Plants by Khin

Plants by Khin အဆင်သင့်စိုက်ပျိုးထားတဲ့ အပင်လေးတွေ 🌿

စိတ်ချမ်းမြေ့ဖွယ်ရာနှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ🌿🌸🍀🩷
01/01/2026

စိတ်ချမ်းမြေ့ဖွယ်ရာနှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ
🌿🌸🍀🩷

🌲❄️May your home be filled with warmth, love, and laughter this Christmas!☃️🌲🧑‍🎄💝
25/12/2025

🌲❄️

May your home be filled with warmth, love, and laughter this Christmas!

☃️🌲

🧑‍🎄💝

အပင်ချစ်သူလေးများအတွက် ပျော်ရွှင်ဖွယ်ရာသီတင်းကျွတ်နေ့ရက်လေးဖြစ်ပါစေရှင်...🌷🌿🌸🌱
06/10/2025

အပင်ချစ်သူလေးများအတွက် ပျော်ရွှင်ဖွယ်ရာ

သီတင်းကျွတ်နေ့ရက်လေးဖြစ်ပါစေရှင်...

🌷🌿🌸🌱


ဒီမနက်ပွင့်တဲ့ပန်းလေးတွေ...🌸🌼🌿
26/09/2025

ဒီမနက်ပွင့်တဲ့ပန်းလေးတွေ...
🌸🌼🌿

“The miracle of a single seed is that it can create a thousand forests.”- Ralph Waldo Emerson🌿🤍🌱🌸🌳
14/09/2025

“The miracle of a single seed is that it can create a thousand forests.”

- Ralph Waldo Emerson

🌿🤍🌱🌸🌳

🌿 Philondendron - Birkin 💚Birkin ကတော့ philondendron မျိုးထဲကဖြစ်ပါတယ်။ အစိမ်းရောင် base color ကိုမှ အဖြူ strike လေးနဲ့ ...
13/09/2025

🌿 Philondendron - Birkin 💚

Birkin ကတော့ philondendron မျိုးထဲကဖြစ်ပါတယ်။ အစိမ်းရောင် base color ကိုမှ အဖြူ strike လေးနဲ့ တကယ်လှတဲ့အပင်လေးပေါ့။ အဲဒီလောက်လှတော့ ဂရုစိုက်ရခက်မယ်လို့မထင်လိုက်ပါနဲ့။ သူက beginner တွေတောင်စိုက်လို့အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကအဆင်မပြေရင် မပြေတဲ့အကြောင်းကို လက္ခဏာတွေပြပါတယ်။ နောက်မှာဆက်ပြီးဖတ်ကြည့်ပေးပါ။

🌤 - နေရောင်/အလင်း

သူတို့က နေရောင်မရတဲ့နေရာမှာမနေချင်ကြပါဘူး။ ဒါပေမယ့်လည်း တခြားအပင်တွေလိုပဲ နေတိုက်ရိုက်ရနေလို့လည်းမရပါဘူး အသင့်အတင့်ရှိတဲ့နေရာမှာထားလိုက်ရင်ကို အဆင်ပြေနေပါပြီ။ နေရောင်ရတာနည်းရင်သူတို့က ( 1. နေရောင်ဖက်ကိုကြီးထွားပါတယ် ) ( 2. အရွက်ပေါ်က အဖြူ strike လေးတွေက dark green ) ကိုပြောင်းသွားပါတယ်။

💧 - ရေလောင်းခြင်း

သူတို့ကရေကြိုက်တဲ့အပင်တွေဖြစ်ပါတယ်။ မြေကြီးကခြောက်လာပြီဆိုတာနဲ့လောင်းပေးလို့ရပါတယ်။ အဲဒီတော့အကောင်းဆုံးကတော့ တစ်ပတ်တစ်ခါ၊ နှစ်ခါလောင်းပေးတာပါပဲ။ ရေကြိုက်တယ်ဆိုပေမယ့် တစ်ခါလောင်းပြီးရင် အဲဒီရေကိုခမ်းသွားတဲ့အထိစုပ်ယူရတာကြိုက်ပါတယ်။ အဲဒါ
ကြောင့် မြေကြီးခြောက်တာနဲ့ တန်းလောင်းတာမျိုးထိတော့ မလိုအပ်ပါဘူး။

🌡- အပူချိန်နှင့်ရေငွေ့

သူတို့က tropical plant ဖြစ်တဲ့အတွက်ကြောင့်
အစိုဓါတ်နဲ့ရေငွေ့ရတာကိုကြိုက်ပါတယ်။ အဲ့တော့ အကောင်းဆုံးနဲ့အလွယ်ဆုံးနည်းကတော့ တခြားအပင်တွေနဲ့ရောထားဖို့ပါပဲ။

