Kyaw Kyar Aung Construction

Kyaw Kyar Aung Construction ဆောက်လုပ်ရေးဗဟုသုတမျှဝေရာ

11/01/2026
🏡 ကြိုတင်စုဆောင်းထားသော ဘိလပ်မြေကို ရေရှည်ထိန်းသိမ်းနည်းလမ်းညွှန်အိမ်ဆောက်လုပ်မယ့်ပစ္စည်းတွေဖြစ်တဲ့ အုတ်၊ သဲ၊ ကျောက်၊ သံ...
14/12/2025

🏡 ကြိုတင်စုဆောင်းထားသော ဘိလပ်မြေကို ရေရှည်ထိန်းသိမ်းနည်းလမ်းညွှန်
အိမ်ဆောက်လုပ်မယ့်ပစ္စည်းတွေဖြစ်တဲ့ အုတ်၊ သဲ၊ ကျောက်၊ သံချောင်း၊ ဘိလပ်မြေ စတာတွေကို ဈေးနှုန်းအပြောင်းအလဲမဖြစ်ခင် ကြိုတင်ဝယ်ယူစုဆောင်းထားလိုသူများအတွက် ဘိလပ်မြေကို စနစ်တကျ ရေရှည်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။
သိုလှောင်ထိန်းသိမ်းမှု နည်းလမ်းများ
ဘိလပ်မြေကို အကောင်းဆုံး ထိန်းသိမ်းနိုင်ဖို့အတွက် အောက်ပါအချက်တွေကို ဂရုပြုသင့်ပါတယ်-
ဘိလပ်မြေအိတ်တွေကို အစိုဓာတ် လုံးဝကင်းပြီး၊ နေရောင်ခြည်နဲ့ မိုးရေတိုက်ရိုက်မထိတွေ့စေမယ့် အမိုးအကာ/အရိပ် အောက်မှာသာ ထားရှိရပါမယ်။
ဘိလပ်မြေအိတ်တွေကို မြေပြင်နဲ့တိုက်ရိုက်မထိတွေ့ဘဲ သစ်သားပြား ပေါ်မှာ အနည်းဆုံး မြေပြင်အထက် ၁ ပေ အမြင့် ခြားပြီးထားပါ။ ဒီလိုထားခြင်းဖြင့် မြေကြီးမှတက်လာနိုင်သော အစိုဓာတ်ကို ကာကွယ်နိုင်ပြီး လေဝင်လေထွက်ကောင်းအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
ဘိလပ်မြေအိတ်ကို ဖွင့်ဖောက်ပြီးသည်နှင့် တစ်ရက်အတွင်း ကုန်အောင် သုံးစွဲ ရန် အကောင်းဆုံးဖြစ်ပါတယ်။
အကယ်၍ သုံးစွဲလို့ ပိုလျှံခဲ့ပါက လေလုံအောင် သေချာစွာ ပြန်လည်ပိတ်သိမ်း ပြီး စနစ်တကျ ပြန်လည်ထားသိုဖို့ လိုအပ်ပါတယ်။
ဘိလပ်မြေအိတ်များကို မ,ယူသည့်အခါ ခါးကုန်းပြီး မ,ခြင်းမှ ရှောင်ကြဉ်ပြီး၊ ဒူးကိုညွှတ်၍ မ,ယူခြင်းဖြင့် ခါးဒဏ်ရာရခြင်းမှ ကာကွယ်နိုင်ပါတယ်။
ဘိလပ်မြေအိတ်ပေါ်ရှိ ထုတ်လုပ်သည့် ရက်စွဲ (Date of Manufacture) ကို သေချာစွာ စစ်ဆေးပြီး မိမိ၏ ဆောက်လုပ်မည့်အချိန်ကာလအပေါ် မူတည်ကာ မည်မျှကြာအောင် သိုလှောင်ထားသင့်သည်ကို ချိန်ဆနိုင်ပါတယ်။
⏳ ထုတ်လုပ်သည့်ရက်စွဲအလိုက် ခံနိုင်အား ကျဆင်းမှု ခန့်မှန်းချက်
ထုတ်လုပ်သည့်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဘိလပ်မြေ၏ ခံနိုင်အား (Strength) သည် အောက်ပါအတိုင်း ကျဆင်းလာနိုင်သည်ဟု ခန့်မှန်းနိုင်ပါသည်-

၃ လ အတွင်း ၂၀% အထိ ကျဆင်းနိုင်ပါတယ်။
၆ လ အတွင်း ၃၀%
၁ နှစ် အတွင်း ၄၀% အထိ ကျဆင်းနိုင်ပြီး
၅ နှစ် အတွင်း ၅၀% အထိ ကျဆင်းနိုင်ပါတယ်။
- ထို့ကြောင့် ပစ္စည်းများကို ကြိုတင်သိုလှောင်မည်ဆိုပါက ထုတ်လုပ်သည့်ရက်စွဲကို ကြည့်ရှုပြီး စနစ်တကျ သိုလှောင်အသုံးပြုနိုင်ရန် အကြံပြုအပ်ပါသည်။
နောက်videoမှာဘိလပ်မြေ ကောင်းမကောင်း စစ်ဆေးနည်းကိုပါဆက်လက်ဖော်ပြပေးသွားပါမယ်။ https://t.me/VwcnmQRuOGxhOTZl

