Midori Indoor Plant

Midori Indoor Plant Thank you for living with Midori. 🍀

Shop Address: No. 1068, Set Hmu Lel Yar Street, 45 Ward, North Dagon Township, Yangon.

Phone Number - 09954225972 / 09940940021
Opening hours: 8:00 am to 5:00 pm
Holiday: Every Monday

ညောင်ဘွန်ဆိုင်း @ Ficus Microcarpa 🌿အာရှမျိုးရင်းအပင်တစ်မျိုးဖြစ်တဲ့ Ficus Microcarpa ကို Chinese Banyan ( မြန်မာအခေါ်အဝ...
24/05/2026

ညောင်ဘွန်ဆိုင်း @ Ficus Microcarpa 🌿

အာရှမျိုးရင်းအပင်တစ်မျိုးဖြစ်တဲ့ Ficus Microcarpa ကို Chinese Banyan ( မြန်မာအခေါ်အဝေါ် - ညောင်ဘွန်ဆိုင်း ) ဟုလည်း ခေါ်ဝေါ်ကြပါတယ်

ဘွန်ဆိုင်းသဘောအရ စိတ်ရှည်သည်းခံနိုင်စွမ်းနှင့် ဖန်တီးတီထွင်နိုင်မှုတို့ကို ပေါင်းစပ်ပြီးပုံဖော်ထားတာကြောင့် အပင်တစ်ပင်အနေနဲ့သာမက အနုပညာလက်ရာတစ်ခုလို့ဆိုရင်လည်း မမှားပါဘူးရှင့်

ညောင်ပင်ရဲ့ တည်တံ့ခိုင်မာမှု၊သက်တမ်းရှည်မှုနဲ့ သဘာဝဆန်ဆန်အလှတရားက မြင်သူအဖို့ စိတ်အေးချမ်းမှုကိုပါ ရရှိစေနိုင်ပါတယ်

စားပွဲတင်အရွယ်ဖြစ်ပြီး နေရာယူသက်သာတဲ့အပြင် ဧည့်ခန်း၊ရုံးခန်း၊ဆိုင်ခန်းမှာ ထားရှိပါက ထူးခြားတဲ့အလှတရားအပြင် အေးချမ်းတဲ့အသွင်အပြင်ကိုလည်း ဖန်တီးပေးနိုင်မှာပါရှင့်

- ထိန်းသိမ်းနည်း -
✨ အလင်းရောင်ကောင်းကောင်းရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးရပါမယ်
✨ မြေကြီးခြောက်မှ ရေလောင်းပေးရပါမယ် ( ရေဝပ်ပါက အမြစ်ပုပ်တတ်တဲ့အတွက် ရေကို ချိန်ဆပြီးလောင်းပေးရပါမယ် )
✨ အရွက်ခြောက်တွေ ၊ ပုံမကျတဲ့အကိုင်းတွေကို ဖြတ်တောက်ပေးခြင်းဖြင့်လည်း နှစ်သက်သလိုပုံသွင်းပြီး စိုက်ပျိုးနိုင်ပါတယ်ရှင့်

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီမှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori 🍀



#ညောင်ဘွန်ဆိုင်း
#မြောက်ဒဂုံအပင်ဆိုင်

ကျောက်စိမ်းအဖိုပင်နဲ့ အမပင်ရဲ့ ကွာခြားပုံ 🍀• ကျောက်စိမ်းအဖိုပင် ( ခ ) ကျောက်စိမ်းဧကရာဇ်အပင်က အရွက်ရှည်ပြီး အပင်မြင့်ပါတယ...
24/05/2026

ကျောက်စိမ်းအဖိုပင်နဲ့ အမပင်ရဲ့ ကွာခြားပုံ 🍀

• ကျောက်စိမ်းအဖိုပင် ( ခ ) ကျောက်စိမ်းဧကရာဇ်အပင်က အရွက်ရှည်ပြီး အပင်မြင့်ပါတယ်

• တစ်ခါတရံ အပွင့်ပွင့်တတ်ပြီး ပွင့်တဲ့အချိန်မှာ အမွှေးတိုင်ထွန်း၊ရွှေရေငွေရေလောင်းပေးရင် အထူးစီးပွားတက်တယ်လို့ ယုံကြည်ကြပါတယ်ရှင့်

• ကျောက်စိမ်းအမပင် တစ်နည်းအားဖြင့် ကျောက်စိမ်းဒေဝီလို့ခေါ်တဲ့ အပင်လေးကတော့ အပင်ပုပြီး အရွက်ဝိုင်းတဲ့ သဏ္ဌာန်ရှိပါတယ်

• အပင်နှစ်မျိုးစလုံးရဲ့ တူညီတဲ့အချက်ကတော့ ရေမကြိုက်တာပဲ ဖြစ်ပါတယ်ရှင့် ဒါကြောင့် ရေကို မြေကြီးခြောက်မှ ( သို့ ) ၇ရက် တစ်ခါလောက်မှ လောင်းပေးသင့်ပါတယ်

နေရောင်တိုက်ရိုက်မထိပဲ အလင်းရောင်အနည်းငယ်နဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာလေးမှာ ထားပေးရပါမယ်ရှင့်

ထိန်းသိမ်းရလွယ်ကူပြီး ငွေဝင်ကံကောင်းစေမယ့် ကျောက်စိမ်းအဖိုအမအတွဲလိုက်လေးကို စိုက်ပျိုးချင်တယ်ဆိုရင်တော့ Midori ကို သတိရလိုက်ပါနော် 🍀

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori 🍀


သစ်မင်းဖို ( ခ ) Jati Brown Pineအရှေ့တောင်အာရှနဲ့‌ တောင်အာရှဒေသတွေမှာ အများဆုံးပေါက်လေ့ရှိပြီး Conifer မျိုးရင်း အပင်တစ်...
24/05/2026

သစ်မင်းဖို ( ခ ) Jati Brown Pine

အရှေ့တောင်အာရှနဲ့‌ တောင်အာရှဒေသတွေမှာ အများဆုံးပေါက်လေ့ရှိပြီး Conifer မျိုးရင်း အပင်တစ်မျိုးဖြစ်ပါတယ်

* မကောင်းတဲ့ စွမ်းအင်တွေကို ဖယ်ရှားပေးနိုင်ခြင်း
* အိမ်ကို အတိုက်အခိုက်ရန်က ကာကွယ်ပေးနိုင်ခြင်း
* အိမ်တွင်း အေးချမ်းမှုကို ‌ရရှိစေခြင်း
* လေထုကိုသန့်စင်ပေးနိုင်ခြင်း
စတဲ့ အချက်တွေကြောင့် အစိုက်များပါတယ်

တိုက်ရိုက်နေရောင်မကျရောက်ပဲ အလင်းရောင် အသင့်အတင့်ရတဲ့နေရာမျိုးမှာ စိုက်သင့်ပြီး အပေါ်ယံမြေသားခြောက်မှ ရေလောင်းပေးရုံပါပဲရှင့်

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori 🍀



#သစ်မင်းဖို
#မြောက်ဒဂုံအပင်ဆိုင်

အိမ်တော်မင်္ဂလာ Orange Kamkoon •အိမ်တွင်းကျက်သရေတိုးပွားခြင်း•လာဘ်လာဘပေါများခြင်း•ကံကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေက...
23/05/2026

အိမ်တော်မင်္ဂလာ Orange Kamkoon

•အိမ်တွင်းကျက်သရေတိုးပွားခြင်း
•လာဘ်လာဘပေါများခြင်း
•ကံကောင်းစေခြင်း
စတဲ့ အကျိုးကျေးဇူးတွေကြောင့် indoor plant အဖြစ် အများဆုံး စိုက်ပျိုးလေ့ရှိကြပါတယ်

အိမ်တော်မင်္ဂလာ orange kamkoon ဟာဆိုရင် အရောင်ဆန်းလေးနဲ့ အင်မတန်တင့်တယ်တဲ့ အလှတရားကို ရရှိစေမယ့် အပင်လေးပဲဖြစ်ပါတယ်ရှင့်

အိမ်တက်၊ရုံးဖွင့်ပွဲ၊ဆိုင်ဖွင့်ပွဲအခမ်းအနားတွေအတွက် ရွေးချယ်ဖို့ အလွန်သင့်တော်ပါတယ်

