KAIDO Road Construction Machinery

  • Home
  • KAIDO Road Construction Machinery

KAIDO Road Construction Machinery We are one of the leading companies for heavy machinery equipment distribution.

ဝါဆိုလပြည့် ဓမ္မစကြာနေ့ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) ဟာ ဗုဒ္ဓဘာသာတို့ ဥပုသ်သီလဆောက်တည်မယ့် ဝါတွင်းကာလ  အစပြုတဲ့နေ့ဖြစ်ပါတ...
08/07/2025

ဝါဆိုလပြည့် ဓမ္မစကြာနေ့
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) ဟာ ဗုဒ္ဓဘာသာတို့ ဥပုသ်သီလဆောက်တည်မယ့် ဝါတွင်းကာလ အစပြုတဲ့နေ့ဖြစ်ပါတယ်။

ယခုလို မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်လေးမှာ Myanmar Kaido ၏ မိတ်ဆွေတော်ကြီးများနှင့် ဗုဒ္ဓဘာသာဝင်များအားလုံး ဥပုသ် သီလစောင့်ထိန်းနိုင်ပြီး တရားဘာဝနာများ ပွားများ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ဘေးအန္တရာယ်ခပ်သိမ်းမှကင်းဝေးကြပါစေကြောင်း Myanmar Kaido မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်။



၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ဟာ World Environment Day (WED) -  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်။ ယခုနှစ်အတွက...
05/06/2025

၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ဟာ World Environment Day (WED) - ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်။
ယခုနှစ်အတွက် WED ရဲ့ဆောင်ပုဒ်ကတော့ Beat Plastic Pollution or Ending Global Plastic Pollution “ကမ္ဘာလုံးဆိုင်ရာ ပလပ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ခြင်း” ဖြစ်ပါတယ်။

ကျွန်တော်တို့ Myanmar Kaido ကုမ္ပဏီဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအတွက် လုပ်ငန်းခွင်အတွင်း နှင့် လုပ်ငန်းဧရိယာအတွင်းမှာ ပလပ်စတစ် အသုံးပြုမှုကို အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းထားလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများမဖြစ်ပေါ်စေရန်အတွက် အထူးဂရုစိုက်ဆောင်ရွက်လျက်ရှိနေပါတယ်။



ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ Concrete Mixer အသုံးပြုခြင်းက ကွန်ကရိကို လက်ဖြင့်ဖျော်စပ်ခြင်းထက် ပိုမိုကောင်းမွန်သောအရည...
23/05/2025

ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ Concrete Mixer အသုံးပြုခြင်းက ကွန်ကရိကို လက်ဖြင့်ဖျော်စပ်ခြင်းထက် ပိုမိုကောင်းမွန်သောအရည်အသွေးကို ရရှိစေခြင်း၊ အချိန်ကုန်သက်သာပြီး အလုပ်မြန်မြန်ပြီးမြောက်စေခြင်း၊ လုပ်သားအင်အားသုံးစွဲရမှုကိုလျှော့ချနိုင်ခြင်းဆိုတဲ့အားသာချက်များ ရရှိစေပါတယ်။

ကျွန်တော်များ Myanmar Kaido RCM က ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွက် များစွာအသုံးဝင်တဲ့ အောက်ပါ Concrete Mixer များကိုတင်သွင်းရောင်းချလျက်ရှိပါတယ်ခင်ဗျာ။

📌 Bull Self Loading Concrete Mixer VMP 4000

- 4Wheel drive

- 110Hp KOEL turbo charger engine

- Drum 4m3 wet concrete capacity

Self Loading Concrete Mixer များမှာဆိုရင် ပါဝင်ပစ္စည်းများကို အချိုးအဆမှန်ကန်စွာယူဆောင်ဖျော်စပ်နိုင်ပြီး လုပ်ငန်းခွင်အရောက် ပို့ဆောင်ပေးနိုင်တဲ့အတွက် ကောင်းမွန်လတ်ဆတ်တဲ့ ကွန်ကရိအရည်အသွေးကို အချိန်မရွေး၊ နေရာမရွေး ရရှိနိုင်တာကြောင့် လုပ်ငန်းခွင်များမှာ မရှိမဖြစ် အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။

📌 Atlas Reversible Concrete Mixer RM1050

Batch Capacity - 800 liters

Total power - 25hp electric motor

Machine output - 12-15m3/h

Discharge height - 1.6m

Atlas Reversible Concrete Mixer တွေကို လုပ်ငန်းခွင်နဲ့အနီးဆုံးမှာ ထားရှိနိုင်ပြီး

