Yoke Pyo Botanical Garden

Yoke Pyo Botanical Garden Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yoke Pyo Botanical Garden, Garden Center, C/5/6, Yoke Pyo Street, Industrial Zone, Shwebo.

17/05/2024

🪴🪴🪴အိမ်တွင်းဆေးပင် ရှားစောင်းလက်ပတ် 🪴🪴🪴
🌱🌱🌱🌱🌱
💦 ရှားစောင်းလက်ပတ်သည် ရှည်လျားသောသမိုင်းကြောင်းရှိ၍ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာ ရှိသော အသုံးအများဆုံး ဆေးဖက်ဝင်အပင်များထဲမှ တစ်ခုဖြစ်ပါသည်။

💦 ရှားစောင်းလက်ပတ် မျိုးစိတ်ပေါင်း ၄၀၀ ကျော်ရှိသည့်အနက် အသုံးအများဆုံးမျိုးစိတ်မှာ Aloe barbadensis Miller (Aloe vera Linn) ဖြစ်ပါသည်။

💦 Aloe သည် အာရဗီစကားလုံး “alloeh” မှဆင်းသက်လာ၍ “ခါး၍ တောက်ပသောပစ္စည်း” ဟု အဓိပ္ပာယ်ရသည်။ vera သည် လက်တင်စကားလုံးဖြစ်၍ “အမှန်တရား” ဟု အဓိပ္ပာယ်ရပါသည်။

💦 ရှေးနှစ်ပေါင်းများစွာကတည်းက အပူလောင်နာ၊ ထိခိုက်ဒဏ်ရာနှင့် အရေပြားလိမ်းဆေးများတွင် အသုံးပြုခဲ့ကြသည်။

💧ရှားစောင်းလက်ပတ်အရွက်တွင် အပြင်လွှာသည် အစိမ်းရောင်ဖြစ်ပြီး ကာကွယ်ခြင်းလုပ်ဆောင်ချက် (protective function) ရှိ၍ ကစီနှင့် အသားဓာတ်ကို ဖွဲ့စည်းသည်။

💧ရှားစောင်းလက်ပက်၏ အစိမ်းခွံအောက်မှ နီဝါရောင်အစေးရည်များထွက်ရှိသည်။ anthraquinone နှင့် glycosides များ ပါဝင်သည်။

💧ရှားစောင်းလက်ပက် အတွင်းလွှာသည် ကြည်လင်၍ ဖောက်ထွင်းမြင်ရသော ဂျယ်အနှစ်ဖြစ်ပါသည်။ အနှစ်သားတွင် ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်၍ အခြားသော ဓာတ်ပစ္စည်းများ ၄ ရာခိုင်နှုန်းပါဝင်ပါသည်။ အဆိုပါ ဓာတ်ပစ္စည်များတွင် Vitamin A, B, C, E, Calcium, amino acids နှင့် enzymes တို့ ပါဝင်သည်။

🧪🧪🧪Chemical constituents🧪🧪🧪

✳️ရှားစောင်းလက်ပတ်အနှစ်သား ✳️

♻️ Aloe vera gel ‌(ရှားစောင်းလက်ပတ်အနှစ်သား) ၏ ဓာတုပါဝင်ပစ္စည်းများသည် အနည်းငယ်ရှုပ်ထွေးပါသည်။ ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်သော Aloe vera gel ၏ ကျန် ၄ ရာခိုင်နှုန်းတွင် vitamins, minerals, enzymes, lignin, saponins, salicylic acids and amino acids များ ပါဝင်ပါသည်။

✅ Vitamins - antioxidant activity ရှိသော Vitamin A, C, E နှင့် thiamine, niacin, riboflavin, vitamin B12, choline နှင့် folic acid တို့ ပါဝင်ပါသည်‌။

✅ Enzymes – Amylase, Lipases, alkaline phosphatases, cellulases, catalases and peroxidases ကဲ့သို့သော biochemical catalysts များပါဝင်၍ သကြားနှင့် အဆီတို့အား ဖြိုခွဲခြင်းအားဖြင့် အစာချက်ခြင်းတွင် ကူညီသည်။ carboxy peptidases နှင့် bradykinases တို့ပါဝင်၍ အရောင်ကျစေသော အာနိသင်ကို ထွက်ပေါ်စေသည်။ ထို့အပြင် lactins ပါဝင်မှုသည် အကျိတ်ကို ဆန့်ကျင်သောအာနိသင်ကို ပေးသည်။

