14/11/2023
RCCB တလုံး ရဲ့အတွင်းပိုင်း အလုပ်လုပ်ပုံ
===============================
RCCB (Residual Current Circuit Breaker)သည် လျှပ်စစ်ဓါတ်လိုက်ခြင်းမှ ကာကွယ်ရန် အထူးထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။အိမ်တိုင်းမှာတက်ထားသင့်ပါတယ်။
ပုံတွင် RCCB တလုံး အတွင်း၌
magnetic core တခုကို coil 3ခု မှ ပါတ်ထားပါသည်။ L မှ လာသော coil ကို coil A ၊ Natural မှ ပြန်ဝင်လာသော coil ကို coil B ၊ ကျန် coil ကို coil C ဟု လည်းကောင်း သတ်မှတ် ပါစို့။
သာမာန် အခြေအနေတွင် Line မှ ဝင်လာသော current သည် Coil A ကို ဖြတ်စီးပီး Load ဆီသို့ ရောက်သွားသည်။ ထို အချိန်တွင် Fleming Left hand rule အရ magnetic field များသည် Direction တဖက် သို့ စီးဆင်းပေမည် ။ ထို Current သည် Load မှတဆင့် ပြန်ထွက်ပီး Natrual လိုင်းသို့ Coil B ကို ဖြတ်သန်း၍ စီးဆင်းပြီး ပြန်လည် ထွက်သွားပီး 1circuit တပါတ် ပြည့် လည်ပတ်သည်။ coil B မှ ဖြတ်စီးသော အချိန်တွင်လည်း magnetic field များ ထွက်လာသည်။ Coil A မှ ထွက်သော Magnetic Field (သံလိုက်စက်ကွင်း) ၏ Direction နှင့် Coil B မှ ထွက်သောသံလိုက်စက်ကွင်း ၏ Direction သည် ဆန့် ကျင်ဖက်စီ ဖြစ်၍ ကျေပျက်သွား၍ Coil C အပေါ် အားသက် မရောက်တော့ပေ။
စာကိုသေချာဖတ်စေချင်တယ်။
အကယ်၍ Line မှ လာသော Current သည် Load ဆီသို့ ဖြတ်စီးရာ ၌ earth leakage ဖြစ်ပီး လျော့နည်း သွားပါက Nutral ၌ ရှိသော current သည်လည်း လျော့နည်းသွားပီး Coil B ၌ လည်း သံလိုက် စက်ကွင်း အားလျော့သွားမည်။
ထိုအခါ Coil A ၏ စက်ကွင်းကို Coil B ၏ စက်ကွင်းမှ အပြည့် မချေနိုင်ပဲ ပိုလျံသော သံလိုက်စက်ကွင်း သည် Coil C ကို သွားရောက် ညို့ပီး Coil C သည် သံလိုက် အဖြစ်ပြောင်းသွားပေမည်။
ထိုအခါ Coil C သည် amplifier မှ တဆင့် Trip Coil ကို အသက်ဝင်စေပီး Current လျှပ်စီးကို ဖြတ်ချ လိုက်ပေမည်။
ဤ အခြေခံ အချက်ကို ကြည့်၍ အောက်ပါ အခြေအနေများတွင် RCCB သည် အလုပ်လုပ်မည် လား ကို ဖြေကြည့်ပေးပါ
၁- Current သည် Line မှ စီး၍ Earth သို့ ထိ၍ တိုက်ရိုက် စီးဆင်းသော အခြေအနေ
၂- Current သည် Load မှ ပြန်ထွက်လာပီး Natural လိုင်း မှတဆင့် Earth သို့ ထိပီး စီးဆင်းသော အခြေအနေ
၃- Current သည် Load တွင် earth leakage ဖြစ်ပေါ်နေသော အခြေအနေ။
၄- Line နှင့် Natural တိုက်ရိုက် ထိသော အခြေအနေ
၅- RCCB ၏ သတ်မှတ်ထားသော Load ထက် လွန်နေသော Overload or Overcurrent စီးဆင်းသော အခြေအနေ
၆- သာမာန် ပုံပါအတိုင်း လည်ပါတ်သော အခြေအနေ
၇- Test Buttom ကို နှိပ်လိုက်သော အခြေအနေ
အဖြေများ
မေးခွန်း ၁၊၂၊၃နှင့် ၇ တို့ ၏ အခြေအနေတွင် RCCB သည် အလုပ်လုပ်ပါမည်။
တနည်း Current ကို ဖြတ်ချပါမည်။
မေးခွန်း ၄၊၅၊၆ အခြေအနေတွင် RCCB သည် အလုပ် မလုပ်ပါ။ တနည်း Current ဆက်လက် စီးဆင်းနေပါမည်။
RCCB သည် Lနှင့် N Short Circuit ဖြစ်ခြင်း ၊ဝန်ပို သုံးစွဲခြင်းတို့ကြောင့် ဖြစ်စေနိုင်သော ဝါယာလောင်ကျွမ်းခြင်း၊ သုံးစွဲ လျပ်စစ်ပစ္စည်းများ လောင်ကျွမ်းခြင်း များ မှ ကာကွယ်မှု မလုပ်ပေးနိုင်ပါ။
မီးသမားတွေအတွက်အထောက်အကူဖြစ်စေပါတယ်။
RCCB သည် ဓါတ်လိုက်မှုများမှ ကာကွယ်ရန်သာ အထူး ထုတ်ထား ခြင်း ဖြစ်ပေသည်။
အနရာယ်ကင်းဝေးဖို့တက်ဆင်ထားပါ။
ဝါယာနှင့် လျှပ်စစ်ပစ္စည်း များ လောင်ကျွမ်းခြင်း အတွက်ကိုမူ MCB, MCCBများ ဖြင့် ကာကွယ်တပ်ဆင်၍ အသုံးပြုရပါမည်။
RCCB ကို 100mA , 300mA ,500mA
အစရှိသဖြင့် current differential value လျှပ်စီး ကွာခြားမှုတန်ဖိုး သတ်မှတ်ပီး ခွဲခြား အသုံးပြုကြသည်။
ဆရာ ဦးကျော်ဦး ရေးသားဖူးသော RCCB ၏ သဘော တရား ဥပမာ ကို လည်း အမှတ်ရမိပါသည်။
RCCB သည် လင်ယောကျ်ားကို ပိုက်ဆံထုတ်ပေးသော အိမ်ထောင်ရှင် မိန်းမနှင့် တူသည်တဲ့။ အပြင်ထွက်လျှင် အိပ်ဆောင် အဖြစ် ငွေထည့်ပေးလိုက်ပေမဲ့ အိပ်ပြန်လာလို့ အပြည့်ပြန်မပါလာလျှင် ပိုက်ဆံ ဖြတ်တတ်တဲ့ အိမ်ရှင်မ နဲ့ တူသတဲ့။
ကျေးဇူးတင်ပါတယ်။
Thank you.
Credit: