ထူးခြား သီးနှံမျိုးစေ့ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • ထူးခြား သီးနှံမျိုးစေ့ရောင်းဝယ်ရေး

ထူးခြား  သီးနှံမျိုးစေ့ရောင်းဝယ်ရေး seed seller

မုန်ညင်းရွက် စိုက်ပျိုးနည်းစနစ်===================100%မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။အေးသော ဒေသကို ပို၍ နှစ်...
16/03/2025

မုန်ညင်းရွက် စိုက်ပျိုးနည်းစနစ်
===================100%

မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။
အေးသော ဒေသကို ပို၍ နှစ်သက် သည်။ မုန်ညင်းရွက်ကို ကြော်၊ လှော်၊ ချက်၊
ပြုတ် စားသုံး ရာတွင် အခြားသော သားငါး၊ အသီး အရွက်တို့နှင့် ရော၍လည်း စားသုံး နိုင်သည်။ မုန်ညင်း ချဉ်သည် မြန်မာလူမျိုး
တို့ အထူး နှစ်သက် သော တို့စရာ ထဲတွင် ပါ၀င်သည်။

မြေပြုပြင်ခြင်း
မုန်ညင်း ရွက်သည် မြေမရွေး သော်လည်း မြေဆီ သြဇာ ပြည်စုံမှု ရှိရန် အထူး အရေးကြီး သည်။ မြေညံ့ ပါက နောက်ချေး၊ မြေ
ဆွေး မ်ားမ်ား ထည့်ပေးရန် လိုသည်။ ရေမ၀ပ်သော မြေဖြစ်ပါက ပို၍ သင့်တော် သည်။ မိုးနည်းသော အချိန်ကို ရွေးစိုက်နိုင်
မြသာ လျှင် ရောဂါကျခြင်းမှ ကာကွယ်နိုင်သည်။ မစိုက်ပျိုး မီ (၃-၄)ပတ် အလိုတွင် မြေပြုပြင်ရန် လိုသည်။ မြေမ ပြင်မီ နွား
ချေးနှင့် မြေဆွေး ချပြီးမှ ထွန်ထယ် ၀င်သင့် သည်။ ရေ၀ပ် ပါက ဘောင်တင် ၍ စိုက်သင့်သည်။

မျိုးများ
မုန်ညင်း ရွက်မျိုး များတွင် မုန်ညင်း ဖြူမျိုးနှင့် မုန်ညင်း စိမ်းဟူ၍ နှစ်မျိုး ရှိသည်။ မုန်ညင်း ဖြူမျိုး ကို အချိုချက် သုံးကြပြီး
မုန်ညင်း စိမ်းမျိုး များကို အချဉ် တည်ခြင်း၊ ကျန်မဆိုင်၊ ဆွန်ထန် စသည်ဖြင့် ကြာရှည် ခံအောင် ပြုလုပ်၍ စားသုံးကြသည်။

စိုက်ပျိုးခြင်း
မုန်ညင်းကို မြန်မာ ပြည်တွင် မေလမှ ဒီဇင်ဘာလ အထိ စိုက်ပျိုး နိုင်ပါသည်။ ပျိုးထောင် စိုက်ပါက အရွက် သေးမျိုးအတွက်
ပင်ကြား၊ တန်းကြား ခြောက်လက် မထား၍ စိုက်ပါ။ အရွက်ကြီး မျိုးအတွက် မူ တစ်ပေကွာ အတန်း များတွင် တစ်ပင်နှင့် တစ်
ပင် ရှစ်လက်မ ခြားစိုက် ရမည်။ အရွက် အေရ အတွက် (၄-၅)ရွက် ရလာလျှင် ပျိုးပင် များကို စိုက်ခင်းသို့ ရွှေ့စိုက် နိုင်သည်။

စိုက်ချိန်တွင် မြေအစိုဓာတ်လုံလောက်စွာရရှိနေရန် အရေးကြီး သည်။ စိုက်ခင်းတွင် တိုက်ရိုက်စိုက်ပျိုးပါက တစ်တန်းနှင့်
တစ်တန်း တစ်ပေ ကွာသော စိုက်တန်း တွင် မျိုးစေ့ ထူထူခ် ပေးပြီး မြေပါးပါး၊ သို့မဟုတ် မြေဆွေးပါးပါးဖြင့် ဖုံးပေးပါ။ အပင်
ပေါက်လာ၍ အရွက်(၂-၃)ရွက် ထွက်လာသော် တစ်ပင်နှင့်တစ်ပင်(၂-၃)လက်မခြားပြီး မှုန်းပေးရမည်။

အပင်ပြုစုခြင်း
မုန်ညင်း စိုက်ပြီး အစောပိုင်း ပေါင်းနှိမ် ထားရန် အရေးကြီး သည်။ မုန်ညင်း ကြီးထွားစဉ် ကာလအတွင်း အစိုဓာတ်လုံလောက်
မှုရှိစေရန် အထူးအရေးကြီးသည်။ ခြောက်သွေ့သောရာသီတွင် မြေအစိုဓာတ်ရှိနေစေရန် အပင်ခြေတွင် ကောက်ရိုးနှင့်မြက်
ခြောက်တို့ဖြင့် အုပ်ထားပေးနိုင်သည်။ လိုအပ်ပါက ရေသွင်းရန်လိုပါသည်။

ရိတ်သိမ်းခြင်း
စိုက်ပြီး(၂၅-၃၀)ရက်ကြာသော် မုန်ညင်းရွက်များကို စားသုံးနိုင်ပြီဖြစ်သည်။ ရောင်းတန်းအရွယ်ရောက် ပါက ကြပ်နေသော
အပင် များကို နုတ်၍လည်းကောင်း အပြင်ဘက်ဆုံးအရွယ်ကြီးသော အရွက်များကိုခူး၍ လည်းကောင်း အပြင်ဘက်ဆုံးအ
ရွယ်ကြီးသော အရွက်များကိုခူး၍လည်းကောင်း ရောင်းနိုင်သည်။ အပင် ဆက်လက် ကြီးထွားနိုင်ရန် အပင်ပေါ်၌ အရွက်
လုံလောက်စွာ ချိန်ထား ရမည်။ မုန်ညင်း ရွက်ရင့် လာပါက အချဉ် တည်ရန် အသုံးပြု နိုင်သည်။

စိုက်ပျိုးချင်သောcustomerများအနေဖြင့်ယိုးဒယားမျိးကောင်းမျိုးသန့်တစ်ထုပ်လျှင်2200ကျပ်ဖြင့်စိုက်ပျိုးနိင်ပါပြီ09799839514/09423744490ကိုလည်းဆက်သွယ်မှာယူနိင်ပါပြီ

ပဲတောင့်ရှည် တိုင်ထောင်ပဲ စိုက်ပျိုးနေသောတောင်သူများအနေဖြင့် ပဲမျိုးများကို တစ်နေရာထဲမှာအမျိုးစားစုံလင်စွာ ဝယ်ယူစိုက်ပျိ...
16/03/2025

ပဲတောင့်ရှည် တိုင်ထောင်ပဲ စိုက်ပျိုးနေသောတောင်သူများအနေဖြင့် ပဲမျိုးများကို တစ်နေရာထဲမှာအမျိုးစားစုံလင်စွာ ဝယ်ယူစိုက်ပျိုးချင်ရင်တော့ဖြင့် ၀၉၄၂၃၇၄၄၄၉၀/ ၀၉၇၉၈၈၃၉၅၁၄ကို helloလုပ်ပြီးမှာယူလိုရပါတယ်နော် cbကနေလဲမှာလိုရပါတယ်
ပုံအောက်မှာစျေးလေးတွေရေးပေးထားပါတယ်နော်

တိုင်ထောင်ပဲစိုက်ပျိုးနည်းတိုင်ထောင်ပဲ 💥ပဲတောင့်ရှည်တွင် အပင်ရှည်မျိုးကို တိုင်ထောင်ပြီးအ စိုက်များကြပါတယ်။ အတောင့်အရောင...
15/12/2023

တိုင်ထောင်ပဲစိုက်ပျိုးနည်း

တိုင်ထောင်ပဲ 💥ပဲတောင့်ရှည်တွင် အပင်ရှည်မျိုးကို တိုင်ထောင်ပြီးအ စိုက်များကြပါတယ်။ အတောင့်အရောင်က အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဆိုပြီး အမျိုးမျိုးကွဲပြား ပါတယ်။ အစေ့အရောင်က အဖြူ၊ အနက်၊ အနီရောင်နဲ့ အဖြူအနီရောတဲ့ အရောင်ဆိုပြီးတော့လည်း အမျိုးမျိုး ရှိပါတယ်။

ကြိုက်နှစ်သက်သော ရေ၊ မြေ၊ ရာသီဥတု

တိုင်ထောင်ပဲဟာ သဲမြေမှ မြေစေးအထိ မြေအမျိုးမျိုးမှာ စိုက်ပျိုးနိုင်ပါတယ်။ အလွန်ချဉ်တဲ့မြေတွေမှာ ကောင်း ကောင်းမဖြစ်ထွန်းနိုင်ပါ။ စိုက်ပျိုးဖို့ အကောင်းဆုံး မြေချဉ်ငန်ဓာတ်ကတော့ (၆-၇)အတွင်းဖြစ်ပါတယ်။
အပူချိန် (၁၀)ဒီဂရီစင်တီဂရိတ်အောက်မှာ သီးပွင့်မှုကို လျော့နည်းစေပြီး ရာသီဥတုအရမ်းပူ ဒါမှမဟုတ် မိုး အရမ်းများရင်လည်း အပွင့်အသီးကို ကြွေစေပါတယ်။ အသင့်တော်ဆုံးအပူချိန်ကတော့ (၁၅-၂၂)ဒီ ဂရီ စင်တီဂရိတ်အတွင်းဖြစ်ပါတယ်။

မျိုးစေ့နှုန်းထား

ချုံပုတ်မျိုး (၄၀-၄၅)ကီလိုဂရမ်/ ဧက
တိုင်ထောင်မျိုး (၁၂-၁၅)ကီလိုဂရမ်/ဧက

မြေပြုပြင်ခြင်း

ထယ် (၂) စပ်၊ ထွန်(၂)စပ်နဲ့ ထွန်းရေးအသင့်အတင့်ကောင်းရင် စိုက်ပျိုးနိုင်ပါတယ်။ ရေမဝပ်တဲ့မြေကို ရွေးချယ်စိုက်ပျိုးရမှာ ဖြစ်ပါတယ်။

မြေသြဇာထည့်သွင်းအသုံးပြုခြင်း

တစ်ဧကအတွက် နွားချေးလှည်း (၅-၁၀)စီး၊ ယူရီးယား (၁၀၀)ကီလို၊ တီစူပါ (၅၀)ကီလို၊ ပိုတက်ရှ် (၂၅)ကီလို ထည့်ရမှာဖြစ်ပါတယ်။ နွားချေး၊ တီစူပါ၊ ပိုတက်ရ်ှနဲ့ ယူရီးယား(၅၀)ကီလိုကို မစိုက်ခင် မြေခံထည့်ပြီး ကျန်တဲ့ ယူရီးယား (၅၀)ကီလိုကိုတော့ ပေါင်းလိုက်၊ မြေဆွချိန်မှာ ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ လုပ်အားတတ်နိုင်ရင် မျိုးစေ့ချချိန်မှာ ဓာတ်မြေသြဇာတွေကို အစေ့ပတ်ပတ်လည်(၃)လက်အကွာမှာ ချပေးရမှာဖြစ်ပါတယ်။ မဂ္ဂနီစီ ယမ်နဲ့ သွပ်ဓာတ်ချို့တဲ့ရင် အသီးမှာ ပရိုတင်းပါဝင်မှုကို လျော့နည်းစေနိုင်ပါတယ်။ မဂ္ဂနီစီယမ်ဓာတ် လိုအပ်ရင် အပင်ရဲ့အောက်ပိုင်းအရွက်ရဲ့နှုတ်ခမ်းပတ်ပတ်လည်မှာ အဝါရောင်ပြောင်းလာတာကို တွေ့ရနိုင်ပါတယ်။

မျိုးစေ့ချခြင်း

မျိုးစေ့ချတဲ့အခါ အစိုဓာတ်များလွန်းရင် အစေ့ပုပ်သွားတတ်ပါတယ်။ တိုင်ထောင်ပဲကို အများအားဖြင့်တစ်တန်းနဲ့ တစ်တန်း (၃)ပေခြားပြီး တစ်ပင်နဲ့တစ်ပင် (၉-၁၂)လက်မခွာပြီး စိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီး အပင် (၂)ပတ် သားမှာ (၇)ပေခန့်ရှည်တဲ့ ဝါးတိုင်ဒါမှမဟုတ် ကိုင်းတန်တွေကို အပင်ခြေမှာ နွယ်တိုင်တက်နိုင်ဖို့ ထောင်ပေး ရပါတယ်။

ဝါးရှားတဲ့ဒေသမှာ တိုင်ထောင်ပဲကို သက်ကြီးပြောင်းဖူးမျိုးနဲ့ ရောပြီး စိုက်ပျိုးကြပါတယ်။
ချုံပုပ်မျိုးကို တစ်တန်းနဲ့တစ်တန်း (၁)ပေခွဲမှ (၂)ပေထိခြားပြီး တစ်ပင်နဲ့တစ်ပင် (၁)ပေခွာပြီး စိုက်ပျိုးရပါတယ်။ ရာသီဥတုသင့်တင့်တဲ့ ဒေသမှာ ရေရှိရင် ပဲ(၂)မျိုးလုံးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်။

အပင်ပြုစုစောင့်ရှောက်ခြင်း

အပင်ပေါက်စုံတာနဲ့ ပေါင်းမြက်တွေကို နှိမ်နင်းပေးရပါမယ်။ အထူးသဖြင့် တိုင်ထောင်ပဲဟာ သက်တမ်းပိုရှည်တဲ့ အတွက်ပေါင်းကို ကြိုတင်ပြီး မနှိမ်နင်းထားနိုင်ရင် နောက်ပိုင်းတိုင်ထောင်ပြီးရင် ပေါင်းနှိမ်ရခက်ခဲနိုင်ပါတယ်။ ပဲပင်ရဲ့အမြစ်မှာ နိုက်ထရိုဂျင်ဖမ်းယူနိုင်တဲ့ ဘက်တီးရီးယားတွေရှိနေတာကြောင့် အမြစ်တွေကို မထိခိုက်အောင် သတိပြုဖို့လိုပါတယ်။

ရေသွင်းခြင်း

ပဲပင်ဟာ ခြောက်သွေ့တဲ့ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပေမယ့် ရက်အတော်ကြာခြောက်သွေ့ရင် ရေသွင်းပေးဖို့ လိုအပ်ပါတယ်။ မိုးရာသီမှာ စိုက်ရင် ရေနုတ်မြောင်းလုပ်ထားပေးဖို့လိုပါတယ်။

ခူးဆွတ်ခြင်း

ပန်းပွင့်ပြီး (၇-၁၀)ရက်ခန့်ကြာတဲ့အခါ ပဲသီးတွေကို စတင်ခူးဆွတ်နိုင်ပါတယ်။ တစ်ဧကမှ သီးတောင့် (၁၅၀၀၀၀-၂၀၀၀၀၀) အထိ ထွက်နိုင်ပါတယ်။

မျိုးစေ့ထုတ်လုပ်ခြင်း

မျိုးစေ့ထုတ်လုပ်ဖို့အတွက် ရိတ်သိမ်းချိန် မိုးလွတ်ရင် အကောင်းဆုံးဖြစ်ပါတယ်။ အပင်ပေါ်မှာ အသီးတွေ ခြောက်လာမှ ခူးရမှာဖြစ်ပါတယ်။ မိုးရာသီမှာ မျိုးစေ့ထုတ်မယ် ဆိုရင် အစေ့ကို ကြိုတင်ခြွေပြီး ခြောက်သွေ့ အောင်နေပူလှန်းပြီးမှ ထုပ်ပိုးသိုလှောင်သင့်ပါတယ်။ ပဲမျိုးစေ့တွေကို သိုလှောင်တဲ့အခါ ပိုးထိုးတတ်တဲ့အတွက် ထုံးနဲ့ရောမွှေပြီး သိမ်းဆည်းသင့်ပါတယ်။ ဝယ်ယူစိုက်ပျိုးချင်တဲချစ်တို့ရေ ယိုးဒယားတိုင်ထောင်ပဲမျိုးကောင်းမျိုးသန့်10Gပါတစ်ထုပ်လျင်1500ကျပ်ထဲဖြင့်ဝယ်ယူနိင်ပါပြီ09798839514ကိုလဲဖုန်းဆက်မှာယူနိင်ပါပြီ

Credit

ဂေါ်ဖီထုပ်ခရမ်းရောင် စနစ်တကျစိုက်ပျိုးနည်း"************************မုန်လာအုပ်စုတွင် ပါဝင်သောအပင်ဟူသမျှတို့သည် မြေကောင်းက...
15/12/2023

ဂေါ်ဖီထုပ်ခရမ်းရောင် စနစ်တကျစိုက်ပျိုးနည်း"
************************
မုန်လာအုပ်စုတွင် ပါဝင်သောအပင်ဟူသမျှတို့သည် မြေကောင်းကိုကြိုက်ကြသည်။ ၎င်းအတွင်းအကောင်းဆုံးမြေကား သဲဆန်သောနုန်းမြေဖြစ်သည်။ မြေအချဉ် အငံဓာတ် (၆ - ၆.၆)မြေမျိုးကို ကြိုက်နှစ်သက်သည်။

ရာသီဥတု
------------
ဂေါ်ဖီထုပ်သည် အေးပြီးအစိုဓာတ်အမြဲရလျှင် စိုက်နိုင်သည်။ သို့သော် ။ တစ်လတွင် ပျမ်းမျှအပူချိန် (၆၀-၇၀) ဒီဂရီဖာရင်ဟိုက်ရှိရမည်။ ဂေါ်ဖီထုပ်သည် ခြောက်သွေ့မှုဒဏ်ခံနိုင်ပေသည်။

စိုက်ပျိုးချိန်
------------
မြေပြန့်ဒေသ - စက်တင်ဘာ၊ အောက်တိုဘာ
တောင်ပေါ်ဒေသ - ဧပြီ၊ မေ၊ စက်တင်ဘာ၊ အောက်တိုဘာ

ပျိုးထောင်ခြင်း
-----------------
(၁၀ x ၂.၅)ပေ၊ ဘောင်ကို ပေါက်ပြားဖြင့် မြေစိုင်ခဲကလေးများရစေရန် ပြုပြင်ပေးရ၏။ မြေများစွာ ညက်လျှင် ရေလောင်းသောအခါကြပ်သိပ်သွားနိုင်သောကြောင့် လေဝင်လေထွက်မကောင်းပဲ အညှောင့်ပေါက်မှု ညံ့လာ၏။ ပျိုးတစ်ဘောင်လျှင် မျိုးစေ့အောင်စဝက်ခန့်လိုပါသည်။ ပျိုးဘောင်ပေါ်တွင် မျိုးစေ့ကြဲရန် (၂)လက်မ
ခြားမြောင်းများဆွဲပြီး မျိုးစေ့ကိုညီညာစွာချ၍ အပေါ်မှနွားချေးဆွေးမှုန့် ပါးပါးဖုံးအုပ်
ပြီး ၎င်းပေါ်၌ စင်းပြီးကောက်ရိုးခြောက်များ ပါးလွှာစွာဖုံးအုပ်ပေးကာ ရေရွှဲရွှဲလောင်းပေးရမည်။ ဘောင်ပေါ်တွင် တစ်တောင်အမြင့်မှ သက်ကယ်ကောက်ရိုးမိုးပေးရသည်။ (၃-၄)ရက်ကြာလျှင် အညှောင့်ပေါက်လာသည်။ (၁၂)ရက်ကြာလျှင်
တန်းကြားကို မြေဆွပေါင်းရှင်းခြင်း ပြုလုပ်ပေးရသည်။ ပျိုးသက်(၂၀)ရက်ရလျှင် ယူရီးယားမြေသြဇာကို တစ်ဘောင်လျှင်(၅)အောင်စနှုန်းဖြင့် ရေဖျော်ဖျန်းပေးပြီး ရေဝသည့်တိုင်လောင်းပေးရသည်။ စိုက်ခင်းသို့ပြောင်းရွှေ့စိုက်ပါက ညနေ(၃)နာရီခန့်တွင် အမြစ်မနာအောင်နုတ်ပြီး ပြောင်းရွှေ့စိုက်သင့်သည်။ တစ်ဧကလျှင်
မျိုးစေ့ (၁၀၀-၁၅၀) ဂရမ်လိုအပ်ပါသည်။

စိုက်ခင်းပျိုးခြင်း
------------------
ပျိုးဘောင်ပြုလုပ်ချိန်ကတည်းက စိုက်ခင်းကို ထယ်(၂)စပ်၊ ထွန်(၃)စပ်ဝင်၍
မြေပြုပြင်ထားရမည်။ ပေါင်းမြက်များပြောင်သည့်တိုင် ကောက်ယူပြီး ကြမ်းတုံးရိုက်ထားရမည်။ ထို့နောက် မိမိအလိုရှိသော အကွာအဝေးအတိုင်းကြောင်းဆွဲခြင်း၊ ပေါက်ပြားဖြင့် မြေပြန်ဆွခြင်းတို့ကို ပြုလုပ်ပေးရမည်။
ပျိုးသက် (၃၅-၄၀)ရက်ရလျှင်၊(သို့) အရွက် (၄-၅)ရွက်ထွက်လာလျှင် ပြောင်းရွှေ့ စိုက်ပျိုးနိုင်သည်။တူးရွင်းဖြင့်ကျင်းတူးပြီး ကျင်းထဲရေလောင်းရပါမည်။ ၎င်းကိုရေခံသည်ဟုခေါ်သည်။ ပျိုးပင်ကိုနုတ်ပြီး ၎င်းကျင်းထဲသို့တည့်မတ်စွာချ၍ အမြစ်ကိုမြေတွင်ဖိကပ်ပြီး အပေါ်မှမြေဖုံးပေးရမည်။ သေသောအပင်များကို(၄-၅)ရက်အတွင်း
ပြန်ဖြည့်ပေးရမည်။ ထိုထက်နောက်ကျလျှင်မူလအပင်ကိုမမှီတော့ပေ။ရွေ့စိုက်ပြီး
တစ်လသားအထိ ပုရစ်ဖျက်ဆီးမှုကို ဂရုစိုက်ရသည်။
သက်လျင်မျိုးကို သက်ကြီးမျိုးထက် အနည်းငယ်စိပ်စိပ်ထား၍ စိုက်နိုင်ပါသည်။ တစ်ပင်နှင့်တစ်ပင် (၁.၅ - ၂)ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂ - ၂.၅)ပေခြားထားပြီး စိုက်ပျိုးနိုင်ပါသည်။ ရွှေ့စိုက်ပြီး (၁၀-၁၅) ရက်ရလျှင် ခါးဆွခြင်းကို ပြုလုပ် ပေးရသည်။

