နတ်သစ်ရွက်

နတ်သစ်ရွက် Landscaping, Gardening & Nursery
No.(15/127),Paung Laung(17)Street, PyinMaNa, Nay Pyi Taw

တိုက်တာအဆင့်ဆင့် မိုးထိမြင့်လဲ
ပန်းနှင့်သစ်ပင် မတွေ့မြင်က
ဝန်းကျင်ခြောက်ခမ်း
စိတ်ပင်ပန်း၏။

5 Key elements in Landscape FORMForm refers to the shape of the plant or hardscape feature. Plants are available in many...
23/08/2024

5 Key elements in Landscape

FORM
Form refers to the shape of the plant or hardscape feature. Plants are available in many forms – upright, groundcover, round, freeform. A balanced landscape design carefully considers use of form. For example, a more formal garden could include more structured, trimmed shrubs, while an informal yard would feature more natural and flowing plants. The combination of forms is what helps lay the foundation for the landscape design.

   #နတ်သစ်ရွက်
18/07/2024

#နတ်သစ်ရွက်

မြန်မာငွေ သိန်း‌လေးထောင့်နှစ်ရာသုံးဆယ်(423,000,000 ကျပ်) ဝန်းကျင်ရှိ Devil Monster သုံးပင်ကို ငါးကြိမ်မြှောက်Thai summer...
18/07/2024

မြန်မာငွေ သိန်း‌လေးထောင့်နှစ်ရာသုံးဆယ်(423,000,000 ကျပ်) ဝန်းကျင်ရှိ Devil Monster သုံးပင်ကို ငါးကြိမ်မြှောက်Thai summer show and sale အပင်ပွဲမှာလေလံတင်ရောင်းချခဲ့**

ဖိလစ်ပိုင်မှလည်း တစ်ပင် လေလံတွင်ပါဝင်ဝယ်ယူခဲ့ပြီး ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ် လေလံအောင်သွားတဲ့ အပင်ရဲ့ဘတ်ဈေးနှုန်းအသီးသီးကို ပြန်လည်ကူးယူဖော်ပြလိုက်ရပါတယ်

တင်ပြရုံသက်သက်ပါ အရင်ကလည်းဖော်ပြပြီးသားပါ အကြိုက်ထဲတော့မပါသေးပါဘူး ဈေးကြီးခြင်းမကြီးခြင်းထက်

org photos

အပင်အတွက်လိုအပ်တဲ့ NPK ဆိုတာ … မြေဩဇာဟုဆိုရာတွင် အကြမ်းဖျဉ်းအားဖြင့် NPK ပါရမယ်လို့သိထားကြပါတယ်။ NPK ဆိုတာN - Nitrogen (...
18/07/2024

အပင်အတွက်လိုအပ်တဲ့ NPK ဆိုတာ …

မြေဩဇာဟုဆိုရာတွင် အကြမ်းဖျဉ်းအားဖြင့် NPK ပါရမယ်လို့သိထားကြပါတယ်။ NPK ဆိုတာ

N - Nitrogen (N) နိုက်ထရိုဂျင်
P - Phosphorus ဖော့စ်ဖောရပ်စ်
K - Potassium ပိုတက်စီယမ် ပဲ ဖြစ်ပါတယ်။

~နိုက်ထရိုက်ဂျင်Nitrogen(N) - အရွက်အညွှန့်၊့အကိုင်းအခက် ၊ အသီးအပွင့် ၊ ဥနဲ့အစေ့၊ အမြစ်နဲ့ပင်စည်တွေကို အားပေးတာဖြစ်တယ်။
~ဖော့စ်ဖေါရပ်စ် phosphorus (P) - အပွင့်နဲ့အသီးကိုအားပေးစေတယ်။
~ပိုတက်စီယမ် Potassium (K) - အမြစ်ကိုအားပေးတယ်။ပင်စည်ဆဲလ်တွေသန်မာစေပါ
တယ်။ ပင်စည်ကနေ အညွှန့်အရွက်အထိကို မြေသြဇာပို့ပေးစေတယ်။အသီးကိုချိုစေတယ်။အသီးအရောင်လှစေတယ်

မိမိစိုက်တဲ့အပင်က အရွက်အခက် အပင်လား၊ အသီးအပွင့်အပင်လား၊ ပင်စည်းအသုံးပြုပင်လား ဆိုတာကို ခွဲခြားသိရမယ်။ ဒီတော့မှ လိုအပ်တဲ့မြေသြဇာကို လိုအပ်ချိန်မှာ ပေးမယ်ဆိုရင် အပင်အတွက်လည်းကောင်းမယ်။ ကုန်ကျစရိတ်လည်းသက်သာမယ်။
ဥပမာ သစ်သီးပင် အသီးသီးဖို့အရွယ်မရောက်ခင်မှာ အပွင့်အသီးအတွက် မြေသြဇာကို ပေးရင် ပိုက်ဆံကုန်တာပဲရှိမယ်။ အသီးအပွင့်ရမှာမဟုတ်ဘူး၊
အလားတူပဲ အပွင့် အသီးထွက်ရမယ့် အချိန်မှာ အသီးအပွင့်အတွက် မြေသြဇာ မပေးဘူးဆိုရင် အသီးအပွင့်ကောင်းကောင်းရမှာမဟုတ်ပါ။
မြေသြဇာကို 3 မျိုးခွဲခြားထားပါတယ်။
1) သဘာဝမြေသြဇာ
2) ဓါတ်မြေသြဇာ
3) ဇီဝ မြေသြဇာ(ဘိုင်အိုမြေဩဇာ)
သဘာဝမြေသြဇာနဲ့ဓါတ်မြေသြဇာအားနည်းအားသာချက်
=============================
~သဘာဝမြေသြဇာကအပင်ကစုပ်ယူစားသုံးဖို့့မြေသြဇာ ဖြစ်ဖို့အချိန်ကြာတယ်။ NPK အချိုးကို အတိအကျသိရဖို့ခက်မယ်။ အရေအတွက်များများသုံးရတယ်။ ဒါပေမယ့် မြေပွမြေဆွေးဖြစ်စေတယ်။ ရေရှည်အတွက်ကောင်းတယ်။
~ဓါတ်မြေသြဇာက လိုအပ်တဲ့ NPK အချိုးကို အတိအကျသိနိုင်တယ်။ အရေအတွက်နည်းနည်းပြီး အမြန်မြေသြဇာပျော်၀င်တယ်။အပင်ကိုလိုအပ်သလိုပေးနိုင်တယ်။ဓါတ်မြေသြဇာတစ်မျိုးသုံးရင်မြေကြပ်ပြီးမြေခံမြေဆီ
ခန်းတယ်။ရေရှည်အတွက်မကောင်းပါ။
(1) သဘာဝမြေသြဇာ
- တိရိစ္ဆာန်ချေးတွေကရတာဖြစ်တယ်။
- သစ်ရွက်၊မြက်၊ သစ်ကိုင်းတွေကို စုပုံနှပ်ပြီးရတယ်။
- မြေသြဇာအစို။ မြေသြဇာအစိုဆိုတာက ဥပမာ မြေပဲလိုမျိုး ပဲတမျိုးကို စိုက်ပြီး ပဲပွင့်လာရင်ထွန်ပြီးအုပ်လိုက်ရင် ရတဲ့မြေသြဇာဖြစ်တယ်။
(2) ဓါတုမြေသြဇာ
ဓါတ်တုမြေသြဇာ က ဓါတ်တုပစ္စည်းတွေနဲ့မြေသြဇာဖြစ်အောင်လုပ်ထားတာဖြစ်ပါတယ်။
ဓါတ်မြေသြဇာမှာ -
နိုက်ထရိုက်ဂျင် Nitrogen တမျိုးတည်းပါတဲ့တာရှိတယ်။
ဖော့စ်ဖေါရပ်စ် phosphorus (P) တမျိုးတည်းပါတဲ့တာရှိတယ်။
ပိုတက်စီယံ Potassium (K) တမျိုးတည်းပါတဲ့တာရှိတယ်။
NPK 3 မျိုးလုံးပါတာရှိတယ်။
ဓါတ်မြေသြဇာအိတ်တွေမှာ ရေးထားကိန်းဂဏန်းတွေကို သတိထားကြည့်ရပါမယ်။
45-0-0 လို့ရေးထားရင် နိုက်ထရိုက်ဂျင် Nitrogen တမျိုးတည်းပါတာဖြစ်တယ်။
0-45-0 လို့ရေးထားရင် ဖော့စ်ဖေါရပ်စ် phosphorus (P) တမျိုးတည်းပါတာဖြစ်တယ်။
0-0-45 လို့ရေးထားရင် ပိုတက်စီယံ Potassium (K) တမျိုးတည်းပါတာဖြစ်တယ်။
15-15-15 လို့ရေးထားရင် NPK သုံးမျိုးလုံးပါ၀င်တာဖြစ်တယ်။ အများက15ပတ်လည်မြေသြဇာလို့ခေါ်ကြပါတယ်။
အဲ့ဒီကိန်းဂဏန်းတွေက ကီလို 100 မှာ ပါ၀င်တဲ့ ရာခိုင်နှုန်းဖြစ်တယ်။ ကိန်းဂဏန်း အနည်းအများပေါ်မူတည်ပြီး ဓါတ်မြေသြဇာ အာနိသင် အနည်းအများကွာခြားပါတယ်။
အပင်တွေကို ဓါတ်မြေသြဇာ 15 ပတ်လည်ပေးရမယ်လို့ပြောနေတာကြတာကို အမြဲလိုလိုကြားရပါတယ်။ သစ်သီးပင် စစိုက်ချိန်မှာ အရွက်အခက် သန်ဖို့နဲ့အမြစ်သန်ဖို့ပင်စည် ကောင်းဖို့လိုတယ်။ အဲ့ဒီတော့ စစိုက်ချိန်မှာ အပင်သန်ဖို့က N အမြင့် ဂဏန်းပါတဲ့ဓါတ်မြေသြဇာကိုပေးရမယ်။ ဥပမာ 35-5-15အချိုးပါအရှေ့ကNအမြင့်ဂဏန်းပါတဲ့ဓါတ်မြေသြဇာဖြစ်ရပါမယ်။
(3) ဇီဝမြသြဇာ(ဘိုင်အိုမြေဩဇာ)
ဘိုင်အိုမြေသြဇာဆိုတာက အကျိုးပြုအနုဇီ၀ပိုး(EM~ Effective Microorganism)တွေရဲ့အကူအညီနဲ့ အပင်စားသုံးနိုင်တဲ့မြေသြဇာကိုပြုလုတ်ပေးတာဖြစ်တယ်။
အကျိုးပြုအနုဇီ၀ပိုးတွေကိုအီးအမ်(EM)ကနေရရှိတာဖြစ်
တယ်။ EM ကိုသယ်ယူသုံးစွဲရန်ပုံစံ2မျိုးပြုလုတ်နိုင်ပါတယ်။ အရည်(EM1)သို့မဟုတ် အမှုန့်(ဥပမာ ဖွဲနုဘိုကာရှီ) များအနေနဲ့ပြုလုပ်ပြီးသုံးစွဲနိုင်ပါတယ်။EMပြုလုတ်လုတ်ပုံများ ကိုအောက်မှာဖေါ်ပြပေးထားပါတယ်။
သဘာဝမြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ ငှက်ချေး၊ ၀ကျခြေး၊ သစ်ရွက်ခြောက် ၊မြက်စို၊ဟင်းရွက်အစိုစတာတွေက ဒီအတိုင်စုပုံနပ်ထားမယ်ဆိုရင် အနုဇီ၀ပိုးတွေက အကျိုးပြုတာရော အကျိုးမပြုတာရော ရောနှောနေမယ်။ အပူဓါတ်များမယ်။ မြေသြဇာဖြစ်ဖို့့ကြာလိမ့်မယ်။
နွားချေး၊ ကြက်ချေး၊ ငှက်ချေး၊ ၀ကျခြေး၊ သစ်ရွက်ခြောက် ၊ မြက်စို၊ ဟင်းရွက်အစိုစတာတွေကို စုပုံထားမယ်။ EM ဖြန်းပြီးရောမွှေမယ်။ ပလပ်စတစ်မိုးကာနဲ့အလုံအုပ်ထားမယ်ဆိုရင် 45 ရက်အကြာမှာ အပူဓါတ်လျော့သွားပြီးမြေသြဇာဖြစ်သွားပါမယ်။
သဘာဝမြေသြဇာတွေကိုEMအရည်နဲ့့စိမ်ပြီး မြေသြဇာ အရည်အဖြစ်လုပ်နိုင်တယ်။ သဘာဝမြေသြဇာမှာလည်း လိုချင်တဲ့ NPK အချိုးရအောင် အနီးစပ်ဆုံးလုပ်ယူလို့ရတယ်။
သဘာဝမြေဩဇာNPK ပါ၀င်မှု ရာခိုင်နှုန်း
========================
N P K
အရိုးမှုန့် 3 - 4 15 - 23 0.68
နွားချေး 1.10 0.40 1.60
ကျွဲချေး 0.97 0.60 1.66
ဆိတ်ချေး 1.03 0.66 0.64
လင်းနို့ချေး 1.54 14.28 0.60
ငုံးချေး 9.28 2.31 1.91
ကြက်ချေး 2.42 6.29 2.11
ဘဲချေး 1.02 1.84 0.52
၀ကျခြေး 2.69 2.24 1.12
သစ်ရွက်အစိမ်းရောင် 1.64 0.14 0.43
ဗေဒါပင် 1.55 0.45 2.80
ဖွဲနု 1.9 2.3 4 - 6 1.9
စပါးခြံ 0.46 0.26 0.70
စပါးခွံမီးသွေး 0.00 0.15 0.81
ကောက်ရိုး 0.59 0.08 1.72
ငါးခြောက်မှုန့်9 -10 2.13 1.2 2.7
ပြောင်းဖူးရိုး 1.78 0.25 1.53
ပြောင်းဖူးပင် 0.71 0.11 1.38
ပဲပုတ်ပင် 2.71 0.56 2.47
ပဲပုတ်အခွံ 7-10 2.13 1.12 2.7
နွားချေး၊ လင်းနို့ချေး ကြက်ချေး သစ်ရွက်စို၊ သစ်ရွက်ခြောက်တွေကို အပင်ကို တိုက်ရိုက်ပေးတာမျိုးက အပူဓါတ်ဖြစ်စေနိုင်တယ်။ အပင်ကို ဖျက်ဆီးတဲ့ မှိုပိုးကိုဖြစ်ပွားစျေးတယ်။ ပိုးမွားတွေ ပေါက်ဖွားမှုကို ဖြစ်စေတယ်။ ဒါကြောင့် တိုက်ရိုက်မထည့်ပဲ သိပ်ထားပြီးမှာ ထည့်ပေးတာကအပင်အတွက်ပိုမိုအကျိုးဖြစ်ထွန်းစေပါတယ်။

