TS Group-Marble&Granitedecoration

TS Group-Marble&Granitedecoration Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TS Group-Marble&Granitedecoration, Home improvement, No. (49) Thukha Street Phawkan Insein Yangon, Yangon.

01/09/2022
01/09/2022

ကျိန်စာသင့်နိုင်ငံတော်

ပဲခူးနဲ့ပုဂံ
စောလူးနဲ့ငရမာန် စစ်ဖြစ်တာ
ပဲခူးလည်း ကြေ
ပုဂံလည်း သေ
ရာဇဝင်မှာတော့
ပြည်သူ့ဒုက္ခထက်
ကျန်စစ်သမိုင်းပဲ ကျန်ခဲ့တယ်

အင်းဝနဲ့ဟံသာဝတီ
နှစ်လေးဆယ် စစ်ဖြစ်တာ
အင်းဝလည်း သေ
ဟံသာဝတီလည်း ကြေ
ရာဇဝင်မှာတော့
တိုင်းပြည်ရဲ့ဒုက္ခထက်
မင်းခေါင်နဲ့ ရာဇာဓိရာဇ်ပဲ
သူရဲကောင်းဆန်ခဲ့တယ်

ဘကြီးတော်နဲ့သာယာဝတီ
အမရပူရမှာ အာဏာလုတာ
ဗန္ဓုလလည်း သေ
အောက်မြန်မာပြည်လည်း ကြေ
ရာဇဝင်မှာတော့
ပြည်သူ့မျက်ရည်ထက်
မယ်နုဂုဏ်ရည်ပဲ ကမ္ဗည်းတင်ခဲ့တယ်

ဆင်ဖြူမရှင်နဲ့ စုဖုရားလတ်
ရတနာပုံမှာ အာဏာလုတာ
ရာဇသွေးတွေလည်း သေ
မြန်မာတပြည်လုံးလည်း ကြေ
ရာဇဝင်မှာတော့
တိုင်းပြည်ဆင်းရဲတာထက်
ရှင်ဘုရင်ဆင်းရဲတာကို
စာပေဖွဲ့ပြကြတယ်

သန့်ရှင်း နဲ့ တည်မြဲ
လွတ်လပ်ရေးခေတ် နှစ်ခြမ်းကွဲတာ
ပြည်မလည်း သေ
တောင်တန်းလည်း ကြေ
ရာဇဝင်မှာတော့
နိုင်ငံတော်ရဲ့ဝဋ်ဒုက္ခထက်
ခေါင်းဆောင်တွေရဲ့ နေဝင်ချိန်ကို
ပိုမို ဂုဏ်ဆာပြခဲ့တယ်

၂၁ ရာစု အိုင်တီခေတ်
ဓမ္မ အဓမ္မ နှစ်ခြမ်းကွဲတာ
စာရိတ္တတွေလည်း သေ
တိုင်းပြည်ကြီးလည်း ကြေ
နောက်သမိုင်းကျရင်တော့
ပြည်သူ့မျက်ရည်ထက်
ခေါင်ဆောင်တွေရဲ့ နှပ်ရည်ကို
ကမ္ဗည်းတင်ကြလိမ့်ဦးမယ်

မြန်မာပြည်ကြီးဟာ
မြန်မာနိုင်ငံကြီးဟာ
မြန်မာပြည်သူတွေဟာ
ခေတ်အဆက်ဆက်
ကျိန်စာသင့်မြေပေါ်မှာ
ကြုံလာသမျှ ဆင်းရဲခြင်းတွေနဲ့
ပျော်ရွှင်နေရတဲ့ ဝဋ်ဒုက္ခသည်တွေပါပဲ

ဒီထက်လည်း
ဘာရပိုင်ခွင့်မှ မပိုဘူး
ခေါင်းဆောင်တွေတောက်ပြောင်ဘို့
လူကြီးတွေသမိုင်းကျန်ဘို့
ပြည်သူ့သွေးတွေ
ခဏခဏ စီးဆင်းရတယ်
ပြည်သူ့သွေးသားတွေကို
ခဏခဏ စတေးပေးခဲ့ရတယ်

အနာဂါတ်သမိုင်းမှာတော့
တိုင်းပြည်၏ ဆင်းရဲခြင်းနဲ့
ပြည်သူရဲ့ ဝဋ်ကြွေးတွေက
ကမ္ဗည်း မထင်ဘူး။

ခေါင်းဆောင်တွေပဲ
စာပေအက္ခရာ တင်ကြတယ်။
မြန်မာပြည်ကြီးဟာ သမိုင်းမလှဘူး။

ဒါပေမဲ့...
ခေတ်အဆက်ဆက်က
ခေါင်းဆောင်တွေ သမိုင်းကျန်ရစ်ဘို့
တိုင်းပြည်နဲ့ ပြည်သူတွေဟာ
ပျော်ပျော်ပါးပါးကြီး
ဝဋ်ကြွေးဆပ်နေကြရတယ်။