မျိုးစေ့ခံမည်ဆိုပါက မြေပြန့်ပြည်မတွင် အနည်းအကျဉ်းစမ်းသပ်ပျိုးခံလျှင် ရရှိပါသည်။ သီတင်းကျွတ်လလောက်တွင် ပျိုးထောင်စိုက်ပျိုးထားပါ။ ဦးစွာပေါက်၍ သန်စွမ်းသော အပင်များကို ပြုစုပါ။ အလယ်မှ ဖူးတံထွက်၍ အသီးကလေးများသီးပြီး မျိုးစေ့ရလာပါမည်။

ဂေါ်ဖီ စိုက်ခင်းတွင် တိုက်ရိုက် စိုက်ပျိုးလေ့မရှိကြပါ။ ပျိုးခင်းတွင် ဦးစွာ ပျိုးထောင်ပြီးမှသာလျှင် ရွှေ့ပြောင်းစိုက်ပျိုးလေ့ရှိပါသည်။ မျိုးစေ့ ပျိုးရန်အတွက် မြေဆွေး အသင့်အတင့် ပါ၀င်ပြီး မြေညက်တွင် အလျားပေ ၂၀၊ အနံ ၃ပေရှိ ပျိုးဘောင်နှစ်ဘောင် ပြုလုပ်ပြီး ပျိုးဘောင်ပေါ်တွင် လက်မအနက်ရှိသော စိုက်ကြောင်း တိမ်ကလေးများဆွဲကာ အတန်းလိုက် မျိုးစေ့ ၄အောင်စမှ ၆အောင်စမျှကို နှစ်ဘောင်ခွဲ၍ ပျိုးထောင်ရသည်။ ပျိုးဘောင်ပေါ်တွင် စိုက်ကြောင်း တိမ်ကလေးများကို တစ်တန်းနှင့်တစ်တန်း ၃လက်မ၊ ၄လက်မခန့်ခြား၍ ဖော်ရန် လိုပါသည်။ ပျိုးခင်းတွင် မြေအစိုဓာတ်ရှိရုံ အပေါက်သေးသော ရေပန်းကရားဖြင့် ရေမှန်မှန်လောင်းပေးရပါသည်။

ပျိုးပင်ငယ်များ အရွက်လေးရွက်မှ ခြောက်ရွက်အထိ ထွက်လာသောအခါ စိုက်ဘောင် စိုက်ကွက်များသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီဖြစ်သည်။ ပြောင်းရွှေ့စိုက်ပျိုးရာ၌ နံနက်ပိုင်းထက် ညနေပိုင်းကိုသာ ရွေးချယ်သင့်ပါသည်။

ဂေါ်ဖီထုပ်ကို စိုက်ပျိုးရာတွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများလည်း ရှိပေသည်။ ထိုပိုးမွှားများမှာ မုန်ညင်းပင်၊ မုန်လာပင်တို့တွင်လည်း ကျရောက်ဖျက်ဆီးတတ်သည်။ ပုရွက်ဆိတ်၊ ပုရွက်ဆိတ်နီ၊ ခြ၊ နွားချေးပိုး၊ ပိုးတီကောင်၊ ပုရစ်၊ မုန်ညင်းလိပ်ပြာ စသော သတ္တဝါတို့သည်ဂေါ်ဖီထုပ်အား ကြီးထွားဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက်ပေးတတ်သည်။ ထိုသို့ ပိုးမွှားများ ကျရောက်ပါက ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ထားသော ပိုးသတ်ဆေးဝါးများဖြင့် နှိမ်နင်းပေးရမည်။

ဂေါ်ဖီထုပ် မျိုးရိုးဗီဇ အနေအထားကိုလိုက်၍ ရက်ပေါင်း ၉၀မှ ရက်ပေါင်း ၁၃၀ အတွင်း ခူးဆွတ်နိုင်ပါသည်။
ဂေါ်ဖီထုပ်အား မိမိတို့အိမ် ခြံမြေလွတ်များရှိပါက မြေဆီသြဇာကောင်းကောင်းတို့နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သကဲ့သို့ လယ်မြေယာမြေများတွင်လည်း စီးပွားဖြစ် စိုက်ပျိုးနိုင်ပါသည်။ အပွင့်အနေအထားအလိုက် စျေးနှုန်းအနိမ့်အမြင့် ရှိပေသည်။ လှိုင်လှိုင်ပေါသည့် ရာသီထက် ရှားရှားပါးပါး အချိန်အခါတွင် ပို၍ စျေးနှုန်းကောင်းမွန်ပေသည်။
မိမိတို့ခြံဝန်းထဲမှာဘဲဖြစ်ဖြစ် မြေကွက်များမှာဘဲဖြစ်ဖြစ်စိုက်ပျိုးမယ်စိတ်ကူးထားတဲ့ချစ်တို့ရေ ယိုးဒယားမျိုးကောင်းမျိုးသန့်2gပါတစ်ထုပ်လျင်4000ကျပ်ဖြင့်ဝယ်ယူနိင်ပါတယ် 09423744490ကိုဖုန်းဆက်၍သော်လည်ကောင်းcbကနေသော်လည်ကောင်းမှာယူနိင်ပါတယ်ရန်ကုန်မြို့မှတခြားနယ်မြို့များသို့ပို့ဆောင်ပေးနေပါပြီ

ချယ်ရီခရမ်းချဉ်သီး စိုက်ပျိုးနည်း🍅🍅🍅🍅🍅🍅🍅💯💯👈စိုက်ပျိုးဒေသအပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိ...
15/12/2023

ချယ်ရီခရမ်းချဉ်သီး စိုက်ပျိုးနည်း
🍅🍅🍅🍅🍅🍅🍅💯💯👈

စိုက်ပျိုးဒေသ
အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံ အနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမနွေးပိုင်း ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။

တိုင်ထောင်မျိုး

အပင်ကြီးထွားပုံမှာ အဖျားတွင် အညွန့်နှင့် အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ် (၂) ဆစ်မှ အထက် ရှိသည်။ ပြုစုစောင့်ရှောက်မှုကောင်းပါက တစ်နှစ်ခံပင် အဖြစ် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်၊ တန်းပစ်၊ ကြိုးချည်၊ အတက်ဖဲ့ခြင်း လုပ်ငန်းများ မှန်မှန်ဆောင်ရွက်ရန် လိုအပ်ပါသည်။

အသီးပုံသဏ္႑ာန်
အသီး အညှာတွင် အစိမ်းရင့်ပါသော မျိုးနှင့် မပါသောမျိုး ဟူ၍ပေါ်လွင်စွာ ခွဲခြားလေ့ရှိသည်။ အသီးထိပ်တွင် ထိပ်ချွန်၊ ထောက်ချွန်၊ ချောနှင ့်ချိုက်ဟူ၍ (၄) မျိုး ခွဲခြားထားပါသည်။ အသီးရောင် အနေဖြင့် အနီ၊ ပန်းရောင်နှင့် အဝါဟူ၍ အုပ်စု (၃) စုခွဲခြားထားပါသည်။

ရာသီဥတု
နွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နံနက်ပိုင်း အပူချိန် ၁၅ ဒီဂရီ စင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အကောင်းဆုံး ဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်သွေ့ ပူပြင်းပြီး အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ် ထက် နိမ့်ကျလျှင် လည်းကောင်း၊ ခရမ်းချဉ် အပွင့်များ မျိုးမအောင် အသီး မတင်နိုင် ဖြစ်ရသည်။ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့် လွန်ကဲသော ရာသီဥတု အခြေအနေမျိုးတွင် အပင်ကိုသေစေနိုင်သည်။ ပျှမ်းမျှ အပူချိန် ၁၈-၁၅ ဒီဂရီ စင်တီဂရိတ် ရရှိလျှင် အပင်ဖြစ်ထွန်းမှု အကောင်းဆုံး ဖြစ်ပါသည်။

မြေပြုပြင်ခြင်း

မြေ အခြေအနေပေါ် မူတည်၍ ထယ် ၂ စပ်မှ ၄ စပ်ထိုးပြီး ထွန်ရေးညက်သည် အထိ ၁၆သွား ထွန်ဝင်ပေးရန် လိုအပ်ပါသည်။ ခရမ်းချဉ် အမြစ်သည် တည့်မတ်စွာမြေအနက် ၃ပေခန့် အထိ ဆင်းနိုင်သည့်အတွက် ထယ်ရေး နက်ရန် လိုအပ်သည်။ မိုး များဒေသ တွင်ရေမဝပ်စေရန်ရေ နှုတ်မြောင်း လုပ်ပေးရသည်။ ထွန်ရေး ညက်လျှင် ကြမ်းတုံး ရိုက်၍ တစ်တန်းနှင့် တစ်တန်း ၃ ပေ၊ တစ်ပင်နှင့် တစ်ပင် ၂ ပေခြား စိုက်ပျိုးရပါမည်။

ရေသွင်းခြင်း

စိုက်ဘောင်ဖြင့် စိုက်ပျိုးပါက ရေလောင်း စနစ်၊ ရေဖြန်း စနစ်၊ အစက်ချစနစ် တို့ကို ဆောင်ရွက်ခြင်းဖြင့် အပင် ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ပါသည်။ မြောင်းဖြင့်ရေပေးသွင်း စိုက်ပျိုးမည် ဆိုပါက ခရမ်းချဉ်ပင်များရွှေ့ပြောင်း စိုက်ပျိုးခြင်း မပြုမီ ရေသွင်းမြောင်းမနှင့် မြောင်းလက်တံများ လိုအပ်သလို ကြိုတင် ပြုပြင် ထားရပါမည်။ မိုးရာသီ စိုက်ပျိုးပါက ဘောင်ဖော် စိုက်ပျိုးရန်နှင့် ရေထုတ်မြောင်းများကောင်းစွာ ပြုလုပ်ထားပြီး၊ အခြေအနေပေးပါက ပလပ်စတစ်ဖြင့် ဖုံးအုပ် စိုက်ပျိုးရန် လိုအပ်ပါသည်။

ပျိုးထောင်ခြင်း

စနစ်တကျ ပြုပြင်ထားသော ပျိုးဘောင်တွင် တစ်တန်းနှင့် တစ်တန်း ၂ လက်မခြား စိုက်တန်းများဖြောင့်တန်းစွာ ဆွဲ၍ တစ်စေ့နှင့် တစ်စေ့ လက်မဝက်ခြားစီ မျိုးစေ့ တန်းချကာ မြေဆွေးမှုန့်ဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးရန် လိုအပ်သည်။ ပြီးလျှင် ရေဝအောင်လောင်းပေး၍ ကောက်ရိုး၊ မြက်ခြောက်၊ သက်ကယ်(သို့) စပါးခွံဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးထားရန် လိုအပ်သည်။ ခရမ်းချဉ် ပျိုးဘောင် တွင်ရောစပ်ရမည့်မြေ အချိုးနှုန်းမှာ လယ်မြေ နှစ်ဆ၊ မြေဆွေး တစ်ဆနှုန်း ဖြစ်ပါသည်။

