Khar Taw Hmi Group

Khar Taw Hmi Group The group was established in 1977 as a pioneer in horticulture business in seeds and plants nursery along with planting design and landscaping.

Clivia မျိုးသစ် အဝါနု၊ အရင်မျိုး က လိမော်ရောင်။ တခါပွင့်ရင် အတော်အကြာခံ တယ်။
16/04/2024

Clivia မျိုးသစ် အဝါနု၊ အရင်မျိုး က လိမော်ရောင်။ တခါပွင့်ရင် အတော်အကြာခံ တယ်။

အာဆီယမ် ညောင်၊ Bonsai မျိုး
16/04/2024

အာဆီယမ် ညောင်၊ Bonsai မျိုး

ဒေါင်းဂမုန်း
16/04/2024

ဒေါင်းဂမုန်း

ခါတော်မှီရဲ့ အကြောင်းလေးပါ။
14/05/2022

ခါတော်မှီရဲ့ အကြောင်းလေးပါ။

06 December မှာလုပ်မည့် မိသားစု အလှုလေးပါ။
05/12/2021

06 December မှာလုပ်မည့် မိသားစု အလှုလေးပါ။

သူခိုးတွေ ပေါနေတယ်။ သတိထားနိုင် ကြဖို့ အဖြစ်အပျက်လေးကိုတင်ပေးပါတယ်။ ဒီနေ့ (19 Oct)မှာ လူငယ်လေးတွေ -အသက်၂၀ကျော် လေးတွေ ၄-...
19/10/2021

သူခိုးတွေ ပေါနေတယ်။ သတိထားနိုင် ကြဖို့ အဖြစ်အပျက်လေးကိုတင်ပေးပါတယ်။

ဒီနေ့ (19 Oct)မှာ လူငယ်လေးတွေ -အသက်၂၀ကျော် လေးတွေ ၄-၅ ယောက်လောက် တဖွဲ့ ကျမတို့ ခါတော်မှီပျိုးဥယျဥ်ဆိုင်လာပီး အပင် ဓါတ်ပုံရိုက်ကြတယ်။ တယောက်တမျိုး ဟိုမေးဒီမေးနဲ့ သူတို့ရှုပ်နေတာဘဲ။ သူတို့ဖုန်းထဲက ဓါတ်ပုံက မကြည်လို့ဆိုပီး ကျမတို့ ဖုန်းထဲ ကဓါတ်ပုံကို transfer လုပ်ချင်လို့ ပါ ပြောတော့ ကျမတို့လဲ သဘောကောင်းစွာနဲ့ ပုံကူးဖို့ ပေးလိုက်တယ်။ သူတို့ကလဲ အဝေးကြီး မဟုတ်ဘူး ရပ်နေတာ မနီးမဝေး ကိုယ့်ခြံဝင်းထဲမှာဘဲလေပေါ့။ လူအလွတ်မှာ ဖုန်း၂လုံးခိုးခံ လိုက်ရပါတယ်။

ဖုန်းထဲက contact တွေ ကို နှမျောမိတယ်။ ဒီဖုန်းလေးနဲ့ အလုပ်တွေ အများကြီးလုပ်ခဲ့ရတာမို့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်။

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

မေတ္တာဖြင့်
ခါတော်မှီမိသားစု

PS. ဓါတ်ပုံက ဘာမှတော့ မဆိုင်ဘူး စိတ်ညစ်လို့ ပန်းပုံလေးတွေတင်လိုက်တာ။

26/07/2021

😢ဗီဇပြောင်းတဲ့ 😢

အရေးပေါ်သတိပေးချက်

Covid-Deltaမျိုးစိတ်အသစ်ကိုကာကွယ်နိုင်ရန်Maskနှစ်ထပ်တပ်ဆင်ပါ။
Covid-Delta သည်ကွဲပြားခြားနားစွာ အသက်အန္တရာယ်ရှိပြီး စမ်းသပ်လို့မရနိုင်သောလက္ခဏာရှိသည်။
Covid-Delta virus၏လက္ခဏာအသစ်မှာ ချောင်းမဆိုး မဖျားပါ။
ဖြစ်တတ်သည်မှာ
အဆစ်အမြစ်နာခြင်း၊ခေါင်းကိုက်ခြင်း၊လည်ချောင်းနာခြင်း၊နောက်ကျောနာခြင်း၊အဆုတ်ရောင်ရောဂါ(နမိုးနီးယား)၊အားနည်းခြင်း၊အစာစားချင်စိတ်လျော့နည်းခြင်းတို့ဖြစ်ပါသည်။
မျိုးစိတ်သစ်Covid-Deltaသည်ကူးစက်ပိုမြန်ပြီး သေနှုန်းမြင့်မားပါသည်။
အချိန်တိုတွင်းရောဂါပြင်းထန်ပြီး တခါတရံလက္ခဏာမပြပါ။
သို့ပါ၍ ပိုပြီးဂရုစိုက်ကြပါ။
ပိုးသည်အာရုံခံအပိုင်းများတွင်မရှိနေပဲ အဆုတ်ကိုတိုက်ရိုက်ထိခိုက်စေပါသည်။
နာကျင်မှုမရှိပဲ အဖျားမရှိတဲ့ပိုးတွေ့လူနာများကိုတွေ့ခဲ့ပါသည်။သို့သော် X-rayရိုက်ကြည့်မှသာနမိုးနီးယားအပျော့စားတွေ့ရှိရသည်။
နှာခေါင်းတို့ဖတ်ယူခြင်းသည် Covid-Delta result ကိုNegativeသာအပြများပြီးNegativeအမှားများနှာခေါင်းတို့ဖတ်တွင်ပိုများလာသည်။
၎င်းမှာVirusပိုးသည်အဆုတ်သို့တိုက်ရိုက်ရောက်ရှိသွားပြီးအဆုတ်ယောင်ရောဂါကြောင့်ဖြစ်သော အသက်ရှူရခက်ခြင်းကိုဖြစ်ပေါ်စေသည်။
ယခုလိုရှင်းပြရခြင်းမှာပိုးသည်ပို၍ပြန့်နှံ့မြန်လာပြီးသေနှုန်းများလာခြင်းကြောင့်ဖြစ်သည်။
ပိုပြီးဂရုစိုက်ကြပါ၊ လူစုလူဝေးများရှောင်ရှားပါ၊ လေဝင်လေထွက်ကောင်းသောနေရာတွင်ပင်1.5mအကွာတွင်နေပါ၊ maskနှစ်ထပ်တပ်ပါ၊ လက်ကိုမကြာခဏဆေးပါ၊(ချောင်းဆိုးခြင်း၊နှာညှစ်ခြင်းများပြုလုပ်ပြီးတိုင်းလက်ဆေးပါ)။
ယခုလှိုင်းဟာ ပထမလှိုင်းထက်စာလျှင်သေနှုန်းပိုများပါသည်။ ဒါကြောင့်ပိုမိုဂရုစိုက်ပြီး ကြိုတင်ကာကွယ်ထားကြရန်လိုအပ်ပါသည်။
သင့်မိသားစုနဲ့သူငယ်ချင်းများကိုလဲ ပြန်လည်ဝေမျှပေးပါ။
သင့်အတွက်ပဲဒီမက်ဆေ့ကိုသိမ်းမထားပါနဲ့ သင့်မိသားစုနှင့်နီးစပ်ရာမိတ်ဆွေများကိုတတ်နိုင်သလောက်မျှဝေပေးပါ။
Crd #

လတ်တလောအခြေအနေလေးတွေကြောင့်Post တွေမတင်ဖြစ်တာခွင့်လွှတ်ပါ။ ဒီပုံမှာပြထားတာက Acelora အပင်( ဒီမှာတော့ Cherry Berry )လို့ခေ...
03/07/2021

လတ်တလောအခြေအနေလေးတွေကြောင့်Post တွေမတင်ဖြစ်တာခွင့်လွှတ်ပါ။

ဒီပုံမှာပြထားတာက Acelora အပင်( ဒီမှာတော့ Cherry Berry )လို့ခေါ် ကြပါတယ်။ လွန်ခဲ့တဲ့ ၁၂နှစ်ကျော်လောက်က ကျမတို့ မောင်နှမတွေ ယိုးဒယားမှာ အပင် shopping ထွက်ကြတော့ ဒီအပင်ကို တွေ့လို့ သဘောကျလို့ ဝယ်ခဲ့တယ်။ မန်းလေးက ခါတော်မီဆိုင် မှာ ဝယ်လာတဲ့ အပင်ကို ကိုင်းကူး ကိုင်းဆက်နဲ့ နှစ်အများကြီးရောင်းခဲ့ ဘူးတယ် အရင်က သိပ်ခေတ် မစားတော့ လူသိပ်မသိကြဘူး။ အလကားပေးတောင် မစိုက်ချင်ကြဘူး။ အခုနေရာတော်တော် များများ မှာစိုက်လာ ကြတာတွေ့တော့ ဝမ်းသာတယ်။
🌱သူကနေရာ သိပ်မယူဘူး လေ- အပင်က ပုတယ် (၅ပေ ၆ပေ လောက်ဘဲ)၊ Bush အမျိုးထဲမှာပါဝင်ပါတယ်။

မေ မြို့ မှာတော့ အနဲဆုံး တနှစ် ၂ ကြိမ်လောက် အားရပါးရ ကိုသီးတာပါ။ စိုက်သင့်ပါတယ်။

🍒မချိုဘူး။ ချဥ်ဖြုံး ဖြုံးအရသာရှိတယ်။ ဝန်ထမ်းတွေ က ငပိနဲ့ သုတ်စား ကြတယ်။ အိမ်မှာတော့ ဝိုင်စိမ်တယ်။

🍒 calcium ပါတာများတဲ့ အတွက် စားသင့်တယ်။ အခု လို COVID ကာလမှာ civid အတွက်စားရင် အတော်ဘဲ.. Extremely high vitamin C လို့ဆိုထားတယ်။
🍒အရောင်လှတယ်။ ရဲနေတာဘဲ။
Botanical names နဲ့ သူ့ရဲ့ ရာဇဝင် အတိုလေး ရေးပေးလိုက်ပါတယ်။

Botanical Name; Malpighia Emarginata
Common names; Acerola cherry, Barbados cherry, West Indian cherry, and wild crepe myrtle.

Acerola အပင်သည်တောင်အမေရိက၊ မက္ကစီကိုတောင်ပိုင်း၊ Puerto Rico၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဟေတီ၊ ဘရာဇီးနှင့်ဗဟိုအမေရိကတို့မှဇာတိဖြစ်သည်။

ဗီတာမင်စီအလွန်အမင်းကြွယ်ဝသောကြောင့်လူသိများသည်။ ဗီတာမင် A၊ B1, B2 နှင့် B3 များအပြင် carotenoids နှင့် bioflavonoids များပါဝင်ပါသည်။ အရေးပါသောအာဟာရတန်ဖိုးကိုထောက်ပံ့ပေးပြီး antioxidant အတွက် အသုံးဝင်သည်။ ။

Address

No. 2C, Nanda Road
Maymyo
100201

Telephone

+95200357

Website

Alerts

Be the first to know and let us send you an email when Khar Taw Hmi Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khar Taw Hmi Group:

Share