#နတ်သစ်ရွက်

လာဘ်ပွင့်ကံကောင်းစေရန် အိမ်ခြံဝင်းအတွင်း စိုက်လေ့ရှိကြသော ပန်းပင်သစ်ပင် 9 မျိုး✨🌿အလှဆင်ရန်၊ သန့်ရှင်းလတ်ဆတ်သောလေ အငွေ့အသ...
13/07/2024

လာဘ်ပွင့်ကံကောင်းစေရန် အိမ်ခြံဝင်းအတွင်း စိုက်လေ့ရှိကြသော ပန်းပင်သစ်ပင် 9 မျိုး✨🌿

အလှဆင်ရန်၊ သန့်ရှင်းလတ်ဆတ်သောလေ အငွေ့အသက်ရရှိစေရန်အတွက် ခြံပတ်ဝန်းကျင်နှင့် အိမ်ဝန်းအတွင်းများတွင် သစ်ပင်များ၊ ပန်းများကို စိုက်ကြတဲ့အပြင် လာဘ်ပွင့်စေရန် ကံကောင်းစေရန်လည်း စိုက်ပျိုးလေ့ရှိကြတယ်ဆိုတာသိလား?
အပင်အမျိုးအစားတစ်ခုစီတိုင်းဟာ လူတစ်ဦးချင်းစီရဲ့ ယဉ်ကျေးမှုအခြေအနေ ဒါမှမဟုတ် ဘာသာရေးယုံကြည်ချက်ပေါ်မူတည်ပြီး သူ့ရဲ့ထူးခြားတဲ့အကျိုးသက်ရောက်မှု သို့မဟုတ် မှော်အစွမ်းလိုမျိုး ရှိတက်ကြပါတယ်။

