20/12/2025
Landscape by K2T (4)
အရင်ပိုစ့်လေးကိုဆက်ကြရအောင် ကျနော်သိသလောက်လေးပါ ။
အရင်ခေတ်ထဲက Landscape ကပိုက်ဆံရှိတဲ့လူတွေပဲလုပ်ကြတယ်။ ၁၇ရာစုလောက်ကျမှLandscpeကြီးကြီးမားမားပေါ်လာတယ်။ ပန်းခြံတွေဘာတွေဆောက်လာကြတယ်ပေါ့ အရင်ခေတ်ကlandscapeတွေလေ့လာကြည့်ရင်သူတို့တွေက Theoryကိုင်ပြီးဆွဲကြတာများတယ်ခေါက်ချိုးညီတဲ့ဒီဇိုင်းတွေများတယ် Symmetricဒီဇိုင်းလို့လဲခေါ်တယ်
သူကဆွဲရတာလွယ်တယ်ဘယ်ညာညီအောင်ဆွဲရတာဆိုတော့တည်ငြိမ်တယ်အမှားလည်းနည်းတယ်ဒါမယ့်အနာဂတ်မှာတော့ပြောင်းလဲရခက်တယ်။ဘာလို့ဆိုတော့တိုးချဲ့ဖို့တို့ထပ်တိုးချင်တာလေးတွေရှိရင်မူလဒီဇိုင်းကsymmetricဖြစ်နေတော့မူရင်းပျောက်သွားရင်မလှဘူးဖြစ်တတ်တယ်။
နောက်တစ်ခုကျတော့ Unformal /irregular theory လို့လဲခေါ်ကြတယ်။ဒီဇိုင်နာစိတ်ကူးကိုရှေ့တန်းတင်တာကunformalဒီဇိုင်းဖြစ်သွားတယ်။ခုခေတ်မှာကအဲ့လိုတွေများလာတယ်။
ကိုယ်တည်ဆောက်မယ့် Project ရဲ့natureကိုသိထားတာပိုကောင်းတယ် ကိုဘယ်မှာဒီဇိုင်းဆွဲရမှာလဲဥပမာနေပြည်တော်လားပြင်ဦးလွင်လားရန်ကုန်လား အဲ့တာတွေမစဉ်းစားနဲ့အုန်း Place ကိုအရင်စဉ်းစားဥပမာ အစိုးရရုံးအရှေ့လား လူနေအိမ်လား ဘုရားလား ပန်းခြံလား အဲ့လိုအရင်ကြည့်ရမယ် အနောက်ကအဆောက်ဦးကတည်ငြိမ်တဲ့ဟန်ပန်ရှိတယ်ဆို Symmetricစဉ်းစားပေးသင့်တယ် Happy Vibe ဘာညာသွားမလုပ်သင့်ဘူး။
Historical Building ဆိုတို့ဖို့ထိဖို့ခက်တယ် သွားမလုပ်နဲ့ 😁😁အတွေကြုံရပြောတာ history ကျွမ်းကျင်ပညာရှင်တွေဘာတွေခေါ်ဘာပင်စိုက်ရင်ဘယ်လိုအစိုဓာတ်လာလဲစိုထိုးစတွေဘာတွေတွက်ရရော။
ထားပါ။ ပြောချင်တာက Historical Buildingဆိုsupportingဖြစ်တဲ့ဒီဇိုင်းဆွဲပေါ့။ပန်းခြံဆိုPublic ပန်းခြံဆိုခက်တယ်ဗျာ Private ဆိုလွယ်တယ်။လွယ်တယ်ဆိုတာလုပ်ရတာလွယ်တာကိုပြောတာမဟုတ်သေးဘူးနော် landscpae idea ကိုပြောတာ အပ်တဲ့လူကြိုက်ရင်ရပြီ။ Private Landscape ကတော့ သူ့အိမ်လေသူကြိုက်ဖို့အရေးကြီးတယ်😁😁။
Public Landscape ဒီဇိုင်းကျတော့လူပေါင်းစုံလာကြမှာထိုင်ခုံထားတဲ့နေရာတွေစဉ်းစားရမယ်ပိုတာဝန်ကြီးတယ် Planning / Management / Nature envoriment တွေပါစဉ်းစားရတော့မယ် upgrade မြင့်ဖို့ကိုလဲကြ်ုတွက်ထားရမှာပေါ့ နောက်ပို့စ်မှာဆက်ရေးပါအုန်းမယ် ခုတော့ Symmeric ဖြစ်တဲ့ဒီဇိုင်းလေးတွေနမူနာထည့်ပေးထားပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျ။