𝐸𝓭𝓮𝓷𝓲𝓬 𝓓𝓲𝓪𝓻𝔂

  • Home
  • Myanmar
  • Yangon
  • 𝐸𝓭𝓮𝓷𝓲𝓬 𝓓𝓲𝓪𝓻𝔂

𝐸𝓭𝓮𝓷𝓲𝓬 𝓓𝓲𝓪𝓻𝔂 Indoor & Outdoor Plant Business

🌸 သစ်ခွ ဗန်ဒါ အပွင့်ပါပြီး ၃ပင် ရှိပါတယ်.... တစ်ပင်က အပွင့်ခိုင် ၂ခုတောင်ပါပါတယ် တခုက ပွင့်ပြီး တစ်ခုက ဖူးနေတုန်းပါ.... ...
03/11/2021

🌸 သစ်ခွ ဗန်ဒါ အပွင့်ပါပြီး ၃ပင် ရှိပါတယ်.... တစ်ပင်က အပွင့်ခိုင် ၂ခုတောင်ပါပါတယ် တခုက ပွင့်ပြီး တစ်ခုက ဖူးနေတုန်းပါ....

အပွင့်ခိုင်တစ်ခုတည်းပါတဲ့၂ပင်က တစ်ပင်ကို ၈၅၀၀ပါ
အပွင့်ခိုင်၂ခုပါတဲ့အပင်က ၁သောင်းပါ... အဖူးရောအပွင့်ရောမရှိသေးတဲ့ အပင်တွေလည်းရှိပါတယ်... အသေးစိတ် စုံစမ်းချင်ရင် 09-972207228 ,09-779247552 တို့ကိုဆက်သွယ်ပေးပါ။
ရန်ကုန်မြို့တွင်း မြို့နယ်အလိုက် deliခရှ်ိပါတယ်။

အားလုံးပဲ မင်္ဂလာပါနော်..Edenic Diary ရဲ့ Knowledge Sharing Channel လေးကပြန်လည်ကြိုဆိုပါတယ်နော်..။ မင်မင်ဒီနေ့ပြောပြပေးမ...
24/09/2021

အားလုံးပဲ မင်္ဂလာပါနော်..Edenic Diary ရဲ့ Knowledge Sharing Channel လေးကပြန်လည်ကြိုဆိုပါတယ်နော်..။ မင်မင်ဒီနေ့ပြောပြပေးမှာကတော့ Cactaceae မိသားစုဝင်ဖြစ်တဲ့ oroya cactus လေးတွေအကြောင်းပဲဖြစ်ပါတယ်…
Oroya လေးတွေဘလိုထူးခြားလဲဆိုတာ မင်မင်နဲ့အတူဖတ်ကြည့်ရအောင်နော်..🥰🥰

Oroya လေးတွေက peru နိုင်ငံမှာတွေ့ရများပါတယ်။ La Oroya ဆိုတဲ့မြို့မှာတွေ့ရတတ်တာမလို့ Oroya လို့ခေါ်ကြပါတယ်နော်..

Oroya လေးတွေဟာ ကမ္ဘာလုံးပုံစံရှိပြီး ကျောရိုးများများနဲ့အဆူးထူပါတယ်။

အရွယ်အစားကတော့ပုံမှန်အားဖြင့် 13လက်မအထိရှည်နိုင်ပြီး 9လက်မအထိကျယ်နိုင်ပါတယ်။

1cm လောက်ရှိတဲ့အဝါရောင် ပန်းပွင့်သေးသေးလေးတွေက အပင်ပင်စည် ထိပ်အဝိုင်းပေါ်မှာ ပေါက်ကြပါတယ်..ညှာတံလေးတွေကတော့ ပန်းရောင်၊ အနီရောင်ရှိတတ်ပါတယ်။

အပွင့်လေးတွေက များသောအားဖြင့် နွေဦးကနေနွေရာသီအကုန် အထိ ပွင့်ပါတယ်

Oroya လေးတွေက နေရောင်တိုက်ရိုက်ထိတာသိပ်မကြိုက်ပဲ filter sunlight ကိုပိုသဘောကျပါတယ်။ ပြီးတော့ နေရောင်ရတဲ့ပေါ်မူတည်ပြီး အပင်ရဲ့အရောင်ဟာ ကြေးနီရောင်ဘက်သမ်းပါတယ် ဒါက ပန်းပွင့်တာနဲ့ ဆူးတွေသန်ဖို့အားပေးပါတယ်

