Ayar Oo Paint Shop - ဧရာဦး သင်္ဘောဆေးဆိုင်

  • Home
  • Myanmar
  • Pyawbwe
  • Ayar Oo Paint Shop - ဧရာဦး သင်္ဘောဆေးဆိုင်

Ayar Oo Paint Shop - ဧရာဦး သင်္ဘောဆေးဆိုင် သင်္ဘောဆေး၊အိမ်သုတ်ဆေး၊ပေါလစ်ဆေးန?

Jotun Myanmar မှ သင်္ကြန်နှစ်သစ်ကူးလက်ဆောင်💛
10/04/2023

Jotun Myanmar မှ သင်္ကြန်နှစ်သစ်ကူးလက်ဆောင်💛

🌈အတွင်းဆေး နှင့် အပြင်ဆေး ကွာခြားချက်များအကြောင်း🌈 #အတွင်းဆေးအတွင်းဆေးကို အပြင်မှာ သုံးလို့ရလား အိမ်သုတ်ဆေးမှာ အတွင်းဆေး...
22/08/2022

🌈အတွင်းဆေး နှင့် အပြင်ဆေး ကွာခြားချက်များအကြောင်း🌈

#အတွင်းဆေး

အတွင်းဆေးကို အပြင်မှာ သုံးလို့ရလား

အိမ်သုတ်ဆေးမှာ အတွင်းဆေး နဲ့ အပြင်ဆေး ဆိုပြီး အဓိက နှစ်မျိုးခွဲထားလေ့ရှိကြပါတယ်

ဆေးစသုတ်တော့မယ်ဆိုရင် အတွင်းဆေးသုတ်မလား ၊ အပြင်ဆေးသုတ်မလား အရင်စဉ်စားပေးရပါမယ်။ စျေးနူန်းနှင့် အသုံးပြုရမယ့်နေရာ ( အတွင်း၊ အပြင်)
ပေါ်မူတည်ပြီး ဆေးအမျိုးအစား ခွဲခြားပေးလို့ရပါတယ်။

ဒီ post ထဲမှာ လေ့လာရမယ့်အကြောင်းအရာတွေကတော့

၁. အတွင်းဆေးအကြောင်း
၂.အပြင်ဆေး အကြောင်း
၃.အတွင်းဆေး နှင့် အပြင်ဆေးတို့ကွာခြားချက်
၄.အတွင်းဆေးကို အပြင်ဆေးမှာ သုံးလို့ရသလား
၅.အပြင်ဆေးကို အတွင်းဆေးမှာသုံးလို့ရသလား
စသည့်အကြောင်း အရာများကိုမျှဝေပေးချင်ပါတယ်

👉 #အတွင်းဆေးအကြောင်း

အိမ် ၊ အဆောက်အအုံရဲ့ အတွင်းပိုင်းမျက်နာပြင် ၊ နေရာ ၊ နံရံ နှင့်မျက်နှာကျက် အတွင်မှာထားသည့်ပရိဘောဂများကို ဆေးသုတ်တော့မယ်ဆိုရင် အတွင်းဆေးကို သုတ်ပေးရပါတယ်။ အိမ်အတွင်းပိုင်းကို သုတ်တဲ့ဆေးဖြစ်လို့ ( Interior paint ) လို့အသုံးပြုကြပါတယ်။

👉 #အပြင်ဆေးအကြောင်း

အိမ် ၊ အဆောက်အအုံရဲ့အ​​​ပြင်ပိုင်း မျက်နှာပြင် ၊ နေရာ ၊ နံရံ နှင့်အပြင်မှာထားသည့်ပရိဘောဂ များကို ဆေးသုတ်တော့မယ်ဆိုရင် အပြင်ဆေးကို သုတ်ပေးရပါတယ်။ အိမ်အပြင်ပိုင်းကိုသုတ်တဲ့ဆေးဖြစ်လို့ ( Exterior paint) လို့အသုံးပြုကြပါတယ်။

👉 #အတွင်းဆေးနှင့်အပြင်ဆေးတို့ကွာခြားချက်

ရာသီဉတုဒဏ်ခံနိုင်မူ့ပေါ်မူတည်ပြီး အတွင်းဆေး နှင့် အပြင်ဆေးတို့ကြား အဓိက ကွာခြားသွားတာတွေ့ရပါတယ်။