- ကွန်ကရစ်ဖျော်စပ်ရာမှာ ပါဝင်ပစ္စည်းများကို သမမျှတ နှံ့စပ်နေအောင် ဖျော်စပ်ပေးနိုင်ခြင်း

- ကွန်ကရစ်ဖျော်စပ်ဖို့အတွက် အတွင်းမှာ Blades များတပ်ဆင်ထားတဲ့ Drum ကို နာရီလက်တံအတိုင်းလည်ပတ်စေခြင်းဖြင့် ကွန်ကရစ်ကို သမနှံ့စပ်နေအောင် ရောမွှေပေးနိုင်ခြင်း

- Drum ကို နာရီလက်တံပြောင်းပြန်လည်စေခြင်းဖြင့် ဖျော်စပ်ပြီးတဲ့ ကွန်ကရစ်ကို အဖိတ်အစင်၊ အလေအလွင့်နည်းပါးစွာဖြင့် အပြင်သို့ထုတ်လွှတ်ပေးခြင်း

- အရည်အသွေးကောင်းမွန်တဲ့ ကွန်ကရစ်ကို အချိန်တိုအတွင်းထုတ်လုပ်နိုင်စေဖို့အတွက် မွှေပေးတဲ့ blades တွေနဲ့ Drum ရဲ့ လည်ပတ်နှုန်းကို ချိန်ညှိပြီးပုံစံထုတ်ပေးထားခြင်းတို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ ယုံကြည်စိတ်ချတွင်ကျယ်စွာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်။

လူကြီးမင်းတို့၏ လုပ်ငန်းခွင်များအတွက် Concrete Mixer များလိုအပ်ခဲ့ရင်တော့ Myanmar Kaido Road Construction Machinery က တင်သွင်းတဲ့ Concrete Mixer များကို မှာယူနိုင်ပါတဲ့အကြောင်း သတင်းကောင်းပါးပါရစေခင်ဗျာ..











သင့်လုပ်ငန်းအတွက် RCM လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများမှာ  သတ်မှတ်ချိန်အမီ အလုပ်ပြီးစီးဖို့ ၊ အရည်အသွေးပြည့်မီဖို့ဆိုတာ ...
19/05/2025

သင့်လုပ်ငန်းအတွက် RCM

လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများမှာ သတ်မှတ်ချိန်အမီ အလုပ်ပြီးစီးဖို့ ၊ အရည်အသွေးပြည့်မီဖို့ဆိုတာ အရေးကြီးတဲ့အချက်များပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့ကလည်း ဦးစားပေးအချက်ဖြစ်နေပြန်တာကြောင့် ဒါတွေကို Myanmar Kaido RCM က ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါတယ်ခင်ဗျာ..

ကျွန်တော်များ Myanmar Kaido RCM က လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများနဲ့ အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းများအတွက် အရည်အသွေးမြင့် အောက်ပါ ခေတ်မီစက်ယန္တရားများကို တင်သွင်းဖြန့်ချိလျက်ရှိပါတယ်။

လမ်းမျက်နှာပြင်များကို ကျစ်လျစ်သိပ်သည်းညီညာနေအောင် ဖိကြိတ်ပေးနိုင်ပြီး ဆီစားနှုန်းအထူးသက်သာကာ အလုပ်ချိန်အပြည့် အားကောင်းစွာဆောင်ရွက်နိုင်တဲ့ Dynapac Roller လမ်းကြိတ်စက်

အရည်အသွေးပြည့်မီတဲ့ကတ္တရာများကို အချိန်တိုအတွင်း ကျစ်လျစ်သိပ်သည်းစွာခင်းကျင်းပေးနိုင်တဲ့အတွက် လုပ်ငန်းခွင်လေလွင့်ချိန်နည်းပါးကာ မြန်မြန်ဆန်ဆန်အလုပ်ပြီးမြောက်စေတဲ့ Dynapac Asphalt Paver နိုင်လွန်ကတ္တရာခင်းစက်

လမ်းဟောင်းများပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းသစ်ဖောက်ခြင်းလုပ်ငန်းများအတွက် ချောမွေ့ညီညာတဲ့လမ်းမျက်နှာပြင်ရရှိဖို့ဆောင်ရွက်ပေးမယ့် Hidromek Motor Grader