ရေကိုအမြဲလောင်းတာမကြိုက်ပဲ မြေခြောက်မှသာနည်းနည်းပဲလောင်းပေးရပါမယ်။ အမြစ်တွေမပုပ်အောင် ရေတခါလောင်းပြီး ခြောက်မှသာထပ်လောင်းပေးရပါမယ်

အိုးပြောင်းဖို့ဆိုရင်တော့ မြေလဲရာမှာ ရေအကျမြန်တဲ့မြေကိုသုံးသင့်ပါတယ်..ရေတိုက်ရိုက်ထိတာ သိပ်မကြိုက်တာကြောင့် အရမ်းပူတာကိုရှောင်သင့်ပါတယ်။
အိုးကိုတစ်နှစ်တခါလဲပေးပြီး လဲတဲ့အခါ မြေအဟောင်းတွေကိုအရင်ဖယ်ထုတ်ပြီး မြေအသစ်ကိုမစိုအောင်ဂရုစိုက်ရပါမယ်။

ဒီနေ့အတွက် မင်မင်က Oroya Cactus လေးတွေအကြောင်းသိသင့်တာလေးတွေပြောပြပေးသွားတာဖြစ်ပါတယ်..ဒီ topic အတွက် မင်မင်လိုအပ်တာတွေရှိရင်လည်း comment မှာ ဖြည့်စွက်ပြောပေးသွားပါဦးနော်။
နောက်တပတ် သောကြာနေ့မှာမင်မင်နဲ့ပြန်ဆုံမယ်နော်.. ။ adiós✌️✌️🥰🥰

Photo source: google

အားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါနော်…Friday လေးလည်းရောက်ပြီဆိုတော့ Edenic Diary ရဲ့ knowledge sharing channel လေးကနေ ပြန်လ...
17/09/2021

အားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါနော်…Friday လေးလည်းရောက်ပြီဆိုတော့ Edenic Diary ရဲ့ knowledge sharing channel လေးကနေ ပြန်လည်ကြိုဆိုပါတယ်နော်🥰🥰
ဒီနေ့မှာတော့ မင်မင်က Astrophytum Myriostigma မျိုးစိပ်ဖြစ်တဲ့ ကြယ် cactus လေးတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်…❤️❤️

ကြယ် cactus လေးတွေကို Bishop’s Cap Cactus, Bishop’s Hat လို့လည်းခေါ်ကြတယ်။

Cactaceae မိသားစုဝင်ဖြစ်ပေမယ့် ကြယ် cactus လေးတွေကတော့ အဆူးမရှိပါဘူး။

Astrophytum လေးတွေရဲ့ ပင်စည်ကျောရိုးကတော့ ၃ခုကနေ ၇ခုအထိရှိနိုင်ပြီး ပုံမှန်အရွယ်အစားကတော့ ၅ခုရှိပါတယ်။ ကျောရိုးတွေဟာ အသက်ကြီးလာတာနဲ့အမျှ အရေအတွက်တိုးလာပြီး cylinder ပုံစံရှည်လာပါမယ်။

ကြယ် cactus လေးတွေရဲ့ အရွယ်အစားက 2ပေ 7လက်မကနေ 3ပေ 3လက်မ အထိရှည်နိုင်ပြီးတော့ အချင်းကတော့ 4ပေမှ 8ပေအထိကြီးလာနိုင်ပါတယ်။

ကြယ် cactus လေးတွေက ဒီလောက်အပင်ကြီးလာဖို့အချိန်ပေးဖို့လည်း အရမ်းလိုအပ်သလို အပွင့်တခါပွင့်ဖို့ အတွက်လည်း ၆နှစ်လောက်ကြာပါတယ်။

Astrophytum လေးတွေရဲ့ အပွင့်လေးတွေကမီးခိုးခေါင်းတိုင်ပုံစံရှိပြီး 1.6လက်မ ကနေ 2.4လက်မ အရွယ်ရှိတဲ့ ပန်းပွင့်လှလှလေးတွေကို အပင်တပင်မှာ အနည်းဆုံး ၁ပွင့်မှ အများကြီးပွင့်နိုင်ပါတယ်..။

ရေကတော့ အခြား cactus တွေလိုပုံမှန်အတိုင်းပဲလောင်းပေးရမှာဖြစ်ပြီး နေရောင်ခြည်တိုက်ရိုက်ထိတာကြိုက်ပါတယ်။

