The Gardener- Good Seeds with Good Quality

The Gardener- Good Seeds with Good Quality Flower seeds shop

ရက်ရက်စက်စက်ကိုပွင့်နေတဲ့ ခင်လေးဆတ်ဆတ်တုန် အဖူးအပွင့်ပါအပင်လေးတွေ ရပါမယ်နော်တစ်ပင် ၅၀၀၀၀ ကျပ်မုံရွာမြို့တွင်း ဦးစားပေးပ...
09/03/2026

ရက်ရက်စက်စက်ကိုပွင့်နေတဲ့ ခင်လေးဆတ်ဆတ်တုန် အဖူးအပွင့်ပါအပင်လေးတွေ ရပါမယ်နော်

တစ်ပင် ၅၀၀၀၀ ကျပ်
မုံရွာမြို့တွင်း ဦးစားပေးပို့ပါမယ်ရှင်

ထူးခြားပြီး ချစ်ဖို့ကောင်းတဲ့ အသွင်အပြင်နဲ့ ပန်းလေး Pancy (Thailand import) ပြန်ရပါပြီရှင် 🐱❤️သူ့ရဲ့အပွင့်လေးတွေက ပွင့်ဖ...
05/03/2026

ထူးခြားပြီး ချစ်ဖို့ကောင်းတဲ့ အသွင်အပြင်နဲ့ ပန်းလေး Pancy (Thailand import) ပြန်ရပါပြီရှင် 🐱❤️

သူ့ရဲ့အပွင့်လေးတွေက ပွင့်ဖတ် 5ဖတ်ပါပြီး 1/2 လက်မခန့်ရှိပါတယ်။

အပင်အပုမျိုးမို့ အိုးလေး‌နဲ့လည်း စိုက်လို့ရတယ်နော်

ရောင်စုံအရော 15စေ့ဝန်းကျင်ပါ မျိုးစေ့တစ်ထုတ် ~ 6500 ပါရှင့်။

အပင်လေးတွေအတွက် လိုအပ်တဲ့ အား‌ဆေးတွေပါ တစ်ခါတည်းလိုချင်ရင်လည်း

အပင်အားဆေး 4500 ကျပ်
အပွင့်အားဆေး 4500 ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်။

မုံရွာမှ မြို့အများစု အိမ်ရောက်‌ငွေချေ။

မှာယူပြီး 7/10 ရက်အတွင်း ပို့ပေးပါတယ်။

မှာယူပြီး Cancel ခြင်း သည်းခံပါရှင်❌❌❌❌

Page messenger မှတစ်ဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်။

Pentas (ပင်တပ်စ်) ပန်းပင်လေးဟာ သူ့ရဲ့ ကြယ်ပုံစံ ပန်းပွင့်လေးတွေကြောင့် လူကြိုက်များသလို မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့လည်း ...
04/03/2026

Pentas (ပင်တပ်စ်) ပန်းပင်လေးဟာ သူ့ရဲ့ ကြယ်ပုံစံ ပန်းပွင့်လေးတွေကြောင့် လူကြိုက်များသလို မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့လည်း အလွန်ကိုက်ညီတဲ့ ပန်းပင်မျိုး ဖြစ်ပါတယ်ရှင်

မျိုးစေ့တစ်ထုတ် ၆၅၀၀ ကျပ်

Pentas ပန်းပင်ရဲ့ စိုက်ပျိုးချိန်နဲ့ ပန်းပွင့်ချိန်

၁။ ပန်းပွင့်ချိန် (Blooming Season)
Pentas ရဲ့ အားသာချက်ကတော့ တစ်နှစ်ပတ်လုံး ပန်းပွင့်နိုင်တာ ဖြစ်ပါတယ်။
• ရာသီမရွေး: စနစ်တကျ ဂရုစိုက်မယ်ဆိုရင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ပန်းပွင့်ကို မြင်တွေ့ရတတ်ပါတယ်။
• ပန်းပွင့်အားအကောင်းဆုံးအချိန်: အလင်းရောင် ကောင်းကောင်းရပြီး အပူချိန် တည်ငြိမ်တဲ့ နွေဦးနဲ့ နွေရာသီ တွေမှာ ပန်းပွင့်အား အကောင်းဆုံး ဖြစ်ပါတယ်။

