Le Petit Pot

Le Petit Pot A place where we love sharing the healthy plants with reasonable price,
also the tips how to take care of plants

ကဲ
01/10/2022

ကဲ

အားလုံးပဲ မင်္ဂလာပါနော်အပင်လက်ဆောင် ဝယ်ပေးချင်လို့ပါ ဆိုပြီး လာမေးသူရှိတာနဲ့ macrame ကြိုးလေးတွေ ထပ်ကျစ်ဖြစ်တယ်၊ ကြိုးဈေ...
19/09/2022

အားလုံးပဲ မင်္ဂလာပါနော်

အပင်လက်ဆောင် ဝယ်ပေးချင်လို့ပါ ဆိုပြီး လာမေးသူရှိတာနဲ့ macrame ကြိုးလေးတွေ ထပ်ကျစ်ဖြစ်တယ်၊ ကြိုးဈေးတွေ သုံးဆ လောက် တက်သွားတာမို့ လက်ကျန် ကြိုးကုန်ရင်တော့ တော်ပါပြီ

လက်ရှိမှာ Neon Potho, Jade Potho, Golden Potho သုံးမျိုးကို macrame ကျစ်ကြိုးလေးနဲ့ အရေအတွက်နည်းနည်း ရနိုင်ပါဦးမယ်

လက်ဆောင်ပေးချင်တာ အားပေးစကားလေးပြောချင်တာဆိုလည်း ပိုစ့်ကဒ်လေးနဲ့ စာလေးရေးပြီး သေချာ ပို့ပေးမယ်နော်

ဂရုစိုက်ရလွယ်ပြီး အလင်းရောင်နည်းနည်း နဲ့ ရှင်သန်နိုင်တဲ့ အပင်မျိုးမို့ beginner တွေ အတွက်တောင် အဆင်ပြေမှာပါ

ဈေးကတော့ မပြောင်းမလဲ တစ်အိုးကို ၈,၅၀၀ ဖြစ်ပါတယ်၊

အပင်ဆိုင်လေးကို ဆက်ပြီး မ run ဖြစ်တော့ပေမယ့် အားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ချစ်ရင်း ကျေးဇူးတင်ရင်း သတိတရ ရှိရပါတယ် 💚💚

Stay safe
Stay strong
Grow together

ပန်းတွေအားလုံးဟာ "သူမ" ပါပဲ❤️🧡💛💚💙💜🤎🖤🤍
19/06/2022

ပန်းတွေအားလုံးဟာ "သူမ" ပါပဲ
❤️🧡💛💚💙💜🤎🖤🤍

🌿🌿💃🕺🌿🌿နှစ်စဉ် မေလ ပထမ ပတ်ရဲ့ စနေနေ့ဟာ World Naked Gardening Day ပါရည်ရွယ်ချက်ကတော့ ဘော်ဒီရှိမ်းမင်း လုပ်ကြတာ ကို ရပ်တန့်...
07/05/2022

🌿🌿💃🕺🌿🌿
နှစ်စဉ် မေလ ပထမ ပတ်ရဲ့ စနေနေ့ဟာ World Naked Gardening Day ပါ
ရည်ရွယ်ချက်ကတော့ ဘော်ဒီရှိမ်းမင်း လုပ်ကြတာ ကို ရပ်တန့်ဖို့ရယ် သဘာဝ တရားကြီးထဲမှာ သဘဝ အလှကို ကိုယ်တိုင်သိရှိ ခံစားတတ်ဖို့ အတွက်ရယ်ပဲ ဖြစ်ပါတယ်

အခု ဒီပိုစ့်ကို မြင်ပြီး အပြေးအလွှား ပုံတွေ ရိုက်ဖြစ်သွားကြရင်တော့ ကိုယ့်ဒေါသ နဲ့ ကိုယ်ပါပဲ 😪😪