✅ Minerals – ရှားစောင်းလက်ပတ်အနှစ်သားတွင် သတ္ထုဓာတ်များအနေနှင့် sodium, potassium, calcium, magnesium, selenium, manganese, copper, zinc, chromium and iron တို့ပါဝင်၍ အင်ဇိုင်းများ၏ လုပ်ငန်းဆောင်တာများဆောင်ရွက်နိုင်စေနိုင်ရန် အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်ပါသည်။

✅ Sugar – သကြားဓာတ်သည် ရှားစောင်းလက်ပတ်အပြင်ခွံ၏ အောက်ရှိ စေးချွဲသော အလွှာတွင် ရှိသည်။ monosaccharides (glucose and fructose) နှင့် polysaccharides (glucomannose and polymannose) အမျိုးအစားများဖြစ်သည်။ polysaccharides များသည် immune system အား ထိန်းညှိခြင်း immune modulators များအဖြစ် ဆောင်ရွက်သည်။ Glumannan သည် ကောင်းမွန်စွာရေဓာတ်ဖြည့်တင်းနိုင်သော အာနိသင်ရှိ၍ အလှကုန်များတွင် အသုံးပြုသည်။

✅ Sterols: ရှားစောင်းလက်ပတ် ဂျယ်တွင် အဆီဓာတ်အနေဖြင့် cholesterol, campesterols, β-sitosterols and lupeol တို့ ပါဝင်၍ ‌ရောင်ရမ်းခြင်းကို သက်သာစေသော အာနိသင်ရှိပါသည်။ lupeol တွင် ပိုးသေစေသောအာနိသင်နှင့် အကိုက်အခဲပျောက်စေသော အာနိသင်တို့ ရှိပါသည်။

✅ Hormones – ရှားစောင်းလက်ပတ်ဂျယ်တွင် အနာကျက်စေသောအာနိသင်နှင့် အရောင်ကျစေသော အာနိသင်များရှိသည့် Auxins နှင့် gibberellins ဓာတ်ပေါင်းများ ပါဝင်ပါသည်။

✅ Salicylic acid - ရှားစောင်းလက်ပတ်ဂျယ်တွင် salicylic acid ပါဝင်၍ အရောင်ကျစေသောအာနိသင်နှင့် ပိုးသေစေသောအာနိသင်များ ရှိပါသည်။

✅ Amino acids: ရှားစောင်းလက်ပတ်ဂျယ်တွင် ‌ကြီးထွားမှုကို ထောက်ပံ့ပေးသော Amino acids များ ပါရှိသည်။

✅ Lignin: အ‌ရေပြားသို့ သုတ်လိမ်းသည့်အခါ အခြားဓာတ်ပေါင်းများ အတွင်းသို့ ဖောက်ထွင်းဝင်ရောက်နိုင်မှုကို တိုးမြှင့်ပေးသည်။

✅ Saponins: ရှားစောင်းလက်ပတ်တွင် အမြှုပ်ထစေသော ဒြပ်ပေါင်းများလည်း ပါဝင်၍ သန့်ရှင်းစေသော အာနိသင်နှင့် ပိုးမွှားကင်းစင်စေသောအာနိသင်ရှိသည်။

🔆 ရှားစောင်းလက်ပတ်အစေး 🔆

⚠️ Anthraquinones

🔶ရှားစောင်းလက်ပတ်၏ နီဝါ‌ရောင် အစေးသည် ခါးသော အရသာရှိ၍ anthraquinones များဖြစ်သော ‌aloin, Isobarbaloin, anthracene, emodin, barbaloin, anthranol, aloetic acid, aloe emodin, resistannol တို့ ပါဝင်ပါသည်။

🔶 ၎င်းတို့သည် ဝမ်းပျော့စေခြင်း၊ အနာသက်သာစေခြင်း၊ အကိုက်အခဲပျောက်စေခြင်း စသော အာနိသင်များရှိသည့်အပြင် ဘတ်တီးရီးယားပိုးနှင့် မှိုများကို ဆန့်ကျင်သောအာနိသင်၊ ဗိုင်းရပ်ပိုးများကို သေစေသောအာနိသင်များ ရှိပါသည်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

