20/09/2023
Hello... အားလုံးပဲ မတွေ့ရတာလည်းကြာပြီနော့်
အားလုံးပဲ "Nice to see you!" ပါဗျာ
အခု Admin ဆိုင်နဲ့ ပတ်သက်ပြီး နေ့စဉ်နဲ့အမြဲ ရင်ဘတ်အောင့်နေအောင် ခံစားနေရတဲ့အကြောင်းလေးပြောပြချင်လို့ပါ
လွန်ခဲ့တဲ့ ၆လပိုင်းလောက်ကတည်းက ဆိုင်ထဲမှာ ပြင်ဆင်နေတဲ့ Post တွေတွေ့ကြမှာပေါ့
အဲ့တုန်းကတည်းက အခုချိန်ထိ ဆိုင်ကို အရမ်းပြန်ဖွင့်နေချင်ခဲ့တာပါ
အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပြီး အလုပ်တွေအများကြီး လုပ်ခဲ့ပါတယ်
ဒါပေမယ့် အခြေအနေတွေက ကိုယ့်အတွက် ရှိမနေတော့
တလပြီးတလ တအိအိနဲ့ အံကြိတ်ပြီး ဖြတ်သန်းနေရတာ တော်တော်ဆိုးပါတယ်
တဖက်မှာလည်း မိသားစု စီးပွားရေးမှာ ကိုယ်က တတောင့်တနေရာကနေ ပါဝင်ကူညီီမှဖြစ်မှာဆိုတော့
ဒီ အချက်အပြုတ်ဖက်ကို လုံးဝလှည့်မကြည့်နိုင်ဘူး
နောက် Admin နဲ့ အတူတူ အလုပ်လုပ်တဲ့ ညီလေးကလည်း အခြေအနေအရ ကိုယ့်ဆီမှာ ဆက်မနေတော့တာလည်းပါ ပါတယ်
ဒီလို အခြေအနေတွေကြောင့် ဆိုင်လေးကိုလည်း ရက် အကန့်အသတ်မရှိ ပိတ်ထားတဲ့ သဘောမျိုးဖြစ်သွားပါတယ်
"Bamboo Hub Kitchen" ဆိုတာကြီးဖြစ်လာအောင် ကိုယ့်ခြေ ကိုယ့်လက် ကိုယ့်ဉာဏ်စွမ်းစ ရှိသလောက် အားကုန်ထုတ် ကြိုးစားခဲ့တာ
ဆိုင်ကို လုံးဝ မပိတ်ချင်ခဲ့ပါဘူး
"အနာပေါ် တုတ်ကျ" ဆိုသလို
Admin အတွက် ပိုခံစားရချက် ပိုပြီးအသည်းကွဲစေတဲ့ အချက်ရှိသေးတယ်
"ဘယ်တော့ ဆိုင်ပြန်ဖွင့်မှာလဲ?"
"Admin ရဲ့ အမဲခေါက်ဆွဲလေး၊ ဆီကျက်လေး၊ ဖက်ထုပ်လေး" စတဲ့ စကားသံတွေ ကြားရတိုင်း ပိုပိုပြီး စိတ်မကောင်းဖြစ်မိတယ်
စားသောက်ဆိုင်တစ်ခုဖွင့်တာ
အခုချိန်မှာ လွယ်တဲ့ကိစ္စတစ်ခုတော့မဟုတ်ဘူး
အရင်းအနှီး အရမ်းများသလို လူလည်း အရမ်းပင်ပန်းတဲ့အပြင်
ပြန်ရတဲ့ အမြတ် ငွေပမာဏက မဆိုသလောက် နည်းနည်းလေးပါ
ငွေမလိုချင်ဘူးလို့ ပြောရင် လိမ်ရာကျတယ် ဆိုပေမယ့် Admin တို့လို ဝါသနာသမားတွေက ငွေကြေးဆိုတာထပ် "ပိတီ" ဆိုတာလေးပဲ ပြန်ရကြ လိုချင်ကြတာပါ
Admin လည်း ဆိုင်ဖွင့်ခဲ့တဲ့ သက်တမ်းတလျှောက် ဆုံးရှုံးသွားခဲ့တဲ့ ငွေကြေးတွေလည်း မနည်းတော့သလို အချိန်တွေလည်း တော်တော်လေးကုန်ခဲ့ပြီး
လုပ်ငန်းတစ်ခုလည်ပတ်ဖို့ဆိုတာ အခြေခံအားဖြင့် ငွေကြေး အတိုင်းအတာ တခုထိလိုအပ်ပါတယ်
တခြားအကြောင်းအရာလေးတွေလည်းရှိနေပါသေးတယ်
စာလည်းရှည်သွားပြီမို့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်
တနေ့ Admin ရဲ့ "Dream Restaurants" လေး ပြန်ဖွင့်နိုင်ပါစေလို့ ဆုတောင်းပေးကြပါဗျာ