အပြင်ဆေးကို ရာသီဉတုဒဏ် ( နေ ၊ လေ ၊ မိုး) ခံနိုင်အောင် ထုတ်လုပ်ထားပါတယ်။ အပြင်မှာထားသည့် နေရာ ၊ နံရံ နှင့် ပရိဘောဂ များဖြစ်သည့်အတွက် အပြင်ရာသီဉတုဒဏ် အချိန်မရွေး ခံနိုင်ရပါတယ်။ ဒါကြောင့်အပြင်ဆေးများမှာ နေရောင်ခြည် ခံနိုင်ဒဏ် ခံနိုင်စွမ်း UV Resistance ( ultra voilet ( UV) light or sunlight) နှင့် မိုးဒဏ်ခံနိုင်ရန် WR ( Weather Resistance) ပါရှိပါတယ်။
အပြင်ဆေးများသည် အတွင်းဆေးများထက် ပိုပြီး မာကျောကြပါတယ်။ စွဲကပ်အား ပိုကောင်းကြပါတယ်။ အကြောင်းက အပြင်ရာသီဉတုဒဏ်ပိုခံနိုင်အောင် အထူးထုတ်လုပ်ထားတာဖြစ်သည့်အတွက် အတွင်းဆေးထက် အာသာချက်များရှိကြပါတယ်။

အတွင်းဆေးကိုတော့ ရာသီဉတုဒဏ် ခံနိုင်အောင်ထက် တန်ဖိုးကြီးပြီး လှပသည့်ဆေးမျက်နှာပြင်များ ပိုင်ဆိုင်နိုင်​ရန် အထူးထုတ်လုပ်ထားပါသည်။ အတွင်းပိုင်းမှာ သုတ်ရသည့်ဖြစ်သည့်အတွက် ရာသီဉတုဒဏ် ကြောင့်ပျက်စီးမူ့အတွက် အထူးစိုးရိမ်စရာမလိုပါ။ အတွင်းဆေး အားသာချက်တစ်ခုမှာ အပြင်ဆေးထက် အတွင်းဆေးက တူညီတဲ့ဆေးအမျိူးအစားမှား စျေးနူန်းပိုနည်းပြီး Gloss ပိုဖြစ်တာကို တွေ့ရပါမယ်။

👉 #အတွင်းဆေးကိုအပြင်မှာသုတ်လို့ရသလား?

အတွင်းဆေးကို အိမ်အတွင်းမှာသာသုတ်ပေးပါ။ အတွင်းဆေးကို အပြင်မှာသာ သုတ်လိုက်မယ်ဆိုရင် အတွင်းဆေးမှာ UV နှင့် WR တွေမပါတာကြောင့် လပိုင်းအတွင်း ဆေးသားကွာကျတာ ၊ ဆေးအရောင်မှိန်သွားတာတွေဖြစ်တတ်ပါတယ်။

👉 #အပြင်ဆေးကိုအတွင်းပိုင်းမှာသုတ်လို့ရသလာ?

အပြင်ဆေးကို အိမ်အပြင်မှာသုတ်ပြီး အတွင်းဆေးကို အိမ်အတွင်းမှာ သုတ်ရင် ပိုမိုသင့်တော်ကောင်းမွန်လှပပြီး ကြာရှည်ကောင်းမွန်တဲ့ အရည်အသွေးကို ရရှိမှာဖြစ်ပါတယ်
အတွင်းဆေးမှာလည်း သူ့အမျိုးအစားလိုက် အတွင်းပိုင်းအတွက် အားသာချက်နှင့် သင့်တော်မူ့များရှိထားပြီးဖြစ်လို့ အိမ်အတွင်းပိုင်းသုတ်မယ်ဆိုရင် အတွင်းဆေးကိုပဲ အသုံးပြုပေးဖို့အကြုံပြုချင်ပါတယ်။

#သတိပြုရမှာက - အတွင်းဆေးကို အပြင်မှာ မသုတ်မိဖို့တော့ သတိထားမိဖို့လိုပါတယ်။ 😊😊

Today Jotun paint sold out😍Jotaplast အတွင်းဆေး (18L) - 8 ပုံးJotatough အပြင်ဆေး (18L) - 7 ပုံးTough Shield အပြင်ဆေး (5L)...
13/08/2022