ထိန်းသိမ်းနည်း
_______________
* နေရောင်တိုက်ရိုက်မထိပဲ အလင်းရောင်အနည်းငယ်နဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးရပါမယ် မြေကြီးခြောက်မှသာ ရေလောင်းပေးရပါမယ် *

*** ရေများရင် အမြစ်ပုပ်တတ်တာကြောင့် ရေဝပ်တာမျိုးမဖြစ်စေရန် ချိန်ဆပြီး လောင်းပေးသင့်ပါတယ်ရှင့် ***

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori 🍀



#အိမ်တော်မင်္ဂလာ

ဆေးလိပ်သောက်တတ်တဲ့သူတွေ ဆောင်ထားသင့်တဲ့ Brazilian Lucky Wood ✨Africa ဇာတိဖြစ်တဲ့ Dracaena Fragans @ Brazilian Lucky Wood...
22/05/2026

ဆေးလိပ်သောက်တတ်တဲ့သူတွေ ဆောင်ထားသင့်တဲ့ Brazilian Lucky Wood ✨

Africa ဇာတိဖြစ်တဲ့ Dracaena Fragans @ Brazilian Lucky Wood အပင်ဟာဆိုရင် ထူးခြားပြီး ဆန်းသစ်တဲ့ ပုံစံကြောင့် indoor plant အဖြစ် လူကြိုက်များပါတယ်

ကံကောင်းခြင်း၊ ဥစ္စာဓန နှင့် အောင်မြင်မှု စသည်တို့ကို ကိုယ်စားပြုတဲ့အပြင် ဆေးလိပ်ငွေ့တွေနဲ့‌ လေထုထဲရှိ အဆိပ်အတောက်ဖြစ်စေတဲ့ အငွေ့တွေကို စုပ်ယူပြီးလေထုကိုသန့်စင်ပေးနိုင်ပါတယ်

ရေကို 1 cm ခန့်ထည့်ပြီး ရေလဲရုံပဲ လိုအပ်တဲ့အတွက် အင်မတန်စိုက်ပျိုးရလွယ်ကူတဲ့အပင်လေးပဲဖြစ်ပါတယ်ရှင့်

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori🍀



ထင်းရှူးသံပုရာ @ Lemon Cypress အစိမ်းရောင်နုနုလေးနဲ့ သံပုရာအနံ့သင်းသင်းလေးကြောင့် မြင်သူအဖို့ စိတ်အေးချမ်းမှုကို ရရှိစေန...
22/05/2026

ထင်းရှူးသံပုရာ @ Lemon Cypress

အစိမ်းရောင်နုနုလေးနဲ့ သံပုရာအနံ့သင်းသင်းလေးကြောင့် မြင်သူအဖို့ စိတ်အေးချမ်းမှုကို ရရှိစေနိုင်မယ့်အပင်လေး ဖြစ်ပါတယ်

‌တိုက်ရိုက်နေရောင်ခြည်မဟုတ်ပဲ အလင်းရောင်အနည်းငယ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးသင့်ပါတယ် မနက်နေရောင်လေးပြပေးဖို့တော့ လိုပါမယ်ရှင့်

ရေကြိုက်တဲ့အပင်လေးဖြစ်လို့ မြေသားစိုစိုလေးဖြစ်နေအောင် ထားပေးရပါမယ် * ရေမဝပ်အောင် ဂရုစိုက်ပြီးလောင်းပေးသင့်ပါတယ် *

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori 🍀




#ထင်းရှူးသံပုရာ

Money Plant @ ရွှေလာငွေလာ 🍀Money Plant ကိုမှ အရောင်စိုစိုလေးနဲ့ မြင်သူအဖို့ မျက်စိပသာဒဖြစ်စေတဲ့ Neon Joy လေးကတော့ Midori...
21/05/2026

Money Plant @ ရွှေလာငွေလာ 🍀

Money Plant ကိုမှ အရောင်စိုစိုလေးနဲ့ မြင်သူအဖို့ မျက်စိပသာဒဖြစ်စေတဲ့ Neon Joy လေးကတော့ Midori ရဲ့ Best Seller အဖြစ် ရပ်တည်နေဆဲပါပဲရှင်

