Ruby Thiri Pyae Sone Construction & Landscaping Co-Ltd

Ruby Thiri Pyae Sone  Construction & Landscaping Co-Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ruby Thiri Pyae Sone Construction & Landscaping Co-Ltd, No, 873 Nga Wyn Street , Shwe Kyar Pin Quarter, Nay Pyi Taw.

ဂရန်ပျောက်ဆုံးသွားလျှင် အသစ်လျှောက်လို့ရပါသလားသိချင်ပါတယ််။ (မူလဂရန်ရှိပြီးမြေကိုအကြောင်းအမျိုးမျိုးဖြင့်ဂရန်ပြန်လည် လျှ...
27/11/2025

ဂရန်ပျောက်ဆုံးသွားလျှင်
အသစ်လျှောက်လို့ရပါသလား
သိချင်ပါတယ််။

(မူလဂရန်ရှိပြီးမြေကိုအကြောင်းအမျိုးမျိုးဖြင့်ဂရန်ပြန်လည် လျှောက်ထားခြင်း) မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံး၍ လည်းကောင်း၊ လွှဲပြောင်း၍လည်းကောင်း၊ ဦးပိုင်ခွဲ၍လည်းကောင်း၊ ဂရန်ပျောက်မိတ္တူလျှောက်၍လည်းကောင်း၊ ဂရန်အမျိုးအစားပြောင်း၍ လည်းကောင်း လျှောက်ထားလာပါက အောက်ဖော်ပြပါအတိုင်း အမျိုး အစားခွဲခြားဆောင်ရွက်ပါသည်-

(၁) ဂရန်အမည်ပြောင်း၊
(၂) ဂရန်ဦးပိုင်ခွဲ (ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲဂရန်နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်လျှောင်ထားခြင်း)
(၃) ဂရန်သက်တမ်းတိုး (ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)
(၄) သက်တမ်းတိုး၊ အမည်ပြောင်း (အမည်လည်းပြောင်း၊ သက်တမ်း လည်းတိုးမည်)
(၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း (ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)
(၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း(သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားခြင်း)
(၇) ဂရန်မိတ္တူလျှောက်ထားခြင်း(ဂရန်မူရင်းပျောက်ဆုံးသွား၍အမည် ပြောင်းခြင်းမပြုဘဲ ဂရန်မိတ္တူလျှောက်ထားခြင်း)
(၈) တောမှမြို့ပြောင်းလျှောက်ထားခြင်း(ယခင်ပုသိမ်ကြီး၊ အမရပူရ မြို့ပြင်ပရှိမြေများကို ထုတ်ပေးထားသည့် တောဂရန်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်၍ အမည်မပြောင်းဘဲ မြို့ဂရန်အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း)
(၉) တောမှမြို့ပြောင်း၊ အမည်ပြောင်း(တောဂရန်မှမြို့ဂရန်အပြင် အမည်ပါပြောင်းပေးရန် လျှောက်ထားခြင်းဖြစ်ပါသည်။)
၂။ အထက်ဖော်ပြပါ ဂရန်လျှောက်ထားမည်ဆိုပါက အောက်ဖော်ပြပါ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြရပါမည်-

(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊
(၂) ဂရန်စာချုပ်မိတ္တူမှန်၊
(၃) အမွေဆက်ခံဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊
(၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်စာချုပ်မိတ္တူမှန်၊
(၅) တရားမမှုဖြစ်သည့်မြေဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ(၁၀၆)
(၆) မြေခွန်ပြေစာမိတ္တူမှန်၊
(၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊
(၈) အဆောက်အဦဓါတ်ပုံ၊
(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊
(၁၀) အမည်ပေါက်၊အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။


၃။ အထက်ဖော်ပြပါ မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာ ကြော်ငြာပြီး ကန့်ကွက် မရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အပြီးဆောင်ရွက် ပေးနိုင်ပါသည်ဟု ဌာနဆိုင်ရာက
ဖော်ပြထားပါသည်။

အိမ်ခြံမြေ ဝယ်ယူပြီးရင် မိမိအမည်ပေါက် ပိုင်ဆိုင်ဖို့ ဆောင်ရွက်ရမယ့် အချက်များနဲ့လုပ်ငန်းစဥ်များပါ။Credit;
22/10/2025

အိမ်ခြံမြေ ဝယ်ယူပြီးရင် မိမိအမည်ပေါက်
ပိုင်ဆိုင်ဖို့ ဆောင်ရွက်ရမယ့် အချက်များနဲ့
လုပ်ငန်းစဥ်များပါ။

Credit;

25/09/2025
07/06/2025

စည်းရိုးကာဖို့ စျေးတွက်ပေးဖို့ကို တယောက်ချင်း ပို့ပေးနေရင် အဆင်မပြေတာမို့
နောက်လဲ ကိုယ့်ဟာကိုယ် မှန်းပီးတွက်လို့ရအောင် မ ဒီမှာပဲတွက်ပြလိုက်မယ်နော်
ဒါတွေက လက်ရှိစျေးနှုန်းနဲ့တွက်ပေးထားတာမို့ အနည်းအပါးတွေ အပြောင်အလဲရှိနိုင်မယ်..နောက်ထပ် ဒီထက်သက်သာပီး လုပ်လို့ရမဲ့ ခိုင်ခံ့မဲ့နည်းလေးရှိရင်လဲ ပြောပြပေးကြပါ..
၁ဧက ပေ ၈၀၀
ကျောက်တိုင် 15000x80=1,200,000
ဆူးကြိုး (ပေ ၃၀၀)85000x10=850000
အလုပ်သမား (ပေ၁၀၀ )40000x8=320000
စုစုပေါင်း 2370000သိန်း
1 ဧက 2370000
2 ဧက 3640000
စသဖြည့် မ တွက်ပြသလို့ မိမိ ခြံဧကအလိုက်တွက်ကြည့်လို့ရပါတယ်

ဒါကတော့ရေရှည် နောက်တခါ လှည့်မကြည့်ရဘူးပေါ့

ဝါးနဲ့ကာမယ်ဆိုရင်တော့ တဧက ၃ သိန်းလောက်တော့ ခန့်မှန်းခြေ နှစ်တိုင်းကုန်နေမယ်

ခြံတခြံမှာ ခြံစည်းရိုးမကာထားဘူးဆိုရင် ဘာကိုမှ ရှေ့ဆက်လုပ်လို့မရတဲ့အတွက်
ခြံဝယ်ရင် စည်းရိုးဖိုးလေးပါ ထည့်တွက်ထားရမဲ့အထဲမှာပါတယ်လေနော်..

 ိမ်ဆေးသုတ်_လက်ခတကျင်းစျေးနှုန်းများကျွန်တော်တို့ { ရွှေပိုးအိမ် }ဆေးသုတ်လုပ်ငန်းရဲ့ဆေးသုတ် လက်ခ သီးသန့်စျေးနှုန်းတွေကို...
31/05/2025

ိမ်ဆေးသုတ်_လက်ခတကျင်းစျေးနှုန်းများ

ကျွန်တော်တို့ { ရွှေပိုးအိမ် }ဆေးသုတ်လုပ်ငန်းရဲ့
ဆေးသုတ် လက်ခ သီးသန့်စျေးနှုန်းတွေကို ဖော်ပြပေးပါမယ်ခင်ဗျ။

𝘼။( 1 ) နံရံကော်ပတ်တိုက်၊သန့်ရှင်းရေးလုပ်
( 2 ) ဆီလာ(ခံဆေး) ၁ ထပ်သုတ်။
( 3 ) ပတ်တီး ၁ ထပ်ရိုက်။
( 4 ) ဆီလာ(ခံဆေး) ၁ ထပ် သုတ်။
( 5 ) ပတ်တီး ၁ ထပ်ရိုက်။
( 6 ) အပေါ် ဆေးကာလာ ၂ ထပ်သုတ်။
တကျင်း_ 𝟓𝟓,𝟎𝟎𝟎(အတွင်းခြမ်း)
တကျင်း_ 𝟔𝟎,𝟎𝟎𝟎 (အပြင်ခြမ်း)

-------------------------------------
𝘽။( 1 ) နံရံကော်ပတ်တိုက်၊သန့်ရှင်းရေးလုပ်
( 2 ) ပတ်တီး ၁ ထပ်ရိုက်။
( 3 ) ဆီလာ ၁ ထပ် သုတ်။
( 4 ) အပေါ် ဆေးကာလာ ၂ ထပ်သုတ်။

တကျင်း_ 𝟓𝟎,𝟎𝟎𝟎(အတွင်းခြမ်း)
တကျင်း_ 𝟓𝟓,𝟎𝟎𝟎(အပြင်ခြမ်း)
-----------------------------------

✅တိုက်ခန်းကို အငှားချထားပြီး အခန်းပြန်အပ်တဲ့အခါ
ဆေးသုတ်ထားတဲ့ နံရံက ဒဏ်ရာတွေတွေရှိမယ်၊ ခြစ်ရာလေးတွေ၊သံရိုက်ထားလို့ စကူထိုးထားလို့ အပေါက်လေးတွေကို ပြန်ပြင်ပြီး ဆေးအသစ် သုတ်ချင်ရင်တော့

𝘾။ ( 1 )နံရံသန့်ရှင်းရေးလုပ်၊ကော်ပတ်စား
( 2 ) ဆီလာ (ခံဆေး) ၁ ထပ်သုတ်
( 3 ) ဒဏ်ရာတွေကို ပတ်တီး ဖြည့်
( 4 ) အပေါ်ဆေး ကာလာ ၂ ထပ်သုတ်။

တကျင်း_ 𝟒𝟎,𝟎𝟎𝟎 (အတွင်းခြမ်း)
တကျင်း_ 𝟒𝟓,𝟎𝟎𝟎 (အပြင်ခြမ်း)
-------------------------------------

✅ကိုယ်ရဲ့ အခန်းတွေက အောက်ခံနံရံသား တွေက ကောင်းသေးတယ်၊အပေါ်ဆေးအရောင်က ညစ်ပေနေလို့၊အရောင်မွဲနေလို့ ဆေးအသစ်ပြန်သုတ်ချင်ရင်။။။

𝘿။ ( 1 )နံရံသန့်ရှင်းရေးလုပ်၊ကော်ပတ်စား
( 2 )ခံဆေး ၁ ထပ်သုတ်
( 3 ) အပေါ် ဆေးကာလာ ၂ ထပ်သုတ်။

တကျင်း_ 𝟑𝟓,𝟎𝟎𝟎(အတွင်းခြမ်း)
တကျင်း_ 𝟒𝟎,𝟎𝟎𝟎 (အပြင်ခြမ်း)

-------------------------------------

👷အခုလို ကျွန်တော်တို့ ပြုလုပ်လျက်ရှိတဲ့ ဆေးသုတ် လက်ခ တွေကို ပေါက်စျေးထပ် သက်သာအောင် အနည်းငယ် စျေးလျော့ပေးထာပါတယ် ခင်ဗျ။

ဆေးသုတ် စျေးနှုန်း လေးတွေ သိရှိရပြီးဖြစ်တဲ့အတွက် ဆေးသုတ်လုပ်ငန်းလေးကို ယုံကြည်မှုနဲ့ အပ်နှံလို့ ရပါပြီ ခင်ဗျ။📌

အလုပ်တစ်ခုကို ပြုလုပ်ပြီးသွားရင်လဲ ကိုယ်ပြုလုပ်ခဲ့တဲ့
အမှိုက်တွေ၊အမှုန်တွေ၊ဆေးစက်တွေကအစ ပြန်လည်ပြီး သန့်ရှင်းရေးကအစ ပြုလုပ်ပေးပါတယ် ခင်ဗျ။ 📌

ဆေးသုတ်တယ်ဆိုတာ လှပသစ်လွင်သွားရင်ပြီးရော ပြုလုပ်လို့မရပါဘူး ရည်ရှည် ခိုင်ခံ့မှု ကောင်းအောင်ပါ ပြုလုပ်ရမှာပါ ခင်ဗျ။ လှလဲလှရမယ် ရည်ရှည်လဲ ခိုင်ခံ့ရမယ်။📌