Today Jotun paint sold out😍

Jotaplast အတွင်းဆေး (18L) - 8 ပုံး
Jotatough အပြင်ဆေး (18L) - 7 ပုံး
Tough Shield အပြင်ဆေး (5L) - 2 ပုံး
Jotaplast primer အတွင်းဆီလာ (18L) - 3 ပုံး
Easy Primer အပြင်ဆီလာ (18L) - 1 ပုံး

ယခုလို ဝယ်ယူအားပေးပါသော customer အား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

မိမိတို့ နေအိမ်လေး 🏠ကို Jotun paint ဖြင့် အလှဆင်ချင်ရင် ဧရာဦးသင်္ဘောဆေးဆိုင်ကို သတိရလိုက်ပါနော် 🤗🤗
အသေးစိတ်သိရှိလိုလျှင် Hello လိုက်လို့ ရပါတယ်ခင်ဗျာ
09-969219566,09-969219577,09-43207113

⭐️ဆယ်စုနှစ်တိုင်အောင်စွဲမြဲတဲ့ အိမ်သုတ်ဆေးအသုံးပြုလိုသူတိုင်းအတွက် Jotun အိမ်သုတ်ဆေးတွေရှိနေပြီနော် .. 👉 နော်ဝေနိုင်ငံအခ...
02/08/2022

⭐️ဆယ်စုနှစ်တိုင်အောင်စွဲမြဲတဲ့ အိမ်သုတ်ဆေးအသုံးပြုလိုသူတိုင်းအတွက် Jotun အိမ်သုတ်ဆေးတွေရှိနေပြီနော် ..

👉 နော်ဝေနိုင်ငံအခြေစိုက် Jotun ဆေးတွေက အရည်အသွေးမြင့်နည်းပညာအသုံးပြုထားလို့ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် စွဲမြဲတဲ့ဆေးသားကိုရရှိစေမှာပါ..

👉အရောင်မှိန်၊ အရောင်ကျခြင်းလုံးဝမရှိလို့ သုံးစွဲသူတိုင်း စိတ်ချမ်းသာရတဲ့ဆေးလေးပါ..

Jotun ဆေးတွေကို အတွင်း၊အပြင် ရေဆေး၊ ဆီဆေး၊ မျိုးစုံကို ရွေးချယ်စရာစုံလင်စွာ ထုတ်လုပ်ပေးထားပါတယ်..

အပြင်ဆေး
-Jotashield Color Extreme
-Jotashield Antifade
-Essence Tough Shield
-Jotatough

အတွင်းဆေး
-Majestic True Beauty
-Essence Cover Plus (Sheen)
-Essence Cover Plus (Matt)
-Jotaplast

ဆီဆေး
-Jotun Gardex
-Jotun Hi- Gloss

အစရှိတဲ့ ဆေးအမျိုးမျိုးကို ဈေးနှုန်းမှန်ကန်စွာနဲ့ရောင်းချပေးနေပါတယ်ခင်ဗျာ...

Premium level ဖြစ်လို့ အရည်အသွေးက 💯
အရောင်နုနုလေးလား?
အရောင်လွင်လွင်လေးလား?
အရောင်တောက်တောက်လေးလား?

🤗 Jotun ဆေးမျိုးစုံကို ခေတ်မှီစက်ကြီးတွေနဲ့ ဖျော်စပ်ရောင်းချပေးနေတာမို့လို့ စိတ်ကြိုက်ဝယ်ယူနိုင်ဖို့ အခုပဲလှမ်းလာခဲ့တော့နော် ...

Ayar Oo Paint Shop - ဧရာဦး သင်္ဘောဆေးဆိုင်
🚩အနော်ရထာလမ်း၊ကျောက်တိုင်ကွင်းအရှေ့ဘက်၊ပျော်ဘွယ်မြို့ ။
☎️ 09-969219566, 09-969219577, 09-43207113




Jotun product များဆိုင်မှာ ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ-အတွင်းဆေး-အပြင်ဆေး-Primer အမျိုးမျိုး-Jotun Putty
27/06/2022

Jotun product များဆိုင်မှာ ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ

-အတွင်းဆေး
-အပြင်ဆေး
-Primer အမျိုးမျိုး
-Jotun Putty



12/04/2022

💐💦 💦 ချစ်ခင်လေးစားရပါသော မိတ်ဟောင်းမိတ်သစ်များ ခင်ဗျား...💦💦💐

ဧရာဦး သင်္ဘောဆေးဆိုင်အား

13.4.2022 အကြိုနေ့မှ 17.4.2022 နှစ်ဆန်းတစ်ရက်နေ့ထိ (၅)ရက် ဆိုင်ပိတ်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည် 💦💦💦

