Aung Than Htwe - မိဘဂုဏ်

Aung Than Htwe - မိဘဂုဏ် နှစ်ရှည်သီးနှံပျိုးပင်များရောင်းပါသည်။

🙏🙏🙏လုံခြုံမှုဆိုတာ မေတ္တာမှာပဲ ရှိတယ် ပစ္စည်းဥစ္စာ ရှိတဲ့သူတွေက အိမ်ကို ကွန်ကရစ်နဲ့ ဆောက်မယ်။ သံတခါးကြီးတွေ တပ်မယ်၊ သော့...
12/12/2025

🙏🙏🙏
လုံခြုံမှုဆိုတာ မေတ္တာမှာပဲ ရှိတယ်

ပစ္စည်းဥစ္စာ ရှိတဲ့သူတွေက အိမ်ကို ကွန်ကရစ်နဲ့ ဆောက်မယ်။

သံတခါးကြီးတွေ တပ်မယ်၊ သော့ခတ်ထားမယ်၊ အိမ်ပတ်ဝန်းကျင်မှာ အုပ်တံတိုင်းအမြင့်ကြီးတွေ ခတ်ထားမယ်၊ အိမ်ထဲမှာ အစောင့်တွေ ထားမယ်။

လုံခြုံပြီလားဆိုတော့ မလုံခြုံသေးဘူး။ မလုံခြုံမှုက ရှိနေသေးတယ်။

အကယ်၍ မေတ္တာသာ ထားလိုက်မယ်ဆိုရင် အများကြီး လုံခြုံမှု​ဖြစ်တယ်။

ကိုယ်ကိုယ်တိုင်က တကယ်လိုက်လိုက်လှဲလှဲ မေတ္တာထားနိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကို လုံခြုံမှု ဖြစ်လာတယ်။

ကိုယ့်ကိုယ်ကို မလုံခြုံတဲ့သဘော စိတ်မချတဲ့သဘော စိတ်မအေးတဲ့ သဘောဟာ အမှန်မှာ မေတ္တာကင်းမဲ့လို့ ဖြစ်တာပဲ။

လူတွေဟာ မေတ္တာကင်းလေလေ မလုံခြုံမှုက ပိုများလေလေပဲ။

ကိုယ်ကိုယ်တိုင်က သူတစ်ပါးကို မချစ်တတ် မခင်တတ် မယုံကြည်တတ်တဲ့သူဟာ သူတစ်ပါးကလည်း ကိုယ့်ကို ချစ်လိမ့်မယ်၊ ခင်လိမ့်မယ်လို့ မယုံဘူး။

တကယ် လုံခြုံမှုဟာ ပစ္စည်းဥစ္စာမှာ မရှိဘူး။

မေတ္တာမှာပဲ ရှိတယ်။

ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)

💞 #မိသားစုရဲ့_တန်ဖိုး 💞       ❣️➖❣➖❣️💞မိသားစုဆိုတာ..... ကံတရားရဲ့ ဖန်တီးပေးလိုက်တဲ့ အရာတွေထဲက အကောင်းဆုံး အနုပညာပါ တန်ဘိ...
28/10/2023

💞 #မိသားစုရဲ့_တန်ဖိုး 💞
❣️➖❣➖❣️

💞မိသားစုဆိုတာ.....
ကံတရားရဲ့ ဖန်တီးပေးလိုက်တဲ့
အရာတွေထဲက အကောင်းဆုံး အနုပညာပါ
တန်ဘိုးထား မြတ်နိုးတတ်ပါစေ ။

💞မိသားစုဆိုတာ.....
ဒုက္ခအပူတွေကို မျှဝေယူ ခံစားရင်း
ကြီးပြင်းလာခဲ့ကြတဲ့ ဆိုးတူကောင်းဖတ်
သစ္စာတရားရဲ့ အငွေ့အသက်တွေပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

💞မိသားစုဆိုတာ.....
အမျိုးမျိုး အထွေထွေ စရိုက်တွေ
ကြားထဲက နားလည် ပေးနိုင်ဆုံးသော
အသိုက်အဝန်းလေး တစ်ခုပါ
တန်ဘိုးထား မြတ်နိုးတတ်ပါစေ ။

💞မိသားစုဆိုတဲ့ ရိပ်မြုံဟာ.....
ခိုလှုံစရာ များစွာထဲက
အအေးချမ်းဆုံးနဲ့ အလုံခြုံဆုံး နားခိုရာပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

💞ပြည့်စုံတဲ့ မိသားစုဆိုတာ မရှိပါဘူး
အတွေ့အကြုံတွေ စုစည်းပြီး
ခရီးကြမ်းတွေကို ငြိမ်းချမ်းစွာ
ဖြတ်သန်းနိုင်မှုရဲ့ စတင်ရာ
အားအင်တွေ ဖြစ်ပါသည်
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

-To Original Writer

 #လောကမှာ မြင့်မြတ်သူနှင့် ယှတ်ညံ့သူဆိုတာ မျိုးရိုးကြောင့်မဟုတ်ပါပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုနဲ့မဆိုင်ပါရာထူးအာဏာဂုဏ်ရှိ...
08/08/2023

#လောကမှာ
မြင့်မြတ်သူနှင့် ယှတ်ညံ့သူဆိုတာ
မျိုးရိုးကြောင့်မဟုတ်ပါ
ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာမှုနဲ့မဆိုင်ပါ
ရာထူးအာဏာဂုဏ်ရှိန်ကြောင့်မဟုတ်ပါ ။

မြင့်မြတ်သူ နှင့် ယှတ်ညံ့သူ ဆိုတာ
သူတို့ရဲ့ . . .
စိတ်သဘောထားနဲ့ လုပ်ဆောင်တဲ့လုပ်ရပ်တွေက
ခွဲခြားသတ်မှတ်သွားတာဖြစ်ပါတယ် ။

🙏🙏🙏မိဘဂုဏ်ဥယာဥ်ခြံ(သထုံမြို့)
HOTLINE ☎️ 09 400 190 800

မပြည့်မစုံဘဝနဲ့ ကမ္ဘာ့အဆင့်အထိ ဆုယူနိုင်ခဲ့တဲ့ ဆယ်ကျော်သက်အားကစားမယ်~~~~~■ အသက် ၂၁ နှစ်အရွယ် ကာယအားကစားမယ် မသဲစုဟာ ၂၀၁၉ ...
14/06/2023

မပြည့်မစုံဘဝနဲ့ ကမ္ဘာ့အဆင့်အထိ ဆုယူနိုင်ခဲ့တဲ့ ဆယ်ကျော်သက်အားကစားမယ်
~~~~~
■ အသက် ၂၁ နှစ်အရွယ် ကာယအားကစားမယ် မသဲစုဟာ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်းမှာပဲ အရှေ့တောင်အာရှအဆင့်မှာ ပထမဆု၊ အာရှအဆင့်မှာ ရွှေ၊ ငွေ အပါအဝင် ဆုသုံးဆုနဲ့ ကမ္ဘာ့အဆင့်မှာ တတိယဆုကို ရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သူပါ။

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်က ကျူးကျော်အိမ်လေးမှာနေထိုင်ရင်း ဆင်းရဲနွမ်းပါးလှတဲ့ ဘဝအခြေအနေကနေ ဒီအနေအထားထိ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဘွားနဲ့ အဖေဖြစ်သူကလည်း မသဲစုအတွက် စျေးရောင်း၊ ဆိုင်ကယ်ကယ်ရီမောင်း၊ ကြုံရာကျပန်း အလုပ်မျိုးစုံလုပ်ပြီး ထောက်ပံ့ပေးခဲ့ကြတယ်လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ် တစ်နှစ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနဲ့ ကိုယ်ကာယ အားကစားပြိုင်ပွဲမှာ ပထမဆု၊ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၅၃) ကြိမ်မြောက် အာရှကာယဗလနဲ့ ကိုယ်ကာယအားကစားပြိုင်ပွဲမှာ ရွှေ၊ ငွေ အပါအဝင် ဆုသုံးဆု ရရှိခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ (၁၁) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနဲ့ ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲမှာလည်း တတိယဆုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက သူ့ရဲ့အသက်ဟာ ၁၈ နှစ်သာရှိပါသေးတယ်လို့ မသဲစုကပြောပါတယ်။

"ခုနှစ်တွေအများကြီးထဲမှာ ၂၀၁၉ လောက် ပျော်ခဲ့တဲ့ ခုနှစ်ဆိုတာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုတွေရတဲ့အချိန်မှာ စတိတ်စင်ပေါ်မှာပေါ့နော်၊ ပြိုင်ပွဲဝင်တဲ့စင်ပေါ်မှာ မြန်မာနိုင်ငံအလံကြီးကို ခြုံလိုက်ရတဲ့အခါမှာ ကိုယ့်ရင်ထဲကို အရမ်းအေးသွားတယ်"

ဒီမတိုင်ခင်မှာလည်း မြို့နယ်၊ ခရိုင်နဲ့ တိုင်း လက်ရွေးစင်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ပေါင်း ၂၀ ထက်မနည်းရရှိခဲ့ပြီး အဲဒီအထဲမှာ ပထမဆုက အများဆုံးလို့ မသဲစုက ဆိုပါတယ်။

သူပထမဆုံး အားကစားကို စပြီးစိတ်ဝင်စားခဲ့တာက ၂၀၁၄ ခုနှစ်မှာပါ။ ပဉ္စမတန်း နောက်ဆုံးစာမေးပွဲဖြေနေတဲ့နေ့မှာပဲ နွေရာသီအေရိုးဗစ်သင်တန်းခေါ်တာကို အကသင်တန်းထင်ပြီး သွားလျှောက်ရာကနေ ဒီအားကစားလောကထဲ ရောက်လာခဲ့တာပါ။

အဲဒီကနေ ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့လို့ ဆုတံဆိပ်တွေရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ဝူရှူးကိုပါ တွဲဖက်လေ့ကျင့် ကစားခဲ့ပါတယ်။

ဝူရှူးကိုလည်း မြို့နယ်အဆင့်ကျောင်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေနဲ့ငွေ ဆုနှစ်ဆုရရှိခဲ့တယ်လို့ မသဲစုကပြောပါတယ်။

နောက်ပိုင်း သင်ပေးတဲ့ဆရာပြောင်းသွားလို့ ဝူရှူးကိုနားပြီး အေရိုးဗစ်ကိုသာ တစိုက်မတ်မတ်ကစားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ရဲ့ လူရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ချိန် ဆရာမဖြစ်သူ ဒေါ်ရီရီဝင်းရဲ့ ခေါ်ယူမှုကြောင့် ကာယကြံ့ခိုင်မှု အားကစားဘက်ကိုရောက်ရှိခဲ့​ပြီး မြန်မာ့လက်ရွေးစင် ဖြစ်လာခဲ့တာပါ။

