Green Paradise Naypyitaw

Green Paradise Naypyitaw Online Shopping for plants and flowers

ရုံးချိန်အတွင်း အလုပ်လေးတစ်ခုခုထပ်လုပ်ချင်လို့ ဈေးလေးနည်းနည်းရောင်းပါရစေရှင့်😛🥰🥰 အားပေးကြပါအူးနော်🫶🫶🫶🤝High Qualityအမြင့်...
18/09/2023

ရုံးချိန်အတွင်း အလုပ်လေးတစ်ခုခုထပ်လုပ်ချင်လို့ ဈေးလေးနည်းနည်းရောင်းပါရစေရှင့်😛🥰🥰 အားပေးကြပါအူးနော်🫶🫶🫶🤝

High Qualityအမြင့်လိုင်း electric pot အိုး(24cm )sizeလေးတွေ

ကြော်ကြော် ချက်ချက် ခေါက်ဆွဲပြုတ် hotpot အကုန်လုပ်စားလို့ရပြီး size လေးက အနေတော်လေးမို့ နေရာလဲအရမ်းမယူဘဲ ပုံစံလေးကအစ ချစ်စရာကောင်းတဲ့ electric pot လေးပါ😘😘Quality ကလဲ ပြောစရာမလိုအောင် ရှယ်ကောင်းလို့ သုံးဖူးသူတိုင်း အရမ်းကြိုက်ကြတဲ့ electric pot အိုးလေးပါရှင့်🍲🫕🥣🥘
ကိုယ်တော့ ခုနောက်ပိုင်း အိမ်မှာ hotpot ကို ဒါလေးနဲ့ပဲ လုပ်စားနေတာ.အရမ်းအဆင်ပြေသောပဲ👍👍👍

Price - 16500
အိမ်အရောက်ငွေချေdeliရှိပါတယ်ရှင့်
09762235677

အသက် ၉၂ နှစ်အရွယ် အဘိုးကြီးတစ်ယောက်လူအိုရုံကိုရောက်လာတယ်။ နှစ်ပေါင်း ၇၀ လောက် ပေါင်းလာခဲ့တဲ့ သူ့ရဲ့ချစ်ဇနီး မကြာခင်က ကွယ...
24/07/2023

အသက် ၉၂ နှစ်အရွယ် အဘိုးကြီးတစ်ယောက်လူအိုရုံကိုရောက်လာတယ်။ နှစ်ပေါင်း ၇၀ လောက် ပေါင်းလာခဲ့တဲ့ သူ့ရဲ့ချစ်ဇနီး မကြာခင်က ကွယ်လွန်သွားခဲ့တယ်။
မှီခိုစရာ ကျောထောက်နောက်ခံ သား
သမီးမရှိ။ အိုးပိုင် အိမ်ပိုင်ကမရှိ စုဆောင်းထားတဲ့ ငွေကလည်းနတ္ထိဆိုတော့ လူအိုရုံကိုရောက်လာတာပါ။

လူအိုရုံဧည့်ခန်းမှာ နာရီအတော်ကြာ စောင့်နေပြီး ဝန်ထမ်းအမျိူးသားတစ်ဦးက အခန်းအဆင်သင့်ဖြစ်ပြီလို့လာပြောပြီး သူ့ကို တွဲခေါ်သွားပါတယ်။

လမ်းသွားရင်းဝန်ထမ်းက ပြောတယ်။ အဘ နေမဲ့ အခန်းဟာ ကျဉ်းပေမဲ့ နေရောင်ရတယ်။ ခန်းဆီးက အစိမ်းနုရောင်ပါ ။ အဘကြိုက်ရဲ့လားဆိုတော့"ငါအခန်းကို သိပ်ကြိုက်ပါတယ် "လို့ ၈ နှစ်သားအရွယ်ခလေးတစ်ယောက် ပါပီခွေးလေးတစ်ကောင်ရလို့ပျော်သလို အားရပါးရ ပြန်ပြောလိုက်ပါတယ်။

ဝန်ထမ်းက…အဘ!!!! "အခန်းထဲတောင် မဝင်ရသေးဘဲ ဘာလို့ကြိုက်တယ်လို့ ပြောရတာလဲ"လို့ တအံ့တသြ မေးလိုက်တယ်။

အဘိုးကြီးက…"အခန်းကြည့်စရာ မလိုပါဘူးကွာ။
ပျော်ရွှင်မူ့ဆိုတာ ကြိုတင်ရွေးချယ်လို့ ရပါတယ်""
အခန်းထဲက ပရိဘောဂတွေ--အခန်းအရောင်တွေနဲ့မဆိုင်ပါဘူး။ "ငါဖြစ်ချင်တဲ့ အခန်းကို ငါ့စိတ်ထဲမှာဆုံးဖြတ်ထားပြီးပြီ" ငါဒီလို ကြိုတင်ဆုံးဖြတ်တဲ့အကျင့်ကိုလုပ်ခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။ အိပ်ရာကနိုးတာနဲ့ ဒီနေ့ဟာ ငါ့အတွက် "ပျော်စရာနေ့"ဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီးပြီ။