အရောင်‌ဆန်းလေးနဲ့ အင်မတန်လှပပြီး နာဆာအသိအမှတ်ပြု လေသန့်ပင်လေး ဖြစ်တာကြောင့် ‌စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အထောက်အကူပြုပါတယ်

နေတိုက်ရိုက်မကျပဲ အလင်းရောင်အနည်းငယ်နဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးရပါမယ်

မြေစိုက် - မြေကြီးခြောက်မှ ရေလောင်းပေးပါ
ရေစိုက် - ၃ ရက်တစ်ခါလောက် ရေလဲပေးပါရှင်

မနက်စောစော နေရောင်ပြပေးခြင်းဖြင့် အရွက်ရောင်လေးတွေ ပိုလှစေမှာပါရှင်

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori 🍀



#ရွှေလာငွေလာ

#မြောက်ဒဂုံအပင်ဆိုင်

ထီပေါက်ပင် ၊ ငွေပင် @ Money Tree 🍀နာမည်လေးအတိုင်း လာဘ်ရွှင်စေမယ့် Lucky plant list မှာ ထိပ်တန်းစာရင်းဝင်တဲ့အပင်လေးဖြစ်ပါ...
21/05/2026

ထီပေါက်ပင် ၊ ငွေပင် @ Money Tree 🍀

နာမည်လေးအတိုင်း လာဘ်ရွှင်စေမယ့် Lucky plant list မှာ ထိပ်တန်းစာရင်းဝင်တဲ့အပင်လေးဖြစ်ပါတယ်

သူ့ရဲ့ထူးခြားတဲ့ ကျစ်မြီးပုံစံပင်စည်အလှလေးကြောင့် အိမ်တွင်းအလှဆင်ဖို့အတွက်လည်း အင်မတန်သင့်တော်ပါတယ်ရှင့်

အညွန့်တစ်ခုစီမှာ အရွက် ၅ရွက်ကနေ ၆ရွက်အထိ ပါတတ်ပြီး ၇ရွက်အထိပါရင် အပိုကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်

ထိန်းသိမ်းနည်း ✨

- ‌နေရောင်ခြည်တိုက်ရိုက်မကျပဲ အလင်းရောင်အနည်းငယ်နှင့် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ‌ထားပေးပါ

- ရေမကြိုက်တဲ့အတွက် မြေသားခြောက်မှ ( သို့ ) ၅/၆ ရက်တစ်ခါမှ ရေလောင်းပေးပါ

- ရေလောင်းတဲ့အခါမှာ ရေဝပ်တာမျိုးမဖြစ်အောင် ဂရုစိုက်ပေးဖို့တော့ လိုပါမယ်ရှင့်

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori.❤️🍀



#ထီပေါက်ပင်

✨ အိမ်တော်မင်္ဂလာဆိုတဲ့ နာမည်အတိုင်း•အိမ်တွင်းကျက်သရေတိုးပွားခြင်း•လာဘ်လာဘပေါများခြင်း•ကံကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူ...
20/05/2026

✨ အိမ်တော်မင်္ဂလာဆိုတဲ့ နာမည်အတိုင်း
•အိမ်တွင်းကျက်သရေတိုးပွားခြင်း
•လာဘ်လာဘပေါများခြင်း
•ကံကောင်းစေခြင်း
စတဲ့ အကျိုးကျေးဇူးတွေကြောင့် လူကြိုက်များတဲ့အပင်လေးတွေပဲ ဖြစ်ပါတယ်

အိမ်တော်မင်္ဂလာကို နီနီရဲရဲနဲ့ လှတာလေးလိုချင်ရင်တော့ အိမ်တော်နီ Chinese red လေး ရှိပါမယ် ✨

အရောင်တောက်"လေးနဲ့ အင်မတန်မျက်စိပသာဒဖြစ်စေတဲ့အတွက် လက်ဆောင်အနေနဲ့လည်း အထူး သင့်တော်ပါတယ်ရှင်

* နေရောင်တိုက်ရိုက်မထိပဲ အလင်းရောင်အနည်းငယ်နဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးရပါမယ် မြေကြီးခြောက်မှသာ ရေလောင်းပေးရပါမယ် *

*** ရေများရင် အမြစ်ပုပ်တတ်တာကြောင့် ရေဝပ်တာမျိုးမဖြစ်စေရန် ချိန်ဆပြီး လောင်းပေးသင့်ပါတယ်ရှင့် ***

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori 🍀



#အိမ်တော်မင်္ဂလာ

အပ်နှစ်စင်း @ Calathea Ornata Calathea Ornata လို့အမည်ရှိပြီး အရွက်ပေါ်မှာ အပ်မျှင်လေးတွေတင်ထားသလို အသွင်သဏ္ဌာန်ကြောင့် ...
19/05/2026

အပ်နှစ်စင်း @ Calathea Ornata

Calathea Ornata လို့အမည်ရှိပြီး အရွက်ပေါ်မှာ အပ်မျှင်လေးတွေတင်ထားသလို အသွင်သဏ္ဌာန်ကြောင့် Pinstripe Calathea ( အပ်နှစ်စင်းဂမုန်း ) လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်

အစိမ်းရင့်ရောင် အရွက်မျက်နှာပြင်ကို ‌ခရမ်းရောင်နောက်ခံနဲ့ ရောစပ်ထားပြီး တမူထူးကာ ကျော့ရှင်းတဲ့အလှတရားကြောင့် လူသိများပါတယ်

Prayer plant အမျိုးအစားထဲမှာ ပါဝင်တဲ့အပြင် စိုစွတ်မှုနဲ့အေးမြမှုကို သဘောကျတဲ့အတွက် အပူရှိန်များတဲ့နေရာ၊နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေမှာ မထားမိဖို့ သတိပြုရပါမယ်ရှင်

ရေများလျှင်အမြစ်ပုပ်တတ်သလို စိုထိုင်းမှုနှင့်ရေဓာတ်နည်းပါက အရွက်တွေခြောက်ပြီးတွန့်လိမ်လာတတ်တာကြောင့် ရေကိုချိန်ဆပြီးလောင်းပေးသင့်ပါတယ်ရှင့်

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီ မှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori 🍀




#အပ်နှစ်စင်း

ဖရဲဂမုန်း ( ခ ) ဒေါ်လာထမ်းဂမုန်းသူ့ရဲ့အရွက်လေးတွေက ဖရဲသီးလေးနဲ့သဏ္ဌာန်တူပြီး အရွက်‌ကလေးတွေ နဂိုထက် ပိုမိုစိမ်းစိုလှပလာရင...
19/05/2026

ဖရဲဂမုန်း ( ခ ) ဒေါ်လာထမ်းဂမုန်း

သူ့ရဲ့အရွက်လေးတွေက ဖရဲသီးလေးနဲ့သဏ္ဌာန်တူပြီး အရွက်‌ကလေးတွေ နဂိုထက် ပိုမိုစိမ်းစိုလှပလာရင် ငွေဝင်၊လာဘ်ဝင်တတ်တယ် အဆိုရှိတဲ့အတွက် ဒေါ်လာထမ်းဂမုန်းလို့လည်း ခေါ်ကြပါတယ်ရှင့်

ထိန်းသိမ်းရလွယ်ကူပြီး indoor အနေနဲ့သာမက outdoor အတွက်ပါ စိုက်ပျိုးဖို့သင့်တော်ပါတယ် ဖရဲသီးသဏ္ဌာန်အရွက်စိမ်းကလေးတွေကလည်း မျက်စိအေးစေပြီး စိတ်အေးချမ်းမှုကို ရရှိနိုင်ပါတယ်

ဖရဲဂမုန်းအပင်လေးကို ဆိုင်ခန်းရဲ့အဝင်ဝမှာထားမယ်ဆိုရင် အရောင်းအဝယ်ပိုကောင်းစေတယ်လို့လည်း ဆိုကြပါတယ်ရှင်

🏡ဆိုင်လိပ်စာ - အမှတ် (၁၀၆၈)၊ စက်မှုလယ်ယာလမ်း၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံ
📞 09954225972
09940940021

ဆိုင်ဖွင့်ချိန်လေးကတော့ နံနက် ၈ နာရီမှ ညနေ ၅ နာရီ
တနင်္လာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်

Thank you for living with Midori 🍀



#ဖရဲဂမုန်း

Address

Yangon

Telephone

+959954225972

Website

Alerts

Be the first to know and let us send you an email when Midori Indoor Plant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Midori Indoor Plant:

Share