မသဲစုကတော့ ဇွဲမလျှော့သေးဘဲ သူ့အိမ်မက်ဖြစ်တဲ့ နည်းပြကောင်းတစ်ယောက်ဖြစ်နိုင်ဖို့နဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ထပ်မံဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆုရယူဖို့ ဆန္ဒတွေရှိနေပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်အိမ်လေးရဖို့နဲ့ ကိုယ်ပိုင်အားကစားကလပ်ဖွင့်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေလည်း မသဲစုမှာ ရှိနေပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အခါအရ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် သူ့အိမ်မက်၊ သူ့ရည်မှန်းချက်တွေက ဝေးနေဆဲလို့ ပြောပါတယ်။

လေ့ကျင့်ရေးဆင်းတာနဲ့ Gym ဆော့ဖို့ သွားလာစရိတ်၊ အစာအဟာရအတွက်စရိတ်တွေ မတတ်နိုင်လို့ လေ့ကျင့်ရေးမလုပ်ဖြစ်တော့ဘဲ မျှော်လင့်ချက်တွေကို သိမ်းထားရတဲ့အခြေအနေလို့ သူကပြောပါတယ်။

အခုတော့ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရှားပါးလှတဲ့ အလုပ်အကိုင်နဲ့ ကျပ်တည်းလှတဲ့ စားဝတ်နေရေးကြား သူ့ရဲ့အနာဂတ်က မသေချာ၊ မရေရာတဲ့ အနေအထားနဲ့ ဆက်ပြီးရုန်းကန်နေရပါတယ်။
---------------

Photo: RFA

သင်္ဘောသီးမှည့်မှ ရရှိနိုင်သည့် အကျိုးကျေးဇူးများ------------------------------------------------🔸 မျက်စိအမြင်အာရုံ  ကော...
12/04/2023

သင်္ဘောသီးမှည့်မှ ရရှိနိုင်သည့် အကျိုးကျေးဇူးများ
------------------------------------------------
🔸 မျက်စိအမြင်အာရုံ ကောင်းစေခြင်း
🔸 အရေပြား ချောမောလှပစေခြင်း
🔸 ခန္ဓာကိုယ်ခုခံအား တက်စေခြင်း
🔸 အနာကျက်မြန်စေခြင်း
🔸 ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည့် အလားအလာကို လျော့နည်းစေခြင်း
🔸 သွေးတိုးရောဂါဝေဒနာရှင်များကို သွေးပေါင်ကျစေခြင်း

မြန်မာနိုင်ငံအနှံ့အပြား၌ ပေါပါများများ ရရှိပြီး အာဟာရတန်ဖိုးမြင့်မားသည့် သင်္ဘောသီးကို အစိမ်းဖြစ်စေ၊ အမှည့်ပင်ဖြစ်စေ အလွန်အကျွံမဟုတ်ဘဲ ကျန်းမာရေးအတွက် ကလေးလူကြီး ကျား/ မ မရွေး မကြာခဏ စားသုံးသင့်ပါသည်။ သင်္ဘောသီးမှည့်ကို လှီး၍ဖြစ်စေ၊ ဖျော်ရည်လုပ်၍ ဖြစ်စေ အနည်းဆုံး တစ်ပတ်နှစ်ကြိမ်ခန့် စားသင့်ပါသည်။

သန်ကောင်၊ တုတ်ကောင်များ ကျစေရန်အတွက် သန်ချဆေး အလွယ်တကူဝယ်ယူ၍ မရနိုင်သောဒေသများတွင် သင်္ဘောသီးအစေ့ကို သဘာဝဆေးဝါးအဖြစ် စားသုံးပေးနိုင်သည်။

သင်္ဘောသီးအစိမ်းကိုမူ ဟင်းချက်ရာ၌ အသား၊ ငါးများ အနူးမြန်စေရန်အတွက် အသုံးပြုနိုင်ပါသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနှင့် သင်္ဘောသီးသုပ် စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း(၂) သင်္ဘောသီးမှ ထုတ်နုတ်ဖော်ပြသည်။

🙏သဒ်ဓါနဲ့ ပညာ🙏~~~~~~~~~~~ #ဉာဏ်နည်းတဲ့သူဟာ ယုံကြည်မှုလွဲတတ်တယ်။ အယုံလည်း လွယ်တတ်တယ်။ #ဉာဏ်များလွန်းရင်လည်း ကောက်ကျစ်သွား...
14/11/2022

🙏သဒ်ဓါနဲ့ ပညာ🙏
~~~~~~~~~~~
#ဉာဏ်နည်းတဲ့သူဟာ ယုံကြည်မှုလွဲတတ်တယ်။ အယုံလည်း လွယ်တတ်တယ်။

#ဉာဏ်များလွန်းရင်လည်း ကောက်ကျစ်သွားတတ်တယ်။ ဉာဏ်နီဉာဏ်နက်တွေ သုံးတတ်တယ်။

#ဉာဏ်နဲ့ယှဉ်တဲ့ ယုံကြည်မှုမျိုးကသာ မှန်ကန်ပြီး အကျိုးရလာဘ်ကောင်းကို ဖြစ်စေနိုင်တယ်။

#လွန်ကဲမှုဆိုတာ အယုံလွန်ရင်လည်း မကောင်းသလို ဉာဏ်ကွန့်လွန်းရင်လည်း မကောင်းဘူး။
#ဉာဏ်နှင့်အယုံ
တူညီစုံမှ အယုံလည်းမှန်၊
ဉာဏ်လည်းမှန်၏။

#ချင့်ယုံတတ်မှ သင့်ဂုဏ်မြတ်၏။

မေတ္တာဖြင့်
#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ

ပါရမီ ဆိုတာ ... စရိုက်က လာတယ်။စရိုက် ဆိုတာလည်း ... ဉာဉ်က လာတာပဲ။အခုဘဝမှာ အရက်သောက်တဲ့ စရိုက်နဲ့ပဲ သေဆုံးသွားရင် သူ ဖြည့်...
08/11/2022

ပါရမီ ဆိုတာ ... စရိုက်က လာတယ်။
စရိုက် ဆိုတာလည်း ... ဉာဉ်က လာတာပဲ။

အခုဘဝမှာ
အရက်သောက်တဲ့ စရိုက်နဲ့ပဲ
သေဆုံးသွားရင်
သူ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီဟာ
အရက်သောက်ခဲ့တဲ့ ပါရမီပဲ
ဖြစ်တော့မှာပေါ့။

အရက်သောက်ရင်း
အရက်စွဲရင်းနဲ့ သေသွားကြည့်
ဘဝကူးပြီးရင် ဟိုဖက်ဘဝ
လူ ပြန်ဖြစ်တယ် ထားဦး
ငယ်ငယ် ကတည်းက
အရက်သမား ပတ်ဝန်းကျင်မှာ မွေးမယ်
ငယ်ငယ်ကတည်းက
အရက်သောက်တတ် နေလိမ့်မယ်။

ဒါ့ကြောင့်
ဉာဉ် ကနေ ... စရိုက်ဖြစ်တယ်။
စရိုက် ကနေ ... ပါရမီ ဖြစ်မှာပေါ့။

ကောင်းတာလုပ်ရင်
ကောင်းတဲ့ ပါရမီစွမ်းအား ရမှာပဲ။

ကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး
ဝနဝါသီ ဉေယျဓမ္မသာမိထေရ်

ဓမ္မဒါန မျှဝေပူဇော်ပါတယ်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

တရားကို အဖော်ပြုပြီးငြိမ်းချမ်းတဲ့ဘ၀ကိုတည်ဆောက်ပါ ။ကုသိုလ်ကို မိတ်ဖွဲ့ပြီးအဆင်ပြေမှုရအောင် ကြိုးစားပါ ။သည်းခံခြင်းကို မွ...
13/10/2022

တရားကို အဖော်ပြုပြီး
ငြိမ်းချမ်းတဲ့ဘ၀ကိုတည်ဆောက်ပါ ။

ကုသိုလ်ကို မိတ်ဖွဲ့ပြီး
အဆင်ပြေမှုရအောင် ကြိုးစားပါ ။

သည်းခံခြင်းကို မွေးမြူပြီး
ရင့်ကျက်တဲ့ဘ၀ကို ဖန်တီးပါ ။

ယုံကြည်ချက် မြင့်မားပြီး
အောင်မြင်ခြင်းကို ဆောင်ယူပါ ။

အမုန်းအာဃာတတွေကိုလျော့ပြီး
အပူနည်းအောင် ကြိုးစားပါ ။

စိတ်နှလုံးသွင်း မှန်ကန်စေပြီး
အကုသိုလ်နည်းအောင် နေထိုင်ပါ ။

သိမ်းပိုက်မှုတွေကို စွန့်လွတ်ပြီး
အမှားနည်းအောင် ရှင်သန်ပါ ။

တစ်ခဏတာ လူ့ဘ၀မှာ
သိက္ခာအရှက်တရားနဲ့ပဲလူလုပ်ပါ ။

သာရ ဂ ဝေ သီ

🙏🙏🙏မိဘဂုဏ်ဥယာဥ်ခြံ(သထုံမြို့)
Hotline. ☎ 09 400 190 800

🙏🙏🙏 အဖေဆိုတာ… “ နေဦး သား .. ဖယ်ဖယ် .. အဖေတက်မယ်”“ ဘာလို့လဲအဖေရ.. သားတက်ပါမယ်..”“ နေပါကွာ.. ဒီအပင်ရဲ့အကြောင်းကို မင်းဘာမှ...
26/08/2022