""အသက်ရှင်နေသ၍ နေ့တိုင်းဟာ တန်ဖိုးရှိတယ်""

အဲလိုတန်ဖိုးရှိတဲ့ နေ့တွေကို "စိတ်ညစ်စရာ, စိတ်ဆင်းရဲစရာ၊ သောက ဖြစ်စရာတွေနဲ့ ဘာလို့ကုန်ဆုံးစေရမှာလဲ။ ရခဲတဲ့ လူ့ဘဝကို အချိန်ပြည့် စိတ်ချမ်းချမ်းသာသာနဲ့နေနိုင်အောင် နေတတ်ဖို့လိုတယ်။

တန်ဖိုးရှိတဲ့ နေ့ရက်တိုင်းအတွက် ဒါလေးတွေကို လိုက်နာကြဖို့ လိုပါတယ်…………

၁-- ရင်ထဲမှာ အမုန်းစိတ် မထားနဲ့။
၂-- စိုးရိမ် သောကကို ဖျောက်ပါ။
၃-- ရိုးရိုးလေးနေ,ရှိတာလေးနဲ့ တင်းတိမ် ရောင့်ရဲပါ။
၄-- ပေးကမ်း စွန့်ကြဲပါ
၅-- အရမ်းကြီး မျှော်လင့်ချက် မထားပါနဲ့။

ပျော်ရွှင်မှုဆိုတာ စိတ်က အဓိကပါ။

Credit- ဗန်မော်သိန်းဖေ

👉လေးလံနေတဲ့အရာတိုင်းကို  လွှတ်ချဖို့ ကြိုးစားကြရပါမယ်တစ်ခါတုန်းက စာသင်ခန်းထဲမှာ ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ ရေအချို့...
16/07/2023

👉လေးလံနေတဲ့အရာတိုင်းကို လွှတ်ချဖို့ ကြိုးစားကြရပါမယ်

တစ်ခါတုန်းက စာသင်ခန်းထဲမှာ
ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ
ရေအချို့ထည့်ပြီး မတ်တပ်ရပ်လိုက်တယ် ။

သူက ကျောင်းသားအားလုံးမြင်ရအောင်ဖန်ခွက်ကို
ကိုင်မြှောက်ပြလို့ ကျောင်းသားတွေကို
မေးလိုက်တယ် ။

''ဒီဖန်ခွက်အလေးချိန်က
ဘယ်လောက်ရှိတယ်လို့ မင်းတို့ထင်လဲ '' တဲ့ ။

ကျောင်းသားတွေက...

''၅၀ ဂရမ် ''
"၁၀၀ ဂရမ် ”
"၁၂၅ ဂရမ် ” လို့ ပြန်ဖြေကြတယ် ။

ဖရော်ဖက်ဆာကလည်း ဆက်ပြောတယ်...

" ဒီဖန်ခွက်ကို ချိန်မကြည့်ဘဲနဲ့
ဆရာလဲ တိတိကျကျ မသိနိုင်ဘူး ”

" ဒါပေမယ့်...
ဆရာမေးချင်တာက ဒီဖန်ခွက်ကို
ဒီအတိုင်းမိနစ်အနည်းငယ်ကိုင်ထားရင်
ဘာဖြစ်နိုင်သလဲ ”

ကျောင်းသားတွေက...
"ဘာမှမဖြစ်နိုင်ပါဘူး ဆရာ ” လို့ ပြန်ဖြေတယ် ။

" ကောင်းပြီ...
ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း
ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ” လို့
ပရော်ဖက်ဆာက ထပ်မေးတယ် ။

ကျောင်းသာတွေထဲက တစ်ယောက်က...
"ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ”လို့ ဖြေတယ် ။

"မင်းမှန်တယ်...
ကဲ ဒါဆို ဒီအတိုင်း တစ်ရက်လောက်ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ”

ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီး...

" ဆရာ့လက် ထုံကျင်လာမယ် ကြွက်သားတွေ
နာလာမယ် တောင့်တောင့်ကြီးဖြစ်သွားမယ်...
ပြီးတော့ ဆေးရုံသွားရမှာ ကြိမ်းသေပါပဲ ” လို့
ပြောတယ် ။

တခြားကျောင်းသားတွေက ဝိုင်းရယ်ကြတယ် ။

"အရမ်းကောင်းတယ်...
ဒါပေမယ့် အခုလို လုပ်ခဲ့တဲ့အချိန်တိုင်းမှာ
ဖန်ခွက်ရဲ့အလေးချိန်ပြောင်းလဲသွားနိုင်သလား ” လို့
ပရော်ဖက်ဆာက ဆက်မေးတယ် ။

ကျောင်းသားအားလုံးက...
" မပြောင်းလဲနိုင်ပါဘူး ” လို့ ဝိုင်းဖြေကြတယ် ။

" ဒါဆို ဘာလို့ လက်တွေနာပြီးကြွက်သားတွေ
ထုံကျင်တာတွေဖြစ်လာရတာလဲ ”

