေးချမ်းသာစွာနဲ့ အိမ်ပိုင်ရှင်ဖြစ်ဖို့ 𝐇𝐌𝐔𝐄 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 နဲ့ စတင်လက်တွဲလိုက်ပါ❗🤝

👉𝐏𝐚𝐜𝐤𝐚𝐠𝐞 အလိုက်ဈေးနှုန်းနဲ့ဝန်ဆောင်မှုအ‌သေးစိတ်သိရှိလိုပါက 𝐇𝐌𝐔𝐄 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐩𝐚𝐠𝐞 𝐜𝐡𝐚𝐭 𝐛𝐨𝐱 မှတစ်ဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။👈

☎️𝐏𝐡𝐨𝐧𝐞: 𝟎𝟗 𝟗𝟖𝟔 𝟓𝟓𝟏 𝟐𝟐𝟕 / 𝟎𝟗 𝟕𝟕𝟎 𝟎𝟐𝟓 𝟓𝟔𝟔
🏢 လိပ်စာ: အမှတ် (𝟗𝟏/𝐁)၊ 𝟐𝟏 – 𝟐𝟐 ကြား၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးမြို့။

#အိမ်ဆောက် #ဆောက်လုပ်ရေး #အိမ်ပိုင်ရှင် #ဝါကျွတ်ကာလ #အနာဂတ်အိမ်ေ

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) နေ့ထူးနေ့မြတ်မှာ အေးချမ်းသာယာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများပြည...
04/11/2025

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) နေ့ထူးနေ့မြတ်မှာ အေးချမ်းသာယာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း HMUE Construction မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။




#တန်ဆောင်မုန်း

29/10/2025

ခက်ခဲနေလား ဒီနည်းလေးတွေသုံးကြည့်ပါ



#ဆောက်လုပ်ရေး

Address

No. 91B . 21-22 Aungmyaethazan Township
Mandalay
05012

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when HMUE Architect Design&Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share