အရည်အသွေးမီကွန်ကရိများအတွက် ကုန်ကြမ်းများကို အချိုးအဆမှန်ကန်စွာ ကိုယ်တိုင်ယူဆောင်ဖျော်စပ်ပြီး လုပ်ငန်းခွင်အရောက် လျင်မြန်စွာပို့ဆောင်ပေးနိုင်တဲ့ ဘက်စုံသုံး Bull Self Loading Concrete Mixer

အရွယ်အစားကျစ်လျစ်ကာ လုပ်ငန်းခွင်နဲ့အနီးဆုံးမှာထားရှိနိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့ ကွန်ကရစ်ပမာဏများများကို အချိန်တိုအတွင်းလျင်မြန်စွာရောစပ်ထုတ်လုပ်ပေးနိုင်တဲ့ Atlas Reversible Concrete Mixer

အရည်အသွေးမြင့်ပြီး အကြမ်းခံတဲ့စက်ယန္တရားကြီးများဖြစ်တာကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းပြီး ကြာရှည်ခံကာ ပြုပြင်စရိတ်သက်သာစေတဲ့အပြင် လိုအပ်တဲ့စက်ပြင်ဆင်ထိန်းသိမ်းမှုများကို ကျွန်တော်တို့ရဲ့ Myanmar Kaido Road Construction Machinery က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာ..







ကဆုန်လပြည့်ဗုဒ္ဓနေ့ 🙏ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားဖြစ်မည့် ဗျာဒိတ်တော်ခံယူခြင်း၊ဘုရားအလောင်းတော်ကိုဖွားမြင်ခြင်း၊ဘုရားအ...
10/05/2025

ကဆုန်လပြည့်ဗုဒ္ဓနေ့ 🙏
ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားဖြစ်မည့် ဗျာဒိတ်တော်ခံယူခြင်း၊
ဘုရားအလောင်းတော်ကိုဖွားမြင်ခြင်း၊
ဘုရားအဖြစ်သို့ရောက်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း ဟူသည့် ဗုဒ္ဓ၏ဖြစ်တော်စဥ်(၄)ချက်နှင့် တိုက်ဆိုင်သည့် နေ့ထူးနေ့မြတ်အခါသမယတွင် ဥပုသ်သီတင်းသီလဆောက်တည်ကာ ကုသိုလ်ပြုကြပြီး..
ဘုရားပွင့်တော်မူခဲ့သည့် ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းကြခြင်းဖြင့် ကိုယ်စိတ်နှစ်ပါး ချမ်းမြကြည်သာရှိကြပါစေကြောင်း Myanmar Kaido RCM က ဆုတောင်းမေတ္တာပို့သအပ်ပါသည်..🙏🌿

#ကဆုန်လပြည့်ဗုဒ္ဓနေ့

၁၉၅၇ ခုနှစ်မှာတည်ထောင်ခဲ့တဲ့ FAYAT GROUP ဟာ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း(၁၇၀) မှာ ရုံးများဖွင့်လှစ်ပြီး မြို့ပြတည်ဆောက်ရေးဆ...
09/05/2025

၁၉၅၇ ခုနှစ်မှာတည်ထောင်ခဲ့တဲ့ FAYAT GROUP ဟာ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း(၁၇၀) မှာ ရုံးများဖွင့်လှစ်ပြီး မြို့ပြတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများ၊ စွမ်းအင်ဆိုင်ရာလုပ်ငန်းများ၊ သတ္တုလုပ်ငန်းနဲ့ လမ်းတံတားတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများအတွက် အရည်အသွေးမြင့် ခေတ်မီစက်ယန္တရားများထုတ်လုပ်ပေးနေတဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီပဲဖြစ်ပါတယ်။

ကျွန်တော်တို့ Myanmar Kaido RCM က FAYAT GROUP ရဲ့ အရည်အသွေးမြင့်ထုတ်ကုန် စက်ယန္တရားများအနက်မှ DYNAPAC Asphalt Paver နဲ့ DYNAPAC Roller စက်ယန္တရားများကို တင်သွင်းဖြန့်ချိလျက်ရှိပါတယ်ခင်ဗျာ..

လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများမှာ အချိန်တိုအတွင်း အပြစ်အနာအဆာကင်းပြီး ကြံ့ခိုင်သန်မာကျစ်လျစ်သိပ်သည်းတဲ့လမ်းမများဖြစ်စေဖို့ DYNAPAC နဲ့ ယုံကြည်စိတ်ချစွာ လက်တွဲလိုက်ပါခင်ဗျာ..🤝🤝







လမ်းကြိတ်စက် Dynapac Roller CA250D ၏အားသာချက်များ 💯👍 ကြံ့ခိုင်တောင့်တင်းတဲ့တည်ဆောက်ပုံရှိပြီးမြေသားလမ်း၊ ကျောက်ခင်းလမ်း ...
02/05/2025

လမ်းကြိတ်စက် Dynapac Roller CA250D ၏
အားသာချက်များ 💯

👍 ကြံ့ခိုင်တောင့်တင်းတဲ့တည်ဆောက်ပုံရှိပြီးမြေသားလမ်း၊ ကျောက်ခင်းလမ်း စတဲ့ လမ်းမျက်နှာပြင်များကို ကျစ်လျစ်သိပ်သည်းညီညာချောမွတ်နေအောင် ဖိကြိတ်ပေးနိုင်ခြင်း

👍 နေ့ညမရွေး အလုပ်ချိန်အပြည့် အားကောင်းစွာမောင်းနှင်ဆောင်ရွက်နိုင်ခြင်း

👍 ဆီစားနှုန်းအထူးသက်သာခြင်း

👍 ခက်ခဲကြမ်းတမ်းတဲ့လုပ်ငန်းခွင်များမှာပင် ကြံခိုင်မှုအပြည့်နဲ့အလုပ်လုပ်ပေးနိုင်တဲ့ အကြမ်းခံအဆင့်မြင့် စက်ယန္တရားဖြစ်ခြင်း

👍 လမ်းတံတား၊ လေယာဥ်ကွင်း၊ ရေကာတာများ၊ ဆည်များ၊ ဆိပ်ကမ်းများတည်ဆောက်ခြင်း စတဲ့ နယ်ပယ်ကဏ္ဍအစုံမှာ အသုံးပြုနိုင်ခြင်း

DYNAPAC Roller CA250D

Max operating mass - 12100kg

Speed range - 0-10km/h

Engine - CUMMINS 4BT 3.9-C

Type - Water cooled turbo diesel

Rated power - 76kW (102hp)

Dynapac Roller CA250D လမ်းကြိတ်စက်ကို မှာယူလိုတယ်ဆိုရင်တော့ ကျွန်တော်များ Myanmar Kaido Road Construction Machinery သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ MK RCM က တင်သွင်းရောင်းချထားတဲ့စက်ယန္တရားများအတွက် လိုအပ်တဲ့စက်အပိုပစ္စည်းများနှင့်တကွ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီကျွမ်းကျင်အင်ဂျင်နီယာများဖြင့် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်းလည်း သတင်းကောင်းပါးပါရစေခင်ဗျာ..







မေလ(၁)ရက်နေ့ ၊ အလုပ်သမားနေ့အား Myanmar Kaido RCM က ဂုဏ်ပြုကြိုဆိုလျက်.. 🎉⛳
01/05/2025

မေလ(၁)ရက်နေ့ ၊ အလုပ်သမားနေ့အား
Myanmar Kaido RCM က ဂုဏ်ပြုကြိုဆိုလျက်.. 🎉⛳

မင်္ဂလာရှိသော နှစ်သစ်ချိန်ခါမှာ ကောင်းမှုကုသိုလ်များပြုပြီး ချမ်းမြေ့ကြည်သာရှိကြပါစေခင်ဗျာ.. 🙏၁၃၈၇ ခုနှစ် ၊ တစ်နှစ်တာကာလ...
16/04/2025

မင်္ဂလာရှိသော နှစ်သစ်ချိန်ခါမှာ ကောင်းမှုကုသိုလ်များပြုပြီး ချမ်းမြေ့ကြည်သာရှိကြပါစေခင်ဗျာ.. 🙏
၁၃၈၇ ခုနှစ် ၊ တစ်နှစ်တာကာလပတ်လုံးမှာ ဘေးအန္တရာယ်များကင်းရှင်းပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့ တိုးတက်အောင်မြင်ကြပါစေကြောင်း Myanmar Kaido Road Construction Machinery က ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ.. 🙏💫💐

Myanmar Kaido Road Construction Machinery မှ စက်ယန္တရားများ..🔲မြေသားလမ်းမျက်နှာပြင်များ၊ ကျောက်ခင်းလမ်းမျက်နှာပြင်များကိ...
09/04/2025

Myanmar Kaido Road Construction Machinery မှ စက်ယန္တရားများ..