18.4.2022 ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပါမည် 🤗

အိမ်သုတ်ဆေးနှင့်ပတ်သတ်ပြီး တစ်နေရာထဲမှာ စုံလင်စွာ ရရှိလိုလျှင် ဧရာဦး သင်္ဘောဆေးဆိုင် ရှိပါတယ်ခင်ဗျာ 📣📣📣- JOTUN အဆင်မြင့်...
07/04/2022

အိမ်သုတ်ဆေးနှင့်ပတ်သတ်ပြီး တစ်နေရာထဲမှာ စုံလင်စွာ ရရှိလိုလျှင် ဧရာဦး သင်္ဘောဆေးဆိုင် ရှိပါတယ်ခင်ဗျာ 📣📣📣

- JOTUN အဆင်မြင့် အိမ်သုတ်ဆေး (ကွန်ပျူတာစပ်ဆေး)
- UPG ဆီဆေး၊ C-20 ဆီဆေး
- UPG UE,OE ရေဆေး
- UPG Premier ကွန်ပျူတာစပ်ဆေး
- Nippon ဆီဆေး၊ ရေဆေး
- Master ကားဆေး, 2Kလိုက်ကာ
- ကားပတ်တီးမျိုးစုံ (ATM, M6, V6)
- ပေါလစ်ဆေးအမျိုးမျိုး (BHI, INCHEM, JOTUN)
- Bosny မှုတ်ဆေး, Nippon မှုတ်ဆေး
- ဆေးသုတ်ပစ္စည်းအမျိုးမျိုး
- ဆီဆေးရေဆေး ဆေးမှုတ်စက်, ဆေးမွှေစက်
- ပတ်တီးမှုန့်အိတ်မျိုးစုံ

လိုအပ်တာများရှိခဲ့ရင် Hello လိုက်လို့ရပါတယ်ခင်ဗျာ
09969219566, 09969219577, 0943207113

ဆိုင်လိပ်စာလေးက 👉 အနော်ရထာလမ်း၊ကျောက်တိုင်ကွင်းအရှေ့ဘက် (ဒေါ်ဝင်းလက်ဖက်ဆိုင်နှင့် မျက်နှာချင်းဆိုင်) ၊ ပျော်ဘွယ်မြို့

ဒီ Post လေးကို Like&Share လုပ်ပေးတဲ့ ပထမဆုံး အယောက် ၃၀ ကို Ph Bill လက်ဆောင်ထည့်ပေးပါမယ်နော် 😍😍
Ph No လေးတွေ မန့်ခဲ့ပေးနော် 🤗

ဆေးသုတ်နည်းစနစ် ************************************************🔸အကောင်းဆုံး အိမ်သုတ်ဆေးကို ရွေးချယ်နိုင်ဖို့ ဆေးသုတ်နည်...
28/11/2021

ဆေးသုတ်နည်းစနစ်
************************************************
🔸အကောင်းဆုံး အိမ်သုတ်ဆေးကို ရွေးချယ်နိုင်ဖို့ ဆေးသုတ်နည်းစနစ်ကို သိဖို့လိုပါတယ်။ ဆေးသုတ်နည်းစနစ်တွေ အများကြီးရှိပါတယ်။

**အသုံးများတဲ့ ဆေးသုတ်နည်းစနစ်တွေကတော့

၁.နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ဆေးသုတ်နည်းစနစ် နှင့်
၂. Local ( မြန်မာ ) မှာ အသုံးပြုကြသည့် ဆေးသုတ်နည်းစနစ် တို့ဖြစ်ပါတယ်။

🔸အင်တာနက်တွေမှာ ဆေးသုတ်နည်းစနစ်တွေကို ရှာဖတ်လေ့လာမယ်ဆိုရင် ဆေးသုတ်ရာတွေ အဆင့် ( 7 ) ဆင့် အသုံးပြုကြတာကို တွေ့ရပါတယ်။

