Thet oo shein co.ltd

Thet oo shein co.ltd Flooring and covering sheet

20/09/2020

မနက်ဖြန်ဆိုတာ တကယ်ရှိလား..

ကျွန်မအဖေဆုံးမဲ့နေ့က ဧပြီလ၂ရက်နေ့ ..
နွေရာသီမို့ ပူပြင်းခြောက်သွေ့နေသည်
အဲဒီနေ့က ကျွန်မတို့ အိမ်သစ်ကိုပြောင်းပြီး
အဖေတို့အခန်းထဲမှာ Airconသမားတွေ Aircon အသစ်တစ်လုံး တတ်နေကြတာကိုမှတ်မိသည်

အဖေက..
ဇိမ်ပဲ..ဒီညတော့ Aircon လေးနဲ့ အေးအေးလေးအိပ်ရတော့မယ်ဟေ့..တဲ့..
နေ့လည်ထမင်းစားရင်းပြောသည်..

အလွန်ကိုလှပသာယာသော ညနေခင်းမှာ စိမ်းမြနေသော မြက်ခင်းကြီးကိုရေလောင်းရင်း..
ရုတ်တရက် မအီမသာဖြစ်လာ၍ အိမ်သာထဲပြေးဝင်သွားသောအဖေ..

အမေက..စိတ်ပူပြီးဝင်လိုက်သွားတော့ သွေးတွေအန်လို့..
ဆေးရုံ အမြန်ပို့ကြရာ လမ်းပေါ်မှာတင် ဆုံးပါလေသည်..

ကျွန်မ အပြင်ထွက်ခါနီး အဖေ မြက်ခင်းရေလောင်းနေတာ နောက်ဆုံး မြင်ခဲ့လိုက်ပြီး.. အဲဒီည ၇နာရီလောက် အဖေ့ကို
ရန်ကုန်ဆေးရုံကြီး၏ အသဲရောဂါဌာနမှာ..
ပြန်တွေ့လိုက်ရတော့
မျက်တောင်ရှည်ရှည်ကာ့ကာ့ကြီးတွေနှင့်
အသက်မရှိတော့သော အဖေ့အလောင်းသာဖြစ်နေခဲ့ပါသည်

အပြင်ထွက်ခါနီး..အဖေ တာ့တာ..လို့လုပ်ခဲ့တာ တစ်သက်လုံးစာအတွက်ဖြစ်ပါကြောင်း ကျွန်မ မသိခဲ့ပါ..

အဖေတို့အခန်းထဲမှာ အဲဒီနေ့ညက အမေနဲ့အတူ သွားအိပ်နေရင်း.. Aircon လေးကလည်း အေးအေးမြမြလေး အေးနေသည်..

အဖေ..နေ့လည်က ထမင်းစားရင်း ပြောခဲ့သော
ညကျရင် အေးအေးလေး ဇိမ်လေးနဲ့အိပ်ရတော့မယ် ပျော်လိုက်တာဆိုသည့် ကိစွမှာ ဖြစ်မလာတော့ပေ..

သူ့ခမျာက ရေခဲတိုက်ထဲမှာ..

ကျွန်မတို့ အားလုံးအတွက်..
မနက်ဖြန်ဆိုတာ ရှိသလားလို့ မေးဖို့ရန် အတွက်.....
မနက်ဖြန် ဆိုသည်မှာ
ရုတ်ချည်းရောက်လာနိုင်သော သေခြင်းတရား နှင့်
နှိုင်းစာလျှင်..အင်မတန် ဝေးနေသေးသောအချိန်တစ်ခုသာဖြစ်ပါသည်..

ဒီည..ဒီနေ့လည်..ဒီတစ်နာရီအတွင်းတောင် ကျွန်မတို့တွေ အသက်ရှင်နေဦးမည်ဆိုတာ သေချာပါရဲ့လား..

ဒီည မသေဘူးလေ လို့ မနက်ဖြန် ကျမှသာပြောနိုင်မှာပါ..

ဒီည မသေဘူးဆိုတာ ကျိန်းသေတယ်လို့..ဘယ်သူမှ မပြောနိုင်ကြပါ..

ပြောနိုင်သည်ဆိုလျှင် အထင်နှင့် ရမ်းတုတ်နေခြင်းပါပဲ..
ကျွန်မတို့အားလုံး ထင်တစ်လုံးနှင့် တစ်ဘဝလုံးနေခဲ့၍ နောက်မကျသင့်သည်များ နောက်ကျခဲ့ရတာပါ..

