Z-J-M Construction & Structure

Z-J-M Construction & Structure အိမ်ဆောက်မည့်သူတွေကို Structure ဗဟုသုတများ မျှဝေကြမယ် ❤️❤️❤️

 19' အမြင့် 1.5'အဆိုင်းနဲ့ တဖက်ရပ် ယာဉ်ရပ်နား ဂိုဒေါင်Steel Structure မှာ moment connection နဲ့ shear connection ဆိုပြီး...
08/07/2024



19' အမြင့် 1.5'အဆိုင်းနဲ့ တဖက်ရပ် ယာဉ်ရပ်နား ဂိုဒေါင်

Steel Structure မှာ moment connection နဲ့ shear connection ဆိုပြီး နှစ်မျိုးရှိပေမယ့်

ခုမြင်နေရတယ့် Connection ကတော့ Moment Connection ဖြစ်ပြီး Hollow နဲ့ Hollow Truss တွေကို Fully Welded (ပတ်လည် အပြည့် ဂဟေဆော်) ထားခြင်းဖြစ်ပါတယ်။

ဒီပုံစံမျိုးက နည်းနည်း နွဲ့နောင်းမှုဖြစ်ပေမယ့် တိုင်တွေကို Concrete ငုံလောင်းပြီး ဒူးပိတ်အုတ်စီရင်တော့ အတန်အသင့် တောင့်သွားပါလိမ့်မယ်။

Truss ကိုတော့ 3"x11/2" Hollow နဲ့ 11/2" ပတ်လည် 2'ခြား Own Weight လျော့ပြီး လုပ်ထားပါတယ်။

ဒီ Structure က 75' x 30' x 19' ဖြစ်ပါတယ်။

အိမ်ရှင်တွေ အတွက်တော့ ကုန်ကျစရိတ် သက်သာပါသည်။

အသုတ်စုံကျနော် နောက်ရက်မှ ဆောက်လုပ်ရေးအလွဲလေးတွေကို စာသေချာရေးပါဦးမယ် မိတ်‌ဆွေတို့ရေ။🙏🙏🙏အားပေး ဝေဖန် ထောက်ရှူ ကြပါဦးနော့...
13/08/2023

အသုတ်စုံ

ကျနော် နောက်ရက်မှ ဆောက်လုပ်ရေးအလွဲလေးတွေကို

စာသေချာရေးပါဦးမယ် မိတ်‌ဆွေတို့ရေ။🙏🙏🙏

အားပေး ဝေဖန် ထောက်ရှူ ကြပါဦးနော့။

Source: [Google & Facebook]

H-Beam & I-Beamဒီနေ့တော့ ဆော​က်လုပ်ရေးလုပ်ငန်းခွင်ထဲ က အသုံးများတယ့် H-Beam နဲ့ I-Beam အကြောင်းလေးဆွေးနွေးပေးချင်ပါတယ်။သ...
13/09/2022

H-Beam & I-Beam

ဒီနေ့တော့ ဆော​က်လုပ်ရေးလုပ်ငန်းခွင်ထဲ က အသုံးများတယ့် H-Beam နဲ့ I-Beam အကြောင်းလေးဆွေးနွေးပေးချင်ပါတယ်။

သိတယ့်ဆရာများလည်း ကျော်သွားနိုင်သလို ပညာလည်းသင်ပေးသွားလို့ရပါတယ်ခင်ဗျာ။

တချို့က I-Beam နဲ့ H-Beam သိပ်မကွဲဘူး။ ဟုတ်တယ် သူတို့က နည်းနည်းတူပေမယ့် မတူပါဘူး 😃

H-Beam ကို wide fl**ge beam လို့လဲခေါ်ပြီး Rolled Steel Joist [RSJ] ဖြစ်ပါတယ်။သူ့ရဲ့ cross section က H ပုံစံရှိတယ့်အတွက် H-Beam လို့ခေါ်ရခြင်းဖြစ်ပါတယ်။ H-Beam တွေက mechanical properties သာလွန်၍ ကောင်းသလို strength to weight ratio ကလည်း အရမ်းကောင်းပါတယ်။ H-Beam တွေက Wide Fl**ge ဖြစ်တယ့်အတွက် residential building project တွေမှာ အများဆုံး အသုံးပြုကြပါတယ်။

I-Beam ဆိုတာကတော့ cross section ဖြတ်ကြည့်ရင် I ပုံစံဖြစ်တယ့်အတွက် I-Beam လို့ ခေါ်တာဖြစ်ပါတယ်။ I-Beam က H-Beam နဲ့မတူတာက H-Beam လို wide fl**ge မဟုတ်ပဲ slender fl**ge ဖြစ်သွားပြီး ခိုင်ခံ့မှုရှိစေရန်အတွက် fl**ge တွေမှာ သေးငယ် သွယ်လျသော အနားကွပ်လေးတွေ ပါရှိခြင်းဖြစ်ပါတယ်။ I-Beam တွေက တိုက်ရိုက်ဖိအားဒဏ်ခံနေရရင်တောင် bearing load ကို ကောင်းစွာခံနိုင်ပါသည်။ဘာလို့လဲဆိုတော့ သူ့မှာ high tensile strength ရှိလို့ပဲဖြစ်တယ်။

Design အရ နှိုင်းယှဥ်ကြည့်ရင် H-Beam တွေက I-Beam တွေထက် ပိုရှည်တယ်၊ ပိုကျယ်တယ်၊ ပိုလေးသော fl**ge တွေရှိကြတယ်။ H-Beam တွေက strength to weight ratio ကောင်းပြီး strength per unit weight ကလည်း အရမ်းကောင်းတယ့်အတွက် economical section steel အဖြစ်သတ်မှတ်ကြပါတယ်။ ဂဟေတို့ရာတွင်လည်း H-Beam တွေက I-Beam တွေထက်ပိုကောင်းပါတယ်။ ဘာလို့ဆိုတော့ ကြီးမားတယ့် area တွေရှိလို့ပါပဲ။ ဒါပေမယ့် Buckling အပိုင်းအတွက်စဥ်းစားရင်တော့ I-Beam တွေက H-Beam တွေထက်သာပါတယ်။ I-Beam တွေက H-Beam တွေထက် ပေါ့သောကြောင့် H-Beam တွေလောက်တော့ အားခံနိုင်မှာမဟုတ်ပေမယ့် own weight control ဖြစ်တယ့်နေရာမှာတော့ I-Beam ကိုပဲစဥ်းစားသင့်ပါတယ်။

ဘယ်လိုနေရာတွေမှာသုံးလဲပြောရရင်...

H-Beam တွေကို mezzanines-ထပ်ခိုးတွေ၊ platforms ၊ bridges တွေနဲ့ residential နဲ့ commercial building တွေမှာ အများဆုံး အသုံးပြုကြပါတယ်။

I-Beam တွေကိုတော့ structural steel building တွေ၊ တံတားတွေ နဲ့ တခြား မြို့ပြ projects တွေမှာ အသုံးပြုကြပါတယ်။ Commercial နဲ့ residential building project တွေမှာတော့ support frame အဖြစ်လည်ကောင်း၊ Column များအဖြစ်လည်းကောင်းသုံးကြပါသည်။ elevators(စက်လှေကား) တွေ၊ lifts(ဓာတ်လှေကား)တွေ၊ trailer တွေ၊ ကုန်ကားနောက်တွဲတွေ၊ hoists တွေမှာလည်း I-Beam ကို အသုံးပြုကြပါတယ်။

