Yummy Boop

Yummy Boop မိမိအိမ်မှာတင် ဆိုင်မှာစားရသလို အရသာရှိတဲ့ ဟင်းလျာတွေကို အလွယ်တကူချက်ပြုတ်နိုင် ဖို့ ဝေမျှပေးပါရစေ။

07/11/2026

ဒီနေ့တော့ ထမင်းပိုစားလိူ့ကောင်းစေမယ့် ဝက်သားနူးနူးအိအိလေးနဲ့ ဝက်သားမျှစ်ချဉ် ချက်စားပါမယ်။ 🍴🍽️

ခါတိုင်းဆိုရင် သုံးထပ်သားက အရမ်းအီတာမလိူ့ မျှစ်ချဉ်လေးနဲ့ရော ချက်ထားပါတယ်။
#ဝက်သားမျှစ်ချဉ်

29/10/2026

စားလို့ကောင်းပြီး ဝိတ်လည်းမတက်စေမယ့် Low Calorie Korean Spicy Chicken Wings 🍗🔥

ကြက်သားကို ရိုးရိုးပြုတ် လိုက် သုပ်လိုက် စားရတာ ရိုးနေပြီဆိုရင် ဒါမျိုးပုံစံလေး တစ်ခါတစ်ရံ လုပ်စားကြည့်ပါနော်

23/10/2026

ဘာလိုလိုနဲ့ ပုစွန်ခြောက်ငံပြာရည်ကြော်ကို ကိုယ်တိုင်ကြော်စားတတ်တဲ့အရွယ်ရောက်လာပြီပဲ🤣

ငယ်ငယ်က ဆို အိမ်က ခရီးသွား road tripထွက်တဲ့ခါမျိုး သင်္ကြန်လို ပိတ်ရက်ရှည် တဲ့အခါမျိုးဆို ကြော်စားဖြစ်တာလေး သတိရလို့ ပုစွန်ခြောက် ဘာလခြောက်ကြော်လေး ကြော်စားဖြစ်ပါတယ်ရှင့်။🥰
ကြော်ပုံကြော်နည်းက တအိမ်နဲ့ တအိမ်မတူကြလို့ ဘယ်လိုကြော်နည်းလေးနဲ့ကြော်ထားလဲဆိုတာ ကြည့်ပေးကြပါဦးနော်

15/10/2026

နံရိုး ကြိုက်တဲ့သူတွေအတွက် ပုံမှန် ချက်စားကြော်စားတာ ရိုးလာပြီဆိုရင် ဒီလိုမျိုး ကြံမဆိုင်လေးနဲ့ ချက်စားကြည့်ပါဦး။
ချဉ်ပြုံးပြုံးအရသာလေးနဲ့ ရှယ်ထမင်းစားလို့ဝင်မှာပဲရယ်။
#နံရိုး

12/10/2026

ဆိုင်မှာ ဈေးကြီးပေးဝယ်စားရတဲ့ မာလာထန် ကို အိမ်မှာ အလွယ်လေးနဲ့လုပ်စားကြမယ်နော်။🥘🍲

မာလာထန် အရည်စပ်နည်းလေးလည်း သေချာလေးပြောပြထားတာမို့ အဆုံးထိ ကြည့်ပေးပါဦးနော်။

07/10/2026

Ready-made အနှစ်တစ်ခုမှ သုံးစရာမလိုဘဲ Hainanese (စင်္ကာပူstyle ကြက်ဆီထမင်း) ကို အိမ်မှာ လွယ်လွယ်လေးလုပ်စားကြမယ်။💕

Hainanese Chicken Rice (ဟိုင်နန် ကြက်ဆီထမင်း) ဆိုတာ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်း (Hainan Island) က စတင်ဆင်းသက်လာပြီး စင်္ကာပူ၊ မလေးရှားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အလွန်လူကြိုက်များတဲ့ နာမည်ကြီး တရုတ်ရိုးရာ အစားအစာတစ်ခု ဖြစ်ပါတယ်။

ဟိုင်နန် ကြက်ဆီထမင်း (Hainanese Chicken Rice) နဲ့ စင်ကာပူ ကြက်ဆီထမင်း ဆိုတာ တကယ်တော့ အခြေခံအားဖြင့် အတူတူပဲ ဖြစ်ပါတယ်။

04/10/2026

ဒီနေ့တော့ Diet Cheat Day မှာ အုန်းနို့ခေါက်ဆွဲ ပူပူလေးကို သွေးမတိုးအောင် ချက်စားကြမယ် 🥣✨
မိုးအေးအေးလေးနဲ့ဆိုတော့ အတော်ပဲရှင်။

ကြက်သား၊ ကြက်ရိုး၊ ဘဲဥ၊ ပဲသွေး toppingစုံစုံလင်လင်လေးနဲ့ ချက်တာမို့ မွှေးနေတာပဲ 😍
#အုန်းနို့ခေါက်ဆွဲ

24/09/2026

မစားရတာ ကြာပြီဖြစ်တဲ့ မြိတ်ကတ်ကြေးကိုက် ကောင်းကောင်းလေး ကြော်စားကြမယ်။

မြိတ်အရသာ Authentic စစ်စစ်ရဖို့ အတွက်ဒီနည်းလေးအတိုင်း ကြော်စားကြည့်နော်။
#မြိတ်ကတ်ကြေးကိုက် #ကတ်ကြေးကိုက်

20/09/2026

ဒီနေ့တော့ ဝိတ်မတတ်စေတဲ့ ဆန်ပြားလိပ်ပေါင်း လုပ်စားကြမယ်။

ညစာကို ပေါ့ပေါ့ပါးပါးစားချင်သူတွေက ဒီဆန်ပြားလိပ်လေးကို clean foodအနေနဲ့စားလိူ့ရပါတယ်နော်။

#ဆန်ပြားလိပ်

14/09/2026

တရုတ်ဆိုင်တွေမှာ စားရသလို အနံ့ရော၊ အရသာရော ပြည့်စုံတဲ့ Sichuan Mala Pork (စီချွမ်း မာလာ ဝက်သားကြော်) လေးပါရှင် 🌶️🔥

အစပ်ကြိုက်သူများအနေနဲ့ Save ထားနော်! မနက်ဖြန် ဘာဟင်းချက်ရမလဲ စဉ်းစားမရရင် ဒီ မာလာဝက်သားကြော်လေး ချက်စားကြည့်ဖို့ recommend လုပ်ပါတယ်နော်😍🌶️


⁠ ⁠

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Yummy Boop โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์