ဒါကြောင့် ဒီနေ့မှာ သင့်ကိုကံကောင်းစေနိုင်တဲ့ ဘဝကိုမြှင့်တင်ပေးနိုင်တဲ့ သစ်ပင် ဒါမှမဟုတ် ပန်းမျိုးစိတ်တွေကို အကြံပြုမျှဝေပေးမှာဖြစ်လို့ ဘာတွေလဲဆိုတာ အတူတူလေ့လာကြည့်ကြရအောင်။

ZZ အပင် - ဘဝကိုကံကောင်းစေခြင်း၊ တည်ငြိမ်ပြီး သာယာဝပြောစေနိုင်စွမ်းရှိသည်။

ခေတ္တာပန်း - ကံကြမ္မာကိုတိုးမြှင့်စေပြီး အနာဂတ်တွင် မကောင်းသောနိမိတ်များ ကြိုမြင်နိုင်စေကာ ရှောင်ရှားနိုင်ရန် အသိပေးနိုင်စွမ်းရှိသည်။

ခေါင်ရမ်းပန်း - အသက်မွေးဝမ်းကြောင်းကိုတိုးတက်စေပြီး အတားအဆီးများကိုဖယ်ရှားပေးနိုင်စွမ်းရှိသည်။

ထပ်တရာပန်း - ဘဝကိုတိုးတက်မှုရှိစေပြီး ချမ်းသာကြွယ်ဝတိုးတက်အောင် ကူညီပေးနိုင်စွမ်းရှိသည်။

ငုဝါပန်း - ဂုဏ်သတင်းကျော်ကြားစေပြီး ပတ်ဝန်းကျင်ရှိလူအများစိတ်တွင် ကောင်းသောပုံရိပ်မွှေးပျံ့အောင် မြှင့်တင်ပေးနိုင်စွမ်းရှိသည်။

သပြေပင် - အနာဂတ်အတွက် အစီအစဉ်များနှင့် စိတ်ကူးများသည် အောင်မြင်ပြီး လွယ်ကူစွာ ပြီးမြောက်စေနိုင်သည်။

စကြာပန်း - စိတ်ပူပင်မှုတွေနဲ့ အန္တရာယ်တွေကိုကင်းဝေးစေပြီး စိတ်ချမ်းသာပျော်ရွှင်စေနိုင်သည်။

စံပယ်ပန်း - မိသားစုဝင်များကြား ဖြူစင်သောမေတ္တာကို တိုးပွားစေသည့်အပြင် သင့်အား လူချစ်လူခင်များစေနိုင်သည်။

ခရေပန်း - သစ်ပင်ကဲ့သို့ သင်နှင့်မိသားစုဝင်များကို အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေသည်။

သင့်အိမ်မှာ ဘယ်အပင်တွေရှိလဲ? သင့်စိတ်ဆန္ဒနဲ့ ကံကြမ္မာအပေါ်ကိုရော အကျိုးသက်ရောက်မှုတမျိုးရှိတယ်ဆိုတာ ခံစားရလားပြောပြပေးပါ?

Credit!
12/07/2024

Credit!

Credit! #နတ်သစ်ရွက်
12/07/2024

Credit!
#နတ်သစ်ရွက်

Landscape Idea!Credit!
10/07/2024

Landscape Idea!
Credit!

Tropical Landscape Plants!
08/07/2024

Tropical Landscape Plants!

Address

No. (15/127), Paung Laung (17) Street
Nay Pyi Taw

Telephone

+959797399970

Website

Alerts

Be the first to know and let us send you an email when နတ္သစ္ရြက္ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share