Harvest Diary အိမ်ဥယျာဉ်လေးတခုရဲ့ ဒိုင်ယာရီ 🧑‍🌾🏡👩‍🌾
စိုက်မယ်၊ ချက်မယ်၊ အနားယူမယ်

09/04/2026

နွေပူပူမှာ အေးချမ်းနေတဲ့ Cookie မ ❤️

ဆောင်းတုန်းက စိုက်ခဲ့တဲ့ Curly Kale လေး တော်တော်ကြီးလာပြီ 🌱🌿သူ့ရဲ့အရွက် အတွန့်တွန့်လေးတွေက ကြည့်လို့ကောင်းနေလို့ ခူးပြီး...
31/03/2026

ဆောင်းတုန်းက စိုက်ခဲ့တဲ့ Curly Kale လေး တော်တော်ကြီးလာပြီ 🌱🌿

သူ့ရဲ့အရွက် အတွန့်တွန့်လေးတွေက ကြည့်လို့ကောင်းနေလို့ ခူးပြီး စားဖို့တောင် နှမြောနေမိတယ် 😂

ဒီလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ “Superfood” ပင်တွေကို အိမ်မှာ ကိုယ်တိုင်စိုက်စားကြည့်ဖို့ အကြံပေးပါတယ်နော် 🥰

ဒီနေ့ ခူးဖြစ်တဲ့ ခရမ်းချဉ်သီးတွေ 🍅🍒 ချယ်ရီခရမ်းချဉ်သီးတွေက အများကြီးပဲမို့ အိမ်နီးချင်းတွေကို လက်ဆောင်ပေးလို့ရပြီ 🥰     ...
30/03/2026

ဒီနေ့ ခူးဖြစ်တဲ့ ခရမ်းချဉ်သီးတွေ 🍅🍒

ချယ်ရီခရမ်းချဉ်သီးတွေက အများကြီးပဲမို့ အိမ်နီးချင်းတွေကို လက်ဆောင်ပေးလို့ရပြီ 🥰

#ချယ်ရီခရမ်းချဉ် #ခရမ်းချဉ်သီးတွေခူးမယ်

အုတ်ကြားပန်းပင်ပေါက် 🧱🌱🌸အဲ့ဒန်းပန်းတွေက အစေ့ကျရာ နေရာတိုင်း ပေါင်းမြက်တွေလိုပဲ လိုက်ပေါက်နေတော့တာပဲ 🥹 ဒီလောက် ပူခြစ်နေတဲ...
27/03/2026

အုတ်ကြားပန်းပင်ပေါက် 🧱🌱🌸

အဲ့ဒန်းပန်းတွေက အစေ့ကျရာ နေရာတိုင်း ပေါင်းမြက်တွေလိုပဲ လိုက်ပေါက်နေတော့တာပဲ 🥹
ဒီလောက် ပူခြစ်နေတဲ့ နွေရာသီမှာ သူပဲ အံ့တုနိုင်တယ်… လောကဓံကို ခံနိုင်ရည် ရှိပုံများ အတုယူစရာ 😂

#ဒန်းပန်း #နွေရာသီ

25/03/2026

စက္ကူပန်းလေးတွေက နေပူဒဏ် ရေငတ်ဒဏ်ခံနိုင်လို့ ပူတဲ့နေရာဒေသတွေမှာ စိုက်လို့အဆင်ပြေပါတယ်၊ ဒီ video ကတော့ ထက်စိုက်ထားတဲ့ စက္ကူပန်းပင်လေးတွေ အကြောင်းပါ

#စက္ကူပန်းစိုက်နည်း #နွေရာသီ

18/03/2026

အိမ်မှာစိုက်ထားတဲ့ ကိုင်းခရမ်းချဉ်လေးတွေကို ခူးပြီး ပန်ထွေဖျော်လုပ်စားတဲ့ ဒိုင်ယာရီလေးဖြစ်ပါတယ်၊ ကိုယ်တိုင်စိုက် ကိုယ်တိုင်ခူးပြီးကိုယ်တိုင်ချက်စားရတဲ့ ပီတိနဲ့ပျော်ရွှင်မှုကို ခံစားနိုင်ဖို့ အိမ်မှာတစ်နိုင်တစ်ပိုင် သီးပင်စားပင်လေးတွေ စိုက်ဖို့လည်းတိုက်တွန်းပါတယ်ရှင့်

#ခရမ်းချဉ်သီးပန်ထွေဖျော် #ကိုင်းခရမ်းချဉ်

ပြွတ်နေအောင် သီးတဲ့ ချယ်ရီခရမ်းချဉ်သီးတွေကို ခူးပါပြီ 🍒🍅နီရဲနေအောင် မှည့်သွားတာမို့ တော်တော်ကို ချိုပါတယ်… ခရမ်းချဉ်သီး ...
17/03/2026

ပြွတ်နေအောင် သီးတဲ့ ချယ်ရီခရမ်းချဉ်သီးတွေကို ခူးပါပြီ 🍒🍅

နီရဲနေအောင် မှည့်သွားတာမို့ တော်တော်ကို ချိုပါတယ်… ခရမ်းချဉ်သီး စားနေရတယ်လို့ကို မခံစားရ…
စပျစ်သီးစားသလို ဒီတိုင်း ထိုင်စားနေတာ 🍇 😂
အချွန်အနီလုံးထက် အဝိုင်းက ပိုချိုပြီး စားကောင်းနေတယ် 🍒

