Lynn - The Candle Therapy

Lynn - The Candle Therapy Whether you need a moment of peace, a boost of clarity, or a comforting atmosphere, Lynn’s candles are crafted to support your inner well-being.

"Lynn" The Candle Therapy

We offer therapeutic scented candles to heal our souls and as gifts for loved ones to express the affection. We hope that individuals would improve mentally and spiritually in order to lynn this cruel world together.

Lynn - The Candle Therapy x SpringZey Marketplace 🌿✨စိတ်နဲ့ ခန္ဓာကို အေးချမ်းစွာ ကုစားပေးမယ့် Lynn - The Candle Therapy ...
22/06/2026

Lynn - The Candle Therapy x SpringZey Marketplace 🌿✨

စိတ်နဲ့ ခန္ဓာကို အေးချမ်းစွာ ကုစားပေးမယ့် Lynn - The Candle Therapy ရဲ့ Aromatherapy Scented Candle လေးတွေကို အခုဆိုရင် SpringZey Marketplace မှာ လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေဖို့နဲ့ အေးချမ်းတဲ့ပတ်ဝန်းကျင်လေးကို ကူးပြောင်းနိုင်ဖို့ Lynn က အမြဲအသင့်ရှိနေမှာပါ။

အပြင်လောကရဲ့ ဆူညံသံတွေကို ခဏလောက်မေ့ထားပြီး စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းရနံ့တွေကို ခံစားချင်တယ်ဆိုရင်တော့ အခုပဲ SpringZey Marketplace မှာ Lynn - The Candle Therapy ကို အောက်ပါ Link ကနေတဆင့် ရှာဖွေနိုင်ပါတယ်နော်။

🛒 Shop Now at SpringZey: https://www.springzey.com/storefront/6aae5829-dee9-4f97-af86-ec93f69c95dd

20/06/2026

Lynn - The Candle Therapy ရဲ့ (၆) လတာ ကာလအတွင်း လူမှုအကျိုးပြုလုပ်ဆောင်မှုများကို တင်ပြခြင်း ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်နိုင်အောင် ဝယ်ယူအားပေးကြတဲ့ Lynn - The Candle Therapy ရဲ့ Customer တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာကနေပြောပြချင်ပါတယ်။

မီးလျှံတစ်ခုရဲ့ နောက်ကွယ်မှာ ဘာတွေရှိမလဲ? ✨🕯️နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြားမှာ စိတ်အပန်းဖြေဖို့ ဖယောင်းတိုင်လေး...
18/06/2026

မီးလျှံတစ်ခုရဲ့ နောက်ကွယ်မှာ ဘာတွေရှိမလဲ? ✨🕯️

နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြားမှာ စိတ်အပန်းဖြေဖို့ ဖယောင်းတိုင်လေးတစ်တိုင် ထွန်းညှိလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ မီးလျှံလေးဟာ သင့်အတွက် ဘယ်လောက်အထိ ဘေးကင်းပါသလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးဖူးပါသလား?

ဈေးကွက်ထဲမှာရှိတဲ့ သာမန်ဓာတုဖယောင်းတိုင်တွေဟာ လောင်ကျွမ်းတဲ့အခါ အဆုတ်ကို ထိခိုက်စေနိုင်တဲ့အပြင် အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးငွေ့တွေကိုပါ ထွက်ရှိစေတတ်ပါတယ်။ Lynn - The Candle Therapy ကတော့ သုံးစွဲသူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို အလေးထားတာကြောင့် "Clean-burning Flame" စံနှုန်းကို အထူးဂရုပြုပါတယ်။

သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ ပဲပုပ်ဖယောင်းစစ်စစ်ကိုသာ အသုံးပြုထားပြီး စိုက်ပျိုးရေးထွက်ကုန် စစ်စစ်ဖြစ်လို့ မီးခိုးထွက်နည်းပြီး အဆိပ်အတောက်ကင်းစွာ သန့်စင်စွာ လောင်ကျွမ်းပါတယ်။ သဘာဝစစ်စစ် သစ်သားမီးစာကိုသာ အသုံးပြုထားလို့ မီးခိုးမထွက်ဘဲ ကြည်လင်တဲ့ မီးလျှံကို ရရှိစေပါတယ်။ ဓာတုရေမွှေးတွေအစား စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ ဆေးဘက်ဝင် အမွှေးဆီတွေကိုသာ အချိုးကျ ပေါင်းစပ်ထားတာကြောင့် ရှူရှိုက်လိုက်တိုင်းမှာ ဘေးဥပါဒ်ကင်းတဲ့ ကုထုံးအတွေ့အကြုံကို ရရှိစေမှာပါ။

