Premium Paint Company Limited

Premium Paint Company Limited Applications & Sales of Decortative Paint & Marine Paint & Protective Coatings. Flexible terms & con

Premium Paint Company မှ တာဝန်ယူဆောင်ရွက်သောစစ်ကိုင်းမြို့  ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရား ပြုပြင်ခြင်း နှင့် ဆေးသင်္ကန်း...
19/04/2026

Premium Paint Company မှ တာဝန်ယူဆောင်ရွက်သော

စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရား ပြုပြင်ခြင်း နှင့် ဆေးသင်္ကန်းကပ်ခြင်းမှတ်တမ်းဓါတ်ပုံများ

🙏🙏🙏

မြန်မာ့ အရိုးရာ အတာသင်္ကြန်မှာအားလုံးကျန်းမာ ချမ်းသာကာ မိတ်ဆွေသူငယ်ချင်း မိသားစုများ နှင့်အတူပျော်ရွှင်ကြပါစေကြောင်းPrem...
13/04/2026

မြန်မာ့ အရိုးရာ အတာသင်္ကြန်မှာ

အားလုံးကျန်းမာ ချမ်းသာကာ မိတ်ဆွေသူငယ်ချင်း မိသားစုများ နှင့်အတူပျော်ရွှင်ကြပါစေကြောင်း

Premium Paint မိသားစုမှ ဆုမွန်ကောင်းပါးအပ်ပါတယ်ခင်ဗျာ

🙏🙏🙏
💦💦💦

နေပြည်တော် မာရဝိဇရဘုရား ပြသာဒ်အဆောင်များ ဆေးသုတ်ခြင်းလုပ်ငန်းဆောင်ရွက်ဆဲ မှတ်တန်းဓာတ်ပုံများ။ 🙏🙏🙏
30/03/2026

နေပြည်တော် မာရဝိဇရဘုရား ပြသာဒ်အဆောင်များ ဆေးသုတ်ခြင်းလုပ်ငန်းဆောင်ရွက်ဆဲ မှတ်တန်းဓာတ်ပုံများ။

🙏🙏🙏

အိမ်သုတ်ဆေးလုပ်ငန်းရှင်များအသင်း(မန္တလေး)အားလစဉ်လှူဒါန်းခြင်းကုသိုလ်။ 🙏🙏🙏
30/03/2026

အိမ်သုတ်ဆေးလုပ်ငန်းရှင်များအသင်း(မန္တလေး)
အားလစဉ်လှူဒါန်းခြင်းကုသိုလ်။

🙏🙏🙏

ဆွမ်းခဲဖွယ် ပန်းရေချမ်း ဆီမီး ကပ်လှူခြင်း။ နတ်လူသာဓုခေါ်စေသော် 🙏🙏🙏
20/12/2025

ဆွမ်းခဲဖွယ် ပန်းရေချမ်း ဆီမီး ကပ်လှူခြင်း။

နတ်လူသာဓုခေါ်စေသော် 🙏🙏🙏

ပြင်ဦးလွင် အောင်ချမ်းသာ ရွာအနီး ဝိပဿီ ဘုန်း‌တော်ကြီး ကျောင်း ရှိ ကျောင်းဆောင် (၂) ဆောင်အား မျက်နာကျက်ဆေး ပြန်လည်သုတ်ခြင်...
05/11/2025

ပြင်ဦးလွင် အောင်ချမ်းသာ ရွာအနီး ဝိပဿီ ဘုန်း‌တော်ကြီး ကျောင်း ရှိ ကျောင်းဆောင် (၂) ဆောင်အား မျက်နာကျက်ဆေး ပြန်လည်သုတ်ခြင်းနှင့် (၁) ဆောင်အား ခေါင်မိုးသွပ်ပြား ဆေးပြန်လည် သုတ်ပေးခြင်း လှူဒါန်းမှု များ မိမိတို့ Premium Paint com,Ltd မှဆောင်ရွက်ပေးခဲ့ပါတယ်။

ဤ လှူဒါန်းမှုကုသိုလ်အား နတ်လူ သာဓုခေါ်စေသော် 🙏🙏🙏

Edit
ဝေမွန်ဝိပဿီကျောင်းအတွက် ဆေးသုတ်ခြင်းအား
မန်းလေးမြို့ ဝေမွန်အထည်ဆိုင်မှ ငွေ ကျပ် ၅ သိန်း ထည့်ဝင်လှူဒါန်းပါသည်။

10.8.2025Premium Paint Company Donation to Mandalay Cantonese Temple !🙏🙏🙏
11/08/2025

10.8.2025

Premium Paint Company Donation to Mandalay Cantonese Temple !

🙏🙏🙏



08/08/2025
Congratulations to the grand opening of DAGUN International School Mandalay ! We have successfully finished and decorate...
08/08/2025

Congratulations to the grand opening of DAGUN International School Mandalay !

We have successfully finished and decorate the interior painting of the school !

Proud to provide professional painting service !





Contact us :
Premium Paint Co ,Ltd
Email : [email protected]
Main Office : Aung Zaya St, 14th Quarter , Yankin, Yangon
Branch office : Corner of 42nd St and 64th st Mandalay.
Mobile: 0943036988, 09783493088

မိတ်ဆွေတို့ရဲ့ အိမ်ခေါင်မိုးက မိုးယိုနေပြီလား🌧🏘သွပ်တို့၊ Galvanized steel , Gl Hollow တို့မှာ သုတ်ထားတဲ့ဆေးတွေ ပြန်ကွာလိ...
16/07/2025

မိတ်ဆွေတို့ရဲ့ အိမ်ခေါင်မိုးက မိုးယိုနေပြီလား🌧🏘
သွပ်တို့၊ Galvanized steel , Gl Hollow တို့မှာ သုတ်ထားတဲ့ဆေးတွေ ပြန်ကွာလို့ စိတ်ညစ်နေရလား😤😤??
အိမ်ခေါင်မိုးက သွပ်တွေက ဆေးတွေကွာပြီးပေါက်နေလို့အသစ်လဲဖို့စိတ်ကူးနေပြီဆိုရင်တော့ ဖြုတ်တပ်ခ၊ လက်ခ၊ ပစ္စည်းဖိုး၊ သယ်ပို့စာရိတ်တွေအပြင် အဆင့်ဆင့်ဆေးသုတ်ရမှာတွေကိုမဖြစ်မနေထည့်စဉ်းစားရပါမယ်။အဲဒီအစား 1'ပေပတ်လည်ကိုစ္စည်းဖိုးကိုပဲ "1700" ကျပ် ကနေ "2200"ကျပ် ကြားကုန်ကျနေတဲ့အချိန်မှာ ဆေးဖိုးလက်ခ အပြီးအစီး "2000"ကျပ်နှုန်း နှင့် အသစ်အတိုင်းပြန်လည်အသုံးပြုနိုင်တယ်ဆိုတာ အသိပေးပါရစေ။ Premium paint co.ltd မှ Propan Sengkote နှင့်အတူ မိတ်ဆွေတို့အတွက်ဆောင်ရွက်ပေးနေပါတယ်နော် 😊🤗
အသုံးပြုပေးတဲ့ Propan sengkote ဟာ Red oxide, Grey Oxide တွေ ခံစရာမလိုပဲ တစ်မျိုးထဲသုံးရုံနှင့် အဆင်ပြေမယ့်အပြင် တစ်ခြားဆေးတွေလို ကြာသွားရင်ဆေးတွေပြန်ကွာတာမျိုးလည်းမရှိလို့ Quility ပိုင်းက ပြောစရာမလိုအောင်စိတ်ချရပါတယ်👍👍
Quility ကောင်းရုံနှင့် ပြီးလားဆိုတော့ ဆေးကိုသုတ်ပေးမယ့် ဆေးဆရာဆိုတာလဲ ချန်လှပ်ထားလို့မရအောင် အရေးကြီးပါတယ်။ ဒီတော့ ဘာလုပ်သင့်လဲဆိုတော့......
Painting Quality ကိုဦးစားပေးဆောင်ရွက်ပေးနေတဲ့
Premium paint company ကိုသတိရလိုက်ပါ😊😊
1 square feet ကို "2000" နှုန်း( လုပ်ငန်းခွင်ပေါ်မူတည်းပြီး အနည်းအများဖြစ်နိုင်) လေးနှင့် ဆောင်ရွက်ပေးနေပြီနော်...😊🤗
ဒီနှုန်းထားဆိုတာ ပစ္စည်းဖိုးတောင်မရှိတာမို့ စိတ်ကူးမလွဲပဲ အမြန် ဆက်သွယ်လိုက်ဖို့အကြံပေးပါရစေ📞🤝🤝
Premium Paint Company Limited မှ ဆေးဖိုး+လက်ခ (Supply+Apply ) အပြီးအစီးလဲ ဆောင်ရွက်ပေးနေတာမို့...
အသေးစိတ်သိရှိလိုပါက_
📞09 - 967 823 286
📞09 - 430 369 88
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

14/07/2025

🏠Moisture test ထက် detail ပို ဆန်သော moisture mapping

Moisture mapping ဆိုတာ အဆောက်အဦးတစ်ခုရဲ့ အတွင်းပိုင်းမှာ ပုန်းကွယ်နေတဲ့ စိုထိုင်းဆတွေကို ရှာဖွေဖော်ထုတ်တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။

အနီအောက်ရောင်ခြည် Infrared ကင်မရာတွေ‌ နောက် ပိုင်းအသုံးများလာ ၊ mositure tester နဲ့ ကိရိယာတွေနဲ့ 3D ပုံရိပ်ဖော် နည်းပညာတွေကို အသုံးပြုပြီး ရေတွေ ဘယ်နေရာကို ပျံ့နှံ့နေလဲဆိုတာ အသေးစိတ်ပြတဲ့ မြေပုံတစ်ခု ဖန်တီးပေးပါတယ်။

🛜Moisture mapping ဘာကြောင့် အရေးကြီးလဲ။
ပြဿနာကို စောစောရှာဖွေနိုင်ခြင်း: ဖွဲ့စည်းပုံ ပျက်စီးတာ ဒါမှမဟုတ် မှိုတက်တာတွေ မဖြစ်ခင် ပုန်းကွယ်နေတဲ့ ရေယိုစိမ့်မှုတွေကို ရှာဖွေနိုင်ပါတယ်။
ပြန်လည်ပြုပြင် ခြင်း လုပ်ငန်းစဥ်တွင် ထိခိုက်တဲ့ နေရာတွေကိုပဲ ပစ်မှတ်ထားပြီး အချိန်နဲ့ ကုန်ကျစရိတ်ကို သက်သာစေပါတယ်။

ပုန်းကွယ်နေတဲ့ စိုထိုင်းဆ တွေ့ရတတ်တဲ့ နေရာများ:
🤯ယိုစိမ့်ပြီးနောက် ခြောက်သွားတဲ့ နံရံတွေရဲ့ နောက်မှာ
ရေကြီးပြီးနောက် ကြမ်းပြင်အောက်မှာ
Roof slad အောက်မှာ
ပြတင်းပေါက်ဘောင်တွေနဲ့ တံခါးပတ်ပတ်လည်မှာ
HVAC ချန်နယ်တွေနဲ့ line တွေထဲမှာ ရှိတဲ moisture ကို ရှာဖွေခြင်း။

🤯Moisture mapping (အစိုဓာတ်မြေပုံဆွဲခြင်း) ဆိုတာက အဆောက်အဦတစ်ခု ဒါမှမဟုတ် ဧရိယာတစ်ခုအတွင်းမှာရှိတဲ့ အစိုဓာတ်ပျံ့နှံ့နေပုံကို မြေပုံတစ်ခုလို ပုံရိပ်နဲ့ ဖော်ပြပေးတာပါ။ ဒါဟာ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေဖို့၊ ပျက်စီးမှုအတိုင်းအတာကို နားလည်ဖို့နဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို စနစ်တကျလုပ်ဆောင်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ Moisture mapping လုပ်ငန်းစဉ်မှာ အဆင့်များစွာရှိပြီး၊ နည်းပညာနဲ့ စကေးပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အောက်မှာ အခြေခံအဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်-

🤯၁။ စတင်ပြင်ဆင်ခြင်းနှင့် စစ်ဆေးမည့်ဧရိယာ သတ်မှတ်ခြင်း

📝စစ်ဆေးမည့် ဧရိယာ သတ်မှတ်ခြင်း: ဘယ်နေရာတွေကို Moisture mapping လုပ်မလဲ (ဥပမာ- နံရံတစ်ခုလုံး၊ အခန်းတစ်ခုလုံး၊ အဆောက်အဦတစ်ခုလုံး) ဆိုတာကို သတ်မှတ်ပါ။
🏠ကနဦးအမြင်ဖြင့် စစ်ဆေးခြင်း: မျက်စိဖြင့်မြင်သာတဲ့ ရေစွန်းကွက်များ၊ နံရံကွာကျမှုများ၊ မှိုတက်နေတဲ့နေရာများ စတာတွေကို မှတ်တမ်းတင်ပါ။ ဓာတ်ပုံရိုက်ထားတာမျိုးလုပ်ပါ။

၂။ အခြေခံအချက်အလက်များ စုဆောင်းခြင်း (Baseline Data Collection)

