26/08/2025
ဆီကိုပူလာအောင်မချက်ပါနဲ့
ကြော်လှော်ချင်တာတွေလုံးပြီးချက်
ကြော်ပြီးသားဆီ၂ခါပြန်မသုံးပါနဲ့
ဆီကတအားပူလာရင်ဓါတ်ပြောင်းတော့တာဘဲ
ကျွတ်နေအောင်ကြော်တဲ့အစာမှန်သမျှရှောင်ပါ။
ဆီကမသုံးတတ်ရင်ဘေး ဖြစ်တယ်ဆိုတာ အိမ်ရှင်မတိုင်းသတိမထားမိဘူး
ဆီကိုဓါတ်ပြောင်းတဲ့အထိ မလှော် အပူမပေးဘဲကျန်းမာရေးအဟာရ နဲ့ညီသောအစာရေစာချက်ပါ။
ကျန်းမာရေးဗဟုသုတရှိမှ အသက်ရှည်မယ်
အဆီများတဲ့ (Fried oil / Cooking oil) ကို အလွန် ပူစွာချက်ရာမှာ ညင်သာစွာလာတဲ့ ကျန်းမာရေးသူခိုးလို တိုးတိတ်စွာရှိနေတဲ့အန္တရာယ်များကတော့ အာဟာရတန်ဖိုး ကျဆင်းခြင်း
ဆီတွေကို အလွန်ပူတဲ့အဆင့်ထိ ချက်ကြော်လိုက်တဲ့အခါ၊ အဲ့ဒီအဆီထဲမှာပါဝင်တဲ့ ဗီတာမင် E နဲ့ အခြား အာဟာရဓာတ်တွေ လုံးဝပျက်စီးသွားပြီးခန္ဓာကိုယ်အတွက် ကောင်းတဲ့အရာတွေ ဆီပူနဲ့အတူပါသွားပြီး ပျက်စီးတော့တယ်။
ဆီပူသွားလေလေ အာဟာရတန်ဖိုးလျော့ကျသလို ခန္ဓာကိုယ်အတွက် မလိုချင်တဲ့ ဓာတုပစ္စည်းအသစ်တွေ အဆိပ်တွေထွက်ပေါ်လာနိုင်တယ်။
(Oxidation)ဆိုတဲ့ဆီကို အလွန်ပူတဲ့အဆင့်ထိ ချက်ကြော်ရင် oxidation လို့ခေါ်တဲ့ လေ့လာမှု ဖြစ်သွားတတ်တယ်။ဓါတ်ပြောင်းပြောင်းသွားတာ
အဲ့ဒီထဲကနေ free radicals (အနုတ်လက္ခဏာ ဓာတုပစ္စည်းများ) ထွက်ပေါ်ပြီး ကိုယ်ခန္ဓာဆဲလ်တွေကို ထိခိုက်စေပါတယ်။
အချိန်ကြာလာတာနဲ့ အတူ ဆဲလ်တွေ ဖျက်ဆီးခံရတာက ကျန်းမာရေးအတွက် အလွန်ဆိုးရွားတတ်ပါတယ်။
ကင်ဆာဖြစ်စေမည့် ဓာတုပစ္စည်းများကတော့ ဆီတွေကို ဒယ်အိုးဆီအပူထိ တကယ်ကြော်တိုင်း acrylamide, polycyclic aromatic hydrocarbons (PAHs), heterocyclic amines (HCAs) စတဲ့ ဓာတုပစ္စည်း အဆိပ်ဆိုးတွေ ဖန်တီးသွားတတ်တယ်။
ဓာတုပစ္စည်းတွေဟာ ကင်ဆာဖြစ်စေမယ့်အဓိက အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်တယ်။
ဒါကြောင့် ဆီကျော်စာ၊ ဆီအလွန်ပူပြီးကြော်စားတာ၊ အကြိမ်ကြိမ်ပြန်ကျော်သုံးတဲ့ဆီနဲ့ ဆီကျော်စာ တွေ၊ အကြိမ်ကြိမ် ပြန်လည်အသုံးပြုပြီး ကြော်ရင်တော့ ကင်ဆာကို ဖိတ်ခေါ်တာတမျိုးပါ။
ဒါတွေဟာ ကင်ဆာဖြစ်နိုင်ချေ တိုးပွားစေတယ်။
ဒ့ါကြောင့် မေမေတို့လည်းဆီကို အလွန်ပူအောင်မချက်ပါနဲ့ (smoke point ထိမပူပါနဲ့)
တစ်ကြိမ်သုံးပြီးသား ဆီကို နောက်တစ်ကြိမ် ထပ်မသုံးပါနဲ့
အလွန်ပူတဲ့ဆီနဲ့ကြော်ချက်တာတွေကြောင့် အာဟာရပျက်စီးသွားသလို၊ ဓာတုပစ္စည်းဆိုးတွေ ထွက်ပေါ်ပြီး ကျန်းမာရေး၊ အထူးသဖြင့် ကင်ဆာ အန္တရာယ်တိုးစေတတ်တယ် ဆိုတဲ့အချက်ပါ။