ရေလောင်းခြင်းကို နံနက်ပိုင်းတွင် သာဆောင်ရွက်၍ ပိုးမွှားရောဂါ အခြေအနေကို စဉ်ဆက် မပြတ် ကြည့်ရှု စစ်ဆေးပေးရန် လိုသည်။ ရာသီလွန် အခါမဲ့ စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ် မျိုးစေ့များကို (၂.၅ ပေ _ ၁ ပေ _ ၅ လက္မ)အရွယ် ပျိုးသေတ္တာများတွင် အသင့်ရောစပ်ပြီးမြေဆွေးများ ထည့်၍ အထက်ဖော်ပြပါ အကွာအဝေး အတိုင်း အတန်းလိုက် တစ်စေ့ခြင်းစီ ချကာ ပျိုးထောင်ရန် လိုအပ်ပါသည်။ အပင်ပေါက်ပြီး (၁၀-၁၅) ရက်သား ရွက်မှန်(၂) ရွက်ထွက်ချိန်တွင် ၄လက်မ ထိပ်ဝ အချင်းရှိသော ပလတ်စတစ်အိတ်(သို့)ပျိုးခွက်များတွင်ရွှေ့ပြောင်း စိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါ ပျိုးခွက်အတွင်း (၂၀-၂၅) ရက် ထားရှိကာ ထာဝရ စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါက ပျိုးဘောင်ပေါ်တွင် ၄_၂ လက်မ အကွာထား၍ ပျိုးထောင်ပြီး ပျိုးသက် (၃၀-၃၅) ရက်သားတွင်အစိုဓါတ် လုံလောက်သော စိုက်ခင်း အတွင်းသို့ မွန်းလွဲပိုင်း ညနေခင်းများတွင်ရွှေ့ပြောင်း စိုက်ပျိုးနိုင် ပါသည်။

စိုက်ပျိုးခြင်း

ပျိုးသက် (၃၀-၃၅)ရက်သား (သို့) ပျိုးပင်ရွက်မှန် အဆင့် ၆-၈ရွက်တွင် စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးသည်။ မွန်းလွဲပိုင်းနေပူရှိန် စတင် ကျဆင်းချိန်တွင် ကြိုတင်ရေလောင်းထားသော ပျိုးခင်းမှ ပျိုးပင်ကလေးများကို လက်ထိုး တူရွင်းဖြင့် အမြစ် မထိခိုက်စေရန် တူးယူပြီး အမြစ်ကိုပြောင်စင်အောင်ရေဆေး ရမည်။ မစိုက်ပျိုးသေးသော ပျိုးပင်ငယ်များကို အရိပ်အောက်တွင် အမြစ်ရေနှစ်ကာ ထားရှိရန် လိုပါသည်။ တစ်ဧက မျိုးစေ့ ၁၀ဝ ဂရမ်(၆ကျပ်သား)နှုန်း၊ အပင် ၈၀ဝ၀ မှ ၁၀ဝ၀ဝ အထိ ဝင်ဆန့်အောင် စိုက်ပျိုးရမည်။

အပင်ပြုစုစောင့်ရှောက်ခြင်း

ရွှေ့ပြောင်းစိုက်ပျိုးပြီး ၁၅ ရက်ခန့်အကြာ အပင် လှန်ချိန်တွင် ပထမအကြိမ် ခါးဆွမြေတောင်မြှောက်ပေး၍ မြေဩဇာကျွေးရန် လိုအပ်ပါသည်။ ယင်းအချိန်တွင် မိမိ စိုက်ပျိုးသော မျိုးပေါ်မူတည်၍ တိုင်ထောင်မျိုး ဆိုပါက လိုအပ်သော အတက်ဖဲ့ပေးခြင်း၊ တိုင်ထောင်တန်းပစ်၊ ကြိုးချည်ပေးခြင်း ပြုလုပ်ရမည်။ ခရမ်းချဉ် အတက်ဖဲ့နည်းမှာ ပထမဆုံး ထွက်ရှိလာသော ပန်းခိုင်အောက်ရ ှိအရွက်ကြားမှ ပြူထွက်လာသောဘေးတက်အား သီးကိုင်းအဖြစ် မွေးမြူချန်လှပ်ကာ ကျန်အောက်ဖက်ရှိဘေးတက် အားလုံးကို ဖဲ့ချွေပစ်ရန် လိုအပ်ပါသည်။ စိုက်ပျိုးထားရှိသော ခရမ်းချဉ်ပင်အား ခရမ်းချဉ်သီးဈေးကွက် အခြေအနေအရ လည်းကောင်း၊ မျိုးစေ့ ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရ လည်းကောင်း၊ အပင်ပုံသွင်း ပြုစုနည်းကို(၃)မျိုး ခွဲခြားဆောင်ရွက်နိုင်သည်။

ပထမနည်း- ပင်စည် ၃ ကိုင်းထားရှိခြင်း

တစ်ပင်နှင် ့တစ်ပင် ၂ ပေခြား စိုက်ပျိုးလျှင် သင့်တော်ပါသည်။ အပင်လှန်ပြီး ၁၅ ရက်သားတွင် မူလ ပင်စည်မှ ထွက်လာသော ပန်းခိုင်အောက်မှ ကပ်လျက်ဘေးတက်အား ဒုတိယပင်စည် (သီးကိုင်း) အဖြစ် မွေးမြူရပါမည်။ ၎င်းအောက်ရှိ ဘေးတက်များအား ဖဲ့ချွေပစ်ရပါမည်။ ပထမ ပင်စည်မှ ဖူးပွင့်လာသော ဒုတိယ ပန်းခိုင်အောက်ရှိ အရွက်ကြားမှ ထွက်လာသောဘေးတက်နှင့် ဒုတိယ ပင်စည် (သီးကိုင်း)မှ ထွက်လာသော ပထမ ပန်းခိုင်အောက်မှ ကပ်လျက် တည်ရှိသည့် အရွက်ကြားမှ ထွက်လာသောဘေးတက် ၂ ခုအား သန်စွမ်း ကြီးထွားမှု နှိုင်းယှဉ်လေ့လာကာ ပိုမို သန်စွမ်းသည့်ဘေးတက်ကို တတိယ ပင်စည်(သီးကိုင်း) အဖြစ် ဆက်လက်မွေးမြူ ချန်လှပ် ထားရှိပါမည်။

ဒုတိယနည်း- ပင်စည် ၂ ကိုင်းထားရှိခြင်း

အထက်ဖော်ပြပါ ပင်စည် ၃ ကိုင်းထားရှိသည့် အပင် ပုံသွင်း ပြုစု နည်းစနစ် အတိုင်း ဆောင်ရွက်၍ ဒုတိယ ပင်စည် (သီးကိုင်း) ရရှိပြီး ချိန်တွင် ပင်စည် (၂) ကိုင်းလုံးပေါ်ရှိ ထွက်ပြူလာ သမျှသောဘေးတက်များအားလုံး ဖဲ့ချွေပစ် ရန်လိုအပ်ပါသည်။ ကိုင်းဖြတ် ပုံသွင်း နည်းစနစ်သည် သီးနှံဈေးနှုန်းအေးချိန်၊ ကျချိန်များတွင် သီးထွက်နောက်ကျ ထွက်စေရန် အချိန်ဆွဲ စိုက်ပျိုးနည်းစနစ် ဖြစ်ပါသည်။

တတိယနည်း- ပင်စည်ထီးထီးထားရှိခြင်း

ခရမ်းချဉ် ပျိုးပင်အား စိုက်ကွက်ထဲသို့ရွှေ့ပြောင်း စိုက်ပျိုးပြီး အပင်လှန်ချိန်တွင် စတင်၍ မူလ ပင်စည်မှ ထွက်ပြူလာသောဘေးတက်များ အားလုံး ဖဲ့ချွေပစ်၍ ပင်စည် သီးကိုင်း တစ်ခုတည်း ထားရှိစိုက်ပျိုးသော စနစ် ဖြစ်ပါသည်။ ဤနည်းဖြင့် ခရမ်းချဉ် ပင်တန်း အကွာအဝေးကို ၂-၃ ပေအထိ စိုက်ပျိုးနိုင်သည့်အတွက် တစ်ဧကမှ ထွက်လာသော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်သီး အရွယ်အစား ကြီးမားခြင်း၊ အရောင်အသွေး ပိုမိုစိုပြေတောက်ပခြင်း စသည့် အကျိုးများရရှိနိုင်ပါသည်။

မြေဩဇာကျွေးခြင်း

နွားချေး၊ မြေဆွေး (လှည်း) - ၁၈-၂၀ ခန့်
ယူရီးယား ၅၀ ကီလို - ၂ အိတ်
တီစူပါ ၅၀ ကီလို - ၂ အိတ်
ပိုတက်ရှ် ၅၀ ကီလို - ၃ အိတ်

နွားချေး၊ တီစူပါနှင့် ပိုတက်ရှ် တစ်ဝက်တို့ကို မြေပြုပြင်ချိန်တွင် ထည့်သွင်း၍ ကျန်မြေဩဇာများကို အပင်လှန်ချိန်၊ ပန်း စတင်ပွင့်ချိန်၊ ပထမပန်းခိုင် အသီး တင်ချိန်၊ ပထမအကြိမ် အသီး ခူးဆွတ်ချိန်နှင့် ဒုတိယအကြိမ် အသီး ဆွတ်ချိန်တို့တွင် ထပ်မံထည့်သွင်းရန် လိုအပ်ပါသည်။

ပိုးမွှားရောဂါကာကွယ်ခြင်း

ခရမ်းချဉ် ပျိုးခင်းတွင် အပင်ပေါက်ပြီး ၁၅ရက်သား တစ်ကြိမ်၊ မရွှေ့ပြောင်းမီ၂ရက်ခန့် အလိုတွင် တစ်ကြိမ် ပင်လုံးပြန့် အာနိသင်ရှိသည့် ပိုးသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်ဆေးများ ဖြစ်သည့် ဒါကိုနေး၊ တော့(ပ်)ဆင် (၂၀ဝ ဂရမ်/ရေ ၄ လီတာ)နှုန်းကို ပိုးသတ်ဆေးနှင့် အတူရောစပ် ပက်ဖျန်းနိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိရောဂါ ကျရောက်တတ်သဖြင့် အထက်ပါ မှိုသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်နိုင်ပါသည်။ စိုက်ခင်းတွင် အဓိက ကျရောက်သော ပိုးများမှာ လှေးပိုးနှင့် သီးလုံးဖောက်ပိုးများ ကျရောက်တတ် ပါသည်။ အဓိက ကျရောက်သည့်ရောဂါမှာ လောင်မည်းရောဂါနှင့် ခါးရိတို့ဖြစ်ပြီး မှိုရောဂါများနှင့် ပိုးမွှားများကို သဘာဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြုခြင်း၊ ပိုးမွှားမလာအောင် ကာကွယ်ပေးခြင်း၊ ပဲများဖြင့် ရောစိုက်ခြင်းတို့ဖြင့်လည်း ကာကွယ်နိုင်ပါသည်။

ရိတ်သိမ်းခြင်း

အသီးတင်ချိန်မှ ရင့်မှည့်ချိန် အထိ သင့်တော်မည့် အဆင့်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီး အစိမ်းရောင်မှ အစိမ်းဖျော့၊ ထိုမှတဆင့် အဖြူရောင်များလာ ချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး၊ လမ်းခရီးတွင် အပျက်အစီး အဆုံးအရံှုး သက်သာမည် ဖြစ်ပါသည်။ ဒေသ ဝန်းကျင်ဈေးတွင်သာ ပို့ဆောင်ရောင်းချမည် ဆိုပါက အပင်ပေါ်တွင်ကောင်းစွာရင့်မှည့်သည် အထိထားရန် လိုအပ်ပါသည်။ စနစ်တကျ စိုက်ပျိုးပါက ကုန်းမြေတွင် အထွက်နှုန်း ၅၀ဝ၀-၈၀ဝ၀ ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေးဒေသတွင် တစ်ဧကလျှင် ပိဿာချိန် ၁၀ဝ၀ဝ ထွက်ရှိနိုင်ပါသည်။
အထွက်နူန်းကောင်းပြီးကျန်းမာရေးအတွက်အသုံးဝင်သော ချယ်ရီခရမ်းချည်မျိုးစေ့များကိုဝယ်ယူစိုက်ပျိုးလိုပါက တစ်ထုပ်လျှင် ၄၀၀၀ကျပ်နူန်းဖြင့်ဝယ်ယူစိုက်ပျ်ုးလိုရပါပြီနော် ဖုန်း 09423744490/ 09798839514ကိုလဲဆက်သွယ်မှာယူနိင်သလို cbကနေလဲဆက်သွယ်မှာယူလိုရပါပြီနော်