#ရွှေပိုးအိမ်_ဆေးသုတ်လုပ်ငန်း
#ရေဆေး_ဆီဆေး_ပေါလစ်ဆေးသုတ်လုပ်ငန်း
09.97 1741 707
09.25 2851 939
Yangon

16/05/2025
မြေဝယ်မယ်ဆိုရင် အလွယ်ကူဆုံး နဲ့နောင်တစ်ချိန် ပြဿနာ မဖြစ်အောင်ဆောင်ရွက်တဲ့ နည်းလမ်းပါ။ယာမြေ/ လယ်မြေ/ ကျေးရွာမြေဘိုးဘပိုင်...
14/05/2025

မြေဝယ်မယ်ဆိုရင် အလွယ်ကူဆုံး နဲ့
နောင်တစ်ချိန် ပြဿနာ မဖြစ်အောင်
ဆောင်ရွက်တဲ့ နည်းလမ်းပါ။

ယာမြေ/ လယ်မြေ/ ကျေးရွာမြေ
ဘိုးဘပိုင်မြေ ဝယ်မယ်ဆိုရင် . . . .

ပိုင်ရှင် အမည်ပေါက် ဟုတ်/မဟုတ်
မြို့နယ် မြေစာရင်းမှာ စစ်
အရှုပ်အရှင်း ရှိ/မရှိ လေ့လာ
ပိုင်ရှင်မဟုတ်လည်း နောက်ဆုံးဝယ်သူနဲ့
သေချာ စီစစ် လေ့လာ

ရောင်းသူရဲ့ မိဘ မောင်နှမ
ဆွေမျိုးသားချင်းထဲက သက်သေ ခေါ်
ရပ်ရွာဥက္ကဌရုံးမှာ သေချာစာချုပ်
တရားရုံးမှာ အရောင်းအဝယ်ကျမ်းကျိန်
ရှေ့နေနဲ့ အရောင်းအဝယ် စာချုပ်ကို
တရားဝင် သေချာချုပ် တံဆိပ်ခေါင်းကပ်
GP / SP ယူထား

ဖုန်းတွေရှိနေတာပဲ
အရောင်းအဝယ် လက်မှတ်ထိုးငွေချေတာ
ဓါတ်ပုံမှတ်တမ်းယူထား
လိုအပ်ရင် ဗွီဒီယိုဖိုင်ပါ ရိုက်ထားပါ။

ပြီးရင် သက်သေတွေရှေ့မှာ
မြေကွက်ကို သေချာတိုင်း ငုတ်ရိုက်
လိုအပ်ရင် ခြံခတ်ဖို့ စီစဥ်

နောင်အချိန် မြေစျေးတက်လို့
သား၊ သမီး၊ ချွေးမ၊ မိဘ မသိပါဘူး
အမွေဆိုင်မို့ သဘောမတူပါဘူး ဆိုပြီး
အငြင်းအခုန် မဖြစ်အောင်
အထောက်အထားနဲ့ ကြိုကာထားပါ။

ယာမြေ/လယ်မြေတွေဆိုရင်
ပုံစံ ၇ ကို အမည်တစ်ခါတည်းပြောင်းဖို့
လျှောက်ထားပါ။ ဒါမှ ခိုင်မာတယ်။
============================

ဂရံမြေဝယ်မယ်ဆိုရင်

မူလ ပိုင်ရှင် အဆင့်ဆင့်
စာချုပ်တွေတောင်း
သက်ဆိုင်ရာ စည်ပင်မှာ သွားစစ်
ရှေ့နေနဲ့ သေချာ စာချုပ်ချုပ်
တရားရုံးမှာ အရောင်းအဝယ် ကျမ်းကျိန်
ပြီးရင် မြေယာမှတ်ပုံတင်ရုံးမှာ
တစ်ခါတည်း မှတ်ပုံတင်
GP / SP ယူထား
စည်ပင်မှာ ဂရံမူရင်းအပ် အမည်ပြောင်း
သတင်းစာထဲမှာ ကန့်ကွက်ထည့်

===========================

စလစ်မြေဆိုရင်လည်း

မူလပိုင်ရှင်ကိုခေါ်
မြေပေးမိန့်ကို သေချာစစ်
အဆင့်ဆင့်ရောင်းထားရင်
နောက်ဆုံးဝယ်သူနဲ့ GP လွှဲယူ
တရားရုံးမှာ အရောင်းအဝယ် စာချုပ်ချုပ်
ရှေ့နေနဲ့ တရားဝင်လုပ်
မြေယာမှတ်ပုံတင်ထား
ပြီးရင် မိမိအမည်နဲ့ ဂရံလျှောက် ငွေသွင်း
၁၀၅/၁၀၆ ထုတ်
သတင်းစာမှာ ကန့်ကွက်ထည့်
==============================

အခုရှုပ်မှ နောင်ရှင်းတာ
ခိုင်ခိုင်မာမာဖြစ်အောင် စာချုပ်ချုပ်
စာရွက်စာတမ်းကြေးအပါ ကုန်ကျစရိတ်က
၂ သိန်းကျော်ပဲ ကုန်ကျတာ။
ဂရံဖိုးနဲ့ ပုံစံ ၇ ပြောင်းတာ မပါပေါ့။

အချို့က လွယ်လွယ်ပဲ လုပ်ကြတာ
စားသောက်ဆိုင်မှာ အရပ်စာချုပ်ချုပ်ဝယ်
နှစ်ဦးနှစ်ဘက် သဘောတူနေတာပဲ
ဘာမှ မလိုဘူး ထင်ပြီး လွယ်လွယ်လုပ်တာ

ပြဿနာဖြစ်လာရင်
ဘာအထောက်အထားမှ မပြနိုင်တော့
တရားရုံးမှာ ရင်ဆိုင်ရ။ အချိန်ကုန် လူပမ်း

မြေတစ်ကွက်တည်းကိုပဲ
စလစ် မိတ္တူပေါင်တာ တစ်ဦး
ဂရံစာအုပ်ပေါင်တာ တစ်ဦး
အရပ်စာချုပ်နဲ့ ရောင်းတာ တစ်ဖုံ
မိန်းမ မသိ မိဘ မသိ သားသမီး မသိလို့
သဘောမတူပါဘူး ဆိုတာက တစ်သွယ်

အဲဒီလို ပြဿနာ မဖြစ်အောင်
အပေါ်က အကြံပြုချက်အတိုင်း
လုပ်ကိုင် ဆောင်ရွက်ကြပါ။

အချိန် နဲ့ ငွေကြေး အနည်းငယ်
ပိုမို ကုန်ကျပေမယ့် စိတ်ချမ်းသာတယ်။

မြေဆိုတာ အဝီစိအထိ ပိုင်တာ
ယူဇနာပေါင်း ၂၄၀၀၀၀ ရှိတယ် 😁
မြေပေါ်က မြေကွက်လေးတင်မဟုတ်ဘူး။

အဲဒါကြောင့် မြေဝယ်မယ်ဆိုရင်
ခိုင်မာမှု ရှိ /မရှိ သေချာစစ်
စျေးချို ပြီးရော မလုပ်ဘဲ
ရောင်းမှား ဝယ်မှား မဖြစ်ရအောင်
စနစ်တကျနဲ့ သေချာ စီစစ်ဝယ်ကြပါလို့

အဲဒီလို ခိုင်ခိုင်မာမာ
လုပ်ထားခြင်းအားဖြင့်
ပြဿနာဖြစ်လာရင်
ဗဟိုတရားရုံးချုပ် မကလို့
အာကာသအထိပဲ တက်တက်
ကိုယ့်ဘက်က အေးဆေး။

သားစဥ်မြေးဆက် စိတ်ချမ်းသာတယ်

credit to copy.

Address

No, 873 Nga Wyn Street , Shwe Kyar Pin Quarter
Nay Pyi Taw

Telephone

0678109641

Website

Alerts

Be the first to know and let us send you an email when Ruby Thiri Pyae Sone Construction & Landscaping Co-Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ruby Thiri Pyae Sone Construction & Landscaping Co-Ltd:

Share