စစ်မှန်တဲ့ စိတ်အနားယူခြင်းဆိုတာ ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ့်အနားမှာရှိတဲ့ အချစ်တော် တိလေးတွေရဲ့ ကျန်းမာရေးနဲ့ ကမ္ဘာမြေကြီးအတွက်ပါ ဘေးကင်းနေဖို့ လိုအပ်ပါတယ်။ Lynn - The Candle Therapy ရဲ့ သဘာဝစစ်စစ် ဖယောင်းဘူးလေးတွေနဲ့အတူ စိတ်ချလက်ချ အနားယူလိုက်ပါ။ 🌿🐾

16/06/2026

ဖန်တီးနိုင်ဖို့ဆိုတာ စိတ်ရောကိုယ်ပါ လန်းဆန်းပြီးကြည်လင်နေဖို့ လိုအပ်ပါတယ်။ စိတ်တွေရှုပ်ထွေးနေရင် ဘယ်လိုမှ Creative မဖြစ်နိုင်ပါဘူးနော်။ စိတ်ရွှင်လန်းပြီး တည်ငြိမ်စွာ ဖန်တီးနိုင်ဖို့ အကူအညီလိုနေရင် Lynn - The Candle Therapy ရဲ့ Ground & Glow ရှိပါတယ်။

ချစ်စရာ တိလေးတွေရဲ့ ခြေဖဝါးနုနုလေးတွေနဲ့ စိတ်ဝိဉာဉ်အတွက် ဘေးကင်းတဲ့ Lavender ကုထုံး 🌿🐾အပြင်လောကရဲ့ ရုန်းကန်လှုပ်ရှားမှုတ...
15/06/2026

ချစ်စရာ တိလေးတွေရဲ့ ခြေဖဝါးနုနုလေးတွေနဲ့ စိတ်ဝိဉာဉ်အတွက် ဘေးကင်းတဲ့ Lavender ကုထုံး 🌿🐾

အပြင်လောကရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ ဆူညံသံတွေကြားကနေ အိမ်ကိုပြန်ရောက်လာတဲ့အခါ မိမိရဲ့ အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးတစ်တိုင် ထွန်းညှိပြီး စိတ်အပန်းဖြေရတာ ဘယ်လောက်တောင် အရသာရှိလဲနော်။ မိမိကိုယ်တိုင် စိတ်အပန်းပြေဖို့ ရှူရှိုက်လိုက်တဲ့ ရနံ့တိုင်းဟာ မိမိအတွက်သာမက ကိုယ့်အနားမှာရှိနေတဲ့ တိလေးတွေရဲ့ အာရုံခံစားမှုနဲ့ ခန္ဓာကိုယ်အတွက်ပါ လုံးဝဘေးဥပါဒ်ကင်းစင်ဖို့က အရမ်းကို အရေးကြီးပါတယ်။

Lynn - The Candle Therapy ရဲ့ Signature ဖြစ်တဲ့ Lavender Collection ဟာ သာမန်ရနံ့တစ်ခုတင်မကဘဲ စိတ်ဖိစီးမှုဟော်မုန်း Cortisol ကို လျှော့ချပေးပြီး စိုးရိမ်ပူပန်မှုတွေနဲ့ အတွေးလွန်တာတွေကို ငြိမ်းအေးစေတဲ့အပြင် ခန္ဓာကိုယ်ကို Fight-or-Flight ဆိုတဲ့ စိုးရိမ်တုန်လှုပ်ခြင်း အခြေအနေကနေ Rest-and-Digest အေးချမ်းစွာအနားယူခြင်း အခြေအနေဆီကို ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ် ။

စစ်မှန်တဲ့ စိတ်ငြိမ်းချမ်းမှုနဲ့ ကုထုံးဆိုတာ တခြားသက်ရှိတွေရဲ့ နာကျင်မှုအပေါ်မှာ အခြေမခံသင့်ပါဘူး ။ စျေးကွက်ထဲက သာမန် ဓါတုဖယောင်းတွေဟာ တိလေးတွေရဲ့ အသက်ရှူလမ်းကြောင်းနဲ့ အထိခိုက်မခံတဲ့ အာရုံခံစနစ်တွေကို အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။