(……….. ဆက်လက်၍ ဆေးဘက်ဆိုင်ရာအာနိသင်များ အပြင် ဘေးထွက်ဆိုးကျိုးများအား ဆက်လက်တင်ပြပါမည်)

အညာမြေ၏ ထနောင်းပင်ကြီးများ
09/05/2024

အညာမြေ၏ ထနောင်းပင်ကြီးများ

🥰🥰🥰 အညာမြေမှ မင်္ဂလာပါရှင် 🥰🥰🥰

🤔🤔🤔 အညာမြေလို့ စကားဦးသန်းလိုက်တော့ အညာမြေနဲ့နွှယ်တာ တခုခုတော့ ပြောချင်နေပြီလို့ တွေးလိုက်မိတယ်ဆိုရင် လူကြီးမင်းတို့အတွေးလေးက အမှန်ပါပဲရှင်။ 👍👍👍

ဟုတ်ကဲ့ပါ... အညာမြေရဲ့ နွေနေပူပူ ဖုန်ထူထူ၊ မြူဆိုင်းဆိုင်းအောက်က နွေဦးချိန်ခါဆို ရွက်နုဝေလို့ ရွှေဝါ‌ရောင်ပင်စည်လှလှနဲ့ အေးမြနုသစ်တဲ့ အရိပ်ရ ထနောင်းပင်ကြီးတွေအကြောင်းပဲ ဖြစ်ပါတယ်။ 🌳🌳🌳

🌞🌞🌞“နွေထနောင်း၊ ဆောင်းမန်ကျည်း” ရယ်လို့ ကိုယ်တွင်း အပူကို ငြိမ်းစေဖို့ ဆောင်းရာသီမှာ မန်ကျည်းဖျော်ရည်သောက်ခြင်းနဲ့ နွေရာသီမှာ ထနောင်းရွက်ကို သုပ်စားခြင်းတို့ဟာလည်း လူကြီးသူမတို့ ပြောလေ့၊ ကျင့်သုံးလေ့ရှိတဲ့ စကားရပ်လေးဖြစ်ပါတယ်။

💛💛💛 အဲ့ဒါကြောင့် ကျမတို့ PRI အနေနဲ့ ရာသီစာ ထနောင်းရွက်သုပ်ဖန်ဖန်ဆိမ့်ဆိမ့်လေးစားရင်း ထနောင်းပင်ရဲ့ ရုက္ခပါဝင်ပစ္စည်းများနဲ့ ဆေးဘက်အာနိသင်အချို့ကို တင်ပြလိုက်ရပါတယ်ရှင်။ 🤵‍♀️🤵‍♀️🤵‍♀️



📌 ထနောင်းပင်အခေါက်မှာ Natural cellulosic fibre နဲ့ Phenolic Compound တွေဖြစ်တဲ့ catechin, louco-fisetinidin, Gallic acid, ferulic acid, syringic acid နဲ့ O-methyl epicatechin တို့ပါဝင်ပါတယ်။

📌ထနောင်းပင် အရွက်နဲ့ အပွင့်မှာဆိုရင် carbohydrates, aspartic acid, linoleic acid, r-tocopherol တို့ ပါဝင်ပါတယ်။

📌ထနောင်းပင် အစေ့မှာတော့ Globulins, albumins နဲ့ threonine, valine, isoleucine and lysine တို့ ကဲ့သို့သော amino acids များ ပါဝင်ပါတယ်။


ဆေးဘက်ဆိုင်ရာ အာနိသင်များအနေနဲ့

📚ထနောင်းပင်အစေ့၊ အပွင့်၊ အမြစ်၊ အသီးတောင့် မီသနောပျော်ဝင်ဆေးအနှစ်တို့ဟာ ဘက်တီးရီးယားနှင့် မှိုတို့ကို ဆန့်ကျင်တဲ့ အာနိသင်ရှိကြောင်း တွေ့ရှိရပါတယ်။

📚ထနောင်းပင်အခေါက် အက်စီတုန်းပျော်ဝင်ဆေးအနှစ် (acetone extract) ဟာ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိကြောင်း တွေ့ရှိရပါတယ်။