၂။ ရာသီဥတုနဲ့ ကိုက်ညီမှု (Climate Preferences)
ဒီအပင်ဟာ အပူပိုင်းဒေသပေါက် အပင်မျိုးဖြစ်လို့ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ အရမ်းအဆင်ပြေပါတယ်။
• နေရောင်ခြည်: နေရောင်ခြည်ကို အလွန်နှစ်သက်ပါတယ်။ တစ်နေ့ကို အနည်းဆုံး နေရောင် ၆ နာရီခန့် ရရှိရင် ပန်းပွင့်အား ပိုကောင်းပါတယ်။ (သို့သော် နေ့ခင်းဘက် အလွန်ပြင်းထန်တဲ့ နေရောင်အောက်မှာဆိုရင်တော့ အရွက်တွေ နွမ်းသွားတတ်လို့ အရိပ်အနည်းငယ်ရရင် ပိုကောင်းပါတယ်)။
• အပူချိန်: အပူချိန် 18^\circ\text{C} မှ 30^\circ\text{C} ကြားမှာ အကောင်းဆုံး ရှင်သန်ပါတယ်။ အေးလွန်းတဲ့ ဒေသတွေထက် ပူနွေးစိုစွတ်တဲ့ ဒေသတွေမှာ ပိုမိုဖြစ်ထွန်းပါတယ်။
• မိုးရာသီ: မိုးများတဲ့အချိန်မှာ ရေဝပ်တာကို မကြိုက်ပါဘူး။ ရေဆင်းကောင်းတဲ့ မြေမျိုးရှိဖို့ အရေးကြီးပါတယ်။

၃။ ပန်းအမြဲပွင့်နေစေဖို့ အကြံပြုချက်
Pentas ပင်ကို အမြဲလှနေစေချင်ရင် ဒါလေးတွေ လုပ်ပေးဖို့ လိုပါတယ်-
• ပန်းဟောင်းဖြတ်ပေးခြင်း (Deadheading): ပန်းပွင့်တွေ ညှိုးသွားတဲ့အခါ အဲ့ဒီအညှာကို ဖြတ်ထုတ်ပေးပါ။ ဒါမှ အောက်ကနေ အကိုင်းသစ်တွေ ထွက်လာပြီး ပန်းအသစ်တွေ ထပ်ပွင့်မှာပါ။
• ရေလောင်းခြင်း: မြေမျက်နှာပြင် ခြောက်သွေ့မှ ရေလောင်းပါ။ အပင်ခြေကိုပဲ လောင်းပေးတာ ပိုကောင်းပါတယ်။
• မြေသြဇာ: ပန်းပွင့်အားကောင်းစေတဲ့ ပိုတက်စီယမ် (Potassium) ပါဝင်တဲ့ မြေသြဇာကို တစ်လတစ်ကြိမ်လောက် ကျွေးပေးနိုင်ပါတယ်။

မင်"စိုက်ထားတဲ့ cosmosနဲ့ စိန်ခြယ်လေးတွေ🥰🥰🥰မျိုးစေ့လေးတွေ ရပါဦးမယ်ရှင်Cosmos 5500စိန်ခြယ် 5500
24/02/2026

မင်"စိုက်ထားတဲ့ cosmosနဲ့ စိန်ခြယ်လေးတွေ🥰🥰🥰

မျိုးစေ့လေးတွေ ရပါဦးမယ်ရှင်
Cosmos 5500
စိန်ခြယ် 5500

ပန်းခြောက် လို့ ခေါ်တဲ့ Sea Lavender (Statice) ပန်းလေးကတော့"I miss you and love you till the last breath "ဆိုတဲ့ အဓိပ္ပါ...
18/02/2026

