10/10/2024
အခန်းအဟောင်းတွေကို ဆေးအသစ်ပြန်သုတ်တဲ့အခါ
ကုန်ကျမှု ပစ္စည်းဖိုး+လက်ခ အချိန်တွေ မတူကြပါဘူး။
ပုံသေ ဆေးသုတ်လက်ခ တကျင်း(၁၀ပေပတ်လည်)ကို ( , ) ဆိုပြီး ရှိကြတယ် ယူကြတယ်။
ဒါကတော့ အစကနေအဆုံးထိ ဆေးအဆင့်ဆင့်ပြုလုပ်ရတဲ့စျေးနှုန်းပေါ့
ကိုယ့်အခန်းတွေကို ဆေးအသစ်ပြန်သုတ်ရင် လက်ခက တကျင်း(၁၀ပေပတ်လည်)ကို ( , ) ကုန်ကျမယ်လို့ထင်ကြပါတယ်။ အမှန်က ကိုယ့်အခန်းကိုလိုအပ်လို့ဆေးသုတ်ပုံအဆင့်ဆင့် ပြုလုပ်မှသာ တကျင်း_(,)
ကုန်ကျမှာပါ။
ကိုယ့်အခန်းက ဆေးသုတ် အဆင့်ဆင့် ပြုလုပ်ဖို့မလိုအပ်ဘူးဆိုရင် လက်ခကို အပြည့်ပေးစရာမလိုပါဘူး ခင်ဗျာ။
အခန်းဟောင်းတွေ ဆေးအသစ်ပြန်သုတ်တိုင်း ကုန်ကျမှု မတူပါဘူး။ ဘာလို့ ကုန်ကျမှု မတူနိုင်တာလဲဆိုရင် ရှင်းပြပေးပါ့မယ် ခင်ဗျာ။
{ 1 }ကိုယ့် အခန်းက လိုအပ်မှုရှိလို့ ဆေးသုတ်ပြုလုပ်ပုံ အဆင့်ပြုလုပ်မှရမယ်
{ဥပမာ}_ ပတ်တီး ၂ ထပ် ၊ခံဆေးဆီလာ ၂ ထပ် ၊ အပေါ်ဆေးကာလာ ၂ ထပ် သုတ်ပေးရမယ်ဆိုရင် လက်ခတကျင်း( ၁၀ပေပတ်လည် )ကို , ကုန်ကျပါမယ်။
{ 2 }ကိုယ်အခန်းက အရင်သုတ်ထားတဲ့ ဆေးအဟောင်းမျက်နှာပြင်က မချောပဲ ကြမ်းရှရှ ဖြစ်နေလို့ ပတ်တီး ၁ ထပ်ပဲ အသုံးပြုပြီး ဆေးအသစ်ပြန်သုတ်ချင်ရင်
(ဥပမာ)_ ပတ်တီး ၁ ထပ် ၊ခံဆေး ၂ ထပ်၊ အပေါ်ဆေးကာလာ ၂ ထပ်ပဲ ပြုလုပ်ပြီး ဆေးအသစ်ပြန်သုတ်ရင် လက်ခတကျင်း (၁၀ ပေပတ်လည် )ကို , ပဲ ကုန်ကျမှာပါ။
{ 3 } ကိုယ့်အခန်း ဆေးအဟောင်းတွေရဲ့ နံရံမှာ ဒဏ်ရာ အပေါက်အပြဲ အနာဆာတွေ တွေကို ပျောက်ချင်လို့ ပတ်တီးဖြည့်ဖာပြီး ဆေးပြန်သုတ်ချင်ရင်
{ဥပမာ}_ဆီလာ ၁ ထပ် ၊ပတ်တီး အနာဆာဖာ၊ဆေးကာလာ ၂ ထပ် သုတ်မယ်ဆိုရင် လက်ခတကျင်း(10ပေပတ်လည်)ကို , ပဲကုန်ကျမှာပါ။
{ 4 }ကိုယ့်အခန်းကနံရံက ကောင်းသေးတယ်သုတ်ထားတဲ့ဆေး အဟောင်းတွေက အရောင်ညစ်ပေလို့ ကြည့်မကောင်းဘူး သို့မဟုတ် သုတ်ထားတဲ့ ဆေးအရောင်ကို မကြိုက်လို့ ဆေးအသစ်ပြန်သုတ်ချင်တယ် ဆိုရင်
{ဥပမာ}_ခံဆေး ဆီလာ ၁ ထပ်၊အပေါ်ဆေးကာလာ ၂ ထပ်သုတ်ရင် လက်ခတကျင်း(10ပေပတ်လည်)ကို,
ပဲ ကုန်ကျမှာပါ ခင်ဗျာ။
အဲ့အတွက်ကြောင့် အခန်းဟောင်းတွေကို ဆေးအသစ်ပြန်သုတ်ရင် ပျက်စီးပုံမတူတဲ့အတွက် ကုန်ကျမှုက မတူပါဘူးခင်ဗျာ။
ကိုယ့်အခန်းတွေကို ဆေးအသစ်ပြန်သုတ်ချင်တယ်ဆိုရင် နံရံဆေးသားတွေရဲ့ ဖြစ်ပေါ်နေမှုကို ကြည့်ပြီး လက်ခ ကုန်ကျမှုကို ကျွန်တော် ဖော်ပြထားတဲ့အတွက်ကြောင့် သိရှိနိုင်ပါပြီ ခင်ဗျာ
#တဆင့်ကူးယူရေးသားပါသည်