ရုံးပတီသီးအနီစိုက်ပျိုးနည်း====================ကြိုက်နှစ်သက်သောရေ၊မြေ၊ရာသီဥတု———————————————-• ရုံးပတီဟာ အသင့်အတင့်ကောင်...
15/12/2023

ရုံးပတီသီးအနီစိုက်ပျိုးနည်း
====================

ကြိုက်နှစ်သက်သောရေ၊မြေ၊ရာသီဥတု
———————————————-
• ရုံးပတီဟာ အသင့်အတင့်ကောင်းမွန်တဲ့ မြေမှာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ ဖွယ်တဲ့မြေတွေကို ပိုပြီးတော့ ကြိုက်နှစ်သက်ပါတယ်။
စီးပွားဖြစ်စိုက်ပျိုးမယ်ဆိုရင် မြေသြဇာများများကျွေးဖို့ လိုအပ်ပါတယ်။ မြေချဉ်ငန်ကိန်း (၆-၆.၈)အတွင်းမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။
• ရုံးပတီသီးဟာ ပူနွေးတဲ့ရာသီကြိုက်တဲ့သီးနှံဖြစ်ပြီး ရာသီဥတု အခြေအနေပေးရင် ဆကလက်ပြီးတော့ ကြီးထွားသီးပွင့်ပါတယ်။
ဒါပေမယ့် အပင်ပေါ်မှာရှိတဲ့ အသီးတွေကို မရင့်ခင် ခူးပေးဖို့ လိုအပ်ပါတယ်။ အေးတဲ့ရာသီဥတုနဲ့ ဆီးနှင်းဒဏ်ကို မခံနိုင်ပါတယ်။ အပူချိန် (၂၀)ဒီဂရီ စင်တီဂရိတ်အောက်မှာ အစေ့ဟာ အပင်မပေါက်နိုင်ပါ။
မျိုးစေ့နှုန်းထားအနေနဲ့ တစ်ဧကကို ရုံးပတီမျိုးစေ့ (၅-၁၀)ကီလိုဂရမ်လိုအပ်ပါတယ်။
အသုံးပြုသင့်သော မြေသြဇာနှုန်းထား
——————————————–
ရုံးပတီတစ်ဧက စိုက်ပျိုးဖြစ်ထွန်းဖို့အတွက် နွားချေး -၁၀တန်၊ယူရီးယား -၂၂၄ပေါင်၊တီစူပါ-၁၁၂ပေါင် လိုအပ်မှာဖြစ်ပါတယ်။
အခြားသီးနှံတွေလို မစိုက်ပျိုးခင် ယူရီးယား (၁၁၂)ပေါင်နဲ့ အခြားမြေသြဇာတွေကို ထည့်သွင်းပြီး စိုက်ပျိုးပြီး (၁)လအကြာမှာ ကျန်တဲ့ယူရီးယား(၁၁၂)ပေါင်ကို ထည့်သွင်း အသုံးပြုပေးရမှာဖြစ်ပါတယ်။
ဒုတိယအကြိမ်ယူရီးယားထည့်တဲ့အချိန်မှာ မြေသြဇာများသွားရင် သီးပွင့်မှုကို နောက်ကျစေနိုင်ပါတယ်။

မြေပြုပြင်ခြင်း
—————–
မြေပြုပြင်ချိန်မှာ နွားချေးချပေးပါ။ ထယ်ထွန်တွေနဲ့ ထွန်ရေးညက်အောင်မွှေပြီး ကြမ်းတုံးရိုက်ပြီးရင် ထွန်ကြောင်းနဲ့ စိုက်ကြောင်းဖော်ပေးပါ။
ရုံးပတီဟာ မျိုးအလိုက် အပင်အရွယ်အစားကွာခြားခြင်းတွေကြောင့် မိမိအသုံးပြုတဲ့ မျိုးအပေါ်မူတည်ပြီး သင့်တော်တဲ့ အပင်အကွာအဝေးစိုက်ပျိုးဖို့ လိုအပ်ပါတယ်။
အပင်ငယ်မျိုးကို စိုက်မယ်ဆိုရင် (၃)ပေကွာအတန်းတွေဆွဲပြီး တစ်ပင်နဲ့တစ်ပင် (၁)ပေခွာစိုက်ပါ။ အပင်ကြီးမျိုးဖြစ်မယ်ဆိုရင် (၃)ပေကွာအတန်းတွေမှာ (၂)ပေခွာစိုက်ပေးရမှာဖြစ်ပါတယ်။
နွေဦးစိုက်ရုံးပတီနဲ့ မိုးစိုက်ရုံးပတီတွေဟာ အပင်သန်စွမ်းမှုမတူညီကြပါ။ နွေဦးမှာစိုက်ရင် အပင်ကြီးထွားမှုနှေးတဲ့အတွက် စိုက်တန်းတစ်တန်းနဲ့တစ်တန်း အပင်အကွာအဝေးတွေကိုလျှော့ပေးရမှာဖြစ်ပါတယ်။
စိုက်ပျိုးခြင်း
—————
ရုံးပတီစေ့ကို မစိုက်ပျိုးမီ (၁၂)နာရီခန်ပရေစိမ်ပေးပါ။ရေစိမ်ရင်မျိုးစေ့ထုထည်ရဲ့(၅)ဆရှိတဲ့ရေနဲ့စိမ်ပါ။ ရေလဲပေးစရာမလိုပါ။
အစေ့ကနေ အပင်ပေါက်ဖို့အတွက် မြေရဲ့အပူဓာတ်လည်း လိုအပ်ပါတယ်။ အနည်းဆုံး (၂၀)ဒီဂရီစင်တီဂရိတ်အထက်မှာရှိဖို့လိုအပ်ပါတယ်။ မျိုးစေ့ကို ပထမရေစိမ်ပြီး ရေပေါ်မှာပေါ်နေတဲ့ အစေ့တွေကိုဖယ်ရှားပစ်ရပါမယ်။
ရုံးပတီကို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါတယ်။ ရုံးပတီပင်မှာ ဗိုင်းရပ်စ်ရောဂါကျရောက်လေ့ရှိတဲ့အတွက် စိုက်ခင်းထဲမှာပေါင်းမြက်အမြဲကင်းစင်နေဖို့လိုအပ်ပါမယ်။

အပင်ပြုစုခြင်း
—————–
• ရုံးပတီစိုက်ရင် ပေါင်းမြက်ကင်းစင်ပြီး အစိုဓာတ်လုံလောက်ဖို့လိုပါတယ်။ ရောဂါကင်းဖို့ အရမ်း အရေးကြီးပါတယ်။ အပင်ငယ်စဉ်မှာ ပေါင်းကင်းစင်ဖို့ သတိပြုရပါမယ်။
• ရာသီဥတုအရမ်းပူပြင်းနေရင် ရေသွင်းပေးဖို့ လိုအပ်ပါတယ်။ ရုံးပတီဟာ ရေငတ်ဒဏ်ကို အတော်အသင့် ခံနိုင်ရည်ရှိပေမယ့် အစိုဓာတ်ထိန်းနိ်ုင်တဲ့မြေမှာ စိုက်ပျိုးရင် အထွက်နှုန်း ပိုပြီးတော့ကောင်းမွန်စေပါတယ်။

ဆွတ်ခူးခြင်းနှင့် အထွက်နှုန်း
———————————
သီးကင်းဝင်စအချိန်ကနေ နောက် (၁၀-၁၂)ရက် ကျော်လွန်ရင် အတောင့်ရင် စားမကောင်းတော့ပါ။ သီးကင်းဝင်ပြီး (၄-၆)ရက်အတွင်းဟာ စားဖို့အကောင်းဆုံးဖြစ်ပါတယ်။
ဒါကြောင့် ပန်းပွင့်ပြီး တစ်ပတ်ကြာရင် စတင်ခူးဆွတ်ရမှာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ (၂)ရက်ခြားတစ်ကြိမ်စီခူးဆွတ်ပေးပါ။ ရာသီဥတုပူပြင်းရင် အရင့်မြန်တဲ့အတွက် နေ့တိုင်းခူးဆွတ်ပေးရမှာဖြစ်ပါတယ်။
ရုံးပတီတစ်ဧကစိုက်ခင်းကနေ (၁၀၀၀-၃၀၀၀)ပိဿာအထိ ထွက်ရှိနိုင်ပါတယ်။
မျိုးစေ့ထုတ်လုပ်ခြင်း
————————-
ရုံးပတီမျိုးစေ့ကောင်းရဖို့အတွက် အပင်သန်စွမ်းပြီးရောဂါကင်းတဲ့အပင်က ရင့်မှည့်တဲ့ သီးတောင့်တွေကို ရွေးယူပါ။
ပိုးထိုးတဲ့သီးတောင့်တွေကို ပယ်ပါ။ အစေ့တွေမှာ ပိုးတွေပါလာရင် သိုလှောင်တဲ့အခါ ကျန်တဲ့အစေ့တွေကို ဖျက်ဆီးတတ်တဲ့အတွက် မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးနဲ့ ရောမွှေပြီး လေလုံအောင် ထုတ်ပိုးသိမ်းဆည်းပါ။
ရုံးပတီသီးအနီ မျိုးစေ့ထုပ်များကိုဝယ်ယူစိုက်ပျိုးချင်သူများအနေဖြင့်1gပါတစ်ထုပ်လျှင်၂၅၀၀ကျပ်ဖြင့်မှာယူစိုက်ပျိုးနိင်ပါပြီနော် 09423744490/09798839514သို့လည်ကောင်းcbမှသော်လည်ကောင်းမှာယူနိင်ပါတယ်နော်
Crd

စိမ်းစားဥစိုက်ပျိုးနည်း================စိမ်းစားဥပင်ကို ဆောင်းအခါတွင် နုံးမြေရှိသော အရပ်ဒေသတိုင်း၌ စိုက်ပျိုးနိုင်သည်။ ကိ...
15/12/2023

