SET TE’ GONE FARM

SET TE’ GONE FARM Farming and Eco-Resort

မန္တလေးမြို့ ကျောက်မီး အုန်းချောနားတစ်ဝိုက်က သရက်ခြံ တစ်ခုထဲမှာ Landscaping and Waterfall Making workshopမြေယာရှုခင်းအလှ...
16/05/2025

မန္တလေးမြို့ ကျောက်မီး အုန်းချောနားတစ်ဝိုက်က သရက်ခြံ တစ်ခုထဲမှာ
Landscaping and Waterfall Making workshop
မြေယာရှုခင်းအလှဆင်ခြင်းနဲ့ ရေတံခွန်ငယ်ပြုလုပ်နည်း စာတွေ့ လက်တွေ Workshop လေးတစ်ခု ပြုလုပ်ဖို့ရှိပါတယ်။

workshop ပြုလုပ်ခြင်း သက်မှတ်ရက်အတိအကျသိရရင် ပြန်လည်ကြေငြာပေးပါ့မယ်ခင်ဗျာ။

ထို workshop တွင် ပါဝင်တက်ရောက်ချင်ပါက
Page Messenger မှာ အသေးစိပ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

လက်ရှိဖြစ်ပွားလျှက်ရှိသော ငလျင်ဘေးအန္တာရာယ်​ကြရောက်လျှက်ရှိသော ဒေသမှ ငလျင်ဘေးသင့်မိသားစုမျာနှင့်ထပ်တူ  စက်တဲကုန်းခြံမှ ခ...
30/03/2025

လက်ရှိဖြစ်ပွားလျှက်ရှိသော ငလျင်ဘေးအန္တာရာယ်​ကြရောက်လျှက်ရှိသော ဒေသမှ ငလျင်ဘေးသင့်မိသားစုမျာနှင့်ထပ်တူ စက်တဲကုန်းခြံမှ ခံစားထိခိုက်ရပါသည်။

မန္တလေးရှိလိုအပ်သောနေရာများတွင် လိုအပ်သည့်အကူအညီများပေးနိုင်ရန် တတ်နိုင်သည့်ဖက်မှကူညီရန် သွားရောက်မည်ဖြစ်သလို မန္တလေးရှိ ကယ်ဆယ်ရေးညီငယ်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နေပါသည်။

မည်သည့်ငွေကြေးမှအလှူခံမည်မဟုတ်ပဲ ကယ်ဆယ်ရေးပစ္စည်း၊ ခြင်ထောင်၊ ရေသန့် ဆေးဝါး အစရှိသဖြင့် လှူဒါန်းလိုပါက မည်သည့်ပစ္စည်းမဆို ပြင်ဦးလွင်မှ လှူဒါန်းလိုသူရှိပါက လှူဒါန်းနိုင်ပါသည်။

၃၁ ရက် နေ့ ညနေ ၄ နာရီအထိ ဆက်သွယ်လှူဒါန်းနိုင်ပြီး ၁ ၊ ၄ ၊ ၂၀၂၅ နေ့တွင်မနက်အစော မန္တလေးရှိ ကယ်ဆယ်ရေးဆောင်ရွက်နေသော လူငယ်အဖွဲ့များနှင့် ချိတ်ဆက် ကူညီဆောင်ရွက်ပေးပါမည်။

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများ မပြီးဆုံးခင်အထိ စက်တဲကုန်းခြံ လုပ်ငန်းများအား ရက်အကန့်အသတ်မရှိ ပိတ်နားထားမည်ဖြစ်ကြောင်းလည်း ငြိုးငယ်စွာအသိပေးအပ်ပါသည်။

#ငွေကြေးအလှူမခံပါ
#ကူညီကယ်ဆယ်ရေးပစ္စည်းမှန်သမျှလှူနိုင်ပါသည်
#သယ်ယူပို့ဆောင်ရေးစက်တဲကုန်းခြံမှစီစဥ်ပေးပါမည်
#ကယ်ဆယ်ရေးအဖွဲ့များနှင့်ချိတ်ဆက်ပါမည်
#ငလျင်ဘေးအန္တာရာယ်

ဘေးအန္တရာယ်အပေါင်းမှ အမြန်လွတ်မြောက်ကြပါစေ

ဆက်သွယ်လှူဒါန်းရန်
09 9430 10 227
09 4025 29 666
Set Te' Gone Farm
page Messenger

ဒီနေ့လျှောက်လမ်းလေး လုပ်ဖြစ်
23/03/2025

ဒီနေ့လျှောက်လမ်းလေး လုပ်ဖြစ်

ဒီပါတ်ဝန်းကျင်က သန့်မနေပါဘူးဒီနားတဝိုက်မှာ အမှိုက်တွေရှိတယ်....အမှိုက်တွေမမြင်ရခင်ကခြုံနွယ်ပင်တွေဖုံးနေတယ်လူတိုးလို့တောင...
22/03/2025

ဒီပါတ်ဝန်းကျင်က သန့်မနေပါဘူး

ဒီနားတဝိုက်မှာ အမှိုက်တွေရှိတယ်....
အမှိုက်တွေမမြင်ရခင်ကခြုံနွယ်ပင်တွေဖုံးနေတယ်
လူတိုးလို့တောင်မရဘူး

ခြုံနွယ်မလိုတဲ့အပင်တွေရှင်းလင်းပြီးတော့
စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်တွေ၊ ပလတ်စတစ်တွေ ဂဲလောင်းချောင်းနဲ့အတူမျောပါလာတဲ့
စည်းကမ်းမဲ့သူတချို့ရဲ့ အမှိုက်တွေ စမ်းချောင်းထဲရော
မြေကြီးအောက်တွေမှာပါ အများကြီးပဲ

နေ့စားဆင်းတဲ့ လုပ်သားတွေကိုတခါတရံခိုင်းရသလို
မိမိမှာ ဝင်ငွေမကောင်းလို့ ငွေကြေးလေးမရှိတဲ့အခါ
ကိုယ်တိုင်ပလတ်စတစ်ကောက်ရတဲ့နေ့တွေလည်းရှိတယ်

ကျွန်တော်ဆိုတာ သဘာဝပါတ်ဝန်းကျင်အသစ်တစ်ခုကို ရောက်တိုင်း အဲ့ဒီ့ပါတ်ဝန်းကျင်မှာရှိတဲ့ အမှိုက်သရိုက်တွေရှင်း၊ အဲ့ပါတ်ဝန်းကျင်မှာလိုအပ်နေတဲ့ သစ်ပင်ပန်းမာန်တွေကိုစိုက်၊ အဲ့ပါတ်ဝန်းကျင်မှာ အသုံးများနေတဲ့ ဓါတုဓါတ်မြေသြဇာသုံးစွဲစိုက်ပျိုးနေမှုတွေကိုလျှော့ချဖို့ အမြဲတမ်း တတ်နိုင်သလောက်ကြိုးစားလုပ်ဆောင်နေပါတယ်။

မိမိကိုယ်၌ကိုက ဒီလိုပါတ်ဝန်းကျင်မျိုးရောက်ရင် ဒီလိုသန့်ရှင်းရတာမျိုးကိုနှစ်သက်မြတ်နိုးတဲ့အလျောက် ဝင်ငွေမရခဲ့ရင်တောင် လုပ်ဖြစ်နေခဲ့တာ အခုဆိုရင် ၁၀ နှစ်ထဲရောက်လာခဲ့ပါပြီ။

ရောက်တဲ့အရပ်တိုင်းမှာတတ်အားရှိသရွေ့ပလတ်စတစ်အမှိုက်ကင်းစင်စေဖို့၊ ဓါတုဓါတ်မြေသြဇာသုံးစွဲမှုလျော့ကျစေဖို့၊ သဘာဝပါတ်ဝန်းကျင်မပျက်စီးစေဖို့ တတ်နိုင်သရွေ့အမြဲအားထုတ်ဖြစ်ပေမယ့်