ဒီနေ့အတွက် မင်မင်က Astrophytum လေးတွေအကြောင်းသိသင့်တာလေးတွေပြောပြပေးသွားတာဖြစ်ပါတယ်..ဒီ topic အတွက် မင်မင်လိုအပ်တာတွေရှိရင်လည်း comment မှာ ဖြည့်စွက်ပြောပေးသွားပါဦးနော်။
နောက်တပတ် သောကြာနေ့မှာမင်မင်နဲ့ပြန်ဆုံမယ်နော်.. ။ adiós✌️✌️🥰🥰

Photo source: google

Edenic Diary ရဲ့ Knowledge Sharing channel ကနေပြန်လည်ကြိုဆိုပါတယ်နော်…🥰🥰ဒီတပတ်အတွက်အလှည့်ကျတဲ့အပင်လေးကတော့ ZZ plant လို့...
10/09/2021

Edenic Diary ရဲ့ Knowledge Sharing channel ကနေပြန်လည်ကြိုဆိုပါတယ်နော်…🥰🥰
ဒီတပတ်အတွက်အလှည့်ကျတဲ့အပင်လေးကတော့ ZZ plant လို့လူသိများတဲ့ ကျောက်စိမ်း ဧကရာဇ် အပင်လေးတွေပဲဖြစ်ပါတယ်🌱🌱

Zz plant တွေက အပူပိုင်းဇုန်ဖြစ်တဲ့ Africa အရှေ့ပိုင်းမှာသာ အတွေ့ရများပြီး အခုနောက်ပိုင်းမှသာ ကမ္ဘာတဝှမ်း လူကြိုက်များလာခဲ့တာဖြစ်ပါတယ်..။

Zz plant လေးတွေက အရွက်နုချိန်မှာ သံပုရာအနုရောင် ရှိပြီး ရင့်လာချိန်မှာတော့ ပြောင်လက်နေတဲ့အစိမ်းရောင် အရွက်တွေအဖြစ်ပြောင်းလဲသွားပါတယ်။ အရွက်လေးတွေက ပုံမှန် ၁လက်မ မှ ၃လက်မအထိရှည်ပါတယ်။

မြေဆီလွှာထဲမှာ ရေသိုလှောင်တဲ့သစ်ဥကနေပြီး အနည်းငယ်ထူတဲ့ ဥပုံစံရှိတဲ့ပင်စည်မှ အရွက်တွေပေါက်ဖွားကြပါတယ်။

Zz plant တွေက ရေအရမ်းလောင်းစရာမလိုတာရယ်၊ နေအရမ်းမလိုတာရယ်ကြောင့် အိမ်ထဲထားလို့အရမ်းအဆင်ပြေပါတယ်..။

နေတိုက်ရိုက်ထိတာ မကြိုက်ပဲ ရေတခါလောင်းပြီးပါက ၂-၃ပတ်လောက်နေမှ ရေလောင်းသင့်ပါတယ်။
နေအရမ်းများပါကရေပိုလောင်းရပြီး နေရောင်ရတာနည်းပါက ရေနည်းနည်းသာလောင်းရပါမယ်။
စိုထိုင်းတာမကြိုက်ပါ။

ရေအဆင်းကောင်းတဲ့မြေကိုကြိုက်ပြီး လိုအပ်ပါကလေဝင်လေထွက်ပါကောင်းတဲ့ perlite တို့ lava ကျောက်ပါရင်ပိုသဘောကျပါတယ်။

Zz plant တွေကစိုက်ရလွယ်ပြီး ပိုးသိပ်မတက်တဲ့အပင်ဖြစ်ပါတယ်။ ပိုးမွှားကပ်ပါက ကပ်ကပ်ချင်း ပုံမှန် ပိုးသတ်ဆေးကို tissue နဲ့ဖြစ်ဖြစ်အပင်အခြေအထိသုတ်ပေးရင်ရပါပြီ။