စိမ်းစားဥစိုက်ပျိုးနည်း
================

စိမ်းစားဥပင်ကို ဆောင်းအခါတွင် နုံးမြေရှိသော အရပ်ဒေသတိုင်း၌ စိုက်ပျိုးနိုင်သည်။ ကိုင်းမြေတွင် စိုက်ပျိုးသောအခါ မြေကြီးကို ကောင်းစွာညက်လာစေရန် ထွန်ယက်ပြီး နောက် ထယ်ကြောင်းပေး၍ အစေ့များကို ခပ်ထူထူစိုက်ပျိုးရသည်။ တစ်ဧကလျှင် မျိုးစေ့ ၂ တင်းခန့်လိုသည်။ မျိုးစေ့ချပြီးနောက်၊ မျိုးစေ့များကို မြေကြီးဖုံးသွားစေရန် ကျမ်းတုံး ရိုက် ပေးရသည်။ အပင်ကလေးများ ပေါက်လာပြီးနောက် အမြင့် ၆ လက်မ မှ ၈ လက်မခန့်ကြီးလာသောအခါ တစ်ပင်နှင့်တစ်ပင်ကို ၆ လက်မခန့်ကွာစေရန်ကြားမှ အပင်ပိုများကို နုတ်ပစ်ရ သည်။ သီးတောင့်များသီးသည်။ ထိုသီးတောင့် တို့အထဲမှမျိုးစေ့များကို ရရှိသည်။ စိမ်းစားဥကို စားရသော်လည်း၊ အပင်ကို လူနှင့်တိရစ္ဆာန်များစားလျှင် အဆိပ်တောက်၍ သေတတ်သည်ဟု ဆိုသည်။ စိမ်းစားဥပင်များ နွယ်တတ်ရန်စင်ကိုအထူးပြုလုပ်ပေးဖို့ မလိုချေ။ ယင်းတို့နှင့်အတူ ပြောင်းဖူးစေ့များကို ကြဲထားလျှင်၊ ပြောင်းဖူးပင်များ ကြီးမြင့်လာသောအခါ ပဲပင်နွယ်တက်ရန် စင်သဖွယ်ဖြစ်လာနိုင်သည်။ ထိုနည်းမှာ စရိတ်အကုန်အကျ နည်းသည့်ပြင် ခရီးလည်းရောက်ပေသည်။ ထိုအပင်ကလေးများ ပေါက်လာပြီးနောက် ၂ ကြိမ်၊ ၃ ကြိမ်မျှ ပေါက်တူးဖြင့် မြေဆွခြင်း၊ ပေါင်းသင်ခြင်းပြုလုပ်ပေးရသည်။

ဥများ ကောင်းစွာကြီးထွားရန်အတွက် ၅ လမှ ၆ လ အထိ အချိန်ကြာသည်။ အပင်အို၍ ညှိုးကျလာသောအခါမှာမှ ဥများကို တူးဖော်ရသည်။ စိမ်းစားဥသည် အရည်ရွှမ်း၍၊ စား လျှင် ရေငတ်ပြေသည်။ တစ်ဧကလျှင် ပိဿာပေါင်း ၂ဝဝဝ မှ ၈ဝဝဝ အထိထွက်နိုင်သည်။ ဥယျာဉ်ထဲတွင် မျိုးစေ့များစိုက်ပျိုးသောအခါ ၂ တောင်မှ ၂ တောင်တစ်ထွာကျယ်သော ပေါင် များပေါ်တွင် ကန့်လန့်ဖြတ်ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ၊ လက်ဖြင့် သို့မဟုတ် တုတ်ဖြင့် တစ်လက်မကွာသည့် ကျင်းကလေးများတွင် အတန်းလိုက် စိုက်ပျိုးရသည်။ အတန်းများကို သုံး လက်မစီ ခွာထားလေ့ရှိသည်။

စိမ်းစားဥပင်များကို မျိုးစေ့အလို့ငှာ ရှမ်းပြည်ကုန်းမြေမြင့်များ၌ ဆောင်းရာသီတွင် စိုက်ကြသည်။ ထိုသို့ စိုက်ပျိုးရာမှ ရရှိသောမျိုးစေ့များကို မြန်မာနိုင်ငံလွင်ပြင်အရပ်များရှိ လယ်ယာ များသို့ တင်ပို့ရောင်းချကြသည်။
စိမ်းစားဥမျိုးစေ့များကိုစိုက်ပျ်ုးလိုသောမိဘပြည်သူများ5gပါတစ်ထုပ်လျင်1500ကျပ်ထဲဖြင့်မှာယူစိုက်ပျိုးနို်ပါပြီ 09423744490/09798839514သို့ဆက်သွယ်၍သော်လည်ကောင်းcbမှသော်လည်ကောင်းဆက်သွယ်မှာယူနိင်ပါတယ်

Crd

ချစ်တို့ရေ ပူစီနံ ရဲ့ဆေးဘက်ဝင်ပုံလေးကိုသိပြီပြီလာ ကိုယ့်အိမ်ခြံဝန်းထဲမှာဘဲဖြစ်ဖြစ် ပန်းအိုးလေးနဲ့ဘဲဖြစ်ဖြစ် အလွယ်တကူစိုက...
15/12/2023

ချစ်တို့ရေ ပူစီနံ ရဲ့ဆေးဘက်ဝင်ပုံလေးကိုသိပြီပြီလာ ကိုယ့်အိမ်ခြံဝန်းထဲမှာဘဲဖြစ်ဖြစ် ပန်းအိုးလေးနဲ့ဘဲဖြစ်ဖြစ် အလွယ်တကူစိုက်ပျိုးထားနိင်တဲ့ပူစီနံမျိုးကောင်းမျိုးသန့်များကို မှာယူစိုက်ပျိုးချင်သူများအနေဖြင့်ယိုးဒယားမျိုးစစ်စစ်တစ်ထုပ်လျင်3000ကျပ်ဖြင့်09423744490ကိုမှာယူနိင်ပါပြနော်ီ #ပူစီနံ (ပူဒီနာ)
အချို့ ဇီယာလို့ခေါ်သည်။ ပူစီနံရွက်မှာ အမျှင်ဓာတ်အမြောက်အမြား ပါရှိတဲ့အတွက် မကောင်းတဲ့ကို လက်စထရောနှင့် LDL ကိုလျှော့ချပေးပြီး ကောင်းတဲ့ ကိုလက်စထရောနှင့် HDL ကို မြှင့်တင်ပေးလို့ နှလုံးရောဂါကို မဖြစ်စေနိုင်ပါဘူး။ ဒါ့အပြင် မဂ္ဂနီစီယမ်ဓာတ်လည်းပါရှိတဲ့အတွက် နှလုံးခုန်နှုန်းကို ပုံမှန် ထိန်းသိမ်းပေးပါတယ်။ ပြီးတော့သူ့မှာ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ အလုံအလောက်ပါရှိတဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကာ အရိုးကို သန်စွမ်းစေပါတယ်။ မဂ္ဂနီစီယမ် အစွမ်းကြောင့် သွေးထဲရှိသကြားပမာဏကို ထိန်းညှိပေးပါတယ်။ သွေးခုန်နှုန်းကို ပုံမှန်
ဖြစ်စေပါတယ်။ ခန္ဓာကိုယ်တစ်သျှူးတွေကို ပြန်လည်အား ဖြည့်ပေးပါတယ်။ ကြွက်သားနဲ့အာရုံခံ အင်္ဂါအဖွဲ့အစည်းကို ကောင်းစွာအလုပ်လုပ်စေပါတယ်။

ပူစီနံထဲမှာ Phytonutrient (ခေါ်) Perillyl Alchol ပါရှိလို့၊ ကင်ဆာ အဖုအကျိတ် ကြီးထွားလာမှုကို နှေးကွေးစေကာ၊ အထူးသဖြင့် အဆုတ်၊ အူမကြီးနှင့် အရေပြားကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆေးသုတေသီတွေက ဆိုထားပါတယ်။

ပူစီနံရွက်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဆီးအဖြစ်ဖယ်ရှားသုတ်သင်ပေးလို့ ဆီးရွှင်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အသည်းနှင့် သည်းခြေအိတ်တို့ကိုလည်း ကောင်းကျိုးပြုပါတယ်။ အချို့ Detox Juice အနေနဲ့ သောက်သုံးကြပါတယ် ။

ပူစီနံရွက် ၂၀၀ ဂရမ်ကို ရေ ၃ လီတာနဲ့ ရောစပ်၍ အပူချိန် 37.C တွင်ပြုတ်ကာ အဲဒီပြုတ်ရည်နဲ့ ရေချိုးပေးရင် အကြောဆွဲတာ၊ ဒူလာပါဒရက်ရောဂါဖြစ်တာ သက်သာစေပါတယ်။ ဒါအပြင်ရေနွေးဆူဆူမှာ ပူစီနံရွက်ကို အစိမ်းလိုက်ပဲဖြစ်ဖြစ်၊အခြောက်ခံ၍ပဲဖြစ်ဖြစ် ထည့်ပြီး လက်ဖက်ရည်ကြမ်းအဖြစ် သောက်သုံးပေးခဲ့ရင် အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေကာ အစာအိမ်နာအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။ လည်ချောင်းနာရောဂါများနှင့် အသံဝင်၊ အသံကွဲ၊ အသံပြာခြင်းတို့အတွက်လည်းကောင်းပါတယ်။

သွေးသန့်စေပြီ ကာမအားလည်း တိုးစေသည် ။

သူ့ရဲ့ထူးခြားကောင်းမွန်သော ရနံ့နှင့် အရသာတို့ကြောင့် သတ္တုရည်ကိုအသုံးပြုပြီး ပျားရည်၊ သကြားလုံး၊ ဂျယ်လီ၊ ပီကေ၊ သွားတိုက်ဆေး၊ အလှအပဆိုင်ရာ၊ အချိုရည်နှင့် ရေခဲမုန့်တို့ပြုလုပ်ကြပါတယ်။ ပူစီနံရွက်ဖြင့်ဖော်စပ်ထားတဲ့ သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင် ဆေးရည်ဟာ လူကြိုက်များထင်ရှားပါတယ်။

ပူစီနံရွက်ဖြင့် ငွေကုန်ကြေးကျမများဘဲ လွယ်လင့်တကူရရှိကာ သဘာဝဆေးစွမ်းသတ္တိများစွာ စုဝေးနေတဲ့အတွက်ကြောင့် ပူစီနံရွက်ကိုလက်လွှတ်မခံကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
Credit

ယခုလိုအချိန်ခါမျိုးမှာစားလ်ုလဲကောင်း ကျန်းမာရေးအတွက်လဲကောင်းမွန်လှတဲ့ဘိုစာပဲမျိုးများကိုမှာယူစိုက်ပျိုးနိင်ပြီနော်မျိုးစ...
15/12/2023

ယခုလိုအချိန်ခါမျိုးမှာစားလ်ုလဲကောင်း ကျန်းမာရေးအတွက်လဲကောင်းမွန်လှတဲ့ဘိုစာပဲမျိုးများကိုမှာယူစိုက်ပျိုးနိင်ပြီနော်မျိုးစေ့တစ်ထုပ်လျင် ၁၅၀၀ကျပ်ဖြင့်09423744490ကိုဆက်သွယ်မှာယူနိင်ပါပြီ
ဘိုစားပဲစားခြင်းဖြင့်

(1) အရိုးပွခြင်းမှကာကွယ်ပေးသည်

(2)အစွမ်းထက်သော အင်တီအောက်စီးဒင့်တစ်မျိုးပါဝင်သည်

(3)အမျိုးအစား၂ ဆီးချိုရောဂါကိုကာကွယ်ပေးသည်

(4)အစာခြေချင်းကိုအထောက်အကူပြုသည်

(5)အဆီကျစေသည်

(6)သံဓာတ်ကြွယ်ဝစေသည်

(7)အမျှင်ဓာတ်ကြွယ်ဝစေသည်

(8)ပရိုတင်းဓာတ်ကြွယ်ဝစေသည်

(9)အူမကြီးကင်ဆာကိုကာကွယ်ပေးသည်

(10)သွေးအားနည်းခြင်းကိုကာကွယ်ပေးသည်

(11)ရောင်ရမ်းခြင်းကိုကာကွယ်ပေးပြီး နှင်းခူအတွက်ကောင်းမွန်စေပါသည်
ကျန်းမာရေးအတွက်ကောင်းမွန်စေပြီး အသုံးဝင်တဲ့ဘိုစားပဲကိုစိုက်ကြပါစို့

အင်္ဂလိပ်အမည်- Perilla အရွက် အခြားအမည်- နှမ်းရွက်  အသုံးပြုပုံ- တခါတရံ ဟင်းသီးဟင်းရွက်ကဲ့သို့ အသုံးပြုသည်၊ တစ်ခါတစ်ရံတွင...
15/12/2023

အင်္ဂလိပ်အမည်- Perilla အရွက်
အခြားအမည်- နှမ်းရွက်

အသုံးပြုပုံ- တခါတရံ ဟင်းသီးဟင်းရွက်ကဲ့သို့ အသုံးပြုသည်၊ တစ်ခါတစ်ရံတွင် ဆလတ်ရွက်ကဲ့သို့ အသုံးပြုကြပြီး တစ်ခါတစ်ရံတွင် ပုံမှန် ဟင်းသီး ဟင်းရွက်အဖြစ် သုံးနိုင်သည်။ ကိုရီးယား ဟင်းသီး ဟင်းရွက်တွေထဲမှာ အကြိုက်ဆုံးလို့ ပြောရမယ်ထင်ပါတယ်။

🍀🍀🍀🍀🍀
Perilla စိုက်ပျိုးနည်း - အစေ့များကို ၂နာရီခန့် စိမ်ထားပြီးနောက် နေပူထဲတွင်ပျိုထောင်ထားပါ။ ၎င်းတို့ကို အိုးများ သို့မဟုတ် သင့်ဥယျာဉ်တွင် အလွယ်တကူ စိုက်ပျိုးနိုင်ပါသည်။ ပူနွေးသောရာသီဥတုတွင် ကောင်းစွာ ပေါက်ရောက်နိုင်ပြီး ကယ်လီဖိုးနီးယားတွင် နေအလွန်ပြင်းထန်ပါက တစ်စိတ်တစ်ပိုင်းအရိပ်တွင် အကောင်းဆုံးဖြစ်သည်။ အစားထိုးမစိုက်ဘဲ တိုက်ရိုက်စိုက်တာ အကောင်းဆုံးပါပဲ။ အပင်များ စိုက်ပျိုးပြီးသည်နှင့် နောက်နှစ်တွင် မျိုးစေ့များ ရိတ်သိမ်းနိုင်ပါသည်။စိုက်ပျိုးချင်သောမိဘပြည်သူများအနေဖြင့် 5gပါတစ်ထုပ်လျင်2500ကျပ်ဖြင့်မှာယူစိုက်ပျိုးနိင်ပါြပီ 09423744490/ 09798839514သ်ု့ဖုန်းဆက်၍သောက်လည်ကောင်းcbကသော်လည်ကောင်းဆက်သွယ်မှာယူနိင်ပါပြီနော်

ခရမ်းချဉ်သီး စိုက်ပျိုးနည်း🍅🍅🍅🍅🍅🍅🍅💯💯👈စိုက်ပျိုးဒေသအပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုး ဖြစ...
15/12/2023

ခရမ်းချဉ်သီး စိုက်ပျိုးနည်း
🍅🍅🍅🍅🍅🍅🍅💯💯👈

စိုက်ပျိုးဒေသ
အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံ အနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမနွေးပိုင်း ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။

သီးနှံမျိုးကွဲများ

ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖိုချောင်သုံးဟူ၍ မျိုးခွဲခြား စိုက်ပျိုးလေ့ရှိကြပါသည်။ အရိုင်းမျိုးမှာ အချဉ်ဓါတ် ပါဝင်မှုမြင့်မားပြီး အသီးအရွယ် အစားသေးခြင်း၊ အခွံပါးခြင်းနှင့် အစေ ့ပါဝင်မှုများြ ပားခြင်း၊ ရာသီဥတုဒဏ် (အပူချိန် မြင့်မားမှု) ကိုပိုမိုခံနိုင်ရည်ရှိခြင်း၊ ရောဂါဒဏ် ခံနိုင်မှုရှိခြင်းတို့ကြောင့် မျိုးစပ်ခြင်းလုပ်ငန်းတွင် များစွာအသုံးဝင် ပါသည်။ မီးဖိုချောင်သုံးမှာ အလုံး အရွယ်အစား အသင့်အတင့်မျှ ကြီးမားပြီး အစေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ် အေးသောဒေသများတွင် ပို၍ စိုက်ပျိုး ဖြစ်ထွန်းမှု အားကောင်းပါသည်။ စက်ရုံသုံး ခရမ်းချဉ်သီးမျိုးမှာ အခွံထူ အနှစ်များပြီး အသီး ရင့်မှည့်ချိန် ညီညာမှုရှိသည့် အတွက် စက်ဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ပါသည်။

တိုင်ထောင်မျိုး

အပင်ကြီးထွားပုံမှာ အဖျားတွင် အညွန့်နှင့် အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ် (၂) ဆစ်မှ အထက် ရှိသည်။ ပြုစုစောင့်ရှောက်မှုကောင်းပါက တစ်နှစ်ခံပင် အဖြစ် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်၊ တန်းပစ်၊ ကြိုးချည်၊ အတက်ဖဲ့ခြင်း လုပ်ငန်းများ မှန်မှန်ဆောင်ရွက်ရန် လိုအပ်ပါသည်။

တိုင်လွတ်မျိုး

အပင်ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်နှင့် အမြဲတမ်း အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခု ကြားတွင် အဆစ် (၃) ဆစ်သာရှိသည်။ စက်ရုံသုံး ခရမ်းချဉ်သီး အားလုံး ဤအုပ်စုအောက်တွင် ပါဝင်ပြီး မိုးလွတ်ကင်း သော ဆောင်းနှင့် နွေဥတုတွင် စိုက်ပျိုးသည်။

အသီးပုံသဏ္႑ာန်
အသီး အညှာတွင် အစိမ်းရင့်ပါသော မျိုးနှင့် မပါသောမျိုး ဟူ၍ပေါ်လွင်စွာ ခွဲခြားလေ့ရှိသည်။ အသီးထိပ်တွင် ထိပ်ချွန်၊ ထောက်ချွန်၊ ချောနှင ့်ချိုက်ဟူ၍ (၄) မျိုး ခွဲခြားထားပါသည်။ အသီးရောင် အနေဖြင့် အနီ၊ ပန်းရောင်နှင့် အဝါဟူ၍ အုပ်စု (၃) စုခွဲခြားထားပါသည်။

ရာသီဥတု
နွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နံနက်ပိုင်း အပူချိန် ၁၅ ဒီဂရီ စင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အကောင်းဆုံး ဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်သွေ့ ပူပြင်းပြီး အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ် ထက် နိမ့်ကျလျှင် လည်းကောင်း၊ ခရမ်းချဉ် အပွင့်များ မျိုးမအောင် အသီး မတင်နိုင် ဖြစ်ရသည်။ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့် လွန်ကဲသော ရာသီဥတု အခြေအနေမျိုးတွင် အပင်ကိုသေစေနိုင်သည်။ ပျှမ်းမျှ အပူချိန် ၁၈-၁၅ ဒီဂရီ စင်တီဂရိတ် ရရှိလျှင် အပင်ဖြစ်ထွန်းမှု အကောင်းဆုံး ဖြစ်ပါသည်။

မြေပြုပြင်ခြင်း

မြေ အခြေအနေပေါ် မူတည်၍ ထယ် ၂ စပ်မှ ၄ စပ်ထိုးပြီး ထွန်ရေးညက်သည် အထိ ၁၆သွား ထွန်ဝင်ပေးရန် လိုအပ်ပါသည်။ ခရမ်းချဉ် အမြစ်သည် တည့်မတ်စွာမြေအနက် ၃ပေခန့် အထိ ဆင်းနိုင်သည့်အတွက် ထယ်ရေး နက်ရန် လိုအပ်သည်။ မိုး များဒေသ တွင်ရေမဝပ်စေရန်ရေ နှုတ်မြောင်း လုပ်ပေးရသည်။ ထွန်ရေး ညက်လျှင် ကြမ်းတုံး ရိုက်၍ တစ်တန်းနှင့် တစ်တန်း ၃ ပေ၊ တစ်ပင်နှင့် တစ်ပင် ၂ ပေခြား စိုက်ပျိုးရပါမည်။

ရေသွင်းခြင်း

စိုက်ဘောင်ဖြင့် စိုက်ပျိုးပါက ရေလောင်း စနစ်၊ ရေဖြန်း စနစ်၊ အစက်ချစနစ် တို့ကို ဆောင်ရွက်ခြင်းဖြင့် အပင် ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ပါသည်။ မြောင်းဖြင့်ရေပေးသွင်း စိုက်ပျိုးမည် ဆိုပါက ခရမ်းချဉ်ပင်များရွှေ့ပြောင်း စိုက်ပျိုးခြင်း မပြုမီ ရေသွင်းမြောင်းမနှင့် မြောင်းလက်တံများ လိုအပ်သလို ကြိုတင် ပြုပြင် ထားရပါမည်။ မိုးရာသီ စိုက်ပျိုးပါက ဘောင်ဖော် စိုက်ပျိုးရန်နှင့် ရေထုတ်မြောင်းများကောင်းစွာ ပြုလုပ်ထားပြီး၊ အခြေအနေပေးပါက ပလပ်စတစ်ဖြင့် ဖုံးအုပ် စိုက်ပျိုးရန် လိုအပ်ပါသည်။

ပျိုးထောင်ခြင်း

စနစ်တကျ ပြုပြင်ထားသော ပျိုးဘောင်တွင် တစ်တန်းနှင့် တစ်တန်း ၂ လက်မခြား စိုက်တန်းများဖြောင့်တန်းစွာ ဆွဲ၍ တစ်စေ့နှင့် တစ်စေ့ လက်မဝက်ခြားစီ မျိုးစေ့ တန်းချကာ မြေဆွေးမှုန့်ဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးရန် လိုအပ်သည်။ ပြီးလျှင် ရေဝအောင်လောင်းပေး၍ ကောက်ရိုး၊ မြက်ခြောက်၊ သက်ကယ်(သို့) စပါးခွံဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးထားရန် လိုအပ်သည်။ ခရမ်းချဉ် ပျိုးဘောင် တွင်ရောစပ်ရမည့်မြေ အချိုးနှုန်းမှာ လယ်မြေ နှစ်ဆ၊ မြေဆွေး တစ်ဆနှုန်း ဖြစ်ပါသည်။

ရေလောင်းခြင်းကို နံနက်ပိုင်းတွင် သာဆောင်ရွက်၍ ပိုးမွှားရောဂါ အခြေအနေကို စဉ်ဆက် မပြတ် ကြည့်ရှု စစ်ဆေးပေးရန် လိုသည်။ ရာသီလွန် အခါမဲ့ စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ် မျိုးစေ့များကို (၂.၅ ပေ _ ၁ ပေ _ ၅ လက္မ)အရွယ် ပျိုးသေတ္တာများတွင် အသင့်ရောစပ်ပြီးမြေဆွေးများ ထည့်၍ အထက်ဖော်ပြပါ အကွာအဝေး အတိုင်း အတန်းလိုက် တစ်စေ့ခြင်းစီ ချကာ ပျိုးထောင်ရန် လိုအပ်ပါသည်။ အပင်ပေါက်ပြီး (၁၀-၁၅) ရက်သား ရွက်မှန်(၂) ရွက်ထွက်ချိန်တွင် ၄လက်မ ထိပ်ဝ အချင်းရှိသော ပလတ်စတစ်အိတ်(သို့)ပျိုးခွက်များတွင်ရွှေ့ပြောင်း စိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါ ပျိုးခွက်အတွင်း (၂၀-၂၅) ရက် ထားရှိကာ ထာဝရ စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါက ပျိုးဘောင်ပေါ်တွင် ၄_၂ လက်မ အကွာထား၍ ပျိုးထောင်ပြီး ပျိုးသက် (၃၀-၃၅) ရက်သားတွင်အစိုဓါတ် လုံလောက်သော စိုက်ခင်း အတွင်းသို့ မွန်းလွဲပိုင်း ညနေခင်းများတွင်ရွှေ့ပြောင်း စိုက်ပျိုးနိုင် ပါသည်။

စိုက်ပျိုးခြင်း

ပျိုးသက် (၃၀-၃၅)ရက်သား (သို့) ပျိုးပင်ရွက်မှန် အဆင့် ၆-၈ရွက်တွင် စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးသည်။ မွန်းလွဲပိုင်းနေပူရှိန် စတင် ကျဆင်းချိန်တွင် ကြိုတင်ရေလောင်းထားသော ပျိုးခင်းမှ ပျိုးပင်ကလေးများကို လက်ထိုး တူရွင်းဖြင့် အမြစ် မထိခိုက်စေရန် တူးယူပြီး အမြစ်ကိုပြောင်စင်အောင်ရေဆေး ရမည်။ မစိုက်ပျိုးသေးသော ပျိုးပင်ငယ်များကို အရိပ်အောက်တွင် အမြစ်ရေနှစ်ကာ ထားရှိရန် လိုပါသည်။ တစ်ဧက မျိုးစေ့ ၁၀ဝ ဂရမ်(၆ကျပ်သား)နှုန်း၊ အပင် ၈၀ဝ၀ မှ ၁၀ဝ၀ဝ အထိ ဝင်ဆန့်အောင် စိုက်ပျိုးရမည်။

အပင်ပြုစုစောင့်ရှောက်ခြင်း

ရွှေ့ပြောင်းစိုက်ပျိုးပြီး ၁၅ ရက်ခန့်အကြာ အပင် လှန်ချိန်တွင် ပထမအကြိမ် ခါးဆွမြေတောင်မြှောက်ပေး၍ မြေဩဇာကျွေးရန် လိုအပ်ပါသည်။ ယင်းအချိန်တွင် မိမိ စိုက်ပျိုးသော မျိုးပေါ်မူတည်၍ တိုင်ထောင်မျိုး ဆိုပါက လိုအပ်သော အတက်ဖဲ့ပေးခြင်း၊ တိုင်ထောင်တန်းပစ်၊ ကြိုးချည်ပေးခြင်း ပြုလုပ်ရမည်။ ခရမ်းချဉ် အတက်ဖဲ့နည်းမှာ ပထမဆုံး ထွက်ရှိလာသော ပန်းခိုင်အောက်ရ ှိအရွက်ကြားမှ ပြူထွက်လာသောဘေးတက်အား သီးကိုင်းအဖြစ် မွေးမြူချန်လှပ်ကာ ကျန်အောက်ဖက်ရှိဘေးတက် အားလုံးကို ဖဲ့ချွေပစ်ရန် လိုအပ်ပါသည်။ စိုက်ပျိုးထားရှိသော ခရမ်းချဉ်ပင်အား ခရမ်းချဉ်သီးဈေးကွက် အခြေအနေအရ လည်းကောင်း၊ မျိုးစေ့ ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရ လည်းကောင်း၊ အပင်ပုံသွင်း ပြုစုနည်းကို(၃)မျိုး ခွဲခြားဆောင်ရွက်နိုင်သည်။

ပထမနည်း- ပင်စည် ၃ ကိုင်းထားရှိခြင်း

တစ်ပင်နှင် ့တစ်ပင် ၂ ပေခြား စိုက်ပျိုးလျှင် သင့်တော်ပါသည်။ အပင်လှန်ပြီး ၁၅ ရက်သားတွင် မူလ ပင်စည်မှ ထွက်လာသော ပန်းခိုင်အောက်မှ ကပ်လျက်ဘေးတက်အား ဒုတိယပင်စည် (သီးကိုင်း) အဖြစ် မွေးမြူရပါမည်။ ၎င်းအောက်ရှိ ဘေးတက်များအား ဖဲ့ချွေပစ်ရပါမည်။ ပထမ ပင်စည်မှ ဖူးပွင့်လာသော ဒုတိယ ပန်းခိုင်အောက်ရှိ အရွက်ကြားမှ ထွက်လာသောဘေးတက်နှင့် ဒုတိယ ပင်စည် (သီးကိုင်း)မှ ထွက်လာသော ပထမ ပန်းခိုင်အောက်မှ ကပ်လျက် တည်ရှိသည့် အရွက်ကြားမှ ထွက်လာသောဘေးတက် ၂ ခုအား သန်စွမ်း ကြီးထွားမှု နှိုင်းယှဉ်လေ့လာကာ ပိုမို သန်စွမ်းသည့်ဘေးတက်ကို တတိယ ပင်စည်(သီးကိုင်း) အဖြစ် ဆက်လက်မွေးမြူ ချန်လှပ် ထားရှိပါမည်။

ဒုတိယနည်း- ပင်စည် ၂ ကိုင်းထားရှိခြင်း

အထက်ဖော်ပြပါ ပင်စည် ၃ ကိုင်းထားရှိသည့် အပင် ပုံသွင်း ပြုစု နည်းစနစ် အတိုင်း ဆောင်ရွက်၍ ဒုတိယ ပင်စည် (သီးကိုင်း) ရရှိပြီး ချိန်တွင် ပင်စည် (၂) ကိုင်းလုံးပေါ်ရှိ ထွက်ပြူလာ သမျှသောဘေးတက်များအားလုံး ဖဲ့ချွေပစ် ရန်လိုအပ်ပါသည်။ ကိုင်းဖြတ် ပုံသွင်း နည်းစနစ်သည် သီးနှံဈေးနှုန်းအေးချိန်၊ ကျချိန်များတွင် သီးထွက်နောက်ကျ ထွက်စေရန် အချိန်ဆွဲ စိုက်ပျိုးနည်းစနစ် ဖြစ်ပါသည်။

တတိယနည်း- ပင်စည်ထီးထီးထားရှိခြင်း

ခရမ်းချဉ် ပျိုးပင်အား စိုက်ကွက်ထဲသို့ရွှေ့ပြောင်း စိုက်ပျိုးပြီး အပင်လှန်ချိန်တွင် စတင်၍ မူလ ပင်စည်မှ ထွက်ပြူလာသောဘေးတက်များ အားလုံး ဖဲ့ချွေပစ်၍ ပင်စည် သီးကိုင်း တစ်ခုတည်း ထားရှိစိုက်ပျိုးသော စနစ် ဖြစ်ပါသည်။ ဤနည်းဖြင့် ခရမ်းချဉ် ပင်တန်း အကွာအဝေးကို ၂-၃ ပေအထိ စိုက်ပျိုးနိုင်သည့်အတွက် တစ်ဧကမှ ထွက်လာသော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်သီး အရွယ်အစား ကြီးမားခြင်း၊ အရောင်အသွေး ပိုမိုစိုပြေတောက်ပခြင်း စသည့် အကျိုးများရရှိနိုင်ပါသည်။

မြေဩဇာကျွေးခြင်း

နွားချေး၊ မြေဆွေး (လှည်း) - ၁၈-၂၀ ခန့်
ယူရီးယား ၅၀ ကီလို - ၂ အိတ်
တီစူပါ ၅၀ ကီလို - ၂ အိတ်
ပိုတက်ရှ် ၅၀ ကီလို - ၃ အိတ်

နွားချေး၊ တီစူပါနှင့် ပိုတက်ရှ် တစ်ဝက်တို့ကို မြေပြုပြင်ချိန်တွင် ထည့်သွင်း၍ ကျန်မြေဩဇာများကို အပင်လှန်ချိန်၊ ပန်း စတင်ပွင့်ချိန်၊ ပထမပန်းခိုင် အသီး တင်ချိန်၊ ပထမအကြိမ် အသီး ခူးဆွတ်ချိန်နှင့် ဒုတိယအကြိမ် အသီး ဆွတ်ချိန်တို့တွင် ထပ်မံထည့်သွင်းရန် လိုအပ်ပါသည်။

ပိုးမွှားရောဂါကာကွယ်ခြင်း

ခရမ်းချဉ် ပျိုးခင်းတွင် အပင်ပေါက်ပြီး ၁၅ရက်သား တစ်ကြိမ်၊ မရွှေ့ပြောင်းမီ၂ရက်ခန့် အလိုတွင် တစ်ကြိမ် ပင်လုံးပြန့် အာနိသင်ရှိသည့် ပိုးသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်ဆေးများ ဖြစ်သည့် ဒါကိုနေး၊ တော့(ပ်)ဆင် (၂၀ဝ ဂရမ်/ရေ ၄ လီတာ)နှုန်းကို ပိုးသတ်ဆေးနှင့် အတူရောစပ် ပက်ဖျန်းနိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိရောဂါ ကျရောက်တတ်သဖြင့် အထက်ပါ မှိုသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်နိုင်ပါသည်။ စိုက်ခင်းတွင် အဓိက ကျရောက်သော ပိုးများမှာ လှေးပိုးနှင့် သီးလုံးဖောက်ပိုးများ ကျရောက်တတ် ပါသည်။ အဓိက ကျရောက်သည့်ရောဂါမှာ လောင်မည်းရောဂါနှင့် ခါးရိတို့ဖြစ်ပြီး မှိုရောဂါများနှင့် ပိုးမွှားများကို သဘာဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြုခြင်း၊ ပိုးမွှားမလာအောင် ကာကွယ်ပေးခြင်း၊ ပဲများဖြင့် ရောစိုက်ခြင်းတို့ဖြင့်လည်း ကာကွယ်နိုင်ပါသည်။

ရိတ်သိမ်းခြင်း

အသီးတင်ချိန်မှ ရင့်မှည့်ချိန် အထိ သင့်တော်မည့် အဆင့်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီး အစိမ်းရောင်မှ အစိမ်းဖျော့၊ ထိုမှတဆင့် အဖြူရောင်များလာ ချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး၊ လမ်းခရီးတွင် အပျက်အစီး အဆုံးအရံှုး သက်သာမည် ဖြစ်ပါသည်။ ဒေသ ဝန်းကျင်ဈေးတွင်သာ ပို့ဆောင်ရောင်းချမည် ဆိုပါက အပင်ပေါ်တွင်ကောင်းစွာရင့်မှည့်သည် အထိထားရန် လိုအပ်ပါသည်။ စနစ်တကျ စိုက်ပျိုးပါက ကုန်းမြေတွင် အထွက်နှုန်း ၅၀ဝ၀-၈၀ဝ၀ ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေးဒေသတွင် တစ်ဧကလျှင် ပိဿာချိန် ၁၀ဝ၀ဝ ထွက်ရှိနိုင်ပါသည်။
Crd
စိုက်ပျိုးရေး နည်းပညာ
မျှဝေပေးလိုက်ပါတယ်ဗျှာ💯💯

Address

No 35 Zayar Minglar 2 Lane
Yangon
11051

Telephone

+959798839514

Website

Alerts

Be the first to know and let us send you an email when ထူးခြား သီးနှံမျိုးစေ့ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ထူးခြား သီးနှံမျိုးစေ့ရောင်းဝယ်ရေး:

Share

Category