မနေ့ကပဲ International School ကအထက်တန်းကျောင်းသူလေးတစ်ယောက် ကားမတော်တဆမှုဖြင့်သေဆုံးသည့် သတင်းကိုဖတ်လိုက်ရသည်..
သူ့မှာ..မနက်ဖြန် ဆိုတာ မရှိခဲ့တော့ပါလား..
အသက်ရှင်နေခဲ့လျှင်တော့..ဒီနေ့ တနင်္လာ နေ့မို့ ကျောင်းမှာ အတန်းချိန်တွေရှိမည်..
သူငယ်ချင်း တွေနဲ့ ရယ်မောပျော်ရွှင်ခွင့်ရဦးမည်...
မပြီးသေးသော project တွေ assignment တွေ လုပ်ရဦးမည်..

သေသွားတော့လည်း အားလုံး တန်းလန်းထားခဲ့ရတာပဲ..
ဆရာတော် မိန့်ခဲ့သော တရားစကားလေး တစ်ခွန်းသတိရမိလို့ပါ..
အဝတ်ကြိုးတန်းမှာ တန်းလန်းလေးလှမ်းထားခဲ့သော ကိုယ့်အဝတ်လေး မခြောက်သေးခင် မရုပ်ရသေးခင်မှာတောင် ကိုယ် သေသွားနိုင်တာပါလား..

ကျွန်မတို့ ဘာတွေကိုများ စွဲလမ်း တွယ်တာ ဆုပ်ကိုင် ထားနေကြတာပါလိမ့်..
ဆုပ်ခဲ့သမျှလည်း မြဲမှာမှမဟုတ်တာလေ..
အရေးမကြီးတာ ၁မတ်ဖိုးလောက်ကို
အရေးကြီးသလို..၁ကျပ်ဖိုးလောက် ခံစားပြရင်း..အချိန်တွေ ကုန်နေတာတွေ ရပ်ဖို့ အချိန်တန်ပြီလေ..

အရေးကြီးတာတွေကို ဦးစားပေး ချက်ချင်းထလုပ်လိုက်ပါတော့လား..
စကားမပြောဖြစ်တဲ့သူကို..ပြန်ပြောလိုက်ပါတော့လား..
ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်လိုက်ပါတော့လား..
ဟန်ဆောင်နေတာတွေရပ်လိုက်ပါတော့လား
တောင်းပန်စရာရှိလျှင်တောင်းပန်လိုက်ပါတော့လား..

ကျွန်မ..
နောင်တတွေကင်းမဲ့စွာနဲ့ထွက်ခွာသွားချင်သည်..
နှောင်ကြိုးဟူသမျှ ဖြတ်လို့ ထားခဲ့ချင်သည်
အကြွေးတွေကျေခဲ့ချင်သည်
အကုသိုလ်ဝန်ထုပ်တွေ သယ်မသွားချင်ပြီ..

သေဖို့ ကိစွ သိပ်လွယ်သည်
ယခု..ကျွန်မလည်ပင်းကို ကြိုးနှင့်စွပ်ချလိုက်ပါ..
၃မိနစ်အတွင်း ကျွန်မသေမည်
ဘာရောဂါမှမရှိလို့ မသေသေးဘူး မထင်နှင့်..
သေဖို့ရှိလျှင်ယခုချက်ချင်းသေသည်..

နေဖို့ကခက်သည်
ကုသိုလ် နှင့်နေဖို့ကပိုခက်သွားပြီ..
အသက်ရှိနေသမျှ အချိန်တိုင်း..
ကုသိုလ်တရားနှင့်ရှင်သန်နိုင်ကြပါစေသတည်း...

မွန်ဟော်စီ
၁၇ စက်တင်ဘာ ၂၀၁၈




Photo
Pixabay

30/08/2020
08/03/2018
ကြမ်းခင်း​ဖော့ အထူ၄၉၅၀၀
08/03/2018

ကြမ်းခင်း​ဖော့ အထူ
၄၉၅၀၀

Address

No: 122 (5/6)floor; Latha Street; Latha Township
Yangon

Telephone

+95961588334

Website

Alerts

Be the first to know and let us send you an email when Thet oo shein co.ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thet oo shein co.ltd:

Share