24/07/2023
အသက် ၉၂ နှစ်အရွယ် အဘိုးကြီးတစ်ယောက်လူအိုရုံကိုရောက်လာတယ်။ နှစ်ပေါင်း ၇၀ လောက် ပေါင်းလာခဲ့တဲ့ သူ့ရဲ့ချစ်ဇနီး မကြာခင်က ကွယ်လွန်သွားခဲ့တယ်။
မှီခိုစရာ ကျောထောက်နောက်ခံ သား
သမီးမရှိ။ အိုးပိုင် အိမ်ပိုင်ကမရှိ စုဆောင်းထားတဲ့ ငွေကလည်းနတ္ထိဆိုတော့ လူအိုရုံကိုရောက်လာတာပါ။
လူအိုရုံဧည့်ခန်းမှာ နာရီအတော်ကြာ စောင့်နေပြီး ဝန်ထမ်းအမျိူးသားတစ်ဦးက အခန်းအဆင်သင့်ဖြစ်ပြီလို့လာပြောပြီး သူ့ကို တွဲခေါ်သွားပါတယ်။
လမ်းသွားရင်းဝန်ထမ်းက ပြောတယ်။ အဘ နေမဲ့ အခန်းဟာ ကျဉ်းပေမဲ့ နေရောင်ရတယ်။ ခန်းဆီးက အစိမ်းနုရောင်ပါ ။ အဘကြိုက်ရဲ့လားဆိုတော့"ငါအခန်းကို သိပ်ကြိုက်ပါတယ် "လို့ ၈ နှစ်သားအရွယ်ခလေးတစ်ယောက် ပါပီခွေးလေးတစ်ကောင်ရလို့ပျော်သလို အားရပါးရ ပြန်ပြောလိုက်ပါတယ်။
ဝန်ထမ်းက…အဘ!!!! "အခန်းထဲတောင် မဝင်ရသေးဘဲ ဘာလို့ကြိုက်တယ်လို့ ပြောရတာလဲ"လို့ တအံ့တသြ မေးလိုက်တယ်။
အဘိုးကြီးက…"အခန်းကြည့်စရာ မလိုပါဘူးကွာ။
ပျော်ရွှင်မူ့ဆိုတာ ကြိုတင်ရွေးချယ်လို့ ရပါတယ်""
အခန်းထဲက ပရိဘောဂတွေ--အခန်းအရောင်တွေနဲ့မဆိုင်ပါဘူး။ "ငါဖြစ်ချင်တဲ့ အခန်းကို ငါ့စိတ်ထဲမှာဆုံးဖြတ်ထားပြီးပြီ" ငါဒီလို ကြိုတင်ဆုံးဖြတ်တဲ့အကျင့်ကိုလုပ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ အိပ်ရာကနိုးတာနဲ့ ဒီနေ့ဟာ ငါ့အတွက် "ပျော်စရာနေ့"ဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီးပြီ။
""အသက်ရှင်နေသ၍ နေ့တိုင်းဟာ တန်ဖိုးရှိတယ်""
အဲလိုတန်ဖိုးရှိတဲ့ နေ့တွေကို "စိတ်ညစ်စရာ, စိတ်ဆင်းရဲစရာ၊ သောက ဖြစ်စရာတွေနဲ့ ဘာလို့ကုန်ဆုံးစေရမှာလဲ။ ရခဲတဲ့ လူ့ဘဝကို အချိန်ပြည့် စိတ်ချမ်းချမ်းသာသာနဲ့နေနိုင်အောင် နေတတ်ဖို့လိုတယ်။
တန်ဖိုးရှိတဲ့ နေ့ရက်တိုင်းအတွက် ဒါလေးတွေကို လိုက်နာကြဖို့ လိုပါတယ်…………
၁-- ရင်ထဲမှာ အမုန်းစိတ် မထားနဲ့။
၂-- စိုးရိမ် သောကကို ဖျောက်ပါ။
၃-- ရိုးရိုးလေးနေ,ရှိတာလေးနဲ့ တင်းတိမ် ရောင့်ရဲပါ။
၄-- ပေးကမ်း စွန့်ကြဲပါ
၅-- အရမ်းကြီး မျှော်လင့်ချက် မထားပါနဲ့။
ပျော်ရွှင်မှုဆိုတာ စိတ်က အဓိကပါ။
Credit- ဗန်မော်သိန်းဖေ