ကျောင်းသားတွေအားလုံးမဖြေနိုင်ပဲ
အကြံအိုက်သွားကြတယ် ။

ပရော်ဖက်ဆာက...
" ဒါဆို အခုလို နာကျင်တာတွေက သက်သာအောင်
ဘယ်လိုလုပ်သင့်သလဲ ” လို့ ထပ်မေးတယ်။

" ဖန်ခွက်ကို လွှတ်ချလိုက်ရုံပါ ဆရာ ” လို့ ကျောင်းသားတစ်ယောက်ကဖြေတယ် ။

" အမှန်ကန်ဆုံးပဲ ”
ပရော်ဖက်ဆာက ဆက်ပြောတယ် ။

" ဘဝရဲ့ ပြဿနာတွေဆိုတာ
အခုသင်ခန်းစာနဲ့အတူတူပဲ...
ဦးခေါင်းထဲကို ပြဿနာတွေ
မိနစ်အနည်းငယ်လောက်ထည့်ထားရင်
ဘာမှမဖြစ်ဘူး..အိုကေတယ်...
အဲဒီ ပြဿနာတွေကို
အကြာကြီးခေါင်ထဲမှာထည့်လို့
တွေးနေရင်တော့
စတင်ပြီးခေါင်းကိုက်လာလိမ့်မယ် ။ ”

" ဘဝမှာ စိန်ခေါ်မှုတွေ ပြဿနာတွေကို
ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရေးကြီးတယ်...

ဒါပေမယ့်...

အဲဒါထက်အရေးကြီးတာကတော့ - -

==========================
သင်အိပ်ရာမဝင်ခင် နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့
ပြဿနာတွေကို လွှတ်ချလိုက်ဖို့ပါပဲ...။
==========================

စိတ်ဖိစီးမှုမရှိဘဲ နိုးထလာတဲ့မနက်ခင်းဟာ
လန်းဆန်းပြီး ကြံ့ခိုင်သန်စွမ်းနေလိမ့်မယ် " လို့...

ပရော်ဖက်ဆာကပြောပြီး..
ကျောင်းသားတွေကို ဥပမာလေးနဲ့
သင်္ခန်းစာပေးခဲ့ပါတယ်...။

ဒီလိုပါပဲ....

ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်တာထက်
စိတ်ပင်ပန်းနွမ်းနယ်တာက ပိုပြီးဆိုးဆိုးဝါးဝါး
ဖြစ်နိုင်ခြေ အများဆုံးပါပဲပါ...။

လောကမှာ ဆိုရိုးစကားတစ်ခုကို
သင်လဲ သိမှာပေါ့...

" စိတ်ထောင်းကိုယ်ကြေ စိတ်ပျိုကိုယ်နု " ဆိုတာလေ..

ဒီတော့...

သင့်ခေါင်းထဲမှာ
စိတ်ကိုထောင်းနေတဲ့ အတွေးတွေကို
တစ်နေ့တာ
လန်းဆန်းပြီးကြံ့ခိုင်သန်စွမ်းနိုင်ဖို့..

ပရော်ဖက်ဆာ ပြောသလို...

" ဒီကနေ့အတွက် ဖန်ခွက်ကို လွှတ်ချလိုက်ပါ " ။

Credit မူရင်း

😅🤣အမှန်တရားတွေ
14/07/2023

😅🤣
အမှန်တရားတွေ

ယူတို့ နာမည်ဘာလဲဟင် 😅မင်မင်က ဧကရီစိန်စိန်ပါ😄
07/07/2023

ယူတို့ နာမည်ဘာလဲဟင် 😅
မင်မင်က ဧကရီစိန်စိန်ပါ😄

din din🤤ယွကျားက ဆီချက် ကိုယ်ကခေါက်ဆွဲပြုတ်
07/07/2023

din din🤤
ယွကျားက ဆီချက် ကိုယ်ကခေါက်ဆွဲပြုတ်

🤤🤤🤤
03/07/2023

🤤🤤🤤

မိုတီဗေးရှင်း စပီကာ 😛😛😛
02/07/2023

မိုတီဗေးရှင်း စပီကာ 😛😛😛

ငဗစ်အချိန်က ရုံးမသွားရတော့ အလုပ်အားနေလို့ ခဏခဏ တစ်မျိုးပြီးတစ်မျိုး လက်တည့်စမ်းရင်း အရမ်းကြိုက်ပြီး စားကောင်းတဲ့ မုန့်လက...
01/07/2023

ငဗစ်အချိန်က ရုံးမသွားရတော့ အလုပ်အားနေလို့ ခဏခဏ တစ်မျိုးပြီးတစ်မျိုး လက်တည့်စမ်းရင်း အရမ်းကြိုက်ပြီး စားကောင်းတဲ့ မုန့်လက်ကောက်ကြော်လေး🤤

The first organic baby spicy🌶️🌶️🌶️
28/06/2023

The first organic baby spicy🌶️🌶️🌶️

ယူတို့ရော🤑🤑🤑
27/06/2023

ယူတို့ရော🤑🤑🤑

အဟီး
22/06/2023

အဟီး

Address

Taungnyo Street
Naypyidaw
15011

Alerts

Be the first to know and let us send you an email when Green Paradise Naypyitaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green Paradise Naypyitaw:

Share

Category