S.M.A Architect Group

S.M.A  Architect Group Welcome

SMA Architect Group
11/07/2025

SMA Architect Group

13/12/2021
31/10/2019

S M A A r c h i t e c t G r o u p

မှ

မိတ်ဆွေဟောင်း/မိတ်ဆွေသစ်များအတွက်

🏠အဆောက်အဦးဒီဇိုင်းပုံများရေးဆွဲပေးခြင်းအထပ်မြင့်အဆောက်အဦးများအားဒီဇိုင်းပြုလုပ်
ပေးခြင်း၊ ဆောက်လုပ်မိန့် ကျသည်အထိ ကူညီ
ဆောင်ရွက်ပေးခြင်း ၊

🏘PAE ပုတ်ပြတ်စနစ်ဖြင့်
သံဖရိန်/ RCC အဆောက်အဦးများကိုဆောက်လုပ်ပေးခြင်း

🏤အတွင်း/အပြင် (Decoration) ဒီဇိုင်းများဖြင့်အလှဆင်ပေးခြင်း

🏤(Ceilling) မျက်နှာကြက် အမျိုးမျိုးတပ်ဆင်
ဆောင်ရွက်ပေးခြင်း

🏗အဆောက်အဦးများတွင်(M&E)ရေ/မီးတွက်ချက်မှုများ၊သွယ်တန်းမှုများဆောင်ရွက်ပေးခြင်း

🏝(Landscape Design)မြေယာရှုခင်းအလှ
ဒီဇိုင်းရေးဆွဲခြင်း/ဆောင်ရွက်ပေးခြင်း

စသည့်လုပ်ငန်းများကို အပ်နှံသူများ စိတ်တိုင်း
ကြဆောင်ရွက် ပေးပါသည်။ အသေးစိတ်
ဆွေးနွေးတိုင်ပင်လိုပါ က အခမဲ့ဝန်ဆောင်မှု
ပေးပါသည်။

🏘အမှတ် (၁၁၇),ရွှေကျေးလမ်း၊ကန်အောက်ရပ်၊
တောင်ကြီးမြို့။(ရှမ်းပြည်နယ်တောင်ပိုင်း)

☎️၀၉၂၅၂၈၀၃၃၄၂, ၀၉၉၇၉၇၁၄၂၆၂, ၀၉၉၇၂၉၀၆၄၈၆.

Model Designs
31/10/2019

Model Designs

24/10/2018
06/10/2018

credit

မှားနေသော လျပ်စစ် Electric water heater boiler နဲ့ ပတ်သက်တဲ့ အယူ အဆ
**************************************************************************
လူတွေ တော်တော်များများ က အပြင်မှာတပ်လေ့ရှိတဲ့ electric water heater boiler နဲ့ ပတ်သက်ပြီး အတွေး မှားကျပါတယ် ။ ဒါ ကဘာလဲဆိုတော့ အပြင်မှာတပ်ထားတဲ့ အတွက် ရေချိုးခန်း အတွင်းမှာ လျပ်စစ် အန္တာရာယ် မရှိဖူး ယူဆကျပါတယ် ။
အလွန် အလွန်ကြောက်စရာ ကောင်းတဲ့ အယူ အဆ အမှားပါ ။
ပထမ ကြောက်စရာကောင်းတာ က Immersion electrical heater လို့ခေါ်တဲ့ ရေထဲ မှာ မြုတ်ထားတဲ့ electric heater coil ပါ ။ရေထဲ မှာ ၂၄ နာရီ မြုတ် ထားရတဲ့ အတွက် အလွန် ပျက်စီးလွယ်ပါတယ် ။ ပျက်စီးရင် ရေထဲ ကို လျပ်စစ် ဓါတ်တွေ စီးဝင်ပြီး လျပ်စစ် ဓါတ်လိုက်ကာ လူတွေ သေသွား နိုင်ပါတယ် ။ အမြဲတမ်းစစ်ဆေး သင့်ပါတယ်။ ( Mega test ပါ )
အဝေး မှာထားတာ ဘယ်လို သေမှာလဲ လို့ စဉ်းစား တွေးနိုင်ပါတယ် ။ တကယ်တော့ ရေပူတွေ ကို ရေချိုးခန်းထဲ ထိရောက်အောင် ပို့တာ PVC ပိုက်တွေနဲ့ မရပါ ။ အပူဒါဏ်ခံနိုင်တဲ့ သံပိုက် ( GI pipe ) Copper pipe ကြေးပိုက်တွေပါ ။ အဲဒါတွေ က လျပ်ကူး အလွန်ကောင်းတဲ့ ပစ္စည်းတွေပါ ။ boiler ထဲ မှာ လျပ်စစ် တွေ စီးဝင် သွားရင် အဲဒွ ပိုက်တွေ ကတဆင့် ရေချိုးခန်းကိုရောက်ပါတယ် ။ လူတွေ ရေစိုစွတ်နေရင် Resistance လို့ခေါ်တဲ့ ခုခံအား ကျပြီး လူတွေ သေနိုင်လောက်တဲ့ လျပ်စစ် Current တွေ ဖြတ်စီးဖို့လွယ်ပါတယ် ။ဒါကြောင့်မို့ လူတွေ ဓါတ်လိုက်လို့ အသေများဆုံးက ရေချိုးခန်းမှာပါ ။
ဒါပေမဲ့ အန္တာရာယ်ရှိရင် အကာအကွယ် ရှိပါတယ် ။
၁။ ပထမ က ရေချိုးခန်းက သံပိုက်ကြေး ပိုက်တွေ ကို အပ် earth ချထားတာပါ ( ground ဂရောင်းချတယ်လို့လဲ သုံးပါတယ် )
၂။ ဒုတိယ ကဓါတ်လိုက်ရင် ဖြတ်တဲ့ ဘရိတ်ကာ ELCB/RCBO/RCCB တွေ တပ်ထားဖို့ပါပဲ ။တပ်တဲ့ အခါ လဲ ၂ ဆင့်တပ်သင့်ပါတယ် ။ ဒါမှ တခု မဖြတ် ရင်တောင် နောက်တခု ဖြတ်ပါတယ် ။ Main မှာတခု Boiler power supply မှာတခုပေါ့ ။ တလတခါ ဖြစ်ဖြစ် အလုပ် မလုပ် စစ်ဆေးပါ ။ trip လို့ခေါ်တဲ့ ခလုတ်ကလေး ကို Power ပေးထားတုန်းနှိပ်ပေးတာပါပဲ ။ breakerဲပုတ်သွားရင် အလုပ်လုပ်တယ်ပေါ့ ။ မလုပ်ရင် အသစ်နဲ့ ချက်ချင်းလဲပါ ။
တကယ်လို့ မတတ်ရသေးရင် လျပ်စစ် သမားတွေ နဲ့ တိုင်ပင်ပြီးတတ်ပါ ။ အမျိုးအစားကောင်းတာ အတု မဟုတ်တာ စမ်းသပ် စစ်ဆေးပြီးတာ ကိုတပ်ပါ ။
ကိုယ်ပိုင်အိမ်တွေ သာမက လူတွေ သုံးတဲ့နေရာတွေ ဟိုတယ်တွေ ဆေးရုံတွေ ကုန်တိုက်တွေ အားလုံးတပ်ကျပါ ။ တပ်ပြီးရင်လဲ ကောင်းမကောင်းစစ်ကျပါ ။
ဖြစ်သွားမှ ဆောင်ရွက်တာထက် မဖြစ်ခင်ကာကွယ်ရေးလုပ်ပါ ။
ကျွန်တော် ပြော ခဲ့ သလိုပါပဲ ။ လူ အသက်ထက် တန်ဖိုး ရှိတာမရှိပါ ။
( ဆရာတယောက် ရဲ့ သားဆုံးပါးသွားတာ ကို Lesson and Learn လုပ်နိုင်စေရန်ရေးပါတယ် )

Kyaw Oo
EI Engineering

electrical safety နဲ့ ပတ်သက်ပြီး လိုအပ်ရင် အကြံ တောင်းနိုင်ပါတယ် ။ရန်ကုန်မှာ ရှိတဲ့အခါပေါ့။ ( FOC ) ပါ ။

05/04/2018

Marrch လ ၁၄ ရက်​​နေ့မှာ ရူပသိပ္ပံ ပညာရှင်​ကြီး ​ဟော့ကင်း ဆုံးပါးသွားခဲ့ပါပြီ။ ကိုယ်​လက်​မသန်​စွမ်း၊ ​ကောင်းစ...

06/12/2017
14/11/2017
13/11/2017

Always Best Price!

Address

SMA Architect Group Co. , Ltd
Taunggyi
09252803342

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 12:00
14:00 - 17:00
Saturday 09:00 - 12:00

Telephone

09252803342

Website

Alerts

Be the first to know and let us send you an email when S.M.A Architect Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share