Aye Yeik - Garden & Kitchen

Aye Yeik - Garden & Kitchen Gardening and cooking in passion.

04/01/2026

ငယ်ငယ်က ကိုယ်တွေ အဘွားချက်တဲ့ ငါးကြင်း အချဉ်ဆီပြန်ဟင်း အရသာလို ပြန်စားချင်တယ်
ဘယ်မှာစားစား ဘယ်လိုချက်ချက် အဲ့ အရသာကို မရသေးတာပါ
အမတို့ ညီမတို့ အန်တီတို့မှာ နည်းလမ်းကောင်းတွေ ရှိရင် comment မှာ မျှဝေပေးကြပါဦးရှင့်
#ငါးကြင်းဆီပြန် #ချက်ကြမယ်

30/11/2025

လယ်ငါးခူ ဘယ်လိုခွဲ ?

ဒီနေ့ ဘာချက်စားကြတုန်းလို့ 📣📣📣
27/04/2025

ဒီနေ့ ဘာချက်စားကြတုန်းလို့ 📣📣📣

မပျော်ရတဲ့ ရပ်ဝန်းမှာ ပျော်အောင်နေပါနော်ပျော်ရာမှာမနေရ တော်ရမှာနေရတဲ့ ဘဝကြီး မဟုတ်လား ဒီ ဆယ်ချက်လောက်ကို သေသေချာ အချိန်ပ...
23/08/2024

မပျော်ရတဲ့ ရပ်ဝန်းမှာ ပျော်အောင်နေပါနော်

ပျော်ရာမှာမနေရ တော်ရမှာနေရတဲ့ ဘဝကြီး မဟုတ်လား

ဒီ ဆယ်ချက်လောက်ကို သေသေချာ အချိန်ပေးလုပ်ကြည့်ပါလား
နေ့ရက်တိုင်း ရှင်သန်ရတာ အဓိပ္ပာယ်တော့ ပိုရှိလာမှာပါ

1. Gratitude

သေးငယ်တဲ့ အရာလေးကအစ ကျေးဇူးတင်ပါတဲ့ ကျေးဇူးတင်စိတ်နဲ့နေပါတဲ့
မနက် အိပ်ယာက နိုးတာနဲ့ အသက်ရှင်ရတာကျေးဇူးတင် အိပ်ဖို့နေရာ ရှိတာ စားစရာ ရှိတာတွေ ကျေးဇူးတင်ပေးပါ
ကိုယ့်အပေါ် ကျေးဇူးရှိဖူးသော သူများရဲ့ ကျေးဇူးတရားတွေ အမှတ်ရပါစေ
ကျေးဇူးတင်တယ် ကျေးဇူး ပြောဖို့ မမေ့ပါနဲ့ဦး

2. Connect with love ones

အခုပဲ ကိုယ့် မိသားစု သူငယ်ချင်းတွေကို online က ဆက်သွယ်တာမဟုတ်ဘဲ ဖုန်းခေါ်လိုက်ပါ လူချင်းတွေ့လိုက်ပါဦး

3. Nature

သဘာဝ တရားကြီးက လဲ ပျော်ရွှင် မှုတွေ ပေးနိုင်တယ်နော်
ပန်းခြံထဲ လမ်းလျှောက်ကြည့်ပါဦး နေဝင်တဲ့ အလှတရားကို ကြည့်ပါဦး
သွားရင်းလာရင်း သဘာဝအလှတရား ကို မမေ့မလျော့ ခံစားပါဦး

4. Music

စိတ်ပင်ပန်း လာရင် ကိုယ်ကြိုက်တဲ့ သီချင်းလေး နားထောင်ကြည့်ပါဦး

5. Acts of kindness

Do something kind for someone everyday!
သူများကို ကြင်နာ ကူညီလိုက်ရတာဟာ ကိုယ့်အတွက် ကိုယ် ဖြည့်ဆည်းလိုက်သလို ဖြစ်စေမှာပါ

6. Mindfulness and meditation

အချိန်တခု သတ်မှတ်ထားပြီး ၅ မိနစ်ဆို ၅ မိနစ် နာရီဝက်ဆို နာရီဝက် ကိုယိ့စိတ် က တနေရာထဲ တည်ငြိမ်နေအောင် ပစ္စပ္ပန်မှာပဲ နေကြည့်ပါ

7. Laughter

အားရပါးရ ရီချ ပြစ်လိုက်ပါ
ဟာသ video ကြည့်တာပဲဖြစ်ဖြစ် ဟာသဖတ်တာပဲဖြစ်ဖြစ် လုပ်မလား အရင်က ပျော်ရွှင်ခဲ့ရတဲ့ moment ကိုပဲ ပြန်သွားမလား

8. Self- Care

မိမိကိုယ်ကိုလဲ ချစ်ပါ

Self care ကလဲ အရေးကြီးပါတယ်နော်
Self care ဆိုတဲ့နေရာမှာ ကျမ်းမာ ဖို့ မျှတ ညီညွတ်စွာစားတာ
စိတ်ကျမ်းမာရေး ဂရုစိုက်တာ
ကိုယ်ဝါသနာပါတာလေးတွေ လုပ်တာလေးတွေပေါ့

9. Set Goals

နေ့စဉ် ဘဝမှာ Goal ရည်မှန်းချက်ရှိဖို့ကလဲ အရေးကြီးတယ်နော်
ဒါမှလဲ နေ့ရက်တိုင်းမှာ တက်ကြွနေစေပြီး ရှင်သန်ရတဲ့ ဘဝ အဓိပ္ပာယ်ရှိစေမှာပါ

10. Seek Professional help

ဘယ်လိုလုပ်လုပ် နေမပျော်တော့ဘူးဆိုရင်တော့ Professional နဲ့ ဆွေးနွေးပါ
အခုခေတ်မှာ စိတ်ပညာရှင်နဲ့ ဆွေးနွေးရတာ ရှက်စရာမဟုတ်တော့ပါဘူး
လူနေမကောင်းရင် ကုရသလို စိတ်နေမကောင်းရင်လဲ ဆွေးနွေးပါ အကြံဥာဏ်ယူပါ အဖြေရှာလိုက်ပါ
အားလုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာရှိကြပါစေ

ချစ်တဲ့
အေးရိပ်

Life Motivation

Admin တော့ ရုံးပြန်တက်နေရလို့ တချို့ ရက်တွေ ဘဲဥ ကြက်ဥနဲ့ ပဲ နှစ်ပါး သွားနေပါတယ်လွယ်ကူ သက်သာ အချိန်မြန် အရသာရှိတဲ့ ဘဲဥ ဖေ...
12/07/2024

Admin တော့ ရုံးပြန်တက်နေရလို့ တချို့ ရက်တွေ ဘဲဥ ကြက်ဥနဲ့ ပဲ နှစ်ပါး သွားနေပါတယ်
လွယ်ကူ သက်သာ အချိန်မြန် အရသာရှိတဲ့ ဘဲဥ ဖောက်ချက်ကို မိနစ် ၂၀ လောက် အချိန်ပေးရင်ကျက်ပြီ နော် စမ်းချကိကြည့်ပါဦး
ရုံးသွားရတဲ့ သူငယ်ချင်းတွေရော ရုံးထမင်းချိုင့် ဘာတွေ မြန်မြန်နဲ့ ချက်လို့ရလဲ comment မှာ ပြောပေးကြပါဦး 😊

Egg Curry

12/05/2024

မိုးလေးရွာတော့ ကပ်ကြေးကိုက်လေး ကြော်စားချင်မိသွားတယ် 😋

ဒီတစ်ပတ် Sunday မှာ ဟင်းလေးမျိုး အားပေးလို့ရပါမယ်ရှင်ဒီအပတ်ဟင်း လေးမျိုးပဲ ရောင်းပေးပါမယ်ရှင့်1)ကိုင်းခရမ်းသီးလေးနဲ့ချက်...
11/01/2024