ငွေကြေးအားဖြင့် မနိုင်ဝန်ထမ်းနေရသလိုဖြစ်တာမို့ ထိရောက်မှုနည်းပါတယ်
ဘယ်လောက်ပဲ ထိရောက်မှုနည်းပါးပါစေ မိမိတတ်အားသရွေ့ အလိုလို လုပ်ဆောင်မိနေတဲ့ သဘာဝကိုချစ်မြတ်နိုးစိတ်နဲ့ လုပ်ခဲ့တဲ့အလုပ်တွေအပေါ်နောင်တလည်းမရခဲ့ပါဘူး။

ဘာမှဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ မိမိလုပ်လိုရာကိုလုပ်ဆောင်နေခြင်းနဲ့ပဲ ဘာရလာဒ်ကိုမှ ကြီးကြီးမားမားမျှော်လင့်မထားသူမို့ ဒီလိုနေရာတွေမှာ
စက်တဲကုန်းခြံလေးမှာ လုပ်ခွင့်ရ၍ လုပ်နိုင်နေသရွေ့ ဆက်လျှောက်နေပါဦးမယ်။

ပိုမိုကောင်းမွန်လာမယ့်နေ့သစ်မှာ
ထွက်လာတဲ့နေရောင်ခြည်ကို မြင်ခွင့်ရနေသေးရင်
လူဖြစ်ရကျိုးနပ်ပါပြီ.....

စက်တဲကုန်းခြံရဲ့ ရေချောင်းလေးဘေးမှာနွေရာသီအပူရှောင်ရင်း ရေလာကစားလို့ရအောင်နေရာလေးတစ်ခုရှင်းလင်းပေး ထားပါတယ်။မြေလေးနည်းနည...
22/03/2025

စက်တဲကုန်းခြံရဲ့ ရေချောင်းလေးဘေးမှာ
နွေရာသီအပူရှောင်ရင်း ရေလာကစားလို့ရအောင်
နေရာလေးတစ်ခုရှင်းလင်းပေး ထားပါတယ်။

မြေလေးနည်းနည်းညှိပြီးလို့ ထိုင်စရာနေရာလေးတွေ Setting ချပြီးရင် အကြော်တဲလေးနဲ့ ဒေသထွက်ဝိုင်လေးတွေ သုံးဆောင်လို့ရပြီဆိုတာနဲ့ ကြေငြာပေးပါ့မယ်။

အားလုံးအေးချမ်းပျော်ရွှင်ကြပါစေ......

Set Te Gone Farm
ရေငယ်၊ ပြင်ဦးလွင်။
09 4025 29 666

ငှက်ကလေးတွေမွေးမယ့် ငှက်ခြံလေးထဲမှာ Landscaping လေးလုပ်ပေးဖြစ်ပါတယ်ဒီ project လေးကသေးသေးလေးဆိုပေမယ့်ငှက်ကလေးတွေ ရေချိုးရ...
22/03/2025

ငှက်ကလေးတွေမွေးမယ့် ငှက်ခြံလေးထဲမှာ Landscaping လေးလုပ်ပေးဖြစ်ပါတယ်

ဒီ project လေးကသေးသေးလေးဆိုပေမယ့်
ငှက်ကလေးတွေ ရေချိုးရေသောက်ဖို့ ရေတံခွန်သေးသေးလေးနှစ်ခုနဲ့ လျှောက်လမ်းလေးတွေမြက်ခင်းလေးတွေနဲ့ အပင်မျိုးစုံထည့်စိုက်ပေးဖို့ အလုပ်အပ်လာတဲ့ အိမ်ရှင်ရဲ့ ငှက်ကလေးတွေအပေါ် တန်ဖိုးထားတဲ့ စေတနာကြောင့် သေချာ ဂရုစိုက် စိုက်ပျိုးပြုလုပ်ပေးဖြစ်ပါတယ်။

