Duo Myanmar

Duo Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Duo Myanmar, Yangon.

Hello ကျွန်တော်ကတော့ အသက် (၃၀) အရွယ် seaman တစ်ယောက်ပါ။ အရပ်က ၅ ပေ ၈ လက်မ ပါ။Second officer ပါ။ အမြဲ တသ်ယောက်တည်းဆိုတော့...
01/01/2026

Hello
ကျွန်တော်ကတော့ အသက် (၃၀) အရွယ် seaman တစ်ယောက်ပါ။ အရပ်က ၅ ပေ ၈ လက်မ ပါ။

Second officer ပါ။ အမြဲ တသ်ယောက်တည်းဆိုတော့ ရည်းစားလေးလိုချင်လာလို့ပါ။

ဟင်းချက်ရတာတော့ ဝါသနာပါတယ်၊ ချစ်သူလေးရလာရင် ချက်ကျွေးချင်သူပါလို့ ဟဲ"။ လူမှုရေးအရ အသောက်အစားနည်းနည်း‌ေတာ့ ရှိပါတယ်။ ချစ်သူဖြစ်လာရင်တော့ အလုပ်သွားအကြိုအပို့လေးတွေ လုပ်ပေးချင်သလို၊ လိုချင်တာလေးတွေလည်း အလိုလိုက်ပေးချင်သူပါ။

ကျွန်တော်က ပလေးတဲ့သူမဟုတ်တဲ့အတွက် အချိန်ဖြုန်းချင်တဲ့သူတွေထက် တကယ်ကို ရေရှည်လက်တွဲသွားမယ့် လက်တွဲဖော် စစ်စစ်ပဲလိုချင်ပါတယ်။ စိတ်တူကိုယ်တူ ရှိမယ့်သူဆိုရင်တော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ ရှေ့ဆက်သွားချင်ပါတယ်။
စကားပြောကြည့်ချင်ရင် Love React ပေးခဲ့ပါဗျာ။
T နဲ့စတဲ့ account လေးနဲ့ လာပြောပါမယ်။

Duo005

31/12/2025

Happy New Year 2026 🎊
နှစ်သစ်မှာ စပျစ်သီးစားပြီးကူးကြသူတွေရော၊ ပဌာန်းရွတ်ကြသူတွေရော၊ အားလုံး၊ အားလုံး လိုအင်ဆန္ဒများပြည့်ဝကြပါစေ။ လက်တွဲဖော်ကောင်းများနှင့်လည်း ဖူးစာရေစက်ဆုံဆည်းကြပါစေကြောင်း Duo Myanmar မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

💙

လက်တွဲဖော်ရှာ‌ဖွေဖို့အတွက် Duo Myanmar မှာ ယုံကြည်စိတ်ချစွာနဲ့ ဘယ်လိုအပ်နှံနိုင်မလဲ? 🛡️🔒ကျွန်တော်တို့ Page အနေနဲ့ လူကြီး...
30/12/2025

လက်တွဲဖော်ရှာ‌ဖွေဖို့အတွက် Duo Myanmar မှာ ယုံကြည်စိတ်ချစွာနဲ့ ဘယ်လိုအပ်နှံနိုင်မလဲ? 🛡️🔒

ကျွန်တော်တို့ Page အနေနဲ့ လူကြီးမင်းတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တန်ဖိုးထားသောအားဖြင့်

✅ Client မှ ကိုယ်တိုင်ပေးပို့တဲ့ အချက်အလက်နဲ့ ပုံကိုသာ တင်ပေးခြင်း။

✅ Messenger မှတစ်ဆင့် သေချာစွာ စုံစမ်းမေးမြန်းနိုင်ခြင်း။

✅ ဝန်ဆောင်ခ ၅,၀၀၀ ကျပ်ကိုလည်း စနစ်တကျ အတည်ပြုပြီးမှ ဆောင်ရွက်ပေးခြင်း စတဲ့အချက်တွေနှင့် စေ့စပ်သေချာစွာ‌ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဗျ။

ဒါကြောင့် ဖူးစာရှင်ကို ရှာဖွေဖို့အတွက် အားမနာတမ်း စာပို့ပြီး အခုပဲတိုင်ပင်နိုင်ပါပြီခင်ဗျာ။ 🤝

အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်သွားပေမဲ့ ရင်ထဲမှာ အမြဲသတိရနေတဲ့ သူငယ်ချင်းဟောင်းတွေ ရှိလား? 🔍🥺အခုဆို သူဘယ်မှာ ဘ...
29/12/2025

အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်သွားပေမဲ့ ရင်ထဲမှာ အမြဲသတိရနေတဲ့ သူငယ်ချင်းဟောင်းတွေ ရှိလား? 🔍🥺

အခုဆို သူဘယ်မှာ ဘာတွေလုပ်နေမလဲ" လို့ တွေးမိတိုင်း ဒီပို့စ်လေးကို သတိရလိုက်ပါ။

သင့်ရဲ့ အမှတ်တရတွေကို ပြန်လည်အသက်သွင်းဖို့ ကျွန်တော်တို့ ကူညီပါရစေ။

✨ ဘယ်လိုလုပ်ရမလဲ?
၁။ ရှာဖွေလိုသူရဲ့ အချက်အလက်နဲ့ ပုံလေးကို Messenger မှာပေးပို့ပြီး ဝန်ဆောင်ခ (၅,၀၀၀) ကျပ် လွှဲပြီးတာနဲ့ Page ကနေ
တစ်ဆင့် လိုက်ရှာပေးမှာပဲဖြစ်ပါတယ်။

"လူချင်းဝေးနေပေမဲ့ စိတ်ချင်းနီးနိုင်ဖို့ Duo Myanmar က ရှိနေပါတယ်။" 🤝

တစ်ယောက်တည်း ဖြတ်သန်းရတဲ့ ညနေခင်းတွေ အဆုံးသတ်ဖို့ အချိန်တန်ပါပြီ ☕❤️🥺 တစ်ခါတလေမှာ ကိုယ်ချင်းစာပေးမယ့်၊ စကားလေးတွေ မျှဝေပ...
29/12/2025

တစ်ယောက်တည်း ဖြတ်သန်းရတဲ့ ညနေခင်းတွေ အဆုံးသတ်ဖို့ အချိန်တန်ပါပြီ ☕❤️

🥺 တစ်ခါတလေမှာ ကိုယ်ချင်းစာပေးမယ့်၊ စကားလေးတွေ မျှဝေပေးမယ့် လူတစ်ယောက် ဘေးနားမှာ ရှိနေဖို့ လိုအပ်တယ်မလား?

အလုပ်တွေကြားထဲမှာပဲ အချိန်ကုန်နေလို့ ကိုယ့်ရဲ့ ဖူးစာရှင်နဲ့ မဆုံဖြစ်သေးတာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် Duo Myanmar က သင့်အတွက် အကောင်းဆုံး ကြားခံတံတား ဖြစ်ပေးပါရစေ။

✨ ဘယ်လိုလုပ်ရမလဲ?
Messenger မှာ မိတ်ဆက်စာနဲ့ ပုံကို ပို့ပြီး ဝန်ဆောင်ခ (၅,၀၀၀) ကျပ် လွှဲထားရုံပါပဲ။ ငှက်ပျောသီးအခွံခွာ စားတာထက်ကို ပိုလွယ်ပါတယ်။

အခုပဲ Messenger မှာ လာရောက်စုံစမ်းလိုက်ပါခင်ဗျာ။ ✨

ကိုယ်တိုင်က အသားညိုပေမယ့် ကောင်မလေးကိုတော့ ဖြူဖြူလေးလိုချင်လို့ပါ။ကျွန်တော့အသက်က လာမယ့်ဇွန်ဆို ၂၆ ပြည့်ပါပြီ။ အရပ်က ၅ ပေ...
04/05/2025

ကိုယ်တိုင်က အသားညိုပေမယ့် ကောင်မလေးကိုတော့ ဖြူဖြူလေးလိုချင်လို့ပါ။

ကျွန်တော့အသက်က လာမယ့်ဇွန်ဆို ၂၆ ပြည့်ပါပြီ။ အရပ်က ၅ ပေ ၉ ပါ။ အလွန်အကြူးမဟုတ်ပေမယ့် သောက်တတ်စားတတ်ပါတယ်။ အဲ့လိုလိုက်စားပေးမယ့်ကောင်မလေးဆိုပိုကောင်းပါတယ်။ အလုပ်အကိုင်လည်း အတည်တကျရှိပါတယ်။ Sunday တစ်ရက်အားတာကြောင့် လျှောက်လည်ချင်ပါတယ်ဗျ။
ညီမလေး team ဆိုတော့ အသက် ၂၀ ကနေ ၂၄ လောက်ထိရပါတယ်။ မျက်မှန်လေးပါရင် ပို‌သဘောကျပါတယ်။ မပါလည်းရပါတယ်ဗျ။

စိတ်ဝင်စားရင် comment မှာ :-) လို့မန့်ခဲ့ပါခင်ဗျာ။ ကျွန်တော်သဘောကျရင် လာအပ်ပါမယ်။ တင်ပေးတဲ့မင်မင်ကိုလည်း ကျေးဇူးပါ။

002

အရပ်ရှည်တဲ့ စကားပြောဖော်လေးတစ်ယောက်လောက်လိုချင်လို့ပါ။ဟိုလေ အသက်က အခုမှ ၂၀ ပြည့်ထားပြီး အသားဖြူပါတယ်။ ကျောင်းတော့ တက်နေဆ...
01/05/2025

အရပ်ရှည်တဲ့ စကားပြောဖော်လေးတစ်ယောက်လောက်လိုချင်လို့ပါ။

ဟိုလေ အသက်က အခုမှ ၂၀ ပြည့်ထားပြီး အသားဖြူပါတယ်။ ကျောင်းတော့ တက်နေဆဲပါပဲ။ ကောင်ကလေးတွေဆို အရပ်ရှည်ရှည် ပိန်ပိန်လေးတွေသဘောကျလို့ပါ။ အသားမည်းလည်းရပါတယ်။ နို့နှင့်ချောကလက်ဖြစ်သွားမှာပေမယ့် ကြိုက်ပါတယ်ရှင့်။ မောင်လေးဆိုရင်လည်း နှစ်နှစ်လောက်ငယ်ပြီး ကိုကြီးဆိုရင်တော့ အများဆုံးငါးနှစ်လောက်ကြီးရင် ရပါတယ်ရှင့်။

ဟိုလေ ကြိုက်တယ်ဆို 🫂 ဒါလေးမန့်ရင် လာအပ်ပါမယ်။ မင်မင်ဆီ acc သွားပို့ထားလည်းရပါတယ်ရှင့်။

001

"ညီမ ကောင်လေးက Christianပါ Baptism တစ်ယောက် ညီမက Buddhist တစ်ယောက်ပါ အသက်အရွယ်အရလဲ 10နှစ်နီးပါးကွာပါတယ် အသက်အရွယ်အရကြောင...
22/03/2025

"ညီမ ကောင်လေးက Christianပါ Baptism တစ်ယောက် ညီမက Buddhist တစ်ယောက်ပါ အသက်အရွယ်အရလဲ 10နှစ်နီးပါးကွာပါတယ် အသက်အရွယ်အရကြောင့်ရော သူကအသက်အရွယ်က ရင့်ကျက်နေပြီမို့ ဘာသာသဘော တရားအရ mindsetတွေ ကွာသွားကြတယ်။ "

😢 ညီမ အရမ်းခံစားရတယ် သူက ကို့ကိုယ်ကိုချစ်တဲ့သူ ပါ ဒါပေမဲ့ညီမအပေါ်စိတ်ရှည်ပါတယ် ညီမသူ့ကိုဆုံးရှုံးရမှာကြောက်တဲ့အကြောင်းပြောရင် သူကအေးချမ်းတဲ့သဘောနဲ့ ပြန်ရှင်းပေးမဲ့ညီမအတွက် လက်ခံလို့မရဘူး ညီမက သူနဲ့ရေစက်ကုန်မှာကြောက်တဲ့ အချိန် သူကရေစက်ဆိုတာလဲမသိဘူး သူမယုံဘူး။

ညီမ အတွေးလွန်တဲ့အချိန် သူက Negative တွေးရင် သူကမကြိုက်ဘူး။ ညီမ သူ့ကိုအရမ်းချစ်တယ် သူနဲ့အများကြီးရှေ့ဆက်ချင်မိတယ်။ ဒါပေမဲ့ အဲ့လိုမတူညီတာတွေ ညီမက ကံကိုမယုံတဲ့အချိန် သူက ကံကို ဘုရားကဖန်တီးပေးမှာမို့စိတ်အေးစေချင်တယ် တဲ့။

အခုလိုမျိုး ခံစားနေရတဲ့ညီမလေးကို ဘယ်လိုမျိုးအကြံလေးတွေပေးချင်ကြလဲ comment လေးမှာပြောပေးကြပါဦးနော်။

unburden_001

❤️‍🩹🥺

#ရင်ဖွင့်စာ

ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်ဖို့ ဘာတွေလိုမလဲ? 💖Relationship တစ်ခုကို အောင်မြင်စွာ တည်ဆောက်ဖို့ဆိုတာ လွယ်ကူတဲ့က...
19/03/2025

ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်ဖို့ ဘာတွေလိုမလဲ? 💖
Relationship တစ်ခုကို အောင်မြင်စွာ တည်ဆောက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက်ကြားမှာ နားလည်မှု ၊ ယုံကြည်မှု နဲ့ ချစ်ခြင်းမေတ္တာ တွေ အပြည့်ရှိဖို့လိုပါတယ်။ အခု MyanMatch က ပြောပြပေးမယ့် ဒီအချက်လေးတွေနဲ့ဆို Relationship တစ်ခုကို ခိုင်မြဲစွာ တည်ဆောက်နိုင်မှာပါ။

ယုံကြည်မှု 🛡 တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးပါ။ ယုံကြည်မှုပျက်သွားရင် Relationship တစ်ခုလုံး ပျက်စီးနိုင်ပါတယ်။

နားလည်မှု 🤝 တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်ပေးဖို့ လိုပါတယ်။ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက် စာနာနိုင်မှ Relationship က အဆင်ပြေမှာပါ။

ရိုးသားမှု 💬 အပြန်အလှန် ရိုးသားဖို့ကလည်း အရေးကြီးပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံနိုင်မှ Relationship က ပိုခိုင်မြဲလာနိုင်ပါတယ်။

ဂရုစိုက်မှု 💞 တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးဖို့ လိုပါတယ်။ တစ်ယောက်ရဲ့ အရေးကြီးတဲ့ အချိန်တွေမှာ ဘေးနားမှာ အမြဲရှိနေပေးပါ။

အချိန်ပေးမှု ⏳ Relationship တစ်ခုအတွက် အချိန်ပေးဖို့ လိုပါတယ်။ အတူတူ အချိန်ဖြုန်းပြီး အမှတ်တရတွေ ဖန်တီးပါ။

ဒီအချက်လေးတွေနဲ့ Relationship တစ်ခုကို ခိုင်မြဲစွာ တည်ဆောက်နိုင်ပါတယ်။ 💑✨ MyanMatch မှာလည်း Free post တွေတင်ရင်းဖူးစာဖက်ကို ရှာဖွေနိုင်ပါပြီ။

ပြောကြည့်လေ...ရင်ထဲပေါ့သွားတာပေါ့ဆိုတဲ့အတိုင်း ရင်ဖွင့်လိုက်ကြရအောင်ပါ။  ❤️တို့တွေတော်တော်များများ မိသားစုနဲ့ပက်သက်ပြီးပ...
18/03/2025

ပြောကြည့်လေ...ရင်ထဲပေါ့သွားတာပေါ့ဆိုတဲ့အတိုင်း ရင်ဖွင့်လိုက်ကြရအောင်ပါ။ ❤️
တို့တွေတော်တော်များများ မိသားစုနဲ့ပက်သက်ပြီးပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်နဲ့ပဲဖြစ်ဖြစ် ပြဿနာတွေ၊ ပဋိပက္ခတွေကို ခဏခဏကြုံနေရတာပါပဲ။ အဲ့လိုအချိန်တွေမှာ တစ်ခုတည်းသော နားခိုရာက ချစ်သူရဲ့ ရင်ခွင်ပါပဲ။ ဒါကိုမှ သူနဲ့ပါအဆင်မပြေဘူးဆိုရင်တော့ တို့ဟာ ဘယ်သူနဲ့ ရင်ဖွင့်ရမှန်းမသိဖြစ်တော့တာပဲ။ ဒီလိုပြဿနာတွေအတွက် MyanMatch က ဖြေရှင်းပေးဖို့ လာပါပြီ။ လက်ရှိကြုံတွေ့နေတဲ့ ခံစားချက်တွေ, အခက်အခဲတွေကို MyanMatch မှာ လွတ်လွတ်လပ်လပ် ပြောပြလို့ရပါပြီနော်။

ဘာကြောင့် MyanMatch မှာ ရင်ဖွင့်သင့်လဲ?
💖 နားလည်ပေးမယ့်သူတွေ ရှိတယ်။

🗣 လွတ်လွတ်လပ်လပ် ပြောဆိုနိုင်တယ်

💡 အကြံဉာဏ်တွေ ရနိုင်တယ်

🤝 အားငယ်နေတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုးဖြစ်လာမှာပါ။
ဒါကြောင့် ရင်ဖွင့်စရာတွေကို MyanMatch မှာ လာရင်ဖွင့်ကြရအောင်နော်။

မတ်လ တစ်လလုံး Free Post တွေ တင်လို့ရနေပြီနော်။ ✨

#ရင်ဖွင့်ရာ #အခက်အခဲ #ချစ်သူရှာမယ် #မတ်လအခမဲ့

Crush ကို ဖွင့်ပြောဖို့ ကြောက်နေလား? 🥶Crush ကို ဖွင့်ပြောရတာဟာ စာမေးပွဲအောင်စာရင်းကြည့်ရသလိုပါပဲ။ အခန့်မသင့်ရင် အောက်ဆီဂ...
08/03/2025

Crush ကို ဖွင့်ပြောဖို့ ကြောက်နေလား? 🥶

Crush ကို ဖွင့်ပြောရတာဟာ စာမေးပွဲအောင်စာရင်းကြည့်ရသလိုပါပဲ။ အခန့်မသင့်ရင် အောက်ဆီဂျင်ပါရှူရနိုင်တယ်။ :-\

ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီနည်းလမ်းလေးတွေနဲ့ဆို အဆင်ပြေသွားမှာပါ။

📌သူနဲ့ နှစ်ယောက်တည်း ရှိချိန်ဖွင့်ပြောပါ။ လူတွေရှေ့မှာ ပြောတာထက် ပိုအဆင်ပြေပါတယ်။

📌ရိုးရိုးသားသားနဲ့ မျက်လုံးချင်းဆုံပြီး ပြောပါ။

📌ကိုယ့်ခံစားချက်ကို ယုံကြည်မှုရှိရှိနဲ့ ဖော်ပြပါ။

📌သူ့ရဲ့ တုံ့ပြန်မှုကို အေးအေးဆေးဆေး လက်ခံပါ။ သူဘယ်လိုပဲ တုံ့ပြန်ပါစေ၊ လေးစားမှုရှိပါ။ 💖

မအောင်မြင်ရင်လည်း စိတ်ဓာတ်မကျပါနဲ့။ 😔
နောက်လည်း သူပြန်မကြိုက်ပါဘူး။

စတာ" 😬

အရေးကြီးဆုံးကတော့ ကိုယ့်ခံစားချက်ကို ရိုးသားစွာ ဖော်ပြဖို့ပါပဲ။

MyanMatch ကနေလည်း crush ကို March တစ်လလုံး free ကြူးလို့ရပြီနော်။ 🫣


#ဖွင့်ပြောနည်း #ချစ်သူရှာမယ်
#မတ်လအခမဲ့

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Duo Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share