ဒီတစ်ပတ် Sunday မှာ ဟင်းလေးမျိုး အားပေးလို့ရပါမယ်ရှင်

ဒီအပတ်ဟင်း လေးမျိုးပဲ ရောင်းပေးပါမယ်ရှင့်

1)ကိုင်းခရမ်းသီးလေးနဲ့ချက်ထားတဲ့ သက်သက်လွတ် နို့ခဲ ဟင်းလေးရယ်
2) ချဉ်ပေါင်ကြော်လေးရယ်
3) ငါးပေါင်း (ငါးကြင်း or ငါး သလောက်) လေးရယ် ရပါမယ်ရှင့် 😊
ငါးသလောက်ဆို ကဝကင်းပါ ငါးကြင်းဆို ငါးကြင်းဖြူ သုံးပါတယ်ရှင်
4. ရှာမှရှားတဲ့ ပုစွန်လက်မကို ပုစွန်ဆီလေးနဲ့ အရောလဲ ရပါမယ်ရှင်

ဟင်းအားလုံး fridge ထဲ ထည့်ထား မနက်နွှေးပြီး ရုံးယူသွားလို့ရလို့ မနက် ဟင်းထချက်ဖို့ စိတ်ပူဖို့ မလိုတော့ပါဘူး

အားပေးမယ် ဆို chat box or ☎️ ဖုန်း 0943123525 မှ ဆက်သွယ်အားပေးနိုင်ပါတယ်ရှင်

အားပေးကြတဲ့ အယောက်ဆီတိုင်း ကျေးဇူး အထူးတင်ပါတယ် ရှင့်

ဒီတစ်ပတ် Sunday အတွက် အားပေးကြမယ့် အစ်မတို့ ညီမတို့အတွက်ဒီတပတ်ဟင်း သုံးမျိုးပဲ ရောင်းပေးပါမယ်ရှင့်1)ကိုင်းခရမ်းသီးလေးနဲ့...
04/01/2024

ဒီတစ်ပတ် Sunday အတွက် အားပေးကြမယ့် အစ်မတို့ ညီမတို့အတွက်
ဒီတပတ်ဟင်း သုံးမျိုးပဲ ရောင်းပေးပါမယ်ရှင့်
1)ကိုင်းခရမ်းသီးလေးနဲ့ချက်ထားတဲ့ သက်သက်လွတ် နို့ခဲ ဟင်းလေးရယ်
2) ချဉ်ပေါင်ကြော်လေးရယ်
3) ငါးပေါင်း (ငါးကြင်း or ငါး သလောက်) လေးရယ် ရပါမယ်ရှင့် 😊
ငါးသလောက်ဆို ကဝကင်းပါ ငါးကြင်းဆို ငါးကြင်းဖြူ သုံးပါတယ်ရှင်

ဟင်းအားလုံး fridge ထဲ ထည့်ထား မနက်ရုံးယူသွားလို့ရလို့
မနက် ဟင်းထချက်ဖို့ မလိုတော့ဘူးပေါ့

အားပေးမယ် ဆို chat box လေးလာပေးပါနော်

အားပေးကြတဲ့ အယောက်ဆီတိုင်း ကျေးဇူး အထူးတင်ပါတယိရှင် 🙏

ဒီတစ်ပတ် Sunday ဟင်းပွဲ အရောင်းလေး ပိတ်ပါမယ်ရှင်နှစ်သစ်မှာ ဟင်းပွဲ အသစ်လေးတွေနဲ့ ပြန်လာခဲ့ပါမယ် 😍အားလုံးလဲ စိတ်ချမ်းသာ က...
29/12/2023

ဒီတစ်ပတ် Sunday ဟင်းပွဲ အရောင်းလေး ပိတ်ပါမယ်ရှင်
နှစ်သစ်မှာ ဟင်းပွဲ အသစ်လေးတွေနဲ့ ပြန်လာခဲ့ပါမယ် 😍
အားလုံးလဲ စိတ်ချမ်းသာ ကိုယ်ကျမ်းမာသော နှစ်သစ်လေးဖြစ်ပါစေရှင် 🙏

Order ပိတ်တော့မှာမို့ မှာမယ်ဆို CB လေး လာခဲ့ပေးပါနော်Thank you 🙏
23/12/2023

Order ပိတ်တော့မှာမို့ မှာမယ်ဆို CB လေး လာခဲ့ပေးပါနော်
Thank you 🙏

Address

Yangon

Alerts

Be the first to know and let us send you an email when Aye Yeik - Garden & Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category