**Zz plant တွေက ကလေးတွေနဲ့ တိရိစ္ဆာန် လေးတွေအတွက် စိတ်အနှောက်အယှက်ဖြစ်တတ်တာကြောင့် ကလေးတွေနဲ့ဝေးရာမှာထားပေးပါနော်..

ဒီနေ့အတွက်မင်မင်က ZZ plant လေးတွေအကြောင်းသိသင့်တာလေးတွေပြောပြပေးသွားတာဖြစ်ပါတယ်..ဒီ topic အတွက် မင်မင်လိုအပ်တာတွေရှိရင်လည်း comment မှာ ဖြည့်စွက်ပြောပေးသွားပါဦးနော်။
နောက်တပတ် သောကြာနေ့မှာမင်မင်နဲ့ပြန်ဆုံမယ်နော်.. ။ adiós✌️✌️🥰🥰

Photo source: google

နယ်ဝေး customer တွေအတွက်လည်း ကားဂိတ်ပစ္စည်းပို့ပြီး အဆင်ပြေအောင်ဆောင်ရွက်ပေးနေပါပြီနော်🥰🥰
05/09/2021

နယ်ဝေး customer တွေအတွက်လည်း ကားဂိတ်ပစ္စည်းပို့ပြီး အဆင်ပြေအောင်ဆောင်ရွက်ပေးနေပါပြီနော်🥰🥰

Edenic Diary ရဲ့ knowledge sharing channel ကနေ ပြန်လည်ကြိုဆိုပါတယ်🥰🥰ဒီနေ့မှာတော့ မင်မင်က Sempervivum လေးတွေအကြောင်းပြောပ...
03/09/2021

Edenic Diary ရဲ့ knowledge sharing channel ကနေ ပြန်လည်ကြိုဆိုပါတယ်🥰🥰
ဒီနေ့မှာတော့ မင်မင်က Sempervivum လေးတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်…❤️❤️

Crassulaceae မိသားစုဝင်ဖြစ်တဲ့ Sempervivum လေးတွေကို အများစုက Succulent ကြာပန်းလို့ခေါ်ကြပြီး houseleek, Liveforever စသဖြင့်နာမည်မျိုးစုံခေါ်ကြပါတယ်။

ကြာပန်း ပုံစံဖြစ်တဲ့ အစိမ်းရောင် အရွက်လေးတွေက အရွက် 50 ကနေ 60 အထိရှိပြီးတော့ တခါတလေ အရွက်ထိပ်လေးတွေမှာ ခရမ်းရောင်သမ်းပါတယ်။

ထိုကြာပန်းပုံစံ အစုလေးက 3လက်မ အထိရှည်နိုင်ပြီးတော့ အကျယ်4လက်မအထိရှိနိုင်ပါတယ်။

ပင်မပန်းအစုကြီးရဲ့ အရွက်ကြွေတွေကတဆင့်အလျားလိုက် ပြန့်ကျဲပြီးအပင်အသစ်လေးတွေပေါက်ပါတယ်။

နွေရာသီမှာ အရွက်တွေက ဝေဝေဆာဆာရှိပြီး ပင်မပန်းအစုရဲ့အပေါ်ကနေ 12လက်မအထိရှည်နိုင်တဲ့ အပွင့်ညှာတံ ထွက်လာပါမယ်။ ပွင့်လာမဲ့ပန်းလေးတွေက ခရမ်းရင့်ရောင် ပန်းလေးတွေဖြစ်ပါတယ်

အစေ့ကနေ လည်းစိုက်နိုင်ပြီး အရွက်ကြွေတွေကလည်းစိုက်နိုင်ပါတယ်။

အပင်စိုက်ရာမှာတော့ အပင်ကို မြေကြီးအောက်အရမ်းမစိုက်သင့်၊ မြေကိုနက်နက်တူးပြီး အမြစ်ကိုဖြန့်စိုက်ရပါမယ်..။

အသစ်စိုက်တဲ့ အပင်ကို ရေနေ့တိုင်းလောင်းစရာမလိုပဲ ရေတခါလောင်းပြီး ခြောကိတဲ့အထိစောင့်ပြီးမှလောင်းရပါမယ်။

အစေ့နဲ့စိုက်မယ်ဆို မြေပေါ်မှာ ကြဲလိုက်ပြီး မြေနည်းနည်းစိုရင်ရပြီ…အမြစ်ထွက်လာတာနဲ့ သူ့ဘေးကမြေတွေကိုနည်းနည်းဆွပြီး ထုတ်ပါ။ အစေ့နဲ့စိုက်တာက အိုးထဲမှာလုပ်ရပြီး အပင်လောင်းလေးဖြစ်လာရင်မြေပေါ်ချစိုက်ရပါမယ်..။

Sempervivum လေးတွေက စိုက်ရအရမ်းခက်တာကြောင့် Beginners တွေအတွက်ကတော့ နည်းနည်းခက်ခဲနိုင်ပါတယ်နော်။

ဒီနေ့အတွက် Sempervivum လေးတွေအကြောင်းသိသင့်တာလေးတွေပြောပြပေးသွားတာဖြစ်ပါတယ်..ဒီ topic အတွက် မင်မင်လိုအပ်တာတွေရှိရင်လည်း comment မှာ ဖြည့်စွက်ပြောပေးသွားပါဦးနော်။
နောက်တပတ် သောကြာနေ့မှာမင်မင်နဲ့ပြန်ဆုံမယ်နော်.. ။ adiós✌️✌️🥰🥰

Photo source: google

မင်မင်တို့ဆီမှာ Succulent 💜💜လှလှလေးတွေကို မြေအိုးလှလှလေးတွေနဲ့ရပါပြီနော်…🥰🥰🥰ဘာပဲယူယူ ၁အိုးမှ ၂၅၀၀တည်းမလို့ အမြန် order တ...
02/09/2021

မင်မင်တို့ဆီမှာ Succulent 💜💜လှလှလေးတွေကို မြေအိုးလှလှလေးတွေနဲ့ရပါပြီနော်…🥰🥰🥰
ဘာပဲယူယူ ၁အိုးမှ ၂၅၀၀တည်းမလို့ အမြန် order တင်ထားမှစိတ်ချရမယ်နော်..။🙆‍♂️🙆‍♂️🙆‍♂️

Hello!!!😍😍 မနေ့က မင်မင်ပြောထားတဲ့အတိုင်း Succulent လေးတွေရဲ့အသေးစိတ်ကိုတင်ပေးပါတော့မယ်နော်…🥰🥰ဒီနေ့ မင်မင်ပထမဆုံး တင်ပေးမ...
27/08/2021

Hello!!!😍😍 မနေ့က မင်မင်ပြောထားတဲ့အတိုင်း Succulent လေးတွေရဲ့အသေးစိတ်ကိုတင်ပေးပါတော့မယ်နော်…🥰🥰

ဒီနေ့ မင်မင်ပထမဆုံး တင်ပေးမှာကတော့ 🌱🌱Echeveria မျိုးစိတ်လေးတွေအကြောင်းပဲဖြစ်ပါတယ်နော်…

🌱Echeveria လေးတွေက အရောင်စုံတဲ့နှင်းဆီပုံစံအပင်လေးတွေဖြစ်ပြီး ဂရုစိုက်ရလွယ်တာတွေကြောင့် လူကြိုက်များတဲ့ succulent လေးတွေဖြစ်ပါတယ်။

🌱Echeveria လေးတွေကို Central America, South America နဲ့ Mexico တို့မှာ အတွေ့ရများပြီး မျိုးခွဲပေါင်းများစွာရှိပါတယ်။

🌱Echeveria အပင်လေးတွေကနေရောင်တိုက်ရိုက်ထိတာကြိုက်ပါတယ်…လင်းတဲ့နေရာတွေကိုပိုသဘောကျပြီး အပင်လေးတွေက 2လက်မလောက်ကနေပြီး 12လက်မလောက်အထိကြီးလာနိုင်ပါတယ်။

🌱Echeveria လေးတွေက အနည်းဆုံး ၄နာရီမှ ၅နာရီအထိနေအလင်းရောင်နေ့တိုင်းပေးဖို့လိုပါတယ်..နေရောင်မရရင် အပင်ကအားမသန်တော့ပဲ ပန်းပွင့်တာမှာလည်း အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

☀️☀️နွေရာသီလိုနေအရမ်းရတဲ့အချိန်ဆို Echeveria တွေကို အပြင်မှာထားတာပိုကောင်းပါတယ်။ နေအရမ်းကြိုက်ပေမယ့် အရမ်းပူပါက လောင်နိုင်တဲ့အတွက် filter လေးနည်းနည်းတော့ခံပေးသင့်ပါတယ်။

🏜🏜မြေဆီလွှာအနေနဲ့ အမြစ်တွေရေဝပ်နေတာမဖြစ်အောင် ရေအကျလွယ်တဲ့မြေကိုသဘောကျပါတယ်…ရေအရမ်းလောင်းစရာမလိုပေမဲ့ အရမ်းခြောက်လို့လည်းမရပါဘူး..ရေတခါလောင်းပြီး လောင်းထားတဲ့ ရေကုန်မှ ရေသေချာလောင်းပေးရပါမယ်။ အိုးမှာ အောက်ခံပြားရှိရင် အဲ့အထဲမှာ ရေမကျန်အောင်ဂရုစိုက်ပေးရပါတယ်..။

⛱နွေရာသီလိုပူတဲ့ရာသီမှာ ရေလောင်းတဲ့အချိန်ပိုစိပ်လို့ရပါတယ်
ဆောင်းတွင်းမှာတော့ အရွက်တွေမဝါအောင်ရေရရုံလောက်သာလောင်းရပါမယ်။

🌱Echeveria တွေဟာ ခနခနအိုးလဲစရာမလိုပါဘူး..စိုက်ထားတဲ့အိုးထက်အပင်ကြီးလာမှသာ အိုးတခါလဲပေးရင်ရပါတယ်

🪴အိုးအသစ်လဲတဲ့အခါ မြေအဟောင်းကို ကုန်အောင်ဖယ်ပြီးမှ မြေအသစ်ကို မစိုအောင်ဂရုစိုက်ပါမယ်..ပြီးတော့အမြစ်ပုပ်တာမဖြစ်အောင် ၁ ပတ်လောက်နေမှ ရေလောင်းသင့်ပါတယ်။

🌱Echeveria လေးတွေက အရွက်ကြွေတွေကနေအပင်အသစ်ထပ်စိုက်လို့ရပါတယ်..စိုက်ရတာလည်းအရမ်းလွယ်ပါတယ် ကြွေတဲ့အရွက်လေးကို မြေပေါ်ထားပြီး အပေါ်က ပလတ်စတစ်အုပ်ပြီး နေရောင်ပြပေးရပါမယ်…တိုက်ရိုက်နေမထိဖို့တော့ ဂရုစိုက်ရပါမယ်။ ပင်စည်ကနေလည်း အပင်သစ်စိုက်လို့ရပါတယ်။

🍀🍀ဒီနေ့အတွက်တော့ Echeveria လေးတွေရဲ့သိသင့်တဲ့ အချက်လေးကိုတင်ပေးသွားတာဖြစ်ပါတယ်နော်…

နောက်လည်း အပတ်တိုင်း မင်မင်တို့ရဲ့ page ကနေ အပင်လေးတွေရဲ့အကြောင်းတင်ပေးမှာဖြစ်လို့ အခြားသိချင်တဲ့ အပင်လေးတွေရှိရင် အခု post အောက်မှာ comment ရေးပေးသွားပါဦးနော်။။။ 🥰🥰🥰

Photo source: google

Hello hello!!!😍😍🌱🌵Succulent တို့ cactus တို့လို အပင်လေးတွေရဲ့ ဂရုစိုက်ပုံတွေ၊ ရှားပါး အပင်တွေနဲ့သူတို့ရဲ့ မျိုးစိတ်တွေနဲ...
26/08/2021

Hello hello!!!😍😍

🌱🌵Succulent တို့ cactus တို့လို အပင်လေးတွေရဲ့ ဂရုစိုက်ပုံတွေ၊ ရှားပါး အပင်တွေနဲ့သူတို့ရဲ့ မျိုးစိတ်တွေနဲ့ အသေးစိတ် အချက်အလက်တွေကို မင်မင်တို့ page ကနေ အပတ်စဉ် သောကြာနေ့တိုင်း content အနည်းဆုံး တစ်ခုစီ တင်ပေးသွားမှာ ဖြစ်တာကြောင့် အပင်လေးတွေအကြောင်းသိချင်ရင် မင်မင်တို့ရဲ့ page လေးကို like and follow လုပ်ထားပြီးစောင့်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော်…🥰🥰။

Photo source: google

☀️🌇ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး လေထုညစ်ညမ်းလွယ်တဲ့နေရာမျိုးမှာ လေသန့်ပေးနိုင်တဲ့ indoor plant လေးတွေက တနေ့တာပင်ပန်းခဲ...
26/08/2021

☀️🌇ရန်ကုန်မြို့လို လူဦးရေထူထပ်ပြီး လေထုညစ်ညမ်းလွယ်တဲ့နေရာမျိုးမှာ လေသန့်ပေးနိုင်တဲ့ indoor plant လေးတွေက တနေ့တာပင်ပန်းခဲ့သမျှ စိတ်အမောတွေပြေပျောက်ဖို့နဲ့ အခန်းတွင်းလေထုသန့်ရှင်းဖို့အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

🍀🍀indoor plant လေးတွေထဲကမှ မင်မင်တို့ page ကနေ succulent လှလှလေးတွေကို မိတ်ဆက်ပေးပါမယ်

🪴🪴Succulent လေးတွေက သာမာန်အပင်များနဲ့မတူပဲ သဲကန္တာရမှာပေါက်ဖွားတာဖြစ်သောကြောင့် အခြားအပင်များထက် အပူချိန်ကို ခံနိုင်စွမ်းရှိပါတယ်။

🌱🌱သူ့ရဲ့အရွက်လေးတွေက ရေကိုသိုလှောင်ပြီး သူ့ရဲ့အစိတ်အပိုင်းတွေကိုလန်းဆန်းနေစေဖို့အတွက် ထုထည်ထူတဲ့ပုံစံလေးတွေ ဖြစ်နေတတ်ပါတယ်..ပင်ကိုယ်သဘာဝအရ ရေအရမ်းမကြိုက်တာကြောင့် ခနခနရေလောင်းပေးဖို့မလိုပါ။ ☀️တနေ့ကို အချိန်4နာရီ ကနေ၆နာရီလောက် (မနက်ပိုင်းနေရောင်ဆိုပိုအဆင်ပြေပါတယ်) နေလေးပြပေးပြီး ရာသီဥတုအခြေအနေအရ ၁၀ရက် သို့မဟုတ် ၁၄ ရက်လောက်နေမှသာ 💦ရေလေးနည်းနည်းဖြန်းပေးရင်အဆင်ပြေပါတယ်။

🍀အပင်လေးတွေရဲ့ စျေးတွေက အစားစားရှိတာမလို့ တပုံချင်းစီအောက်မှာစျေးလေးတွေရေးထားပေးပါမယ်နော်..။

ဒီတစ်ခါတော့ Echeveria မျိုးနွယ်လေးတွေကို အရင်တင်ပေးလိုက်မယ်ဗျ...

🙆 အပင်လေးတွေကို စိတ်ဝင်စားလို့ မှာယူချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့အတွင်း အိမ်အရောက် (Delivery Service 2500 ~ 3500) {မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံတက္ကသိုလ်အနီးဝန်းကျင်ကို Free Deli} ဖြင့် ပို့ဆောင်ပေးနေပါပြီခင်ဗျာ။...

☎️☎️ Phone number 09972207228, 09963921021 တို့ကိုဆက်သွယ်ပြီး အသေးစိတ် စုံစမ်းမေးမြန်း ဆက်သွယ် မှာယူနိုင်ပါတယ်။
အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…သာယာသောနေ့လေးဖြစ်ပါစေခင်ဗျ။

အခြား indoor, outdoor အပင်လေးတွေကိုလည်း စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျ။

𝙁𝙚𝙧𝙤𝙣𝙞𝙚𝙡𝙡𝙖 𝙡𝙪𝙘𝙞𝙙𝙖 𝙗𝙤𝙣𝙨𝙖𝙞သီးပင် - ဘွန်စိုင်းပထမဦးစွာရှင်းပြပါရစေနော်၊ သီးပင်ဆိုတာနာမည်လေးပါခင်ဗျာ😁ဘာအသီးမှမသီးပါဘူးနော် 😁...
26/08/2021

𝙁𝙚𝙧𝙤𝙣𝙞𝙚𝙡𝙡𝙖 𝙡𝙪𝙘𝙞𝙙𝙖 𝙗𝙤𝙣𝙨𝙖𝙞
သီးပင် - ဘွန်စိုင်း

ပထမဦးစွာရှင်းပြပါရစေနော်၊ သီးပင်ဆိုတာနာမည်လေးပါခင်ဗျာ😁
ဘာအသီးမှမသီးပါဘူးနော် 😁 အိုခေ👌

အပင်လေးတွေက Sizeကြီးမျိ ု းပါခင်ဗျာ
အရွက်တွေဝေပြီးအရမ်းလှတယ်နော်🪴🪴
လက်ဆောင်🎁ပဲပေးပေး.......🪴
ကိုယ်တိုင်ပဲ💖အလှစိုက်စိုက်........🪴