ပန်းခြောက် လို့ ခေါ်တဲ့ Sea Lavender (Statice) ပန်းလေးကတော့
"I miss you and love you till the last breath "ဆိုတဲ့ အဓိပ္ပါယ်အတိုင်း ခိုင်မြဲတဲ့ အချစ်ကို ကိုယ်စားပြုတဲ့ အပြင်
သူရဲ့ ပန်းပွင့်လေးက ပွင့်ပြီး ၁လကျော် ၀န်းကျင်အထိ ခံတဲ့ ပန်းလှလှလေးပါ ❣️💐

ပန်းလှလှလေးကို အကြာကြီး တစိမ့်စိမ့်ကြည့်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေဆုံးပဲနော် 😍

ဘုရားပန်းကပ်လှူပူဇော်ချင်သူတွေအတွက်လည်း အဆင်ပြေတဲ့ ပန်းလေးပါရှင့်

အရောင်လေးတွေကလည်း စုံနေရော💙💙💙

မျိုးစေ့ တစ်ထုပ် 5500 ကျပ်

မုံရွာကနေ မြို့နယ်အများစု အိမ်အရောက်ငွေချေပို့ပါတယ်ရှင့်

မှာယူပြီး 7ရက်ကနေ 10 ရက်အတွင်းပို့ပေးပါတယ်ရှင့်

မှာယူပြီး Cancel ခြင်းသည်းခံပါရှင်။ 🚫🚫🚫🚫

Page messenger သို့ ဆက်သွယ်မှာယူနိုင်ပါတယ်။

Colour အနေအထားနဲ့တင် ကြွေ ❤️💙နေရာဒေသမရွေး စိုက်လို့ရပါတယ်ရှင်Red flax တစ်ထုတ် 5500 ကျပ်Blue flax တစ်ထုတ် 5500 ကျပ်အားဆေး...
17/02/2026

Colour အနေအထားနဲ့တင် ကြွေ ❤️💙

နေရာဒေသမရွေး စိုက်လို့ရပါတယ်ရှင်

Red flax တစ်ထုတ် 5500 ကျပ်
Blue flax တစ်ထုတ် 5500 ကျပ်

အားဆေးလေးတွေပါ လိုချင်ရင်တော့
အပင်အားဆေး 4500 ကျပ်
အပွင့်အားဆေး 4500 ကျပ် ဖြင့် ဝယ်ယူနိုင်ပါပြီရှင့်။

မုံရွာမှမြို့အများစု အိမ်ရောက်ငွေချေ။

မှာယူပြီး ၇/၁၀ ရက်အတွင်း ပို့ပေးပါတယ်ရှင့်။

မှာယူပြီး cancel ခြင်း သည်းခံပါရှင်🚫🚫🚫🚫

ဆက်သွယ်မှာယူလိုပါက

အမည်
ဖုန်း
လိပ်စာအပြည့်အစုံဖြင့်

Page messengerမှ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

အပင်ချစ်သူတို့ မျက်စိကျရမယ့်အရမ်းချစ်ဖို့ကောင်းပြီး နေရောင်ကြိုက်တဲ့ပန်းလေးSalria’s bird (Salvia "Hot lips") ❤️❤️❤️❤️❤️H...
15/12/2025

အပင်ချစ်သူတို့ မျက်စိကျရမယ့်
အရမ်းချစ်ဖို့ကောင်းပြီး နေရောင်ကြိုက်တဲ့ပန်းလေး
Salria’s bird (Salvia "Hot lips") ❤️❤️❤️❤️❤️

Hot lips လေးကတော့ အရမ်းစိုလွန်း/ခြောက်သွေ့လွန်းတဲ့မြေကို မကြိုက်တဲ့အတွက် မြေအနေအထားကိုတော့ ဂရုစိုက်ပေးရပါမယ်ရှင့်။

နေရောင်လည်းကြိုက်တဲ့ ပန်းလေးမို့ လောင်းရိပ်မိလို့ မဖြစ်ပါဘူးနော် 🙅‍♀️

July - October ဆိုရင် ပန်းလှလှလေးတွေ စပြီး ပွင့်ပေးမှာပါရှင်💖

အစေ့ 20ဝန်းကျင်ပါ မျိုးစေ့ တစ်ထုတ် 5500 ကျပ်။

အားဆေးလေးတွေပါ လိုချင်ရင်တော့
အပင်အားဆေး 4500 ကျပ်
အပွင့်အားဆေး 4500 ကျပ် ဖြင့် ဝယ်ယူနိုင်ပါပြီရှင့်။