တထိုင်တည်းစားတာ ကုန်သွားလို့ ကျန်တာတွေ မြန်မြန် မှည့်စေချင်နေပါပြီ 🥹

#ချယ်ရီခရမ်းချဉ် #ခရမ်းချဉ်သီးခူးမယ်

မနက်ခင်းလေးမှာ အပင်လေးတွေကို ရေလောင်းပေးတာက တနေ့တာလုံးအတွက် စိတ်အေးချမ်းမှုနဲ့ ပျော်ရွှင်မှုကို ပေးပါတယ် 🌿🎍🚿“The smalles...
16/03/2026

မနက်ခင်းလေးမှာ အပင်လေးတွေကို ရေလောင်းပေးတာက တနေ့တာလုံးအတွက် စိတ်အေးချမ်းမှုနဲ့ ပျော်ရွှင်မှုကို ပေးပါတယ် 🌿🎍🚿
“The smallest moments bring the biggest Joy”🥰


12/03/2026

ပိုးစားပင်အသီးသီးအောင် လက်တွေ့လုပ်ပြထားပါတယ်၊ ပိုးစာပင်မှာ အဖိုပင်လည်းရှိတော့ အဖိုပင်ဆိုရင်တော့ အသီးသီးမှာမဟုတ်ပါဘူးရှင့်၊ အသီးမသီးပေမယ့် အရွက်တော့စားလို့ရပါတယ်

#ပိုးစာပင်အသီးသီးအောင်လုပ်နည်း #ပိုးစာသီး

နေကြာပန်းလေးတွေကို ခြံရှေ့ဝင်ပေါက်နားမှာ စိုက်ထားတော့ အိမ်ရှေ့အဝင်လေးက လှပနေရောပဲ 🌻🌞သူ့ရဲ့ အဝါရောင်တောက်တောက်လေးက “ပျော်...
09/03/2026

နေကြာပန်းလေးတွေကို ခြံရှေ့ဝင်ပေါက်နားမှာ စိုက်ထားတော့ အိမ်ရှေ့အဝင်လေးက လှပနေရောပဲ 🌻🌞

သူ့ရဲ့ အဝါရောင်တောက်တောက်လေးက “ပျော်ရွှင်မှုနဲ့ Positive Energy” ပေးတာတော့ အမှန်အကန်ပဲ 🥰✨

“Let your soul bloom like a Sunflower 🌻 “

#နေကြာပန်း

06/03/2026

☀️နွေရာသီရောက်ပြီဆိုတော့ ပူနွေးတဲ့ ရာသီကြိုက်သီးနှံဖြစ်တဲ့ ရုံးပတီသီး စိုက်ပါမယ်🌱

ရုံးပတီသီးစိုက်ဖို့ဆို သင့်တင့် ကောင်းမွန်တဲ့ မြေဆို စိုက်လို့ရပါပြီ။
ဖွယ်တဲ့မြေဆို ပိုကောင်းပါတယ်၊ ရေမဝပ်စေဖို့တော့ ဂရုစိုက်ပေးပါ💦

ရုံးပတီသီးကို ပုံမှန်စားသုံးပေးမယ်ဆိုရင်
အရိုးအဆစ်သန်မာတာ၊ နှလုံးအားကောင်းတာတွေ ဖြစ်စေပါတယ်၊
ဆေးဘက်ဝင်ပြီး ကျန်းမာရေးအတွက် အကျိုးရှိတာမို့ အိမ်တိုင်း စိုက်ထားသင့်တယ်နော် ✨

#ရုံးပတီသီးစိုက်နည်း #ရုံးပတီ

ကိုယ်တိုင်စိုက်ထားတဲ့ ငှက်ပျောလေး သီးနေပြီ🍌အပင်ကစိုက်ထားတာအတော်ကြာပြီ၊ ဘယ်တော့သီးမလဲဆိုပြီး စောင့်နေရတာ၊ သီးချင်တော့လည်း...
05/03/2026

ကိုယ်တိုင်စိုက်ထားတဲ့ ငှက်ပျောလေး သီးနေပြီ🍌အပင်ကစိုက်ထားတာအတော်ကြာပြီ၊ ဘယ်တော့သီးမလဲဆိုပြီး စောင့်နေရတာ၊ သီးချင်တော့လည်း ဘယ်ချိန်ဘယ်လို ခိုးသီးသွားလဲမသိ အတော်ကြီးမှ သတိထားမိ၊ ဘာငှက်ပျောမျိုးမှန်းလဲမသိဘူး၊ ဒီခြံကိုပြောင်းစက အပင်နဲ့တူတာဆိုလို့ တစ်ခုတည်းသောပါတဲ့ ငှက်ပျောအုံက အပင်တွေကိုခွဲစိုက်ထားတာ၊ စိုက်ရကျိုးတော့ နပ်ချေပြီ💛💛💛

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Harvest Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท