14/02/2026
ကိုယ် ကိုယ်တိုင် ကလေ အမြဲ တွေးဖြစ်တယ် ….
ကိုယ့်ကလေးတွေ ကို မိခင်နို့ တိုက် လို့ရတာ တော်သေးတယ် နော် …..
နို့မှုန့် သာ တိုက်ရရင် တော်တော် အကုန်ကျ များ မှာ ဆိုပြီး တော့လေ ……
ဘာလို့လဲ ဆို တော့ မိခင် နို့က အလကား ရတာကိုး ……
အမှန် တော့အဲ့လိုတွေး ပြီးမှ ကျွန်မ ပြန်စဉ်း စား မိတယ် …..
အလကား ရတဲ့ နို့ရည် ဆိုတဲ့ နောက်ကွယ်မှာ …..
မိခင် တယောက်ရဲ့
- အိပ်ရေးပျက်တဲ့ ညပေါင်း များစွာ
- ကိုယ်ရဲ့ နို့ရည် ဟာ ဘေဘီ လေးတွက် စုံလင်တဲ့ အဟာရ ပေးနိုင်ပမလား ဆိုတဲ့ စိုးရိမ်မှု များစွာ
- ကိုယ့်ရဲ့ ခန္ဓာကိုယ် က ဘေဘီလေးတွက် လုံလောက် တဲ့ နို့ရည် ထွက် ပမလား ဆိုတဲ့ ပူပန်မှုများစွာ
- နို့တိုက်ချိန် ဘေဘီလေး နိုးမှာစိုး လို့ မလှုပ်ပဲ ငြိမ်ငြိမ်လေး နေရတဲ့ နာရီပေါင်း များ စွာ
- နို့သီးခေါင်း ကွဲချိန် တောင် သည်းခံ ရတဲ့ နာကျင်မှုများ စွာ
- နို့တိုက်ဖို့ တွက် ပေးရတဲ့ မိခင် တယောက် ရဲ့ အချိန် နာရီပေါင်း များစွာ
စတဲ့ မိခင်တယောက် ရဲ့ပေးဆပ်မှု တွေ အများ ကြီး ရှိနေခဲ့ တယ် ဆိုတာလေး တွေးမိတယ် ❤️
အမှန်တကယ် တော့ မိခင် နို့ရည် ဟာ အလကား ရပေမယ့် တန်ဖိုးမဲ့ အရာ မဟုတ်ဘဲ မိခင်တယောက် ရဲ့ ပေးဆပ်မှု များစွာ ကနေ ဘေဘီလေးတွက် အခမဲ့ ရလာတဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ချစ်ခြင်းရဲ့ ပြရုပ် တခု ပါပဲ ❤️❤️