မိမိရဲ့ အေးချမ်းသာယာတဲ့ Self-care Moment လေးဟာ ကမ္ဘာမြေနဲ့ မိမိရဲ့အချစ်တော် တိလေးတွေအပေါ် ကြင်နာသနားတတ်တဲ့ စံနှုန်းတွေနဲ့ ပြည့်စုံနေတယ်ဆိုတာကို တွေးပြီး စိတ်ချလက်ချ အပန်းဖြေလိုက်ပါနော်။ 🌿🐰ဒါဟာ White Conscience ဖြစ်တဲ့အတွက် စိတ်ရောကိုယ်ပါ ပိုမို ကုစားရာ ရောက်ပါတယ်ရှင် ။

အပြင်ကဆူညံသံတွေကို ခဏလောက် မေ့ထားပြီး သင့်ရဲ့ အချစ်တော် တိလေးတွေနဲ့အတူ ဘေးကင်းစိတ်ချရတဲ့ Lynn - The Candle Therapy ရဲ့ Lavender ရနံ့ကုထုံးလေးနဲ့အတူ စိတ်အပန်းဖြေဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဖုန်းနိုတီတွေ တစီစီတက်နေပြီး လုပ်ငန်းခွင် Deadline တွေကြား ရုန်းကန်နေရတဲ့အပြင် ဒစ်ဂျစ်တယ်ဆူညံသံတွေ ပတ်လည်ဝိုင်းနေတဲ့ ယနေ...
11/06/2026

ဖုန်းနိုတီတွေ တစီစီတက်နေပြီး လုပ်ငန်းခွင် Deadline တွေကြား ရုန်းကန်နေရတဲ့အပြင် ဒစ်ဂျစ်တယ်ဆူညံသံတွေ ပတ်လည်ဝိုင်းနေတဲ့ ယနေ့ခေတ်ကာလမှာ အလုပ်တစ်ခုပေါ် စိတ်ရောကိုယ်ပါ အပြည့်အဝနှစ်မြှုပ်ပြီး "Deep Work" လုပ်နိုင်ဖို့ဆိုတာ တကယ့်ကို ခဲယဉ်းလှပါတယ်။ စိတ်ပင်ပန်းလာရင် ကော်ဖီတစ်ခွက်ပြီးတစ်ခွက် သောက်တတ်ကြပေမယ့် နောက်ဆက်တွဲအနေနဲ့ ရင်တုန်တာ၊ ဂဏာမငြိမ်ဖြစ်တာတွေကိုပဲ ခံစားရလေ့ရှိပါတယ်။

Lynn - The Candle Therapy အနေနဲ့ Productivity တက်လာဖို့အတွက် စာကျက်တဲ့အခါ၊ အလုပ်လုပ်တဲ့အခါမှာ စိတ်တွင်းတည်ငြိမ်မှုကို ဦးနှောက်မပင်ပန်းဘဲ အာရုံစူးစိုက်မှု အပြည့်ရစေဖို့နဲ့ စိတ်ကြည်လင်လန်းဆန်းမှုကို ကူညီပေးနိုင်မယ့် သဘာဝရနံ့ကုထုံးဖယောင်း Luminata ကို အထူးဖန်တီးထုတ်လုပ်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

စိတ်ရှုပ်ထွေးမှုတွေကြောင့် သင့်ရဲ့ အရည်အချင်းတွေကို အဟန့်အတား မဖြစ်ပါစေနဲ့။ ယနေ့ပဲ Luminata ကို ထွန်းညှိပြီး ရှုပ်ထွေးမှုတွေကို ဖယ်ရှားကာ သင့်ရဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံးအခြေအနေကို ရယူလိုက်ပါ။ အသေးစိတ်ကိုတော့ Lynn - The Candle Therapy Page Box မှာ အခုပဲ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။ 🕯️✨

အလုပ်နဲ့ အိမ်က တစ်နေရာတည်း ဖြစ်နေတဲ့အခါ ဒါမှမဟုတ် အလုပ်ကိစ္စတွေကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေတဲ့အခါ ဉီးနှောက်က Work Mode ...
08/06/2026