(တနည်းအားဖြင့်)
ကျေကျေနပ်နပ်ကြီး
ဝဋ်ကြွေးဆပ်နေရဦးမယ်။

Credit...
BurmeseMemory

တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌အောင်မြင်စွာဖြေဆိုနိုင်ခဲ့သော သားသားမီးမီးများအတွက် အမှတ်တရလဲဖြစ် ဝင့်ဝင့်ကြွားကြွားလေးလဲဖြစ်စေ...
21/08/2020

တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌အောင်မြင်စွာဖြေဆိုနိုင်ခဲ့သော သားသားမီးမီးများအတွက် အမှတ်တရလဲဖြစ် ဝင့်ဝင့်ကြွားကြွားလေးလဲဖြစ်စေအောင် သဘာ၀ကျောက်ပြားများဖြင့် ပုံဖော်ပြုလုပ်ပေးထားတဲ့ ဆုတံဆိပ်လေးတွေပါ။ နှစ်တိုင်းနှစ်တိုင်း ယုံကြည်စွာ လာရောက်‌အပ်နှံပေးပါသော ပန်းတဉ်းတန်းမြို့နယ်မှ ကိုမျိုးမြင့်အားလဲ အထူးကျေးဇူးတင်ရှိပါသည်။ ကျောင်းများမှ ‌အော်ဒါပေးအပ်နှံနိုင်ပါသည်။
ဖုန်း 09251046654

၃ပေ ၆ပေ ဘဲဥဒီဇိုင်းပုံ ခုံလေးပါအားပေးသွားသော ‌မြောင်းမြမြို့မှ ကိုအိစွတ် အား အထူးကျေးဇူးတင်ရှိပါသည်။၀ယ်ယူအားပေးလိုပါကဖုန...
06/08/2020

၃ပေ ၆ပေ ဘဲဥဒီဇိုင်းပုံ ခုံလေးပါ
အားပေးသွားသော ‌မြောင်းမြမြို့မှ ကိုအိစွတ် အား အထူးကျေးဇူးတင်ရှိပါသည်။
၀ယ်ယူအားပေးလိုပါက
ဖုန်း ၀၉၂၅၁၀၄၆၆၅၄ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

မင်္ဂလာပါခင်ဗျာလူကြီးမင်းတို့ အိမ်ဂေဟာ၏ ကျက်သရေရှိတဲ့ ဧည့်ခန်း ထမင်းစားခန်းများတွင် ပြည်တွင်းဖြစ် စကျင်ကျောက်ပြားများဖြင...
29/01/2020

မင်္ဂလာပါခင်ဗျာ
လူကြီးမင်းတို့ အိမ်ဂေဟာ၏ ကျက်သရေရှိတဲ့ ဧည့်ခန်း ထမင်းစားခန်းများတွင် ပြည်တွင်းဖြစ် စကျင်ကျောက်ပြားများဖြင့် ပြုလုပ်ထားသော စားပွဲများဖြင့် အလှဆင်လိုပါသလား
ကျွန်တော်တို့ TS Group မှ စကျင်ကျောက်ပြား စားပွဲဝိုင်းများကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဒီဇိုင်း အရွယ်အစားမျိုးစုံ မှာယူနိုင်ပါသည်။
သဘာဝအတိုင်း ကျောက်တောင်မှ လွှာယူထားသော သဘာဝကျောက်ပြားများဖြစ်သည့် အတွက် ရောဂါပိုးမွှားများ ကင်းရှင်းစေပြီး ကျန်းမာရေးနှင့် အထူးညီညွတ်စေကြောင်းအာမခံပါသည်။
ယခုလက်ရှိကိုပင် ထိုင်းနိုင်ငံ သို့တင်သွင်းလျှက်ရှိသဖြင့် ယုံကြည်စိတ်ချနိုင်ကြောင်းလဲအာမခံပါသည်။
ရန်ကုန်မြို့တွင်း customer များအတွက် အိမိအရောက်ပို့ဆောင်ပေးပါသည်။
နယ်မှမှာယူလိုသူများအတွက် ကားဂိတ်သို့ပို့ပေးပါသည်။
ဖုန်းလေးသာတစ်ချက်ဆက်လိုက်ပါ။
ဖုန်း ၀၉၉၅၃၄၆၂၉၈၉
၀၉၂၅၁၀၄၆၆၅၄
လူကြီးမင်းတို့ ဧည့်ခန်းများ ထမင်းစားခန်းများကို ပြည်တွင်းဖြစ် သဘာဝစကျင်ကျောက်ပြားများဖြင့် ဂုဏ်ယူဝင့်ကြွားစွာ အလှဆင်လိုက်ပါ။
လက်ရှိအားပေးလျှက်ရှိသော မြဝတီမြို့မှ customer များကိုလဲ အထူးပဲကျေးဇူးတင်ရှိပါသည်။
ကျေဇူးပြုပြီး ကျွန်တော်တို့ page လေးကို like &share လုပ်ပေးပြီး အများသိအောင် ကြေညာပေးကြပါဦးနော်။
ကျေးဇူးအထူးတင်ရှိပါသည်။