14/04/2022

လောင်း လောင်း လောင်းလိုက်ပါ
အပင်လေးတွေ လောင်းလိုက်ပါ

လူတွေက သင်္ကြန်မကျ ရေမကစား မပျော်ပါးကြ ပေမယ့် အပင်တွေ ပဲ ပျော်ကြပါစေတော့ရယ်လို့

နွေရယ် အပင်ရယ် ပျိုးသူရယ် 🌿🌵🎄🌱🌳🍀🍃 အခုလို အပူချိန် မြင့်တက်လာပြီဖြစ်တဲ့ နွေခေါင်ခေါင်မှာ အပင်ပျိုးသူတွေ အနေနဲ့ ဂရုတစိုက် ...
18/03/2022

နွေရယ် အပင်ရယ် ပျိုးသူရယ်
🌿🌵🎄🌱🌳🍀🍃

အခုလို အပူချိန် မြင့်တက်လာပြီဖြစ်တဲ့ နွေခေါင်ခေါင်မှာ အပင်ပျိုးသူတွေ အနေနဲ့ ဂရုတစိုက် ကိုင်တွယ် ဖြေရှင်းရမယ့် အခြေအနေလေးတွေ ရှိပါတယ်၊

🟢အပင်တွေ ရေ ခနခန ဆာတယ်

ဟုတ်ပါတယ်၊ အပင်တွေ ရေခနခန ဆာပါတယ်၊ ဒါပေမယ့် ရေခန ခန တိုက်လို့တော့လည်း အဆင်မပြေပြန်ပါဘူး၊ ဒီတော့ အပင်အမျိုးအစားအလိုက် လိုအပ်တဲ့ ရေကို မနက် နေထွက်ခါစ သို့မဟုတ် ည နေ နေဝင်ပြီး အချိန်တွေမှာ အေးနေအောင် ဝလင်နေအောင် တိုက်ဖို့ လိုပါတယ်၊
တစ်နေကုန် အပူဒဏ်ကို ပါ အံတုဖို့ဆို ပန်းအိုးအောက်ခြေ လင်ဗန်းထဲကို ရေဖြည့်ပေးထားတမျိုး၊ လင်ဗန်းထဲမှာ ကျောက်စရစ်ခဲလေးတွေ သို့မဟုတ် သဲဖြူဖြူလေးခင်းပြီး ရေလေးထည့်လို့ ပန်းအိုးတင်ထားတာမျိုး လေးတွေဟာ အပင်လေးတွေကို ချစ်ခင် တန်ဖိုးထားကြောင်း ပြသ ရာ ရောက်တဲ့ ဂရုစိုက်မှုလေးတွေ ထဲက တစ်ခုပါပဲ၊

🟢 အရွက်တွေ နဲ့ ပန်းပွင့်တွေ ဟာ နေရှိန်ကြောင့် လောင်တယ်

နေရောင်ထဲ ထားတဲ့ အပင်တွေ၊ နေ့လည်က နေ ညနေ ထိ နေရောင်ကို အပြည့်ရတဲ့ အပင်တွေ၊ အရိပ်ထဲမှာ ထားတယ်ဆိုပေမယ့် နေပူရှိန် ကို ခံစားရတဲ့ အပင်တွေ တိုင်း မှာ တွေ့လာ ရတတ်တဲ့ ပြဿနာ တစ်မျိုးပါ၊
ရေဝ အောင် လောင်းပေးတာမျိုး အပြင် အရွက်တွေ အပွင့်တွေ အားလုံး နွမ်းလျ သွားတဲ့ လက္ခဏာ ပြတာနဲ့ အိမ်ရဲ့အေးစိမ့်နေတဲ့ နေရာ တစ်ခု ( ရေချိုးခန်း သို့ ပန်းကန်စင်) မှာ ခနလောက် ရွှေ့ထားပေးသင့်ပါတယ်၊ လက္ခဏာ မပြင်းထန်ဘူးဆို တစ်ည လောက်နဲ့ တောင် လုံလောက်ပါတယ်၊

🟢 ပန်းအိုးတွေဟာ ပုရွက်ဆိတ်တွေရဲ့ နွေရာသီ အပူရှောင် စခန်း ဖြစ်လာတယ်

အေးရာအေးကြောင်းကို ရှာတဲ့ မြေအောင်းပိုးကောင်တွေ တိုင်းအတွက် ပန်းအိုးထဲက မြေဆွေးအေးအေးလေးတွေဟာ အိုအေစစ် ပါပဲ၊ အဲဒီတော့ သူတို့ နေထိုင်ကြပါတယ်၊ နေထိုင်ရုံတင်မဟုတ်ဘဲ ချစ်ကြခင်ကြ လင်ယူသားမွေး ဥတွေဥကြ မျိုးပွားကြ ရင်း တည်ထောင်လိုက်တဲ့ ပုရွက်ဆိတ် တိုင်းပြည်ငယ်တွေကြောင့် အပင်ဟာ အကြောင်းမဲ့ အရွက်တွေ ကြွေလာမယ်၊ အရိုးတွေ ခြောက်လာမယ်၊ နောက်ဆုံး အချိန် မီ မကယ်တင်နိုင်ရင် အပင် တစ်ခုလုံး ဆုံးရှုံးရနိုင်ပါတယ်၊ ဒီအချိန်မှာ ကယ်ကြည့် လို့ရတဲ့အကောင်းဆုံးနည်းက တော့ အပင်ကို အိုးက နေချွတ်လို့ အမြစ်တွေပါ သန့်စင်ပြီး မြေသစ် အိုးသစ်လဲ လိုက်တာ ဖြစ်ပါတယ်၊

ပိုးသတ်ဆေးတွေ သုံးမယ်ဆို တကယ့်ကို သတိထား ကိုင်တွယ်ဖို့ မှာချင်သလို သဘာဝ နည်းတွေသုံးမယ် ဆိုရင်လည်း ဆပ်ပြာဆီတစ်ဇွန်းကို ရေတစ်လီတာထဲ ရောပြီး ဖြန်းပေး လောင်းပေးတာမျိုး လည်း လုပ်နိုင်ပါတယ်၊

💚ဘယ်လိုပဲ အလုပ်နည်းနည်း ပိုလာတယ် ပြောပြော နွေပူပူ နေပူပူ သောက အပူတွေ ကြားမှာ အပင်စိမ်းစိမ်း အရွက်စိမ်းစိမ်း လေးတွေ မြင်တွေ့နေ ရတာ က ပဲ ခနတာ ငြိမ်းချမ်းမှုလေး ရစေတယ်ဆိုရင်ကို မဆိုးဘူးပေါ့၊

💚ကိုယ့်အိမ်ထဲမှာ ကိုယ့်အခန်းလေးထဲမှာ စိမ်းနေတဲ့ အရွက်လေးတွေ ထားထားရင်း ပြုစုရင်း
အပင်လေးလည်း အေးချမ်းပါစေ၊
ပျိုးတဲ့သူလည်း အမောပြေပါစေ

#အပင်လေးတွေပျိုးပါ
#ကိုယ့်ကိုယ်ကိုလည်းပျိုးပါ
#တူတူပျိုး

Macramé hanging Neon Pothos couple 💚💚
16/03/2022

Macramé hanging Neon Pothos couple
💚💚

အိမ်တွင်းအိုအေစစ် သို့မဟုတ် အိမ်တွင်းလေသန့်စင်‌ပင်လေးတွေရဲ့ ဘုရင် Aloevera နဲ့ Snake Plant8"ကော်အိုးဖြူနဲ့ စိုက်ထားတာလေး...
15/03/2022

အိမ်တွင်းအိုအေစစ် သို့မဟုတ် အိမ်တွင်းလေ
သန့်စင်‌ပင်လေးတွေရဲ့ ဘုရင်
Aloevera နဲ့ Snake Plant
8"ကော်အိုးဖြူနဲ့ စိုက်ထားတာလေး နှစ်အိုးစီသာ ကျန်ပါတယ်၊
5,500each