🔲မြေသားလမ်းမျက်နှာပြင်များ၊ ကျောက်ခင်းလမ်းမျက်နှာပြင်များကို ကျစ်လျစ်သိပ်သည်းညီညာနေအောင် ဖိကြိတ်ပေးနိုင်ပြီး ဆီစားနှုန်းအထူးသက်သာကာ အလုပ်ချိန်အပြည့် အားကောင်းစွာဆောင်ရွက်နိုင်တဲ့ ဂျာမနီနိုင်ငံထုတ် Dynapac Roller လမ်းကြိတ်စက်

🔲ကတ္တရာခင်းရာမှာ အပြစ်အနာအဆာများ၊ ပြန်လည်ပြင်ဆင်လုပ်ကိုင်ရခြင်းများမရှိစေဘဲ အရည်အသွေးပြည့်မီတဲ့ကတ္တရာများကို အချိန်တိုအတွင်း ကျစ်လျစ်သိပ်သည်းစွာခင်းကျင်းပေးနိုင်တဲ့အတွက် လုပ်ငန်းခွင်လေလွင့်ချိန်နည်းပါးကာ မြန်မြန်ဆန်ဆန်အလုပ်ပြီးမြောက်စေတဲ့ Dynapac Asphalt Paver နိုင်လွန်ကတ္တရာခင်းစက်

🔲လမ်းဟောင်းများပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းသစ်ဖောက်ခြင်းလုပ်ငန်းများအတွက် လမ်းမျက်နှာပြင်ကို မညီမညာ အဖုအထစ် ချိုင့်ခွက်များကင်းစင်ပြီး ချောမွေ့ညီညာတဲ့လမ်းမျက်နှာပြင်ရရှိဖို့ဆောင်ရွက်ပေးမယ့် တူရကီနိုင်ငံထုတ် Hidromek Motor Grader

🔲ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာလိုအပ်တဲ့ အရည်အသွေးမီကွန်ကရိများအတွက် ကုန်ကြမ်းများကို အချိုးအဆမှန်ကန်စွာ ကိုယ်တိုင်ယူဆောင်ဖျော်စပ်ပြီး လုပ်ငန်းခွင်အရောက် လျင်မြန်စွာပို့ဆောင်ပေးနိုင်တဲ့ အိန္ဒိယနိုင်ငံထုတ် ဘက်စုံသုံး Bull Self Loading Concrete Mixer

🔲အရွယ်အစားကျစ်လျစ်ကာ လုပ်ငန်းခွင်နဲ့အနီးဆုံးမှာထားရှိနိုင်ပြီး အရည်အသွေးကောင်းမွန်တဲ့ ကွန်ကရစ်ပမာဏများများကို အချိန်တိုအတွင်းလျင်မြန်စွာရောစပ်ထုတ်လုပ်ပေးနိုင်တဲ့ Atlas Reversible Concrete Mixer

အရည်အသွေးမြင့်ပြီး အကြမ်းခံတဲ့စက်ယန္တရားကြီးများဖြစ်တာကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းပြီး ကြာရှည်ခံကာ ပြုပြင်စရိတ်သက်သာစေတဲ့အပြင် လိုအပ်တဲ့စက်ပြင်ဆင်ထိန်းသိမ်းမှုများကို ကျွန်တော်တို့ရဲ့ Myanmar Kaido Road Construction Machinery က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်ခင်ဗျာ..







ကတ္တရာခင်းခြင်းလုပ်ငန်းခွင်များအတွက် အကောင်းဆုံးဆောင်ရွက်ပေးမယ့် Dynapac Asphalt Paver က လမ်းမများတလျှောက် လူကြီးမင်းတို...
21/03/2025

ကတ္တရာခင်းခြင်းလုပ်ငန်းခွင်များအတွက် အကောင်းဆုံးဆောင်ရွက်ပေးမယ့် Dynapac Asphalt Paver က လမ်းမများတလျှောက် လူကြီးမင်းတို့ရဲ့လက်တွဲဖော်အဖြစ်ရှိနေပါပြီ..🤝🤝

Dynapac SD2500CS မှာ -
စက်စတင်နှိုးချိန်မှ အလုပ်လုပ်ရန်အသင့်ဖြစ်ချိန်အထိ ပြင်ဆင်ချိန်တိုတောင်းခြင်း၊ ကတ္တရာအပူပေးချိန်မြန်ဆန်ခြင်း၊ စက်သန့်ရှင်းရေးကိုမြန်ဆန်စွာလုပ်ဆောင်နိုင်ခြင်း စတာတွေကြောင့် အချိန်ကုန်သက်သာစေပြီး လျင်မြန်စွာအလုပ်ပြီးမြောက်စေပါတယ်။