🙏🙏🙏 အဖေဆိုတာ…

“ နေဦး သား .. ဖယ်ဖယ် .. အဖေတက်မယ်”
“ ဘာလို့လဲအဖေရ.. သားတက်ပါမယ်..”
“ နေပါကွာ.. ဒီအပင်ရဲ့အကြောင်းကို မင်းဘာမှသိတာမဟုတ်ဘူးရယ် ”
… ကျွန်တော့်စိတ်ထဲ ဇဝေဇဝါဖြစ်သွားသည်... အဖေ ဘာကိုဆိုလိုတာလဲ ??? ဒီအပင်မှာ ကျွန်တော်မသိနိုင်တဲ့ ဘာအကြောင်းတွေများ ရှိနေလို့လဲ ???
ကျွန်တော် ဇဝေဇဝါနဲ့ တွေးနေတုန်းမှာပဲ အဖေက သရက်ပင်ကြီးပေါ်ကို လူငယ်လေးတစ်ယောက်လို တက်သွားခဲ့တယ်…
တကယ်တော့ ကျွန်တော့်အဖေရဲ့အသက်က ၆၈ နှစ်။
ဟုတ်တယ်.. တကယ်ဆို ဒီအသက်ဒီအရွယ်မှာ ဒီလိုမျိုးအပင်မြင့်မြင့်ပေါ်ကို မတက်သင့်တော့ဘူးလေ..
တစ်ခါတစ်ရံ သားအဖနှစ်ယောက် စကားပြောချိန်မှာ…
ရေနွေးကြမ်းငှဲ့တိုင်း အဖေ့ရဲ့လက်တွေ တုန်နေတတ်တာ ကျွန်တော်သိနေတာပဲ..
အပင်ပေါ်တက်သွားတဲ့အဖေကို အောက်ကနေ ကြည့်နေရင်းက ဖြစ်မှဖြစ်ပါ့မလားလို့ အတွေးတစ်စက ခေါင်းထဲဝင်လာမိတယ်..
“ အဖေ .. ဖြစ်ပါ့မလား ”
“ ရပါတယ်ကွ … မင်း အောက်ကနေပဲ လိုက်ကောက် ”

တကယ်တော့ မနက်ဖြန်ပြန်တော့မယ့် ကျွန်တော့်အတွက် လက်ဆောင်ထည့်ပေးဖို့ သူကိုယ်တိုင်စိုက်ထားတဲ့ သရက်ပင်တွေကနေ သရက်သီးတွေကို တက်ခူးနေတာပါ…
ကျွန်တော် ဘာမှ ပြောမနေတော့ပဲ အဖေခူးချလိုက်တဲ့ သရက်သီးတွေကို တစ်လုံးချင်း တစ်လုံးချင်း လိုက်ကောက်နေခဲ့လိုက်မိတယ်…
အလုံး ခြောက်ဆယ်ကျော် ခုနှစ်ဆယ်လောက်ရှိတော့
အဖေ့ကို အပင်ပေါ်ကဆင်းဖို့ မနဲပြောရတယ်…
“ တော်ပြီလားသားရ… မင်းတပည့်တွေက အများကြီးပဲဟာ… လောက်ပါ့မလား ”
“ လောက်ပါပြီအဖေရ… ဆင်းခဲ့တော့ ”
ဒီတော့မှ အဖေက အပင်ပေါ်ကနေ တဖြည်းဖြည်း ပြန်ဆင်းလာခဲ့တယ်..
တက်တုန်းက မြန်သလောက် ပြန်ဆင်းချိန်မှာ အရမ်းသတိထားပြီးဆင်းနေတာကို ကျွန်တော်သတိထားမိတယ်..
သြော်… ကျွန်တော့်အဖေ အတော်ကြီးကို အိုစာနေပီလေ…
“ ဖြေးဖြေးဆင်းနော် အဖေ ”
ကျွန်တော့်ကို စကားတောင် ကောင်းကောင်းပြန်မပြောနိုင်တော့
အောက်ရောက်တော့ အရမ်းကို မောနေပြီ…
အဖေမောနေတာကိုကြည့်ရင်း ဇဝေဇဝါဖြစ်နေတဲ့ ဒီအပင်ရဲ့အကြောင်းကို မေးကြည့်မိသည် ..
“ အဲဒါကြောင့်ပြောတာ … ကျွန်တော်တက်ပါမယ်ဆိုတာကို…
ဒါနဲ့အဖေ… ဒီအပင်မှာ ရုက္ခစိုးတွေ ဘာတွေ ရှိနေလို့လား… ???
ဘာထူးခြားတာရှိလို့ မတက်ခိုင်းတာလဲ ”
မောနေတဲ့ကြားက အဖေက ပြုံးပြီး ပြန်ဖြေတယ်…
“ ဘာမှ မရှိပါဘူးကွာ … သားက အလုပ်နဲ့အကိုင်နဲ့လေ…အဖေက ဘာအလုပ်မှ လုပ်တော့တာမဟုတ်ဘူးမို့လား”
“ အဲဒီတော့ ဘာဖြစ်လဲ အဖေရ ”
“ ဘာဖြစ်ရမှာလဲငါ့သားရ …
တကယ်လို့ အပင်ပေါ်က ပြုတ်ကျတာချင်းတူရင် အဖေက ဘာမှ အလုပ်ပျက်အကိုင်ပျက် ဖြစ်စရာမရှိဘူး…
ငါ့သားပြုတ်ကျခဲ့ရင် အလုပ်ပျက်အကိုင်ပျက်ဖြစ်မယ်…
မင်းဝင်ငွေမရှိတော့ရင် မင်းမိသားစုအခက်အခဲဖြစ်သွားမှာပေါ့…
ဒီထက်ပိုပြီး အရေးကြီးတာက တကယ်လို့ ပြုတ်ကျပြီး အသက်ဆုံးရှုံးတာချင်းတူရင်…
အဖေ့ရဲ့ သားတွေသမီးတွေအားလုံးက လူလားမြောက်ပြီးပြီ… အဖေစောင့်ရှောက်ပေးနေဖို့ မလိုတော့ဘူး…
အားလုံးက ကိုယ့်ဘဝကိုယ် ရပ်တည်နေနိုင်ကြပြီးပြီ…
ငါ့သားမှာက လူလားမမြောက်သေးတဲ့ သားနဲ့သမီးရှိသေးတယ်…
ဒီတော့ ငါ့သား အသက်ဆုံးရှုံးလို့ မဖြစ်သေးဘူး…
အဲဒါကြောင့် အဖေပဲတက်မယ်လို့ ပြောတာ ”
………………………………………………………
ဘာပြန်ပြောရမှန်း မသိအောင် ကျွန်တော်ဆွံ့အနေခဲ့မိတယ်..
ကျွန်တော့်ရဲ့မျက်ဝန်းထဲမှာ ဘယ်အချိန်ကနေရာယူလိုက်မှန်းမသိတဲ့ မျက်ရည်အချို့ ဝေ့ဝဲလာရင်း အဖေကို ပြေးဖက်မိတယ်…
ကျွန်တော်သိလိုက်တယ်…
အဖေဟာ ကျွန်တော်တို့ သားသမီးတွေနဲ့ပတ်သက်လာရင်
သားသမီးတင်မဟုတ်ပဲ သားသမီးတွေရဲ့ မိသားစုအတွက်ကိုပါ ပေးဆပ်ရဲသူတစ်ယောက်ဆိုတာကိုလေ…
… အဖေတွေရဲ့ စေတနာ၊ မေတ္တာတရားများအား တန်ဖိုးထားလေးစားနိုင်ပါစေဟု…
crd
#မူရင်းရေးသားသူအားရိုသေလေးစားဂရဝထားလျှက်🙏🏻🙏🏻🙏🏻