**အဲဒါတွေကတော့

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။

2 - ပထမဆုံး Sealer အောက်ခံဆေးကို သုံးတယ်။

3- Putty ပတ်တီးရိုက်တယ်

4- နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ်တီး နှစ်ခါရိုက်တယ်။

5- Sealer အောက်ခံဆေး ပြန်သုတ်တယ်။

6- ဆေးသား Paint ကို သုတ်တယ်။

7 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

🔸အပေါ်မှာ ဖော်ပြပေးတဲ့ နည်းလမ်းက နိုင်ငံတကာမှာ အသုံးများတဲ့ နည်းလမ်းတွေဖြစ်ပြီး ကျွမ်းကျင်တဲ့ ဆေးဆရာ အတော်များများက Quality ကောင်းတဲ့ ဆေးသားရရှိအောင် အသုံးပြုကြတဲ့ နည်းလမ်းတွေဖြစ်တယ်။

🔸မြန်မာမှာတော့ ဆေးသုတ်လုပ်ငန်းမှာ Local ဆေးသုတ်နည်း (6)ဆင့်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။

** အဲဒါတွေကတော့

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်

2 - Putty ပတ်တီးရိုက်တယ်

3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ်တီး နှစ်ခါရိုက်တယ်။

4 - Sealer အောက်ခံဆေး သုတ်တယ်။

5 - ဆေးသား Paint ကို သုတ်တယ်။

6 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

🔸ပြည်တွင်းဆေးသုတ်နည်းစနစ်မှာတော့ာ နိုင်ငံတကာ ဆေးသုတ်နည်းစနစ်မှာသုံးတဲ့ အောက်ခံဆေး မခံဘဲ ပတ်တီး တစ်ခါတည်း ရိုက်တာပါ။
ဘက်ဂျတ်အခြေအနေကြောင့် ပြည်တွင်းဆေးသုတ်နည်းစနစ်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။ Sealer အကြောင်းကို ရှင်းပြပေးထားပါတယ်။

ဆေးသုတ်နည်းစနစ် နှင့် အဆင့်ဆင့်တွေကို နားလည်ပြီး အဆင့်တိုင်းမှာ လိုအပ်တဲ့ဆေးတွေကို အသုံးပြုပေးရမှာဖြစ်တယ်။ အချို့သော အိမ်ရှင်တွေက အပေါ်ဆုံးမှာ သုတ်တဲ့ဆေး Paint သုတ်တာလောက်ဘဲ နားလည်ကြတယ်။

ပြည်တွင်းနည်းကို အသုံးပြုပြီး ဆေးသုတ်မယ်ဆိုရင်တောင် အနည်းဆုံး အိမ်သုတ်ဆေး ပစ္စည်းသုံးမျိုးလိုပါတယ်။ ပတ်တီး ၊ အောက်ခံဆေး၊ ဆေး Paint တို့ဖြစ်ပါတယ်။အိမ်သုတ်ဆေးလုပ်ငန်းက လွယ်ပြီး အကုန်အကျနည်းတဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ပိုသုံးနိုင်ရင် ပိုကောင်းတဲ့ ဆေသား နှင့် ဝန်ဆောင်မှုတွေကို ရှိမှာဖြစ်တယ်။

ဆေးသုတ်တော့မယ်ဆိုရင် ဆေးသုတ်မယ့်နေရာကို အပူချိန်တိုင်းတာ၊ အစိုဓာတ်တိုင်းတာ ၊ အခြား လုပ်စရာတွေလဲ လုပ်ဖို့လိုပါသေးတယ်။ ဒီအကြောင်းတွေကိုတော့ နောက်မှထပ်ရှင်းပြပေးပါမယ်။

🔸အခုတော့ အဆင့် တစ်ခုချင်းစီကို နည်းနည်း အသေးစိတ်လေး ရှင်းပြပေးချင်တယ်။

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။ ဆေးသုတ်မယ့်နေရာက ညစ်ပတ်နေရင် ဒါမှမဟုတ် အဆီ အစွန်းအထင်းတွေရှိနေရင် အဲပေါ်မှာ ဆေးတစ်ခါတည်းသုတ်လို့မရပါဘူး။ သုတ်မိရင်တောင် ဆေးသားတွေ ရက်ပိုင်းအတွင်းဘဲ အကုန်ပြန် ကွာကျပါလိမ့်မယ်။

ဒါကြောင့် အမြဲတမ်းဆေးသုတ်မယ့်နေရာကို ဆေးဆရာတွေ လမ်းညွှန်ချက်အတိုင်း သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါတယ်။