📚ဒါ့အပြင် ထနောင်းခေါက် မီသနောပျော်ဝင်ဆေးအနှစ် (methanol extract) ဟာ သွေးခဲခြင်းကို ဆန့်ကျင်တဲ့အာနိသင်၊ ကြွက်သားကျုံ့ခြင်းကို သက်သာစေတဲ့အာနိသင်၊ လေရှူပြွန်ကျယ်စေတဲ့ အာနိသင်နဲ့ အ‌ဖျားကျစေတဲ့အာနိသင်တို့ရှိကြောင်း၊ အီသနောပျော်ဝင်ဆေးအနှစ် (ethanol extract) မှာ ထင်ရှားတဲ့ အနာကျက်စေတဲ့အာနိသင်၊ ဆီးချိုသွေးချိုရောဂါကို ဆန့်ကျင်တဲ့အာနိသင်နဲ့ သွေးတွင်းအဆီတိုးခြင်းကို ဆန့်ကျင်တဲ့အာနိသင်တို့ရှိကြောင်း တွေ့ရှိရပါတယ်။

🌳တဖန် ထနောင်းပင်ရဲ့ တိုင်းရင်းအသုံးလေးတွေကို တင်ပြပါမယ်ရှင်🌳



🍀ထနောင်းခေါက်ကို ဘတ်တီးရီးယားနဲ့ သန်ကောင်‌များသေစေနိုင်ရန်၊ ချောင်းဆိုးသက်သာစေရန်၊ သွေးသန့်စေရန်တို့အတွက် အသုံးပြုလေ့ရှိကြကြောင်း မှတ်သားရပါတယ်။
🍀ဒါ့အပြင် သွားဖုံးသွေးယိုခြင်း၊ ခံတွင်းအနာ၊ ချောင်းခြောက်ဆိုးခြင်း၊ ဖျားခြင်းနဲ့ အဆိပ်ရှိတဲ့ အကောင်ကိုက်ခြင်းတို့မှာ အသုံးပြုလေ့ရှိကြောင်း တွေ့ရှိရပါတယ်။
🍀 ထနောင်းစေးနဲ့ အခေါက်ပြုတ်ရည်တို့ကို အမျိုးသမီးများ ဓမ္မတာမမှန်ခြင်း များအတွက် အသုံးပြုလေ့ရှိကြောင်း တွေ့ရှိရပါတယ်။

📍📍📍နိုင်ငံအလိုက် တိုင်းရင်းဆေးအသုံးလေးတွေ ဖော်ပြရမယ်ဆိုရင် .........

🇲🇲🇲🇲🇲🇲 မြန်မာ - အပူလွန်ကဲမှုကြောင့်ဖြစ်တဲ့ ဆီးပူ၊ ဆီးနည်း၊ ဆီးအောင့်ခြင်းအတွက် ထနောင်းရွက်ခြောက်ကိုရေနွေးကြမ်းအဖြစ် သောက်သုံးခြင်း၊ နှုတ်မမြိန်၊ ခံတွင်းပျက်ခြင်းအတွက် ထနောင်းရွက်နုကို ရေနွေးလေးဖြောပြီး တို့မြှပ်စား၊ လက်သုပ် လုပ်စားခြင်း အဆိပ်ရှိအကောင်ကိုက်ရာတွင် အရွက်ကို အသုံးပြုခြင်းတို့ဖြစ်ပါတယ်။

🇲🇾🇲🇾🇲🇾မလေးရှား - ချောင်းဆိုးခြင်းကို ကုသရန် အရွက်နုကို ဆန်နဲ့ ရော၍ ကြိတ်ချေပြီး လည်ပင်းတဝိုက် ခပ်ပါးပါးအုံပေးခြင်း၊ ဝက်သက်ရောဂါမှာ တကိုယ်လုံးပွတ်တိုက်ခြင်း၊

🇮🇩🇮🇩🇮🇩 အင်ဒိုနီးရှား - ထနောင်းအစေ့ကို သန်ကောင်ကျဆေးအဖြစ်နဲ့ သွေးချိုကုထုံးမှာ အသုံးပြုခြင်း၊

🇵🇭🇵🇭🇵🇭 ဖိလစ်ပိုင် - ထနောင်းစေ့လှော်ကို ဓမ္မတာသွေးဆင်းမှု ကောင်းမွန်စေရန် အသုံးပြုခြင်းတို့ ဖြစ်ပါတယ်။