ငှက်ကလေးတွေအတွက် ကိုယ်လည်းဝါသနာပါတဲ့အလုပ်မလို့ သီးပင်စားပင်လေးတွေပါထည့်စိုက်ပေးဖို့ စိတ်ကူးထားပါတယ်။

စိုက်ပျိုးပုံဖေါ်ပြီးရင် ပြန်တင်ပေးပါဦးမယ်

ကျေးဇူးတင်စွာဖြင့်
Set Te Gone Farm
ပြင်ဦးလွင်။
09402529666

18/03/2025

ဥယျာဥ်ခြံမြေ၊ အိမ်ခြံဝန်းထဲမှာ Landscaping ပြုလုပ်ဖို့ လိုအပ်ရင် စက်တဲကုန်းခြံကနေ အခုလို Design လေးတွေရေးဆွဲပြီး အသေးစိပ် estimate တွက်ချက်ပြီး စိတ်တိုင်းကျဖြစ်အောင် ဆောင်ရွက်ပေးနေပါပြီ။

Landscaping ပြုလုပ်ခြင်း၊ ရေတံခွန်ပြုလုပ်ခြင်းများနဲ့ စိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုများကို ဓါတုဆေးဝါးများ အသုံးမပြုပဲ သဘာဝကိုယ်တိုင်ဖေါ်စပ်ထားသော ဆေးဝါးများနဲ့ မြေဆီလွှာနဲ့ သဘာဝပါတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် အလေးထား ဆောင်ရွက်ပေးနေတာ
မလို့ အကြံဉာဏ် ရယူလိုတာပဲဖြစ်စေ အသေးစိပ်ကို Page Messenger မှ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

သင်တန်းများလည်း လိုအပ်ပါက လက်ခံသင်ကြားပို့ချပေးပါတယ်
အားလုံးအေးချမ်းသာယာရှိကြပါစေ......

Set Te' Gone Farm
ပြင်ဦးလွင်၊ ရေငယ်။
09 4025 29 666
09 9430 10 227

ပထမတစ်ခုက ဘဝပျက်သွားလို့ update one 😅😅
12/03/2025

ပထမတစ်ခုက ဘဝပျက်သွားလို့ update one 😅😅

အလုပ်မရှိလို့မဟုတ်ဘူး ရှိနေတဲ့အလုပ်တွေ mood မဝင်သေးလို့ ကိုယ့်ဘာသာ မိုတီယူနေတာ 😁😁
12/03/2025

အလုပ်မရှိလို့မဟုတ်ဘူး ရှိနေတဲ့အလုပ်တွေ mood မဝင်သေးလို့ ကိုယ့်ဘာသာ မိုတီယူနေတာ 😁😁

450 Sqft အကျယ်ရှိတဲ့ ငှက်လှောင်အိမ်လေးထဲမှာပြုလုပ်ပေးရမယ့် Landscape layout plan လေး အကြမ်းဖျင်းစိတ်ကူးယဥ်ပုံဖေါ်ကြည့်ဖြ...
12/03/2025

450 Sqft အကျယ်ရှိတဲ့ ငှက်လှောင်အိမ်လေးထဲမှာ
ပြုလုပ်ပေးရမယ့် Landscape layout plan လေး အကြမ်းဖျင်းစိတ်ကူးယဥ်ပုံဖေါ်ကြည့်ဖြစ်ပါတယ်။

ဒါက plan အကြမ်းလေးပါ
Drawing Plan ပြီးစီးလို့ အလုပ်စဖြစ်ပြီဆို ထပ်တင်ပေးပါ့မယ်နော်

ကျေးဇူးတင်စွာဖြင့်
စက်တဲကုန်းခြံ
ရေငယ်၊ ပြင်ဦးလွင်။
09402529666
09943010227

12/03/2025

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when SET TE’ GONE FARM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category