JuJu Plant Shop

JuJu Plant Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JuJu Plant Shop, Garden Center, Thar Si Road, Monywa.

🌱 တသက်ပျော်ချင် .. သစ်ပင်စိုက်ပါ
💚 ကိုယ့်ကိုကိုယ် ချစ်ရင်လည်း .. သစ်ပင်စိုက်ပါ

''အလှပန်းပင်၊ သီးပင်စားပင်၊ အရိပ်ရအပင်'' စတဲ့ အပင်မျိုးစုံကို .. လုံးဝ စိတ်ချယုံကြည်စွာဖြင့်
မှာယူရရှိနိုင်ပါသည် ရှင့် 🍀🍀🍀

#ဘေဘီသျှံမေမေ
27Dec2023

မြန်မာပြည်သူ/ပြည်သားတွေအားလုံးအတွက်ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေရှင့်🎉🎊🎉 #ဘေဘီသျှံမေမေ  1🍀1🍀2026
31/12/2025

မြန်မာပြည်သူ/ပြည်သားတွေ
အားလုံးအတွက်
ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေရှင့်
🎉🎊🎉

#ဘေဘီသျှံမေမေ

1🍀1🍀2026

နှင်းဆီပင်တွေကတော့ ရောက်သွားပြီ 💙💙ပို့စ်ကနောက်ကျနေရတာပါရှင်❤❤❤မြေပဲဆီတွေ မှာယူလိုက်၊ ဖိနပ်လက်ဆောင်တွေပို့ပေးလိုက်ပိတ်စဝမ...
29/12/2025

နှင်းဆီပင်တွေကတော့ ရောက်သွားပြီ 💙💙
ပို့စ်ကနောက်ကျနေရတာပါရှင်

❤❤❤
မြေပဲဆီတွေ မှာယူလိုက်၊ ဖိနပ်လက်ဆောင်တွေပို့ပေးလိုက်
ပိတ်စဝမ်းဆက်တွေပို့ပေးလိုက်နဲ့
ခဏခဏ support တွေပေးပါသော
ကိုယ့်အစ်မလိုတောင်ဖြစ်နေတဲ့ မော်လမြိုင်-သိမ်ဇရပ်က
မမက .. နှင်းဆီပင်လေးတွေစိုက်ချင်လို့တဲ့
မှာထားတာ ကြာလှပေါ့ .. နှင်းဆီတွေက
ဆောင်းအခါမှပိုလှလို့ အဲ့အချိန်မှပို့ပေးပါ့မယ်ပြောထားရတာ
ချစ်မကလည်း စိတ်ရှည်စွာစောင့်ပေးနေခဲ့တယ်လေ
အားလုံး တသိန်းဖိုးလောက်ထည့်ပေးပါတဲ့ 😍😘
အရောင်စုံပေါ့
ညီမလေးစိတ်ကြိုက် .. အလှဆုံးဖြစ်မယ့်မျိုးလေးတွေ
ရွေးထည့်ပေးလိုက်ပါတယ်ရှင့်

စုစုပေါင်း(၁၂)ပင် ကားတင်ပေးခဲ့တာလေးပါရှင့် 😍😍

🌹🌹🌹
နှင်းဆီပင်တွေပါ .. ထပ်မှာယူအားပေးပြီး
ညီမလေးကိုပေးတဲ့ မမရဲ့မေတ္တာ၊ ယုံကြည်မှုတွေကြောင့်
ခွန်အားတွေ ပိုတက်ရပါတယ် .. မမရေ
အရမ်း အရမ်းကျေးဇူးတင်ပါတယ်ရှင် 😘😘

🌿🌿🌿
မှာယူသော အပင်လေးတွေအားလုံး
ကောင်းမွန်စွာ ပြုစုပျိုးထောင်ရပြီး
မမတို့ရဲ့ နောင်လာမျိုးဆက်တွေအထိ
အပင်လေးတွေက ရှင်သန်ကြီးထွားပွင့်လန်းကြပါစေရှင့်
တိုးပွားလှပကြပါစေရှင် 🙏🙏🙏

ညီမလေးကိုမှ .. တကူးတကမှာယူအားပေးလို့ 😍😘
မမတို့ တမိသားစုလုံး
ယခုထက် .. ပို၍ပို၍ ကျန်းမာပျော်ရွှင်ကြပါစေ
အရာရာသွေးစည်းညီညွတ်စွာ ချစ်ခင်ရိုင်းပင်းကြပါစေ
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ
စီးပွားလုပ်ငန်းများ ဆထက်တိုး၍
ပိုမို .. အောင်မြင်ကြပါစေရှင့် 🙏🙏🙏

ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 😍😍

#ဘေဘီသျှံမေမေ
🌱
09982999132

ဒါလေးကတော့ယိုးဒယားမျိုး မောနီးလေးတွေမှာယူအားပေးမှုကို23.12.2025 ရက်နေ့က ကျိုက်ထိုမြို့သို့ ပို့ပေးခဲ့တာလေးပါရှင် 😍😍🌿🌿🌿မှ...
27/12/2025

ဒါလေးကတော့
ယိုးဒယားမျိုး မောနီးလေးတွေမှာယူအားပေးမှုကို
23.12.2025 ရက်နေ့က
ကျိုက်ထိုမြို့သို့ ပို့ပေးခဲ့တာလေးပါရှင် 😍😍

🌿🌿🌿
မှာယူသော မောနီးလေးတွေအားလုံး
ကောင်းမွန်စွာ ပြုစုပျိုးထောင်ရပြီး
ညီမလေးတို့ရဲ့ နောင်လာမျိုးဆက်တွေအထိ
အပင်လေးတွေက ရှင်သန်ကြီးထွားပွင့်လန်းကြပါစေရှင်
တိုးပွားလှပကြပါစေရှင့် 🙏🙏🙏

မှာယူအားပေးပါသော
ညီမလေးတို့ တမိသားစုလုံးလည်း
ယခုထက် .. ပို၍ပို၍ ကျန်းမာပျော်ရွှင်ကြပါစေ
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ
စီးပွားလုပ်ငန်းများ ဆထက်တိုး၍
ပိုမို .. အောင်မြင်ကြပါစေ
ဘဝတွေက
ရေလိုအေးလို့ ပန်းလေးတွေလို မွှေးမြကြပါစေရှင်
🙏🙏🙏

ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 😍😍

#ဘေဘီသျှံမေမေ
🌱
09982999132

မနက်ဖြန် .. ခရစ္စမတ်နေ့ဆိုတော့❄❄❄လွန်ခဲ့တဲ့ ၂၀၁၃/၁၄/၁၅ တုန်းကရန်ကုန် စမ်းချောင်းမြို့နယ်မှာ .. မိတ္တူဆိုင်ဖွင့်ခဲ့တဲ့အချ...
24/12/2025

မနက်ဖြန် .. ခရစ္စမတ်နေ့ဆိုတော့
❄❄❄
လွန်ခဲ့တဲ့ ၂၀၁၃/၁၄/၁၅ တုန်းက
ရန်ကုန် စမ်းချောင်းမြို့နယ်မှာ .. မိတ္တူဆိုင်ဖွင့်ခဲ့တဲ့
အချိန်ကာလကို ပြန်သတိရမိတယ် ⛄⛄

အဲ့စဥ်က.. ခရစ်ယာန် ရှေ့နေအန်တီကြီးတယောက်
ကျမ,ဆိုင်မှာ စာစီမိတ္တူလာလာလုပ်ရင်း
တော်တော်ကို ခင်မင်ရင်းနှီးနေကြတဲ့အဆင့်မှာပေါ့
ဒီလို ခရစ္စမတ်ရောက်တော့မယ်ဆို
အန်တီ က .. လက်ဆောင်အမြဲပေးနေကျပဲ 😍😍
သမီးတို့က ရိုးရိုးလေးတွေမို့ချစ်လို့တဲ့ 😊
(ညီမအရင်းလေးက .. ကူပေးသူပါ)

သတိရမိတတ်ပါတယ်.. အန်တီရေ
ဒီနှစ်လည်း ကျန်းမာ၍ပျော်ရွှင်နေရသော
ခရစ္စမတ်နေ့လေး ဖြစ်ပါစေရှင့် 😍😘

ခုလည်း .. ရိုးသားစွာပဲနေနေပါတယ်
အားလုံးကိုလည်း ချစ်ပါတယ် ❤❤
(၃၁-ဘုံအပြင်ဘက်ထုတ်ခံထိထားသူများ မပါပါ) 😂

⛄⛄⛄
ကဲ .. အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေလို့
ပြီးတော့ ..
ခရစ္စမတ်လက်ဆောင် အချစ်များပို့ပေးလည်း
စိတ်မဆိုးပါဘူးလို့ 😏😝

#ဘေဘီသျှံမေမေ
#ယာတောသူသဘာဝမြေပဲဆီ

အဝါရောင်လေး က .. ဘယ်သူလဲ ?😂သူနဲ့ ဆုံတွေ့စဥ်admin  #ဘေဘီသျှံမေမေ
24/12/2025

အဝါရောင်လေး က .. ဘယ်သူလဲ ?😂

သူနဲ့ ဆုံတွေ့စဥ်

admin #ဘေဘီသျှံမေမေ

ဒါလေးကတော့ ..နှင်းဆီလေးတွေကို ချစ်တဲ့ညီမလေးက 🌹ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့နဲ့တကူးတကမှာယူအားပေးမှုလေးပါdec 19 တုန်းက ...
23/12/2025

ဒါလေးကတော့ ..
နှင်းဆီလေးတွေကို ချစ်တဲ့ညီမလေးက 🌹
ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့နဲ့
တကူးတကမှာယူအားပေးမှုလေးပါ
dec 19 တုန်းက
ကားတင်ပေးခဲ့တာလေးပါရှင့် 💙💙

နှင်းဆီပင်တွေ အိမ်ရောက်လာပြီး
အဆင်ပြေတဲ့ Review ကောင်းလေးပြန်ရလို့လည်း ဒီအစ်မက .. ပျော်ရွှင်ကျေးဇူးတင်ရပါတယ်နော်
😍😘

🌿🌿🌿
မှာယူသော နှင်းဆီပင်လေးတွေအားလုံး
ကောင်းမွန်စွာ ပြုစုပျိုးထောင်ရပြီး
ညီမလေးတို့ရဲ့ နောင်လာမျိုးဆက်တွေအထိ
အပင်လေးတွေက ရှင်သန်ကြီးထွားပွင့်လန်းကြပါစေရှင်
တိုးပွားလှပကြပါစေရှင့် 🙏🙏🙏

အပင်တွေ မှာယူအားပေးပါသော
ညီမလေးတို့ တမိသားစုလုံးလည်း
ယခုထက် .. ပို၍ပို၍ ကျန်းမာပျော်ရွှင်ကြပါစေ
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ
စီးပွားလုပ်ငန်းများ ဆထက်တိုး၍
ပိုမို .. အောင်မြင်ကြပါစေ
ဘဝတွေက
ရေလိုအေးလို့ ပန်းလေးတွေလို မွှေးမြကြပါစေရှင်
🙏🙏🙏

ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 😍😍

#ဘေဘီသျှံမေမေ
🌱
09982999132

🌺🌺 ရောင်စုံပန်းလှလှလေးတွေ ...နေ့စဥ်ပွင့်ချင်တာမြင်ချင်ရင်တော့ #မောနီးလေးတွေစိုက်ပါရှင့် 🌺🌺🌺🌺🌺လက်ရှိ ယိုးဒယားမျိုးလေးတွေရ...
22/12/2025

🌺🌺 ရောင်စုံပန်းလှလှလေးတွေ ...
နေ့စဥ်ပွင့်ချင်တာမြင်ချင်ရင်တော့
#မောနီးလေးတွေစိုက်ပါရှင့်

🌺🌺🌺🌺🌺
လက်ရှိ ယိုးဒယားမျိုးလေးတွေရပါမယ်ရှင်

1kg ....... 8000ks
5kg ..... 35000ks

#ဂိတ်ချခfreeပါရှင်
#အနည်းဆုံး2kgမှသာဂိတ်ချပေးပါတယ်ရှင်
#နေပြည်တော်မှပို့ပေးပါမယ်ရှင့်
#ငွေလွှဲဝင်ပြီးနောက်ရက်ကားတင်ပေးပါမယ်ရှင်

cb/ 09982999132


Hello GOOD MORNING 😍😍
22/12/2025

Hello
GOOD MORNING 😍😍

ခုမှ .. မွေးနေ့ပို့စ်ကလာတယ် 😂😂Adminရဲ့ဓာတ်ပုံနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင်Branding တညဆောက််နေတာပါလို့ 😍ဒီဇင်ဘာ ၁၉ရက်နေ့က ...
21/12/2025

ခုမှ .. မွေးနေ့ပို့စ်ကလာတယ် 😂😂
Adminရဲ့ဓာတ်ပုံနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင်
Branding တညဆောက််နေတာပါလို့ 😍

ဒီဇင်ဘာ ၁၉ရက်နေ့က ..
ကျမရဲ့ (၄၁)နှစ်တိတိပြည့် မွေးနေ့လေးပါရှင်

မွေးနေ့မှာ ..
တတ်နိုင်တဲ့ကုသိုလ်ကောင်းမှုလေးတွေပြုခဲ့ပြီး
ဆုတောင်းချင်တာကတော့ ..
🌹 မေတ္တာပေးနိုင်သူသာ ဖြစ်ရပါစေ
🌹 အမြဲ လူသားပီသသူသာဖြစ်ရပါစေ
🌹 ပေးသောလက်သာဖြစ်ရပါစေ လို့

🙏🙏🙏

အားလုံးလည်း အတူပြည့်ကြပါစေရှင်
❤❤

#ဘေဘီသျှံမေမေ
#ယာတောသူသဘာဝမြေပဲဆီ

#ကွန်ပျုတာအိမ်လိုက်သင် (မုံရွာ)
09982999132

 ွေးနေ့အမှတ်တရ ❤❤  📣📣🛑 နယ်ဝေးများအတွက် december 20 မှ december 31 အထိနှင်းဆီပင် + အခြားသီးပင်စားပင်👉👉👉အနည်းဆုံး (၅/၆)ပင်...
20/12/2025

ွေးနေ့အမှတ်တရ ❤❤
📣📣

🛑 နယ်ဝေးများအတွက်

december 20 မှ december 31 အထိ
နှင်းဆီပင် + အခြားသီးပင်စားပင်
👉👉👉
အနည်းဆုံး (၅/၆)ပင် ဝယ်ယူသူတိုင်းကို
🌹 ၅၀၀၀ကျပ် တန်
နှင်းဆီပင် (သို့မဟုတ်) အခြားအပင်တမျိုးမျိုး ကို
အပိုလက်ဆောင် ထည့်ပေးပါ့မယ်ရှင် 😍😍

ပုံမှန်ကတော့ .. (၁၀)ပင်ပြည့်မှာယူမှသာ
တပင် အပိုလက်ဆောင်ပေးတာပါရှင်
ယခုလ .. ကျမရဲ့မွေးလမို့ရယ်
ဒီဆောင်းကာလက ..
နှင်းဆီလေးတွေ အလှဆုံးပွင့်ကြတဲ့ကာလမို့ရယ်
နှင်းဆီလို လှချင်ပြီး .. နှင်းဆီလို တုန့်ပြန်သတ္တိရှိချင်လို့ရယ်
🌹 နှင်းဆီတပင် က
လက်ဆောင်သက်သက် ထည့်ပေးဖြစ်ခြင်းပါရှင်

ကိုယ်ချစ်တဲ့သူတွေကို
🌹 လှတာလေးတွေ ပေးမယ်
🌹 မွှေးရနံ့တွေ ပေးမယ်
🌹 ဆူးရှိနှင်းဆီရဲ့ သတ္တိတွေထည့်ပေးကြမယ်ရှင်

နှင်းဆီပင်လေးတွေက စျေးအစားစားရှိပါတယ်ရှင်
၅၀၀၀တန်၊ ၈၀၀၀တန်၊ ၁၅၀၀၀တန်တို့ပါရှင့် 😍😍

အခြားအပင်များနှင့်တွဲဖက်ယူချင်ရင်တော့
ဘယ်အပင်ရချင်ပါသလဲ .. မေးမြန်းပေးပါအုံးနော်
မြန်မြန်မှာယူပါမှ အရောင်ရွေးခွင့်ပိုရပြီး
အုံသန်အပင်လှလေးတွေ ပိုင်ဆိုင်ရရှိပါမယ်ရှင် 😍😍

🌿🌿🌿
မှာယူလိုပါက ...

✔ အနည်းဆုံး ၅/၆ပင် မှာယူပေးရပါမယ်ရှင်
✔ အခြားအပင်တွေနဲ့လည်းတွဲဖက်ယူလို့ပါတယ်ရှင့်
✔ မန္တလေးမှ ပို့ပေးမှာပါရှင်
✔ မန္တလေးမြို့တွင်းဆိုအိမ်ရောက်ငွေချေရပါတယ်ရှင့်
✔ ဂိတ်ချ/တန်ဆာခကို ဝယ်ယူသူမှပေးချေရပါမယ်ရှင်

🌹🌹🌹
လိုအပ်ရင် မှာယူအားပေးနိုင်ပါတယ်ရှင့်

ကျေးဇူးတင်ပါတယ်ရှင့် ❤❤

#ဘေဘီသျှံမေမေ

09982999132 (viber)

Address

Thar Si Road
Monywa

Telephone

+959982999132

Website

Alerts

Be the first to know and let us send you an email when JuJu Plant Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JuJu Plant Shop:

Share

Category