🥰🥰🥰 အခုလို အညာနွေရဲ့ အမှတ်သင်္ကေတ ထနောင်းပင်ကြီးတွေဟာ အရိပ်ရရုံသာမက ဆေးဘက်ဆိုင်ရာအာနိသင်များပါရှိကြောင်း သိမှတ်ဖွယ်ရာများ တင်ပြအပြီးမှာ မိဘပြည်သူများ ကိုယ်စိတ်နှလုံး ငြိမ်းအေးရပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ရှင်။ 🙏🙏🙏

#အညာမြေ
#ထနောင်း


ပွေးကိုင်းသည် အမြင့် ၃ပေခန့်ရှိသော နှစ်ရှည်ခံ ပင်ငယ် ပင်ပျော့အမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသမျ...
25/03/2023

ပွေးကိုင်းသည် အမြင့် ၃ပေခန့်ရှိသော နှစ်ရှည်ခံ ပင်ငယ် ပင်ပျော့အမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသများတွင် စိုက်ပျိုးပေါက်ရောက်နိုင်ပါသည်။

🎍Welcome 2023🎊     နှစ်သစ်အချိန်အခါသမယမှာ ကံကောင်းခြင်း       တွေနဲ့အတူ စီးပွားလာဘ်လာဘများတိုးပွားကာ        စိတ်ရောကိုယ်...
01/01/2023

🎍Welcome 2023🎊
နှစ်သစ်အချိန်အခါသမယမှာ ကံကောင်းခြင်း
တွေနဲ့အတူ စီးပွားလာဘ်လာဘများတိုးပွားကာ
စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြစေပြီး
လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေရှင့် 😍☘🌲


🌺 Today is Flowering Day😍
27/09/2022

🌺 Today is Flowering Day😍

🍀ရှဉ့်မတက်🍀Myanmar Name - ရှဥ့်မတက်English Name - Wild AsparagusBotanical Name - Asparagus racemosus Willd.🍁 ​မြန်မာ့ရှေ...
01/09/2022

🍀ရှဉ့်မတက်🍀

Myanmar Name - ရှဥ့်မတက်
English Name - Wild Asparagus
Botanical Name - Asparagus racemosus Willd.

🍁 ​မြန်မာ့ရှေးဆရာကြီးများက ရှဥ့်မတက်ပင်သည် ရှဥ့်များမတက်ရောက်နိုင်အောင် ရှုပ်ထွေး၍ ထက်သောဆူးများရှိသောကြောင့် ရှဥ့်မတက် ဆိုပြီး ခေါ်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်🤔

🍁ရှဥ့်မတက်ပင်ကို Sanskrit ဘာသာအရ Shatavari ( လင်ယောက်ျားတစ်ထောင်ရှိသောမိန်းမ) ဟူ၍လည်း ခေါ်ဆိုကြတယ် 😱

🍁နိဃဏ္ဍုကျမ်း၌ အပင် အောက်တွင် မြေကြီးထဲ၌ မြောက်မြားစွာသော ဥများပျံ့နှံ့ စီတန်း၍ ပေါက်ရောက်နေကြသောကြောင့် ''ဥတစ်ရာပင်'' ဟူ၍လည်း ခေါ်ဆိုပါတယ်🤗

🍁အိန္ဒိယနိုင်ငံတွင် အိမ်သုံးဆေးအဖြစ် ပြန်လည်နုပျိုစေခြင်း၊ အားအင်ပြည့်ဖြိုးစေခြင်း၊ နို့ထွက်​ကောင်းမွန်စေခြင်း၊ ချောင်းဆိုးရောဂါ၊ အစာအိမ်ရောဂါ၊ အဆစ်အမြစ်ရောဂါတို့အပြင် လိင် အားဆေးအဖြစ် အသုံးပြုကြပါတယ် ✔

🍁အာယုဗ္ဗေဒဆေးပညာတွင်လည်း အမျိုးသမီးများအားပြန်လည်နုပျိုစေနိုင်သော ဆေးအဖြစ် အသုံးပြုကြပါတယ် 💁

🍁ရှဥ့်မတက်တွင် Steroidal saponins, rhamnose moieties, sarsasapogenin, alkaloids, proteins, starch, tannin, isoflavones, asparagamine, racemosol, polysaccharides and mucilage ဒြပ်ပေါင်းများပါဝင်ပါတယ် ✅