2- Putty ပတ်တီးရိုက်တယ်
ဆေးသုတ်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီးရင်တော့ Putty ပတ်တီး ရိုက်လို့ရပါပြီ။ ပတ်တီးရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က အပေါ်ဆေး Paint သုတ်တဲ့အခါ (Putty Help smooth surface to colour over )ညီညာသပ်ရပ်တဲ့ ဆေးသားရရှိအောင်ဖြစ်ပါတယ်။ အုတ်နံံရံတွေကို ပတ်တီးရိုက်ပေးခြင်းဖြင့် ဆေးသားအတွက်လိုအပ်တဲ့ ညီညာသည့် မျက်နှာပြင်ကို ရရှိစေပါတယ်။

3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ Step 2မှာ ရိုက်ထားတဲ့ ပတ်တီးခြောက်ပြီးရင် နောက်ထပ် ပတ်တီးတစ်ခါပြန်ရိုက်ပေးရပါတယ်။ ရည်ရွယ်ချက်ကတော့ ပိုညီညာတဲ့ဆေးမျက်နှာပြင်ရရှိအောင်ပါ။ ပထမရိုက်တဲ့ ပတ်တီးက အများအားဖြင့် အုတ်နံရံတွေရဲ့ မညီညာတဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို ညီညာအောင်လုပ်ပေးပါတယ်။ ဒုတိယ ထပ်ရိုက်တဲ ပတ်တီးကတော့ ပတ်တီးကို ပြန်အချောကိုင်ပေးတာဖြစ်ပါတယ်။ ပိုပြီး ညီညာတဲ့ မျက်နှာပြင်ကို ရှိစေပါတယ်။

4 - Sealer အောက်ခံဆေး သုတ်ပေးတယ်။ အောက်ခံဆေးသုတ်ပေးတဲ့ ရည်ရွယ်ချက်ကတော့ အပေါ်ဆုံးမှာ သုတ်မယ့် ဆေးသား Paint တွေ စွဲကပ်အားကောင်းအောင်ပါ။ အချို့နံရံအဟောင်းတွေကို ဆေးသုတ်ရင် ဆေးသားစွဲကပ်အားမကောင်းတာတွေ့ရပါတယ်။ အောက်ခံဆေး Sealer ကို အသုံးပြုခြင်းဖြင့် သုတ်လုက်တဲ့ ဆေးသား Paint တွေ နံရံတွေမှာ စွဲကပ်အားကောင်းစေပါတယ်။ ( Sealer allow the paint to stick to wall or substrate )

5 - ဆေးသား Paint ကို သုတ်တယ်။ Sealer အောက်ခံဆေးသုတ်ပြီးရင်တော့ ဆေးသား Paint ကို သုတ်လို့ရပါပြီ။ လက်နှင့်ကိုင်တွယ်လို့ရပြီး မြင်နိုင်သည့်ဆေးသား Paint ကို သုတ်လို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ Paint ကို ရွေးချယ်အသုံးပြုပေးလို့ရပါတယ်။ ဆေးရွေးချယ်ရာတွေ အရောင် နှင့် ဆေးအမျိုးအစားကို အဓိက ရွေးချယ်ပေးရပါတယ်။

အိမ်သုတ်ဆေးအထဲမှာ အမျိုးအစားအများကြီးရှိပါတယ်။ အတွင်းဆေး ၊ အပြင်ဆေး၊ ရာသီဥတုဒဏ်ခံနိုင်သည့်ဆေး ၊ အပူဒဏ် လျှော့ချပေးသည့်ဆေး ၊ အစွန်းအထင်း ဆေးကြောရန်လွယ်ကူစေသည့်ဆေး ၊ အနံမပြင်းသည့်ဆေး ၊ အလွန်ချောမွေ့သည့်ဆေးသားပိုင်ဆိုင်စေသည့်ဆေး ၊ အလှဆင်သည့် ဗြုတ်ဆေး ၊ သံထည်တွေအသုံးပြုသည့်ဆေး ၊ မှုတ်ဆေး စသည်ဖြင့် ရွေးချယ်စရာဆေးအများကြီးရှိပါတယ်။ ဆေးသုတ်မယ့် နေရာ အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံး ဆေးတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။

Paints ဆေးသုတ်ရာတွင် အကောင်းဆုံးဆေးသားရနိုင်ရန် အသုံးပြုပေးရမယ့် ဆေးသုတ်နည်းလမ်းအများကြီးရှိပါတယ်။ အသုံးများတဲ့နည်းလမ်းကတော့ W နဲ့ V ပုံစံဆေးသုတ်နည်းတို့ဖြစ်ပါတယ်။

6- ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပါ။ ပထမသုတ်တဲ့ဆေးက အုတ်နံရံတွေထဲ စွဲကပ်တာ စိမ့်ဝင်တာတို့ရှိတာကြောင့် အမြဲတမ်းဆေးကို နှစ်ကုတ်သုတ်ပေးဖို့လိုပါတယ်။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။ ပိုကောင်းတဲ့ ဆေးသား Quality ကို ရရှိစေပါတယ်။

မင်္ဂလာပါ မိတ်ဆွေတို့ရေ☺️☺️ဆိုင်မှာ ရရှိနိုင်တဲ့ နံရံပတ်တီးမှုန့် လေးတွေပါSmooth (အိတ်ကြီး/အိတ်သေး)ပါဝါမိချောင်းစူပါအပြာ...
08/11/2021

မင်္ဂလာပါ မိတ်ဆွေတို့ရေ☺️☺️

ဆိုင်မှာ ရရှိနိုင်တဲ့ နံရံပတ်တီးမှုန့် လေးတွေပါ

Smooth (အိတ်ကြီး/အိတ်သေး)
ပါဝါ
မိချောင်း
စူပါအပြာ
စူပါအစိမ်း တံဆိပ်စုံလင်စွာ ရှိပါတယ်

လိုအပ်တယ်ဆို Hello လိုက်ပါခင်ဗျာ

ကျောက်တိုင်ကွင်းအရှေ့ဘက်, ပျော်ဘွယ်မြို့
09969219566, 09969219577, 0943207113

ဆီလာမပါရင် ဖြစ်တတ်သော ပတ်တီးနဲ့ဆေးအကြောင်းအရာများ 📌📌ဆေးသုတ်ပြီဆိုရင် တိုက်အသစ်ကိုပဲသုတ်သုတ်တိုက်အဟောင်းကိုပဲ ပြန်ပြီးဆေး...
25/10/2021

ဆီလာမပါရင် ဖြစ်တတ်သော ပတ်တီးနဲ့ဆေးအကြောင်းအရာများ 📌📌

ဆေးသုတ်ပြီဆိုရင် တိုက်အသစ်ကိုပဲသုတ်သုတ်

တိုက်အဟောင်းကိုပဲ ပြန်ပြီးဆေးသုတ်သုတ်

အဓိက မပါမဖြစ် ပါဝင်ရမယ့်အရာက ဆီလာပါ

အတိုက်အတွင်းပဲ သုတ်သုတ် အပြင်ပဲသုတ်သုတ် ဆီလာ မပါလို့မရပါဘူး

ဆီလာမပါခဲ့ရင် ဘယ်ပတ်တီးအကောင်းစားသုံးပါစေ ဘယ်ဆေးအမျိုးအစား ကွာလတီအကောင်းစားသုံးပါစေ

ရေရှည်မှာ ဘယ်လိုမှမကောင်းနိုင်ပါဘူး

🔺ပတ်တီးနဲ့ နံရံကြား ဆီလာပါဖို့လိုအပ်တယ်🔺

🔺ဆေးနဲ့ပတ်တီးကြားမှာဆီလာလိုအပ်ပါတယ်🔺

နံရံအကြမ်းကို ပတ်တီးမရိုက်ခင် ဆီလာချုပ်ပါ

ပတ်တီးပေါ် ကော်ပတ်တိုက်ပြီးသွားရင် ဆေးမလှိမ့်ခင် ဆီလာချုပ်ပါ

နည်းစနစ်မှန်မှန်ကန်ကန်လုပ်မှသာလျှင် ဆေးတွေ ပတ်တီးတွေ နံရံတွေပေါ်မှာ ကွာလတီအရည်အသွေးကောင်းကောင်းနဲ့ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်

ဆီလာမချုပ်တဲ့ ဆိုးကျိုးများကတော့

နံရံနဲ့ပတ်တီးကြားမှာ ဆီလာမပါခဲ့ရင်

ပတ်တီးသားသည်နံရံပေါ်မှာ ကြာရှည်စွာ ကုတ်အားမကောင်းနိုင်ပါ
အချိန်သိမကြာခင်မှာ ပြန်ကွာ ပြန်ကြွလာနိုင်ပါသည်

ပတ်တီးနဲ့ဆေးကြားမှာ ဆီလာမပါခဲ့ရင် ဆေးသားသည် ပတ်တီးပေါ်မှာ ‌ကြာရှည်မခံနိုင်ပါ အချိန်သိပ်မကြာခင်မှာ ပြန်ကွာ ပြန်ကြွလာနိုင်ပါသည်

🎨 ဆေးသုတ်ဖို့အတွက် သိထားရမယ့် အခြေခံ အချက် (၃)ချက် 🎨

၁. ဆေးမသုတ်ခင် ဘာတွေလုပ်ရမလဲ?