အနှစ်ချုပ်ရလျှင်

ဆောက်လုပ်ရေးလုပ်ငန်းတွင် H-beam နှင့် I-beam ဟူသော ဝေါဟာရနှစ်ခုစလုံးကို အပြန်အလှန်သုံးနေကြသော်လည်း တစ်ခုသည် အခြားတစ်ခုထက် ပိုကောင်းသည်ဟု ဆိုခြင်းသည် ​ရွေးချယ်မှုသာ ဖြစ်သည်။ နှစ်ခုစလုံးသည် စီးပွားဖြစ်နှင့် လူနေအိမ်အဆောက်အအုံ ဆောက်လုပ်ရေး နှစ်မျိုးလုံးအတွက် အထောက်အကူပြုသော beam ကဲ့သို့သော structural steel အမျိုးမျိုးတွင် အသုံးပြုသည့် အသုံးအများဆုံး structural steel beam နှစ်ခုသာဖြစ်ပါသည်။

Z-J-M Construction & Structure

Source: google

 #အုတ်စီနည်း Source:google
12/09/2022

#အုတ်စီနည်း



Source:google

Source:google,facebook
11/09/2022

Source:google,facebook

  RC Building တွေမှာ Beam ထက် Column ကိုပဲ ပိုကြီးအောင် ပို Safe ဖြစ်အောင်လုပ်သင့်ပါတယ်။Rc member တွေက Own Weight များတယ...
09/09/2022



RC Building တွေမှာ Beam ထက် Column ကိုပဲ ပိုကြီးအောင် ပို Safe ဖြစ်အောင်လုပ်သင့်ပါတယ်။

Rc member တွေက Own Weight များတယ့်အတွက် မလိုအပ်ပဲ Secondary Beam ထည့်ခြင်း၊ မလိုအပ်ပဲ Beam ကို ကြီးအောင်လုပ်ခြင်းမျိုး ရှောင်ကြဉ်သင့်ပါတယ်။

RC Building တွေမှာ Frame System ကို သုံးကြပေမယ့် Flat Column , Bearing Wall System အစရှိတယ့် လုပ်ပုံလုပ်နည်းတွေလည်း အများကြီးရှိပါတယ်။

Steel Structure ကျတော့ RC နဲ့ ပြောင်းပြန်ပါ။

Steel Building တွေက Secondary Beam ကို အနည်းဆူံ 7' ခြားလောက် ထည့်ရပါတယ်။ Column ကိုတော့ Beam ကို စဉ်းစားပြီးမှသာ design လုပ်တာပါ။

Steel Structure မှာ အရေးကြီးတာက connection ပါ။
Moment Connection & Shear Connection ဆိုပြီး 2 မျိုးရှိပါတယ်။
Connection မကောင်းရင်လည်း အဆောက်အဦး ပြိုကျနိုင်သလို၊ သုံးသင့်သော အရွယ်အစားအထက်သေးငယ်သော Beam & Column ကို သုံးမိခဲ့ရင်လည်း ပြိုကြနိုင်ပါတယ်။

Connection တွေ၊ Beam Size တွေ၊ Column Size တွေ၊ Footing Size တွေကို Structure Designer,Engineer တွေနဲ့ တိုင်ပင်ပြီး ဆောက်သင့်ပါတယ်။

မိတ်ဆွေတို့ အိမ်လေး ‌သေသပ် လှပ ခိုင်ခံ့ ကြာရှည် စိတ်ချမ်းသာဖို့ဆို နဲ့ မဖြစ်မနေ တိုင်ပင်သင့်ကြောင်း အကြံပြုအပ်ပါသည်။

သာယာသောနေ့လေး ပိုင်ဆိုင်နိုင်ပါစေ။ ။

 #အုတ်စီနည်း   #လိုတာ ယူသွားပေါ့Source:google,facebook
09/09/2022

#အုတ်စီနည်း



#လိုတာ ယူသွားပေါ့

Source:google,facebook

Crack (အက်ကြောင်း)  မရှိပဲ အရပ်ထဲကအတိုင်း လုပ်လိုက်ရင်တော့😥အိမ်တလုံးဆောက်ပြီးခဲ့ရင်တောင် 🏠🏠🏠ငွေကုန်တာနဲ့ မမျှတယ့် စိတ်ဒု...
09/09/2022

Crack (အက်ကြောင်း)

မရှိပဲ အရပ်ထဲကအတိုင်း လုပ်လိုက်ရင်တော့😥

အိမ်တလုံးဆောက်ပြီးခဲ့ရင်တောင် 🏠🏠🏠

ငွေကုန်တာနဲ့ မမျှတယ့် စိတ်ဒုက္ခကို အိမ်ရှင်တွေ ခံစားကြရမှာ မလွဲမသေပါပဲ😔

ဥပမာ၊ ၊ ဆောက်ပြီးတာမှ မကြာသေးဘူး အက်ကြောင်းတွေပေါ်လာဝာာမျိုး ဘယ်အိမ်ရှင်မှလိုချင်မယ် မထင်ပါဘူး။😔

အဲ့လိုမျိုးတွေ မဖြစ်ရလေအောင် စနစ်တကျ လေ့လာသင်ယူထားတယ့် STRUCTURE ENGINEER တွေဆီမှာ အကြံတောင်းခံသင့်ပါတယ်။ ။🤩

Engineer တွေက သဘောကောင်းပါတယ်ဗျ။😍😍😍

Source:google,facebook,crd

Roof Types  Source:google
09/09/2022

Roof Types



Source:google

Page လူသိများလာရင်Structure Knowledge တွေ အများကြီး Share လုပ်ပေးပါမယ်။
09/09/2022

Page လူသိများလာရင်

Structure Knowledge တွေ အများကြီး Share လုပ်ပေးပါမယ်။

***အိမ်ရှင်များ ✓ ခုမှဆောက်မည့်အိမ်ရှင်များ***အိမ်စဆောက်မည်ဆိုပါက1-ကိုယ်တကယ်လိုချင်တယ့် အိမ်ပုံစံကို အရင်ထုတ်ရမယ်။2-ပြီး...
08/09/2022

***အိမ်ရှင်များ ✓ ခုမှဆောက်မည့်အိမ်ရှင်များ***

အိမ်စဆောက်မည်ဆိုပါက
1-ကိုယ်တကယ်လိုချင်တယ့် အိမ်ပုံစံကို အရင်ထုတ်ရမယ်။

2-ပြီးရင်တော့ Structure ရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါပြီ။

3-Structure က ဘာလဲ---
+တည်ဆောက်မည့်အိမ် ကြာရှည်ခိုင်ခံံ့ရန်
+တည်ဆောက်မှု လွယ်ကူရန်
+အကုန်အကျသက်သာရန်
+မလိုအပ်သော ကုန်ကျမှုတွေ မကုန်ကျစေရန်
+စနစ်တကျ အဆင့်ဆင့်တည်ဆောက်ရန် တို့ဖြစ်ပါသည်။

ထို့ကြောင့် အိမ်ရှင်များအ‌နေဖြင့် Structure သည် အရမ်းအရေးကြီးကြောင်း အကြံပြုတင်ပြအပ်ပါသည်။

လာရောက်ဆွေးနွေးလို့လည်း ရပါသည်။ ။

ဗဟုသုတ ဗျှဝေခြင်းသက်သက်သာ ဖြစ်ပါသည်။ ။

ကျနော်သည် BE_Civil Structure ဘွဲ့ရထားသော အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသည်။

ပြည်သူများအားလုံး စိတ်ချမ်းသာစွာဖြင့် လုံခြုံသော အိမ်လေးပိုင်ဆိုင်ပြီး လူလိမ်ထံမှ လိမ်ညာခြင်းများလည်း ကင်းဝေးကြပါစေ။ ။

Photo,,,crd

Address

Yangon
11051

Telephone

+959423685733

Website

Alerts

Be the first to know and let us send you an email when Z-J-M Construction & Structure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Z-J-M Construction & Structure:

Share