🌿 Leaf colors

အရွက်ကအဝါရောင်ဖြစ်နေပြီဆိုရင် မြေကြီးကိုတစ်ချက်ကြည့်ပါ။ အိုးထဲမှာရေတွေအများကြီးရှိနေတယ်ဆိုရင် ရေလောင်းတာများလို့ပါ။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကကုန်သွားအောင်စုပ်တဲ့အမျိုးဖြစ်တာကြောင့် အဲ့လိုရေတွေကျန်နေဖို့က ဖြစ်တောင့်ဖြစ်ခဲပါ။ အဲဒီလိုမဟုတ်ဘဲ အဖြူလိုင်းကနေ အစိမ်းလိုင်းပြောင်းပြီးမှ အဝါဖြစ်တာဆိုရင်တော့ သဘာဝအရ အသက်ကြီးသွားတာပါ။ အညိုရောင်ဆိုရင်တော့ အစိုဓါတ်ကောင်းကောင်းမရပဲ ခြောက်နေလို့ဖြစ်ပါတယ်။ နေရာပြောင်းထားလိုက်ပါ။





--------
🌳 Grow a garden, grow your dreams! 🍀

Trees and plants always look like the people they live with, somehow.- Zora Neale Hurston🌿🍂
21/04/2025

Trees and plants always look like the people they live with, somehow.

- Zora Neale Hurston

🌿🍂

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့...
29/03/2025

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေ

ငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့်ရာမှာ သတိထားရမယ့် အချက်တွေကို သိထားတယ်ဆိုရင် ဖြစ်လာမည့်ဘေးအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ နံရံကွဲအက်မှု (Wall Cracks) အနေနဲ့ အဓိက သုံးမျိုးရှိပြီး ကိုယ့်ရဲ့နေအိမ်/အဆောက်အဦမှာပါရှိလားဆိုတာကို သေချာပြန်လည်စစ်ဆေးကြည့်ပါ။ အောက်မှာရေးထားတဲ့အချက်အလက်တွေမှာ အရေးပေါ်အခြေအနေမှာ စစ်ဆေးရုံလောက်အတွက်ဘဲ တိကျမှုရှိနိုင်ပါတယ်။ ပြန်ပြင်ဖို့လိုအပ်တာမျိုးဆိုရင် ကျွမ်းကျင် Structure Engineer များနှင့် တိုင်ပင်သင့်ပါတယ်



🛑 အန္တရာယ်ရှိသောအခြေအနေ (Severe Damage - Immediate Danger)

✅ Diagonal Cracks (ထောင့်ဖြတ်အက်ကွဲခြင်း)

• အက်ကွဲကြောင်းများဟာ နံရံတစ်ဖက်ကနေနောက်ဖက်ထိကျော်ထွက်နေပြီး၊ ထောက်တန်း Load-bearing wallတွင်ရှိနေခြင်း
• ကြမ်းခင်းနဲ့ ထိစပ်နေတဲ့ နံရံအောက်ခြေမှာ အက်ကွဲကြောင်းဟာ 5mm နှင့်အထက် တွေ့ရှိရခြင်း မျိုးဆိုလျှင် အန္တရာယ်ကြီးပါတယ်။
• အက်ကွဲကြောင်းများကို ကြည့်ရာမှာ နံရံနှစ်ဖက်လုံးဖြစ်နေတာလားဆိုတာ သေချာစစ်ဆေးပါ။

🚨 ထောင့်ဖြတ်အက်ကွဲကြောင်းများဖြစ်နေပါက နေအိမ်ထဲမှာပြန်လည်နေထိုင်ဖို့မသင့်တော်ပါ။



⚠️ အလယ်အလတ်အန္တရာယ်ရှိသောအခြေအနေ (Moderate Damage - Caution Required)

✅ Vertical & Horizontal Cracks (ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း)

• အက်ကွဲကြောင်းဟာ - ၃-၅ မီလီမီတာအထိ ကျယ်ပြီး plaster များ ကွာကျလာခြင်း
• နံရံနှင့် ကြမ်းခင်း များတွင်များပြားသော Fine Cracks ပါရှိနေခြင်း

ဒီလိုအခြေအနေကိုထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်းလို့ခေါ်ပါတယ်။

📌 ကိုယ့်ရဲ့အိမ်ဟာ ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း အခြေအနေရှိပါက အဆောက်အဦအတွင်းပြန်လည်နေထိုငဖို့အတွက် လုံးလုံးစိတ်ချရသော အခြေအနေမဟုတ်ပါ။


✅ အန္တရာယ်သိပ်မရှိသော အခြေအနေ (Minor Damage - Low Risk)

✅ Hairline Cracks (အလွှာသေးသေးလေးများကွဲအက်မှုဖြစ်ခြင်း)

• အက်ကွဲကြောင်းမှာ ၁ မီလီမီတာနှင့်အောက်ဖြစ်ပြီး နံရံ၏အပေါ်မျက်နှာပြင်တွင်သာရှိနေခြင်း

📌 ယခုလိုအခြေအနေမျိူးဆိုပါက စိုးရိမ်စရာအများကြီးမရှိပါဘူး။ နံရံများကို Replastering & Repainting ဖြင့် ပြန်လည်ပြုပြင်နိုင်ပါတယ်။



🏃‍♂️ အရေးပေါ်မှာ ဘာလုပ်မလဲ?

1️⃣ ကိုယ့်ရဲ့အဆောက်အဦနံရံများမှာ ထောင့်ဖြတ်ကွဲမှုအခြေအနေတွင်ရှိပါက အိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းကို ရှောင်ရှားပါ။

2️⃣ နံရံများထိခိုက်မှုအခြေအနေများကို ဓာတ်ပုံရိုက်ထားပါ – နောက်ပိုင်းပြန်လည်ပြင်ဆင်ချိန်မှာ အင်ဂျင်နီယာများအတွက် များစွာအသုံးဝင်နိုင်ပါတယ်။

Special thanks to Soe Moe Aung

🔗

28/03/2025

#ငလျင် အရမ်းလှုပ်ရင်ညအိပ်ရင် ဖုန်းမှာ အသံကျယ်မြည်အောင်လုပ်ထားလို့ ရပါတယ်။

ဒီ ငလျင် Application မှာ -

🎯Aftershock တွေကို စောင့်ကြည့်လို့ရပါတယ် -

🎯Alert ပေးထားပြီး Notification On ထားလို့ရပါတယ် -

🎯ညရေးညတာ ငလျင်လှုပ်တဲ့အချိန် အိပ်ပျော်နေရင် Noti/Alarm မြည်အောင်လုပ်ထားလို့ရပါတယ် -

🎯ဒီမှာတော့ Magnitude 3 အထက်ကို Noti Alert on ထားပါတယ် -

🎯 Setting ထဲကို ဝင်ပြီးတော့ မိမိထားလိုတဲ့ Magnitude ကို ထားလို့ရပါတယ် -

🎯အချိန်နဲ့အမျှ လှုပ်နေတဲ့ငလျင်တွေကို ဖော်ပြပေးနေမှာဖြစ်ပါတယ် -

🎯ငလျင်နဲ့ပတ်သက်တဲ့ သိထားစရာ‌တွေ၊ရှောင်ရန်၊ဆောင်ရန် တွေကို လေ့လာသိရှိလိုက်နာကျင့်သုံးဖို့ အလွန်အရေးကြီးပါတယ် -

🎯ဘေးရန် အန္တရယ်တွေ ကင်းဝေးကြပါစေ။

Download
Ios
https://apps.apple.com/mm/app/my-earthquake-alerts-feed/id975709372

Google playstore
https://play.google.com/store/apps/details?id=com.jrustonapps.myearthquakealerts&pcampaignid=web_share

Apk Pure
https://apkpure.com/my-earthquake-alerts-map/com.jrustonapps.myearthquakealerts/amp

Stay Safe❗

Credit

🎄❄️ Merry Christmas to you all 🎄❣️
25/12/2024

🎄❄️ Merry Christmas to you all 🎄❣️

Opening Teaser!!!Hellooo~ အပင်ချစ်သူ​လေးတို့​ရေ~~သိပ်မကြာခင်အချိန်အတွင်းမှာ ခင်တို့ အပင်​လေး​တွေ ပြန်ပြီးရောင်းဖြစ်ပါ​တေ...
28/03/2024

Opening Teaser!!!

Hellooo~ အပင်ချစ်သူ​လေးတို့​ရေ~~

သိပ်မကြာခင်အချိန်အတွင်းမှာ
ခင်တို့ အပင်​လေး​တွေ ပြန်ပြီးရောင်းဖြစ်ပါ​တော့မယ်ဆိုတဲ့
အ​ကြောင်း​လေး tease လုပ်ထားတာပါရှင့် 🥰

MERRY CHRISTMAS 🎄🎅မိသားစု​တွေ၊ ချစ်ရသူ​တွေနဲ့ သာယာ​အေးချမ်း​သော Christmas အချိန်အခါ​​လေးကို ​ပျော်​ပျော်ရွှင်ရွှင် ကုန်ဆ...
25/12/2023

MERRY CHRISTMAS 🎄🎅

မိသားစု​တွေ၊ ချစ်ရသူ​တွေနဲ့ သာယာ​အေးချမ်း​သော Christmas အချိန်အခါ​​လေးကို ​ပျော်​ပျော်ရွှင်ရွှင် ကုန်ဆုံးနိုင်ကြပါ​စေရန် ဆု​တောင်း​ပေးလိုက်ပါတယ် ✨️✨️

Merry christmas and may you be able to enjoy the holiday with your loved ones joyfully ✨️✨️

Address

North Dagon
Yangon

Telephone

+959965106272

Website

Alerts

Be the first to know and let us send you an email when Plants by Khin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share