မုံရွာမှမြို့အများစု အိမ်ရောက်ငွေချေ။

မှာယူပြီး ၇/၁၀ ရက်အတွင်း ပို့ပေးပါတယ်ရှင့်။

မှာယူပြီး cancel ခြင်း သည်းခံပါရှင်🚫🚫🚫🚫

ဆက်သွယ်မှာယူလိုပါက

အမည်
ဖုန်း
လိပ်စာအပြည့်အစုံဖြင့်

messenger မှ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

ဒေါနပန်း 🌿ဇန်နဝါရီ လ ဟာ ဒေါနပန်း များ ပေါ်တဲ့ လပါ၊ ရာသီအလိုက်ပေါ်သော ပန်းဖြစ်လို့  ၁၂ လ ရာသီမှာမှ ဒီလိုလတွေမှာသာ တွေ့ရတဲ...
14/12/2025

ဒေါနပန်း 🌿
ဇန်နဝါရီ လ ဟာ ဒေါနပန်း များ
ပေါ်တဲ့ လပါ၊ ရာသီအလိုက်ပေါ်သော ပန်း
ဖြစ်လို့ ၁၂ လ ရာသီမှာမှ ဒီလိုလတွေမှာသာ
တွေ့ရတဲ့ ပန်း ဖြစ်ပါတယ်၊ 💚💚

ဒေါနပန်း ဆိုလို့ လှပသော ပန်းပွင့်လေးများ
လို့တော့ မထင်လိုက်ပါနဲ့နော်.. သပြေပန်းလို
အရွက်တွေသာ ရှိတဲ့ ပန်းပင်ပါ.. ဒါပေမယ့်
ဒေါနပန်း ကတော့ မွှေးပျံ့တဲ့ ရနံ့နဲ့ အရွက်တွေ
ရှိပါတယ်၊ သူ က တခြားသော အရွက်တွေလို မဟုတ်ပါဘူး. ငွေဖြူရောင် အမွှေးလေးများ
ဖုံးနေတာကြောင့် အရွက်တွေက မီးခိုးရောင် သို့မဟုတ် အဖြူရောင် သန်းနေကြပါတယ်၊

မြန်မာပြည်မှာလို ဘုရားလှူဖို့. ပန်ဆင်ဖို့ သပ်သပ်တင် အသုံးဝင်တာ မဟုတ်
ပါဘူးတဲ့ရှင်၊ တချို့ နိုင်ငံတွေမှာ ဘယဆေး
ဖော်ရာမှာ ဆေးစွမ်းထက်တဲ့ အသုံးဝင်
အပင်ဖြစ်ပါတယ်

ဒေါနအရွက်တွေက ဘာ့ကြောင့်မွှေးရသလဲ
ဆိုတော့ နံ့ထွက်ဆီတမျိုး ဖြစ်သည့် davana
oil က အဓိက ပါဝင်ပစ္စည်း အဖြစ် အပင်မှာ
ပါရှိနေလို့ဖြစ်ပါတယ်၊

ဒေါနပန်းဟာ lord of Shiba ရှိဘ နတ်ဘုရား၏ အနှစ်သက်ဆုံး ပန်းတမျိုးလည်းဖြစ်ပါတယ်တဲ့၊ ဒေါနပန်းကို ပန်းစည်းများ ပန်းကုံးများ
ပြုလုပ်ရာမှာ ပန်းအခြောက်များ အစိုများဖြင့်
ရောကာ အသုံးပြုကာ အလှဆင်ကြပါတယ်၊

ဒေါန အပင်က စစ်ထုတ်ယူထားသော
ဒေါနဆီဟာ တန်ဖိုးကြီးမားပြီး အလွန်အသုံး
ဝင်ပါတယ်တဲ့ရှင်၊ အဆီကို သင်းပျံ့ပြီး
ချိုမြသည့် သစ်သီးရနံ့ရစေသော ရေမွှေး
ပြုလုပ်ရာမှာ အသုံးပြုပါတယ်၊ ဒေါနအဆီကို အရေပြားမှာ လိမ်းရင် ရလာသော ရနံ့က မတူကွဲပြား ပြီး အများနှင့်ကွဲပြားသော လူတဦး
အဖြစ်သိသာစေပါတယ်၊ ထူးခြားသော ရေမွှေး
တခုရဲ့ ရနံ့တခုလိုပဲပေါ့. ဒေါန ဆီ aniviral ဟာ
အအေးမိခြင်းကို သက်သာစေပါတယ်၊
သွေးဖိအားကိုလည်း ကျစေပါတယ်၊ သူ့ရနံ့က
အိပ်မပျော်သော လူများကို နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်၊ အင်းဆက် အကောင် ကိုက်သော
နေရာမှာ ဒေါနဆီ တစက်သာ ချလိုက်ရင်
အရေပြားယားယံခြင်း မဖြစ်တော့သလို အမြန်သက်သာ လာစေတယ်၊

ဒီအပင်လေးတွေကို စိုက်ပျိုးပြီး မျိုးပွားစေ
ချင်ရင်တော့ ပန်းပင်သက်တမ်းရင့်လာပြီး
ပန်းပွင့် ပွင့် အစေ့ တည်စေတဲ့ အထိစိုက်ပျိုးထား
ရပါမယ်. ဒေါနပန်း မျိုးစေ့ဟာ အလွန်သေးငယ်
တဲ့ အတွက် ဂရုတစိုက်နဲ့ ထုတ်ယူရတဲ့ အပြင်
ပုရွက်ဆိတ်ကြိုက်ကြတဲ့ ရန်မှ လွတ်အောင်
စိုက်နိုင်ရပါမယ်

ဒီလို မွှေးပျံတဲ့ ရနံ့နဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ
ရှိတဲ့ #ဒေါနပန်း လေးတွေကို စိုက်ပျိုးသူ
ရောင်းချသူတွေတောင် အတော်ရှားပါးလာပြီ
ထင်ပါတယ်..

မင်မင် ကတော့ တရာသီပဲ ပေါ်တဲ့
ဒီ ထူးခြားတဲ့ ရနံ့ လေးနဲ့ #ဒေါနပန်း ကို
သိပ်ကြိုက်ပါတယ် 💚💚

မျိုးစေ့တစ်ထုတ် -5500ပါရှင် ( ဘိန်းစေ့လိုအစေ့လေး 100စေ့ ဝန်းကျင်လောက်ပါပါမယ်ရှင်)

အရမ်းလှပြီး ထည်ဝါတဲ့ ခတ္တာပန်းလေးတွေ🧡❤🤍မျိုးဥမို့ ပေါက်နှုန်း100% စိတ်ချရပါတယ်ရှင်ခတ္တာဥ 100g 16500 ကျပ်ဥအကြီးအသေးပေါ်မူ...
06/12/2025

အရမ်းလှပြီး ထည်ဝါတဲ့ ခတ္တာပန်းလေးတွေ🧡❤🤍

မျိုးဥမို့ ပေါက်နှုန်း100% စိတ်ချရပါတယ်ရှင်

ခတ္တာဥ 100g 16500 ကျပ်

ဥအကြီးအသေးပေါ်မူတည်ပြီး 3/4ဥကနေ 7/8ဥထိ ပါနိုင်ပါတယ်ရှင်

အားဆေးလေးတွေပါ လိုချင်ရင်လည်း

အပင်အားဆေး 4500
အပွင့်အားဆေး 4500 ကျပ်ဖြင့် မှာယူနိုင်ပါတယ်ရှင့်။

မုံရွာမှမြို့အများစု အိမ်ရောက်ငွေချေ။

မှာယူပြီး ၇/၁၀ ရက်အတွင်း ပို့ပေးပါတယ်ရှင့်။

မှာယူပြီး cancel ခြင်း သည်းခံပါရှင်

Page messengerသို့ ဆက်သွယ်မှာယူနိုင်ပါတယ်။

သူလေးရဲ့ ထူးခြားချက်က California ကမ်းခြေတစ်လျှောက် ပေါက်တတ်တဲ့ ပန်းလေးမို့ နာမည်လေးကိုက California Poppy ပါတဲ့ရှင်ပန်းပွ...
02/12/2025

သူလေးရဲ့ ထူးခြားချက်က California ကမ်းခြေတစ်လျှောက် ပေါက်တတ်တဲ့ ပန်းလေးမို့ နာမည်လေးကိုက California Poppy ပါတဲ့ရှင်

ပန်းပွင့်ချိန်ဆိုနေဝင်ဆည်းဆာ နဲ့ ရောစပ်ပြီး California ကမ်းခြေဘယ်လောက်တောင်လှနေမှာပါလိမ့်

California ထိမသွားနိုင်သေးရင် ဒီပန်းလေးကိုအိမ်မှာခေါ်ထားဖို့ မျိုးစေ့လေးရောင်းပေးချင်ပါတယ်ရှင့်

မှာယူပြီး 7ရက်ကနေ 10 ရက်အတွင်းပို့ပေးပါတယ်ရှင့်
မှာယူပြီး Cancel ခြင်းသည်းခံပါရှင်

မျိုးစေ့ တစ်ထုပ် - ၅၅၀၀ကျပ်
ဆက်သွယ်မှာယူလိုပါက

နာမည်
ဖုန်း
လိပ်စာ အပြည့်အစုံဖြင့်

Page messenger မှ ဆက်သွယ်၍ မှာယူနိုင်ပါတယ်ရှင့်

အရောင်အသွေးစုံလင်ပြီး ရှူမဝတဲ့ phlox ပန်းလေး💞💞💞ပန်းခင်းကြီးထဲ လွင့်မျောချင်ရင်တော့ ဒီပန်းလေးစိုက်လိုက်တော့နော်🤍မျိုးစေ့ ...
02/12/2025

အရောင်အသွေးစုံလင်ပြီး ရှူမဝတဲ့ phlox ပန်းလေး💞💞💞

ပန်းခင်းကြီးထဲ လွင့်မျောချင်ရင်တော့ ဒီပန်းလေးစိုက်လိုက်တော့နော်🤍

မျိုးစေ့ တစ်ထုပ် - 5500 ကျပ်

မုံရွာမှ မြို့အများစု အိမ်ရောက်ငွေချေ။

မှာယူပြီး 7ရက်ကနေ 10 ရက်အတွင်းပို့ပေးပါတယ်ရှင့်။
မှာယူပြီး Cancel ခြင်းသည်းခံပါရှင်🚫🚫🚫🚫

ဆက်သွယ်မှာယူလိုပါက

နာမည်
ဖုန်း
လိပ်စာ အပြည့်အစုံဖြင့်

Page messenger မှ ဆက်သွယ်၍မှာယူနိုင်ပါတယ်ရှင့်

အပင်မရောင်းဘူးလား အပင်မရှိဘူးလား မေးနေကြတဲ့သူတွေအတွက်ခင်လေးဆတ်ဆတ်တုန်အဖူးအပွင့်ပါအပင် ရပါမယ်ရှင့်လူတစ်ရပ်ကျော် ၆ပေ၀န်းကျ...
19/11/2025

အပင်မရောင်းဘူးလား အပင်မရှိဘူးလား မေးနေကြတဲ့သူတွေအတွက်
ခင်လေးဆတ်ဆတ်တုန်
အဖူးအပွင့်ပါအပင် ရပါမယ်ရှင့်
လူတစ်ရပ်ကျော် ၆ပေ၀န်းကျင်ရှိပါတယ်နော်

တစ်ပင် ၃၀၀၀၀ ကျပ်

မုံရွာမြို့တွင်း ဦးစားပေးပို့ပါမယ်ရှင်

Address

Monywa

Website

Alerts

Be the first to know and let us send you an email when The Gardener- Good Seeds with Good Quality posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share