ရှဥ့်မတက်ဥတွင်👉
🔸Estrogenic action
🔸Anti-peptic ulcer action
🔸Antibacterial action များရှိပြီး Vitamin-C နှင့် Glutathione တို့ပါဝင်သောကြောင့် Anti-oxidant activity ရှိပါတယ်☘

💁သဘာဝရဲ့အလှတရားကို အပြည့်အဝခံစားရစေပြီး ဗဟုသုတများစွာရရှိနိုင်သော နေရာတစ်ခု🤗🌳📝


Address- C- 5/6 , Yoke Pyo Street, Industrial Zone, Shwebo.

✨ အခုလိုပူပြင်းလှတဲ့ရာသီဥတုမှာ သဘာဝနှင့်အတူ အေးမြတဲ့အရိပ်ကို ခံစားရစေပြီး✨ ဆေးပင်တွေရဲ့ အကြောင်းကို လေ့လာလို့ရနိုင်မယ့် ...
06/08/2022

✨ အခုလိုပူပြင်းလှတဲ့ရာသီဥတုမှာ သဘာဝနှင့်အတူ အေးမြတဲ့အရိပ်ကို ခံစားရစေပြီး
✨ ဆေးပင်တွေရဲ့ အကြောင်းကို လေ့လာလို့ရနိုင်မယ့် ရုပ်ပျိုပရဆေးဥယျာဥ် 😍

05/07/2022

Myanmar name - ရဲယို English name - Indian Mulberry / Noni FruitBotanical name - Morinda citrifolia🌿 ရဲယို၏ မျိုးရင်းအမည...
28/06/2022

Myanmar name - ရဲယို
English name - Indian Mulberry / Noni Fruit
Botanical name - Morinda citrifolia

🌿 ရဲယို၏ မျိုးရင်းအမည် Morinda သည် Latin ဘာသာစကား Morus မှဆင်းသက်လာတာဖြစ်ပါတယ်☑

🌿လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀)ကျော်ကတည်းက polynesia တွင် ရဲယိုပင်၏အစိတ်အပိုင်းများကို အမျိုးမျိုးသုံးစွဲခဲ့ကြပါတယ် ✅

🌿ရဲယိုပင်သည် ရှေးကျသော polynesians လူမျိုးများမှ Hawaii သို့ ကနဦးယူဆောင်လာသော အပင်ဖြစ်သောကြောင့် "Queen of canoe plants"ဟုလည်းခေါ်ဆိုခဲ့ကြတယ် 🤗

🌿ဒုတိယကမ္ဘာစစ်အတွင်းမှာ polynesians လူမျိုးများဟာ ခွန်အားပြည့်သန်မာစေရန် Noni fruit (ရဲယိုသီး) ကို စားသုံးခဲ့ကြပါတယ် 💁

🌿အာယုဗ္ဗေဒ​ဆေးပညာတွင် ရဲယိုပင်ကို
" longevity" အသက်ရှည်စေသောအပင်အဖြစ် အထွတ်အမြတ်ထားကြပါတယ် 🤗

🌿ရဲယိုပင်၏ အမြစ်နှင့်အခေါက်ကို ဆိုးဆေးအဖြစ်လည်း အသုံးပြုကြပါတယ် 🤔

🌿ရဲယိုပင်တွင် Morindone, Anthraquinones, Vitamin-C, Potassium, Fibre တို့ကြွယ်ဝစွာ
ပါဝင်သောကြောင့် ကျန်းမာရေးကိုများစွာ အထောက်အကူပြုပါတယ် ✨

🌿 ရဲယိုပင်ကို juice အဖြစ်လည်းကောင်း၊ Cosmetic များထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြုကြပါတယ် 😱

#သစ်တောသစ်ပင်ဒို့ချစ်ခင်များစွာစိုက်ပျိုးအလှတိုး

Address - C-5/6, Yoke Pyo Street, Industrial Zone, Shwebo

🎉Happy Birthday!🎂❤
26/06/2022

🎉Happy Birthday!🎂❤

Address

C/5/6, Yoke Pyo Street, Industrial Zone
Shwebo

Website

Alerts

Be the first to know and let us send you an email when Yoke Pyo Botanical Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category