ခြောက်သွေ့သော နေရာများကို တိုင်းတာခြင်း: အစိုဓာတ်မရှိဘူးလို့ ယူဆရတဲ့ ခြောက်သွေ့တဲ့နေရာတွေကနေ baseline (အခြေခံအစိုဓာတ်တန်ဖိုး) ကို တိုင်းတာပါ။ ဒါမှ ဘယ်လောက်စိုနေလဲဆိုတာကို နှိုင်းယှဉ်သိရှိနိုင်မှာပါ။
အဆောက်အဦဖွဲ့စည်းပုံကို မှတ်တမ်းတင်ခြင်း: အဆောက်အဦရဲ့ Floor plan (မြေပုံကြမ်း)၊ နံရံဖွဲ့စည်းပုံ၊ ပစ္စည်းအမျိုးအစား စတာတွေကို ရယူပါ သို့မဟုတ် ရေးဆွဲပါ။ ဒါမှ အစိုဓာတ်တွေ့ရှိတဲ့နေရာကို မြေပုံပေါ်မှာ မှန်မှန်ကန်ကန် မှတ်သားနိုင်ပါမယ်။
3D Laser Scanner များရှိပါက As-Built 3D model သို့မဟုတ် Point Cloud data ကို ရယူထားခြင်းဖြင့် Moisture data များကို 3D ပေါ်တွင် တင်ပြီးကြည့်ရှုနိုင်မည်။

😶‍🌫️၃။ အစိုဓာတ် စစ်ဆေးခြင်းနှင့် ဒေတာစုဆောင်းခြင်း
ဒီအဆင့်ဟာ အဓိကအကျဆုံးဖြစ်ပြီး၊ နည်းပညာအမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်-

⚡ Thermal Imaging Camera (အပူပုံရိပ်ဖော်ကင်မရာ) ဖြင့် စစ်ဆေးခြင်း:
အသုံးပြုပုံ: နံရံ၊ မျက်နှာကျက်၊ ကြမ်းပြင်တို့ကို အပူပုံရိပ်ကင်မရာဖြင့် စကန်ဖတ်ပါ။ အစိုဓာတ်ရှိတဲ့နေရာတွေဟာ အပူချိန်ကွာခြားချက် (အများအားဖြင့် ပိုအေး) ပြလေ့ရှိပြီး ကင်မရာရဲ့ screen ပေါ်မှာ အရောင်ကွာခြားမှုနဲ့ မြင်ရပါလိမ့်မယ်။
📝ဒေတာ: Thermal ပုံရိပ်တွေကို ဓာတ်ပုံရိုက်ပြီး သိမ်းဆည်းပါ။

☄️Non-Penetrating (Pinless) Moisture Meter ဖြင့် စစ်ဆေးခြင်း: capacitance moisture meter
* အသုံးပြုပုံ: စက်ကို မျက်နှာပြင်ပေါ်တင်ပြီး အစိုဓာတ်ကို တိုင်းတာခြင်း။ ဒါက မျက်နှာပြင်ကို မပျက်စီးစေဘဲ မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်ပါတယ်။ အပူပုံရိပ်ကင်မရာကနေ သံသယရှိတဲ့နေရာတွေကို ဒီစက်နဲ့ ထပ်မံအတည်ပြုနိုင်ပါတယ်။
* ဒေတာ: တိုင်းတာရရှိတဲ့ အစိုဓာတ်ရာခိုင်နှုန်းကို မှတ်တမ်းတင်ပါ။

* Pin-Type (Penetrating) Moisture Meter ဖြင့် စစ်ဆေးခြင်း:

* အသုံးပြုပုံ: စက်ရဲ့ ချွန်ထက်တဲ့ အပ်နှစ်ချောင်းကို မျက်နှာပြင်ထဲ ထိုးဖောက်ပြီး အစိုဓာတ်ကို တိုင်းတာခြင်း။ ပိုမိုတိကျတဲ့ ရာခိုင်နှုန်းကို ရရှိစေပြီး ပစ္စည်းရဲ့ အတွင်းပိုင်းအစိုဓာတ်ကို သိနိုင်ပါတယ်။ ဒါပေမဲ့ မျက်နှာပြင်ကို ပျက်စီးစေနိုင်ပါတယ်။
* ဒေတာ: တိုင်းတာရရှိတဲ့ အစိုဓာတ်ရာခိုင်နှုန်းကို မှတ်တမ်းတင်ပါ။

* 3D Laser Scanner (အပူချိန်ဒေတာနှင့် ပေါင်းစပ်ခြင်း):

* အသုံးပြုပုံ: အဆောက်အဦရဲ့ အသေးစိတ် 3D Point Cloud (နေရာဒေတာ) ကို ရယူပြီး၊ ထို Point Cloud ပေါ်တွင် Thermal Camera မှရရှိသော အပူချိန်ဒေတာများကို Overlay (ထပ်ဆင့်တင်ခြင်း) ပြုလုပ်ကာ 3D Thermal Map ကို ဖန်တီးပါ။ အစိုဓာတ်ရှိသောနေရာများတွင် အပူချိန်ကွာခြားချက်များကြောင့် 3D ပေါ်တွင် ထင်ရှားစွာ မြင်ရပါလိမ့်မည်။
* ဒေတာ: 3D Point Cloud data (XYZ coordinates, Intensity, RGB), Thermal data (Temperature values)

၄။ ဒေတာများကို ပေါင်းစပ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် မြေပုံဆွဲခြင်း
* ဒေတာများကို စုစည်းခြင်း: စစ်ဆေးမှုအမျိုးမျိုးကနေရရှိတဲ့ ဒေတာအားလုံး (ဓာတ်ပုံများ၊ အပူပုံရိပ်များ၊ အစိုဓာတ်ရာခိုင်နှုန်းများ၊ 3D data များ) ကို စုစည်းပါ။

🗺️* Moisture Map ဖန်တီးခြင်း:

* 2D Moisture Map: Floor plan သို့မဟုတ် Wall plan ပေါ်မှာ အစိုဓာတ်တွေ့ရှိတဲ့ နေရာတွေကို အရောင်တွေနဲ့ အဆင့်လိုက် (ဥပမာ- အနည်းငယ်စို၊ အသင့်အတင့်စို၊ အများကြီးစို) ဖော်ပြပြီး မြေပုံဆွဲပါ။ တွေ့ရှိတဲ့ ပြဿနာ (ဥပမာ- ရေယိုစိမ့်တဲ့နေရာ၊ မှိုတက်နေတဲ့နေရာ) တွေကို သင်္ကေတနဲ့ မှတ်သားပါ။

* 3D Moisture Map: 3D Laser Scanner ကနေရရှိထားတဲ့ 3D model ဒါမှမဟုတ် Point Cloud data ပေါ်မှာ Thermal data (ဒါမှမဟုတ် အခြား moisture sensor data) ကို ပေါင်းစပ်ပြီး 3D Coloured Moisture Map ကို ဖန်တီးပါ။ ဒီ 3D map က အစိုဓာတ်ဘယ်နေရာတွေမှာရှိပြီး ဖွဲ့စည်းပုံအပေါ် ဘယ်လိုသက်ရောက်နေလဲဆိုတာကို ပိုမိုမြင်သာစေပါတယ်။ ဒါက ပိုမိုအဆင့်မြင့်တဲ့ moisture mapping နည်းလမ်းပါ။

* ခွဲခြမ်းစိတ်ဖြာခြင်း: ရရှိလာတဲ့ မြေပုံနဲ့ ဒေတာတွေကို အခြေခံပြီး အစိုဓာတ်ပြဿနာရဲ့ အရင်းအမြစ်၊ ပျံ့နှံ့မှုအတိုင်းအတာနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပျက်စီးမှုတွေကို ခွဲခြမ်းစိတ်ဖြာပါ။

၅။ Report ရေးသားခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု အကြံပြုခြင်း

* Report ရေးသားခြင်း: စစ်ဆေးတွေ့ရှိချက်များ၊ ရရှိခဲ့တဲ့ Moisture Map များ၊ အသုံးပြုခဲ့တဲ့ ကိရိယာများ၊ ခွဲခြမ်းစိတ်ဖြာထားတဲ့ ရလဒ်များနဲ့ အကြံပြုချက်များကို အသေးစိတ် report ရေးသားပါ။ ဓာတ်ပုံများနဲ့ ဇယားများ ပူးတွဲပါ။

* ပြုပြင်ထိန်းသိမ်းမှု အကြံပြုခြင်း:report ပါ အချက်အလက်များအပေါ် အခြေခံပြီး ပြဿနာကို ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုများ (ဥပမာ- ရေယိုစိမ့်မှု ပိတ်ဆို့ခြင်း၊ လေဝင်လေထွက်ကောင်းအောင်လုပ်ခြင်း၊ ပျက်စီးသွားသော ပစ္စည်းများအစားထိုးခြင်း) ကို အကြံပြုပါ။

Moisture mapping ဟာ အဆောက်အဦရဲ့ခိုင်ခန့်မှုကို ထိန်းသိမ်းဖို့နဲ့ ကြီးမားတဲ့ ပျက်စီးမှုတွေကို ကာကွယ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။

Address

Aungzeya Road, Yankin, Royal Aung Zay Ya Residence
Yangon

Telephone

+959443100220

Website

Alerts

Be the first to know and let us send you an email when Premium Paint Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Premium Paint Company Limited:

Share

Category