အပြောင်းအရွှေ့ကြောင့် ဘာမှ မသယ်နိုင်လို့ အကုန် ထုတ်ရောင်းရမှာ ဖြစ်လို့ အရောင်းပိုစ့်တွေ တင်လိုက်ပါဦးမယ်ဒီလို ခက်ခဲကြပ်တည...
09/03/2022

အပြောင်းအရွှေ့ကြောင့် ဘာမှ မသယ်နိုင်လို့ အကုန် ထုတ်ရောင်းရမှာ ဖြစ်လို့ အရောင်းပိုစ့်တွေ တင်လိုက်ပါဦးမယ်

ဒီလို ခက်ခဲကြပ်တည်း လှတဲ့ နေ့ရက်တွေမှာ ချစ်ရ ခင်ရ ကျေးဇူးတင်ရ သူတွေ ဆီကို ရှင်သန်နေတဲ့အပင်လေးတွေ လက်ဆောင်ပေးပို့ရင်း ရှင်သန်ပါဦး အားတင်းထားပါဦး ဆိုပြီး အားပေးစကား‌လေး ပြောချင်တယ်ဆို Le Petit Pot က ဆောင်ရွက်ပေးပါရစေ

ပြောချင်တဲ့ စကားလက်ဆောင် စာသားလေးရယ်၊ ပေးပို့ချင်တဲ့ သူရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်လေးရယ် လာပို့ပေးလိုက်ပါနော်

ချိတ်ဆွဲ ပင်လေးတွေက တစ်အိုးကို ၈,၅၀၀ ဖြစ်ပါတယ်
ဆင်တူလေး စိုက်ချင်တယ် ဆိုလည်း ရတာမို့ မှာလိုက်နော်

ဒီပိုစ့်ထဲက အပင်တွေလည်း နည်းနည်းစီ ကျန်ကြပါသေးတယ်
https://www.facebook.com/100610124984240/posts/475107937534455/

01/03/2022

မျှော်လင့်ချက်တွေရှိတယ်
မျှော်လင့်ကြည့်ချင်သေးတယ်



💚ဧည့်ခန်းလေးထဲဖြစ်ဖြစ် အိပ်ခန်းလေးထဲဖြစ်ဖြစ် အလုပ်စားပွဲဘေးဖြစ်ဖြစ် မီးဖိုချောင်မှာဖြစ်ဖြစ် ချိတ်ဆွဲထားရုံ အစိမ်းရောင် ရှင်သန်ခြင်းလေး
💚ပုံမှန် ရေနည်းနည်း ဖြန်းပေးရုံနဲ့ လုံလောက်တဲ့ အပင်လေးတွေဖြစ်လို့ အလုပ်ရှုပ်သက်သာသလို အကြမ်းခံတဲ့ အစိမ်းရောင် အသက်ကလေး

🪴macrame ချိတ်ဆွဲကြိုး‌လေးနဲ့အတူ ရနိုင်တဲ့ အပင်တွေက
1/golden pothos
2/neon pothos
3/Jade pothos
4/philondendron brasil
5/dischidia oiantha

မှာဖူးတဲ့ သူတိုင်း စိတ်းတိုင်းကျတဲ့ ခြံထွက် ပိန်းပန်းလေးတွေပါ ဒီတစ်ပတ်တော့ တနင်္ဂနွေနေ့မှာ ခူးပြီး တနင်္လာမှာ ဒလီဗာရီ နဲ...
25/02/2022

မှာဖူးတဲ့ သူတိုင်း စိတ်းတိုင်းကျတဲ့ ခြံထွက် ပိန်းပန်းလေးတွေပါ

ဒီတစ်ပတ်တော့ တနင်္ဂနွေနေ့မှာ ခူးပြီး တနင်္လာမှာ ဒလီဗာရီ နဲ့ ပို့ပေးပါမယ်နော်

https://www.facebook.com/100610124984240/posts/486164386428810/

Address

Yangon

Telephone

+959420309654

Website

Alerts

Be the first to know and let us send you an email when Le Petit Pot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Le Petit Pot:

Share

Category