အလုပ်နဲ့ အိမ်က တစ်နေရာတည်း ဖြစ်နေတဲ့အခါ ဒါမှမဟုတ် အလုပ်ကိစ္စတွေကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေတဲ့အခါ ဉီးနှောက်က Work Mode ထဲကနေ ရုန်းမထွက်နိုင်ဘဲ စိတ်ဖိစီးမှုတွေ၊ အတွေးလွန်တာတွေ ဆက်ရှိနေတတ်ပါတယ် ။ ဒါကြောင့် အလုပ်ပြီးတာနဲ့ စိုးရိမ်ပူပန်မှုတွေပြည့်နေတဲ့ စိတ်အခြေအနေကနေ အေးချမ်းဆိတ်ငြိမ်တဲ့ Home Mode ကို ကူးပြောင်းနိုင်ဖို့အတွက် မိနစ်ပိုင်းလောက်ပဲ အချိန်ပေးရမယ့် Ritual အလေ့အထလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ။

Laptop ကို ပိတ်လိုက်ပါ။ အလုပ်ပြီးတာနဲ့ ဖုန်းနဲ့ Laptop တွေကို မြင်ကွင်းထဲကနေ ဖယ်ရှားလိုက်ပါ။ စားပွဲပေါ်က အလုပ်ပစ္စည်းတွေကို သိမ်းဆည်းခြင်းကပဲ သင့်စိတ်ကို အလုပ်ပြီးဆုံးပြီဖြစ်ကြောင်း ပထမဆုံးအချက်ပြလိုက်တာ ဖြစ်ပါတယ်။

Lynn - The Candle Therapy မှ မိမိနှစ်သက်ရာ ဖယောင်းဘူးကို ထွန်းညှိပါ။ ထွက်ပေါ်လာတဲ့ သင်းပျံ့တဲ့ရနံ့က သင့်ရဲ့အာရုံခံစားမှုတွေကို လှုံ့ဆော်ပေးပြီး စိတ်ထဲက အလုပ်သောကတွေကို အလိုအလျောက် ငြိမ်းအေးသွားစေပါတယ်။

အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်ပါ။ ဖယောင်းကထွက်တဲ့ ကုထုံးရနံ့ကို အာရုံစိုက်ပြီး အသက်ကို ခပ်ဖြည်းဖြည်း မှန်မှန်ရှူသွင်း၊ ရှူထုတ်ပါ။ သင့်အိမ်ရဲ့ ဧည့်ခန်း ဒါမှမဟုတ် အိပ်ခန်းလေနဲ့ အေးချမ်းဆုံး နေရာတစ်ခုဖြစ်သွားတာကို ခံစားကြည့်ပါ။

အလုပ်ပြီးတဲ့အချိန်မှာ ရနံ့ကုထုံးကို အသုံးပြုပေးခြင်းက စိတ်ထဲက စိုးရိမ်ပူပန်မှုတွေကို တိတ်ဆိတ်သွားစေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ် ။ Lynn - The Candle Therapy ရဲ့ သဘာဝစစ်စစ် ဖယောင်းတိုင်လေးတွေဟာ သင့်ရဲ့ ညနေခင်းအနားယူချိန်တွေကို ပိုမိုပြည့်စုံစေပြီး အလုပ်ခွင်က ပင်ပန်းနွမ်းနယ်မှုတွေကို အမြန်ဆုံး ဖြေဖျောက်ပေးနိုင်မှာပါ။

ဒီနေ့ညနေ အလုပ်ပြီးတဲ့အခါ သင့်ရဲ့ကိုယ်ပိုင် ၅ မိနစ် Transition Ritual လေးကို စမ်းသပ်ကြည့်ဖို့ မမေ့နဲ့နော်။ 🤍

စစ်မှန်တဲ့ စိတ်အပန်းပြေမှုနောက်ကွယ်က Lynn ရဲ့ အလေးအနက်ဆုံး ကတိကဝတ်နဲ့ စံနှုန်းများ 🌿✨နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ...
04/06/2026

စစ်မှန်တဲ့ စိတ်အပန်းပြေမှုနောက်ကွယ်က Lynn ရဲ့ အလေးအနက်ဆုံး ကတိကဝတ်နဲ့ စံနှုန်းများ 🌿✨

နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်လာတဲ့အခါ မိမိအခန်းလေးထဲမှာ ဖယောင်းတိုင်လေးတစ်တိုင် ထွန်းညှိပြီး အနားယူလေ့ရှိကြတယ်မလား? အဲ့ဒီလို အနားယူတဲ့အချိန်မှာ ရှူရှိုက်လိုက်တဲ့ ရနံ့တိုင်းဟာ စိတ်ကို ကုစားပေးရုံတင်မကဘဲ ခန္ဓာကိုယ်၊ တိရစ္ဆာန်လေးတွေနဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးအတွက်ပါ လုံးဝဘေးဥပါဒ်ကင်းစင်ဖို့က အရမ်းအရေးကြီးပါတယ်။

စိတ်ရောကိုယ်ပါ ကုစားပေးမယ့် Therapeutic Aromatherapy Standards 🧠✨

Lynn - The Candle Therapy ရဲ့ ဖယောင်းတိုင်တွေဟာ ရနံ့မွှေးပျံ့စေရုံသက်သက် ဖန်တီးထားတာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးဖို့၊ အိပ်ပျော်ရလွယ်ကူစေဖို့နဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးဖို့အတွက် Therapeutic Grade အရည်အသွေးမြင့် ရနံ့တွေကိုသာ အချိုးကျစနစ်တကျ ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ မီးညှိလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ ရနံ့မော်လီကျူးတွေက ဦးနှောက်ရဲ့ အနံ့ခံအာရုံခံစနစ်ကို တိုက်ရိုက်လှုံ့ဆော်ပေးပြီး စိတ်ဖိစီးမှုဟော်မုန်း (Cortisol) ကို လျှော့ချပေးကာ စိတ်လှုပ်ရှားမှုတွေကို တည်ငြိမ်သွားစေတဲ့ စစ်မှန်တဲ့ "ရနံ့ကုထုံး - Scent Therapy" အတွေ့အကြုံကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

လူသားနဲ့ သဘာဝအတွက် အန္တရာယ်ကင်းတဲ့ Eco-friendly (100% Plant-Based Wax) 🌿

ဈေးကွက်ထဲမှာရှိတဲ့ သာမန် ဓာတုဖယောင်းတိုင်တွေဟာ ရှူရှိုက်မိရင် အဆုတ်ကို ထိခိုက်စေနိုင်တဲ့အပြင် အဆိပ်အတောက် ဖြစ်စေတဲ့ မီးခိုးငွေ့တွေကို ထွက်ရှိစေပါတယ်။ Lynn - The Candle Therapy ကတော့ သုံးစွဲသူများရဲ့ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကို အဓိကထားတာကြောင့် သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ 100% Plant-Based Wax ပဲပုပ်ဖယောင်း နဲ့ Clean-burning Cotton Wicks သဘာဝစစ်စစ် မီးစာကိုသာ အခြေခံပြီး အသုံးပြုထားပါတယ်။ စိုက်ပျိုးရေးထွက်ကုန် စစ်စစ်ဖြစ်လို့ မီးခိုးထွက်နည်းပြီး သန့်စင်စွာ လောင်ကျွမ်းတာကြောင့် ကုထုံးရနံ့ကို ရှူရှိုက်လိုက်တိုင်းမှာ ခန္ဓာကိုယ်အတွက် ဘေးဥပါဒ်မရှိဘဲ စိတ်အေးချမ်းသာစွာ သုံးစွဲနိုင်ပါတယ်။

သက်ရှိတိုင်းအပေါ် ထားရှိတဲ့ ကရုဏာ (100% Cruelty-Free & Vegan) 🐾🤍

စစ်မှန်တဲ့ စိတ်ငြိမ်းချမ်းမှုဟာ တခြားသက်ရှိတွေရဲ့ နာကျင်မှုပေါ်မှာ အခြေမခံသင့်ဘူးလို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ ဒါကြောင့် ကုန်ကြမ်းဖြစ်တဲ့ ဖယောင်းအရောအနှောတွေကအစ Essential Oils တွေအထိ ဘယ်အရာကိုမှ တိရစ္ဆာန်တွေအပေါ်မှာ စမ်းသပ်စစ်ဆေးခြင်း လုံးဝ (လုံးဝ) မလုပ်ပါဘူး။ ပျားဖယောင်း (Beeswax) လိုမျိုး တိရစ္ဆာန်ကရတဲ့ ကုန်ကြမ်းတွေကိုပါ လုံးဝရှောင်ကြဉ်ပြီး Cruelty-Free & Vegan စံနှုန်းအတိုင်း တိလေးတွေကို မနာကျင်စေဘဲ မေတ္တာတရားနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

ကမ္ဘာမြေကို ကာကွယ်ဖို့ အလေးထားတဲ့ 4R Standards 🌍♻️

Lynn - The Candle Therapy ဟာ သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူမှုအပြည့်ရှိတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ဖို့အတွက် 4R Standards ကို စနစ်တကျ ကျင့်သုံးနေပါတယ်။ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ကမ္ဘာမြေကို ထိခိုက်စေမယ့် မလိုလားအပ်တဲ့ ပလတ်စတစ်နဲ့ ဓာတုဗေဒ အဆိပ်အတောက် ကုန်ကြမ်းများကို အစကတည်းက အသုံးမပြုဘဲ Refuse ငြင်းဆန်ပါတယ်။ ထုတ်ပိုးမှုအပိုင်းတွေမှာ သဘာဝပတ်ဝန်းကျင်အတွက် မပျက်စီးနိုင်တဲ့ အမှိုက် ဖြစ်စေမယ့် အရာတွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် Reduce လျှော့ချပြီး ဖန်တီးပါတယ်။ Lynn - The Candle Therapy ရဲ့ Glass Jars လေးတွေဟာ အရည်အသွေးမြင့်မားလို့ ဖယောင်းကုန်သွားတဲ့အခါ စုတ်တံထည့်တာ၊ အလှစိုက်တာ၊ လက်ဝတ်ရတနာထည့်တာ စသဖြင့် မိမိအိမ်မှာ အဆင်ပြေပြေ Reuse ပြန်လည်အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးပြုတဲ့ Packaging ကတ်ထူဘူးတွေကအစ ပြန်လည်ဆန်းသစ် အသုံးပြုနိုင်တဲ့ Recyclable ပစ္စည်းတွေနဲ့ပဲ အဓိက ထုတ်လုပ်ထားပါတယ်။

မေတ္တာအပြည့်နဲ့ ကိုယ်တိုင်သွန်းလောင်းတဲ့ လက်မှုအနုပညာ (Hand-Poured Artisanal Formulation) 🕯️✨

ကျွန်တော်တို့ရဲ့ ဖယောင်းတစ်ဘူးချင်းစီဟာ စက်ရုံကနေ အမြောက်အမြား ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တွေ မဟုတ်ပါဘူး။ Founder ကိုယ်တိုင် စိတ်အပန်းပြေစေမယ့် ရနံ့တစ်ခုချင်းစီကို အချိုးကျ စနစ်တကျ ပေါင်းစပ်ပြီး မေတ္တာအပြည့်နဲ့ ကိုယ်တိုင် ဖန်တီးထားတာ ဖြစ်ပါတယ်။
မိမိရဲ့ စိတ်အပန်းဖြေတဲ့အချိန်လေးဟာ စိတ်ရောကိုယ်ပါ ကုစားပေးနိုင်ပြီး ကမ္ဘာမြေနဲ့ သက်ရှိတွေအပေါ် ကြင်နာသနားတတ်တဲ့ စံနှုန်းတွေနဲ့ ပြည့်စုံနေတာာဖြစ်တာကြောင့် Lynn - The Candle Therapy နဲ့အတူတူ စိတ်ချလက်ချ အနားယူလိုက်ပါ။

Lynn - The Candle Therapy ရဲ့ ရနံ့ကုထုံးလေးတွေက တကယ်ပဲ စိတ်ကို အေးချမ်းစေရဲ့လား? နေ့စဉ်ဘဝမှာ အလုပ်တွေရှုပ်၊ စိတ်တွေရှုပ်...
02/06/2026

Lynn - The Candle Therapy ရဲ့ ရနံ့ကုထုံးလေးတွေက တကယ်ပဲ စိတ်ကို အေးချမ်းစေရဲ့လား?

နေ့စဉ်ဘဝမှာ အလုပ်တွေရှုပ်၊ စိတ်တွေရှုပ်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့ ခဏလောက် Pause ခလုတ်နှိပ်ပြီး Break ပေးလိုက်ဖို့ လိုအပ်တယ်ဆိုတာ အမြဲပြောပြနေကျမို့ မှတ်မိကြမယ် ထင်ပါတယ်နော်။ 💯

Lynn - The Candle Therapy ဆိုတာ ဖယောင်းတိုင်တွေကို ရောင်းချရုံသက်သက်ပဲ မဟုတ်ဘဲ လူတိုင်းရဲ့ စိတ်ကျန်းမာရေး၊ ငြိမ်းချမ်းမှုနဲ့ မေတ္တာတရားတွေကို အဓိကထားပြီး အပြန်အလှန် လေ့လာသင်ယူရမယ့် "Spiritual and Therapeutic Community" တစ်ခုဖြစ်အောင် တည်ဆောက်နေတာပါ။ 🤍

ကျနော်တို့ရဲ့ အသည်းစွဲ Customer လေးတွေလိုပဲ ကိုယ့်ရဲ့ Inner Peace လေးကို ပြန်လည်ရှာဖွေပြီး စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းရနံ့ကို ခံစားချင်တယ်ဆိုရင်တော့ Lynn - The Candle Therapy ရဲ့ Therapeutic ရနံ့လေးတွေကို အခုပဲ စမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🥰

Lynn - The Candle Therapy မှာ စိတ်ကို ရွှင်လန်းတက်ကြွစေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့အတွက် Sweet Orange - လိမ္မေ...
31/05/2026

Lynn - The Candle Therapy မှာ စိတ်ကို ရွှင်လန်းတက်ကြွစေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့အတွက် Sweet Orange - လိမ္မော်ချိုရနံ့ ပါဝင်တဲ့ ဖယောင်းဘူး (၃) မျိုး ရှိပါတယ်။ စိတ်အခြေအနေကို ချက်ချင်း Uplift ဖြစ်စေပြီး နွေးထွေးတဲ့ Vibe ကို ပေးစွမ်းနိုင်တဲ့ Sweet Orange ပါဝင်တဲ့ ဖယောင်းဘူးလေးတွေက ဘာတွေများ ဖြစ်မလဲ?

Golden Reverie

စိတ်ကြည်နူးစရာကောင်းတဲ့ ခံစားချက်ကို ပေးစွမ်းပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးဖို့ ဖန်တီးထားတာပါ။ Sweet Orange ရဲ့ လန်းဆန်းတဲ့ရနံ့က ပထမဆုံး စိတ်ကို ရွှင်လန်းစေပြီး Lavender နဲ့ Sandalwood တို့က စိတ်ကို ငြိမ်းချမ်းတည်ငြိမ်စေပါတယ်။

The Inner Sanctum

ကိုယ့်စိတ်ထဲမှာ မေတ္တာတရား၊ ပျော်ရွှင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မြတ်နိုးတဲ့စိတ် Self-love ကို တိုးပွားစေပါလိမ့်မယ်။ လန်းဆန်းတက်ကြွစေတဲ့ Sweet Orange၊ နှလုံးသားကို နွေးထွေးစေတဲ့ စကားဝါပန်း Ylang Ylang နဲ့ စိတ်ကို တည်ငြိမ်စေတဲ့ စန္ဒကူး Sandalwood တို့ကို ပေါင်းစပ်ထားပါတယ်။

Quiet Respite

တစ်နေ့တာလုံး ပင်ပန်းသမျှကို အိပ်စက်ခြင်းနဲ့ အနားယူခြင်းအားဖြင့် အကောင်းဆုံး ကုစားချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ စိတ်ကို ကြည်လင်စေတဲ့ Sweet Orange၊ အိပ်ပျော်ရလွယ်ကူစေတဲ့ Lavender နဲ့ သစ်သားနံ့ခပ်သင်းသင်းနဲ့ စိတ်ငြိမ်စေတဲ့ Cedarwood တို့ ပါဝင်ပါတယ်။

Sweet Orange ရနံ့ဟာ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ကို အနားရစေလို့ စိုးရိမ်စိတ်လွန်ကဲတာ၊ ရင်တုန်တာတွေကို သက်သာစေပြီး စိတ်ကို ပျော်ရွှင်တက်ကြွလာအောင် သဘာဝအတိုင်း လှုံ့ဆော်ပေးနိုင်ပါတယ်နော်။ ဒါကြောင့် Sweet Orange ပါဝင်တဲ့ ဖယောင်းဘူးလေးတွေကိုလည်း သုံးကြည့်ကြပါဦး။

ที่อยู่

Tak
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Lynn - The Candle Therapyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์