မျက်နှာပြင်ပေါ်မှာရှိနေတဲ့ မညီမညာ အဖုအထွက်များကိုအရင်ဆုံးကော်ပတ်စား၍ချောသွားအောင်လုပ်ပြီး ညစ်ပေနေတဲ့ မျက်နှာပြင်ကိုသန့်ရှင်းရေးလုပ်ဖို့လိုအပ်ပါတယ်။

၂. သင့်တော်တဲ့ အောက်ခံဆေးရွေးတတ်ပြီလား?

ဆေးမသုတ်ခင် အောက်ခံဆေးအမြဲအသုံးပြုပေးဖို့လိုအပ်ပါတယ်။ အောက်ခံဆေး ၂မျိုးရှိပါတယ်။

✔အောက်ခံဆီဆေး - စိမ့်ဝင်လွယ်တဲ့ နံရံမျက်နှာပြင်များအတွက်အသုံးပြုနိုင်ပါတယ်။ ဆေးသား စွဲကပ်အားကောင်းပြီး ကြာရှည်ခံစေပါတယ်။ အတွင်း၊ အပြင် နံရံများအတွက်အသုံးပြုနိုင်ပါတယ်။
✔အောက်ခံရေဆေး - အမှုန့်ထသော နံရံမျက်နှာပြင်များအတွက်အသုံးပြုနိုင်ပါတယ်။ အနံ့အနည်းငယ်သာပါရှိပါတယ်။ အချိန်တိုတွင်း လျှင်မြန်စွာခြောက်သွေ့နိုင်ပါတယ်။

၃. ဘယ်လိုစပြီးဆေးသုတ်ကြမလဲ?

ဆေးသုတ်ရင် ညာဘက်ခြမ်းစမှပြီးသုတ်ရပါမယ်။ အရင်ဆုံး မျက်နှာကျက်ကိုဆေးသုတ်ပြီးမှ နံရံကိုသုတ်ပေးရပါမယ်။ ဆေးများကို တစ်ထပ်ပြီးတစ်ထပ်သုတ်ဖို့ လိုအပ်ပါတယ်။ သုတ်ပြီးသွားတဲ့နေရာကခြောက်သွားမှသာ နောက်တစ်ထပ်ထက်သုတ်ပေးရပါမယ်။ ဆေးသုတ်ရာတွင် Paint roller နဲ့ စုတ်တံတို့ကို "W" ပုံစံဆွဲပြီးသုတ်ပေးရပါမယ်။

အပေါ်မှာပြောပြပေးထားတဲ့ ဆေးသုတ်ဖို့ အခြေခံအချက်အလက်တွေကို ကြိုတင်သိထားမယ်ဆိုရင်တော့ မိမိနေအိမ်အတွက်ပိုမိုလှပအောင်ဆေးသုတ်နိုင်ဖို့စိတ်ပူစရာမလိုတော့ဘူးနော်။😍😍

#မူရင်းရေးသားသူအားလေးစားစွာဂုဏ်ပြုပါသည် ☺️

သီတင်းကျွတ်အချိန်ခါသမယလေးမှာ မိတ်ဟောင်းမိတ်သစ်များ မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်...
20/10/2021

သီတင်းကျွတ်အချိန်ခါသမယလေးမှာ မိတ်ဟောင်းမိတ်သစ်များ မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ ချစ်သောမိသားစုနှင့်အတူပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပြီး စီးပွားဥစ္စာများ ဒီရေအလား ကြီးပွားတိုးတက်ကြပါစေလို့ ဧရာဦး မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏🙏🙏
ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ🌟🌟🎇🎆✨✨

Address

အနော်ရထာလမ်း၊ကျောက်တိုင်ကွင်းအရှေ့ဘက်၊ပျော်ဘွယ်မြို့
Pyawbwe

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+95943207113

Website

Alerts

Be the first to know and let us send you an email when Ayar Oo Paint Shop - ဧရာဦး သင်္ဘောဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category