အချိန်တိုအတွင်းမှာ အရည်အသွေးကောင်း နိုင်လွန်ကတ္တရာပမာဏများများကို ထုတ်လုပ်ပေးနိုင်တဲ့အပြင် ကတ္တရာခင်းရာမှာ အပြစ်အနာအဆာများ၊ ပြန်လည်ပြင်ဆင်ရခြင်းများမရှိစေဘဲ ကျစ်လျစ်သိပ်သည်းစွာ ခင်းကျင်းပေးနိုင်ပါတယ်။

Basic paving width - 8.4ft
Max. paving width - 33ft
Max. layer thickness - 12.20in
Theor placement cap- 880 t/h

ဒါ့အပြင် အရည်အသွေးမြင့် စက်ယန္တရားဖြစ်တာကြောင့် ပုံမှန်ထိန်းသိမ်းပေးသွားရုံနဲ့ အကြီးစားပြုပြင်ရခြင်းနည်းပါးတဲ့အတွက် ပြင်ဆင်စရိတ်သက်သာ စေကာ ဆီစားနှုန်းလည်းသက်သာစေပါတယ်။

ပူလွန်းအေးလွန်းတဲ့ ဆိုးရွားတဲ့ရာသီဥတုတွေမှာ စက်မောင်းဆရာအတွက် ရာသီဥတုဒဏ်မှကာကွယ်ပေးပြီး သက်သောင့်သက်သာအလုပ်လုပ်နိုင်စေမယ့် စက်မောင်းခန်း၊ စက်ကိုလွယ်ကူပိုင်နိုင်စွာထိန်းချုပ်စေခိုင်းနိုင်စေမယ့်စနစ်များပါရှိခြင်းက လုပ်ငန်းခွင်လုံခြုံမှုအတွက် ယုံကြည်စိတ်ချရမှုရှိစေပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုနည်းပါးပြီး ဆူညံသံထွက်ပေါ်မှုလည်း နည်းပါးတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမှုလည်းနည်းပါးပါတယ်ခင်ဗျာ..

Dynapac Asphalt paver များကို ကျွန်တော်များ Myanmar Kaido Road Construction Machinery Co.,Ltd. နဲ့ဆက်သွယ်ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုတာများအတွက်လည်း page messenger မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ.. 😇




တပေါင်းလသည် မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လမြောက်လဖြစ်ပြီး ဆောင်းတစ်ဝက် နွေတစ်ဝက်ဖြစ်၍၊ နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်း ဟု ...
13/03/2025

တပေါင်းလသည် မြန်မာပြက္ခဒိန်၏ ဆယ့်နှစ်လမြောက်လဖြစ်ပြီး ဆောင်းတစ်ဝက် နွေတစ်ဝက်ဖြစ်၍၊ နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်း ဟု လူတို့ ဆိုစမှတ်ပြုကြသည်။ ("သရမ်း" ဆိုသည်မှာ သာယာလှပခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းကို ဆိုလိုသည်။ )

တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ်သဖြင့် သစ်ပင်များရွက်ဟောင်းစွန့်၍ ရွက်သစ်လွန်ကာ အညွန့်အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ် လှပသာယာလှပေသည်။

ယခုကဲ့သို့ သာယာကြည်နူးညွတ်ပျောင်းဖွယ် ရာသီအခါသမယ၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော တပေါင်းလပြည့်နေ့တွင် ကိုယ်စိတ်နှစ်ပါး ချမ်းမြကြည်သာရှိကြပါစေကြောင်း Myanmar Kaido RCM Co.,Ltd. က ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Address

No. 242/243, Dipe Yinn Wun Htauk U Myae Street, Shwe Lin Ban Industrial Zone, Hlaing Thar Yar Tsp, Yangon Region, Myanmar

N/A

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 05:00
Wednesday 09:00 - 05:00
Thursday 09:00 - 05:00
Friday 09:00 - 05:00
Saturday 09:00 - 05:00

Telephone

+9595056003

Alerts

Be the first to know and let us send you an email when KAIDO Road Construction Machinery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KAIDO Road Construction Machinery:

  • Want your business to be the top-listed Home Improvement Business?

Share