ချစ်စရာဘွန်ဆိုင်းပင်လေးက ဇွတ်တွေလှနေပေးမယ်တဲ့ဗျာ.........😁😁

#အပင်လေးတွေကိုဘယ်လိုcareလုပ်ရမလဲ❔❓

ဒီအပင်လေးတွေက စွတ်စို💧💧တဲ့မြေကိုကြိုက်နှစ်သက်တဲ့အတွက် မြေစိုနေအောင်ထားပေးရပါမယ်ခင်ဗျာ
၂ရက် - တစ်ကြိမ်ရေလောင်💦းပေးပြီး အလင်းရောင်ရတဲ့နေရာမှာထားစိုက်လို့ရပါတယ်နော်

အလင်းရောင်☀️ရမယ်၊ မြေစို💧အောင်ထားပေးမယ်ဆိုရင် Indoor🏠မှာကောင်းကောင်းရှင်သန်နိုင်ပါတယ်ခင်ဗျာ🪴🪴
အရမ်းလည်းအကြမ်းခံပါတယ် 💪💪
မြေတော့မခြောက်စေနဲ့နော်🙅‍♂️.........မြေခြောက်ရင်ဂိပါ👻လိမ့်မယ်ဗျ😁

🙆 အပင်လေးတွေ မှာယူချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့အတွင်း အိမ်အရောက် (Delivery Service 🚛 2500 ~ 3500) {မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံတက္ကသိုလ်အနီးဝန်းကျင်ကို Free Deli} ဖြင့် ပို့ဆောင်ပေးနေပါပြီခင်ဗျာ။...

☎️☎️ Phone number 09972207228, 09963921021 တို့ကိုဆက်သွယ်ပြီး အသေးစိတ် စုံစမ်းမေးမြန်း ဆက်သွယ် မှာယူနိုင်ပါတယ်။

အခြား indoor အပင်လေးတွေလည်းလာ‌ရောက်စုံစမ်းလို့ရပါတယ်ခင်ဗျ။
အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…သာယာသောနေ့လေးဖြစ်ပါစေခင်ဗျ။

🌵C A C T U S🌵Cactus🌵🌵လေးတွေကတော့ ဆူးထူတဲ့ အပင်လေးတွေဖြစ်ပါတယ်။ကမ္ဘာ့အခြောက်သွေ့ဆုံးသောAtacama Desert တောင်၌ cactus လေးတွေ...
23/08/2021

🌵C A C T U S🌵

Cactus🌵🌵လေးတွေကတော့ ဆူးထူတဲ့ အပင်လေး
တွေဖြစ်ပါတယ်။ကမ္ဘာ့အခြောက်သွေ့ဆုံးသော
Atacama Desert တောင်၌ cactus လေးတွေကိုတွေ့
ရနိုင်ပါတယ်။
Cactus🌵🌵လေးတွေကလည်း succulent များနဲ့အတူတူပဲ အပင်အထဲမှာအစိုဓာတ်ကိုထိမ်းထားနိုင်ပါတယ်။ ရေ💦အရမ်းမကြိုက်တာကြောင့် cactus 🌵🌵လေးတွေကိုလည်း ၁၀ရက် သို့မဟုတ် ၁၄ရက်လောက်နေမှပဲ 💦ရေလောင်းပေးပါနော်။ ☀️နေရောင်ကိုကြိုက်ကြတာကြောင့် တနေ့ကို ၄နာရီကနေ ၆နာရီလောက်အထိတော့ နေလေးပြပြပေးပါ
🚍 Delivery ကတော့ မြောက်ဒဂုံ အရှေ့ဒဂုံမြို့နယ်
အတွင်းဆိုရင်တော့ delivery ခ free ပါ။ အခြားမြို့နယ်
များအတွက်လည်း 🏫မြို့နယ်အလိုက် delivery ခများနဲ့
အိမ်အရောက်ပို့ဆောင်ပေးနေပါပြီ။
သွယ် မှာယူနိုင်ပါတယ်။
အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်🙆‍♂️🙆‍♂️ ခင်ဗျာ။

Address

No. 1434/1435, Bo Min Yaung Road, 43 Ward, North Dagon
Yangon

Telephone

+959963921021

Website

Alerts

Be the first to know and let us send you an email when 𝐸𝓭𝓮𝓷𝓲𝓬 𝓓𝓲𝓪𝓻𝔂 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐸𝓭𝓮𝓷𝓲𝓬 𝓓𝓲𝓪𝓻𝔂:

Share

Category