🙏🙏🙏မိဘဂုဏ်ဥယာဥ်ခြံ(သထုံမြို့)
Hotline ☎ 09 400 190 800

🌹 #ချမ်းသာချင်ရင်ပေးကမ်းမှုမှာ မွေ့လျော်ပါ ။🌹  #အောင်မြင်ချင်ရင်ကြိုးစားမှုကို အရင်းခံထားပါ ။🌹  #ပျော်ရွှင်ချင်ရင်၀မ်းမြ...
10/08/2022

🌹 #ချမ်းသာချင်ရင်
ပေးကမ်းမှုမှာ မွေ့လျော်ပါ ။

🌹 #အောင်မြင်ချင်ရင်
ကြိုးစားမှုကို အရင်းခံထားပါ ။

🌹 #ပျော်ရွှင်ချင်ရင်
၀မ်းမြှောက်မှုကို လေ့ကျင့်ပါ ။

🌹 #ရင့်ကျက်ချင်ရင်
သည်းခံမှုဖြင့် ကြိုးစားနေပါ ။

🌹 #တိုးတက်ချင်ရင်
အရာရာမှာ သင်္ခန်းစာယူပါ ။

🌹 #အပြစ်ကင်းချင်ရင်
မ​ကောင်းမှုကို ​ရှောင်ကြဥ်ပါ ။

🌹 #အလိုပြည့်ချင်ရင်
​ရောင့်ရဲစိတ်နဲ့ ရှင်သန်​နေပါ ။

🌹 #အေးချမ်းချင်ရင်
အများအပေါ်မှာ မေတ္တာထားပါ ။

သာရ ဂ ​ဝေ သီ

🙏🙏🙏မိဘဂုဏ်ဥယာဥ်ခြံ(သထုံမြို့)
Hotline ☎ 09 400 190 800

💢 #ဂုဏ်ကို မက်လို့ပေါင်းသူကဂုဏ်မရှိတော့ရင့် အရေးမလုပ်ချင်တော့ဘူး ။💢  #ပစ္စည်းကို မက်လို့ပေါင်းသူကပစ္စည်းမရှိတော့ရင်ဆက်မပ...
02/07/2022

💢 #ဂုဏ်ကို မက်လို့ပေါင်းသူက
ဂုဏ်မရှိတော့ရင့်
အရေးမလုပ်ချင်တော့ဘူး ။

💢 #ပစ္စည်းကို မက်လို့ပေါင်းသူက
ပစ္စည်းမရှိတော့ရင်
ဆက်မပတ်သက်ချင်တော့ဘူး ။

💢 #မျှော်လင့်ထားပြီး ပေါင်းသူက
မျှော်လင့်ချက် ပျက်စီးရင်
ခပ်ခွာခွာလေးပဲ နေတော့တယ် ။

💢 #ဘဝမှာ
ကိုယ်ဘာပေးနိုင်မလဲဆိုတာထက်
ဘာယူရမလဲဆိုတဲ့
လူတွေဟာအလွန်များပါတယ် ။

💢 #အတ္တကို ရှေ့တန်းတင်ပေါင်းရင်
ဘယ်သူနဲ့မှ အဆင်မပြေပါဘူး ။

💢 #အနစ်ခံတတ်တဲ့သူတောင်
အတ္တသမားနဲ့တွေ့ရင်
လုံး၀အဆင်မပြေနိုင်တော့သလို

💢 #ပေးကမ်းတတ်တဲ့သူလည်း
အတ္တသမားနဲ့တွေ့ရင်
ရှောင်ဖယ်ပြီး နေတတ်ကြပါတယ် ။

💢 #ကိုယ့်အတ္တကြောင့်
ရိုးသားဖြူစင်တဲ့သူများဘ၀တွေ
မထိုက်ခိုက်အောင် သတိထားပါ ။

သာရ ဂ ဝေ သီ

🙏🙏🙏မိဘဂုဏ်ဥယာဥ်ခြံ(သထုံမြို့)
Hotline ☎ 09 400 190 800

Address

သရက်ညီနောင် ၄လမ်း ထောင်မှူးကျေးရွာအုပ်စု သထုံမြို့။
Thaton

Telephone

+959400190800

Website

Alerts

Be the first to know and let us send you an email when Aung Than Htwe - မိဘဂုဏ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category