မင်္ဂလာပါလူကြီးမင်းတို့၏အိမ် ရုံးခန်း ဆိုင်ခန်းများကိုကြွေပြားကျောက်ပြားများနှင့် အလှဆင်ရန်အတွက် စိတ်ကျေနပ်မှုအပြည့်ပေးဆောင...
24/01/2020

မင်္ဂလာပါ
လူကြီးမင်းတို့၏အိမ် ရုံးခန်း ဆိုင်ခန်းများကိုကြွေပြားကျောက်ပြားများနှင့် အလှဆင်ရန်အတွက် စိတ်ကျေနပ်မှုအပြည့်ပေးဆောင်နိုင်သော Decoration အဖွဲ့တစ်ဖွဲ့ လိုအပ်နေပါသလား
ကျွန်တော်တို့ရဲ့ TS Group ကိုသာဆက်သွယ်လိုက်ပါ။
လူကြီးမင်းတို့ရဲ့ စိတ်ကျေနပ်မှုကို ဦးစားပေးလုပ်ဆောင်နေသော အဖွဲ့ဖြစ်ကြောင်း အထူးအာမခံပါသည်။
နိုင်ငံတကာမှစံချိန်စံနှုန်းများအတိုင်း ကြွေပြား ကျောက်ပြားများကို အလှဆင်ပေးလျှက်ရှိသော အဖွဲ့ဖြစ်ပါသည်။
ဝါရင့် ပညာရှင် ဦးစီးသော အဖွဲ့ ဖြစ်၍ ခေတ်ဟောင်း ခေတ်သစ် ဒီဇိုင်းအစုံကို တိကျ မှန်ကန် မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ပါသည်။
ကျွန်တော်တို့ TS Group မှတာဝန်ယူဆောင်ရွက်ပေးလျှက်ရှိသော လုပ်ငန်းများကတော့-
၁။ ကြွေပြား ခင်းခြင်း ကပ်ခြင်း။
၂။ Marble Granite ကျောက်ပြားများ ခင်းခြင်း ကပ်ခြင်း။
၃။ ကောင်တာခုံ မီးဖိုခုံ ဘေစဉ်ခုံများကို Marble Granite ကျောက်ပြားများဖြင့် အလှဆင်ပေးခြင်း။
၎။ Marble Granite ကျောက်ပြားများကိုလူကြီးမင်းတို့စိတ်တိုင်းကျ design အတိုင်း တိတိကျကျ ပုံဖော်ပေးခြင်း။
၅။ Marble Granite ကျောက်ပြားများကို လိုအပ်သလို နှုတ်ခမ်းလုံးပေးခြင်း အပေါက်ဖောက်ပေးခြင်း ဖြတ်တောက်ခြင်း ကြိုးလိုင်းထိုးပေးခြင်းများကို စက်ကြီးများကဲ့သို့ အတိုင်းအတာ တိကျမှန်ကန်စွာ ဆောင်ရွက်ပေးခြင်း။
၆။ အရောင်မှိန်သွားသော Marble Granite ကျောက်ပြားများကို အရောင်တင်ပေးခြင်း။
၇။ လှေကား လှေကားလက်ရမ်းများကို Marble Granite ကျောက်ပြားများဖြင့် အလှဆင်ပေးခြင်း။
စသည့်လုပ်ငန်းရပ် အဝဝ ကို လူကြီးမင်းတို့ စိတ်တိုင်းကျဆောင်ရွက်ပေးနေပါသည်။
လိုအပ်ရှိခဲ့ပါလျှင် ဖုန်းလေးသာ တစ်ချက်ဆက်လိုက်ပါ လာရောက် ကြည့်ရှု ညှိနှိုင်းပေးပါမည်။
ဖုန်း ၀၉၉၅၃၄၆၂၉၈၉
၀၉၉၆၁၉၁၉၂၈၂
၀၉၂၅၁၀၄၆၆၅၄
Massage boxနှင့်viber တို့မှလည်း စုံစမ်း မေးမြန်နိုင်ပါသည်။
ကျေးဇူပြုပြီး ကျွန်တော်တို့ page လေးကို Like&Share လုပ်ပြီး လူအများသိအောင်မျှဝေပေးကြပါဦးနော်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when TS Group-Marble&Granitedecoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share