09/12/2025

🏗️ (Vi****or) မှန်ကန်စွာ အသုံးပြုနည်း
Site များတွင် Vi****or ကို မသုံးစွဲဘဲ၊ သို့မဟုတ် မှားယွင်းစွာ အသုံးပြုမိပါက Mix Design မည်မျှပင် ကောင်းမွန်နေစေကာမူ အရည်အသွေးကောင်းသော ကွန်ကရစ်ကို ရရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် Vi****or အသုံးပြုရာတွင် အောက်ပါအချက်များကို ဂရုပြုသင့်ပါသည်-
Rodတန်ထိုးသွင်းခြင်း: Vi****or Rod ကို ဒေါင်လိုက် (vertical) ကျကျ ထား၍သာ ထိုးသွင်းရပါမည်။
ကြာချိန်: ထိုးသွင်းသည့် ကြာချိန်သည် ၁၀ စက္ကန့်မှ ၁၅ စက္ကန့် အထိသာ ရှိသင့်ပါသည်။
နှုတ်ယူခြင်း: Vi****or ကို ပြန်လည် ဆွဲနှုတ်သည့်အခါ ဖြည်းဖြည်းချင်း ဆွဲထုတ်ရပါမည်။
အကွာအဝေး: တစ်နေရာနှင့် တစ်နေရာ ထိုးသွင်းသည့် အကွာအဝေးသည် ၂ ပေ ဝန်းကျင်သာ ရှိသင့်ပါသည်။
အလွှာဆက်စပ်မှု: အပေါ်အလွှာနှင့် အောက်အလွှာတို့ ဆက်စပ်မိစေရန်အတွက်၊ အောက်အလွှာထဲသို့ ၆ လက်မခန့် နစ်ဝင်အောင် ထိုးသွင်းပေးရပါမည်။
ဖိအား: Vi****or ကို အားစိုက်၍ ဖိမထိုးရပါ။ သဘာဝအတိုင်း ဝင်ရောက်ပါစေ။
သံချောင်းရှောင်ရှားခြင်း: တတ်နိုင်သမျှ သံချောင်းများကို ရှောင်ရှား၍ ထိုးသွင်းပေးရပါမည်။
👉👉👉2ထပ် RC Estimate classအား Telegram တွင် lifetime လေ့လာနိုင်ပါပြ

ကွန်ကရစ်လောင်းတဲ့အခါတိုင်း ကျွန်တော်တို့တွေကွန်ကရစ်ကို Compaction ရအောင်ပြုလုပ်ပေးကြရပါတယ်။ဘာကြောင့်လုပ်ရသလဲဆိုရင် ကွန်က...
29/09/2025

ကွန်ကရစ်လောင်းတဲ့အခါတိုင်း ကျွန်တော်တို့တွေကွန်ကရစ်ကို Compaction ရအောင်ပြုလုပ်ပေးကြရပါတယ်။ဘာကြောင့်လုပ်ရသလဲဆိုရင် ကွန်ကရစ်ထဲမှာပါဝင်နေတဲ့လေကိုဖယ်ထုတ်ရန်၊အလေးချိန်စီးသောကွန်ကရစ်ကောင်းတခုကိုရရှိစေရန်၊သံချောင်းနဲ့ကွန်ကရစ်တို့ကောင်းစွာထိတွေ့နိုင်စေရန်စသည့်အချက်တွေကြောင့်ဘဲဖြစ်ပါတယ်။
သိပ်သည်းအောင်ဆောင်ရွက်နိုင်သည့်နည်းလမ်း၂ခုကတော့ Hand compaction နဲ့ mechanical compaction ဆိုပြီးရှိပါတယ်။
Hand Compactionမှာဆိုရင် Rodding ဆိုတဲ့ သိပ်သည်းမှုရအောင်သံချောင်းလုံး ဝါးလုံး သံပိုက်တို့ဖြင့်ထိုးပေးခြင်း၊ပြီးတော့ Ramming ဆိုတဲ့ ဒင်ဖြင့်ထုခြင်း သံဒလိမ့်တုန်းဖြင့်လှိမ့်ခြင်း၊နောက်ဆုံးကတော့ Tampingဆိုတဲ့ ရိုက်ညှိတုံးပါ။ Siteထဲမှာအသုံးများတဲ့ 4"*2" Hollowအရှည်ဖြင့် ရိုက်-ညှိ-ဆွဲ ခြင်းဖြင့် Compactionရအောင်ဆောင်ရွက်ကြရပါတယ်။
နောက်တခု Mechanical Compactionကတော့ ကျွန်တော်တို့အခုအသုံးများတဲ့ Vi****or သုံးပြီး compaction ရအောင်ဆောင်ရွက်ရခြင်းဖြစ်တာကြောင့် နောက်အပိုင်းတွေမှာ Vi****or အသုံးပြုနည်းအားဆက်လက်ရေးသားသွားပါမည်။
ိုကShareနိုင်ပါသည်
#ကူးယူဖေါ်ပြခြင်းသည်းခံပါ

အင်းစိန်Site External Plastering စတင် #အိမ်ဆောက်ချင်သူများ
24/09/2025

အင်းစိန်Site External Plastering စတင်
#အိမ်ဆောက်ချင်သူများ

အင်းစိန်Siteအချောထည်လုပ်ငန်းစပါပြီ။ #ဆောက်လုပ်ရေး  #အိမ်ဆောက်ချင်သူများ
21/09/2025

အင်းစိန်Siteအချောထည်လုပ်ငန်းစပါပြီ။
#ဆောက်လုပ်ရေး
#အိမ်ဆောက်ချင်သူများ

Tea shop #အိမ်ဆောက်ချင်သူများ
05/09/2025

Tea shop
#အိမ်ဆောက်ချင်သူများ

03/09/2025

9"အုတ်ရိုးတကျင်း
1:4အချိုး
ဘိလပ်မြေ 5.63အိတ်
အုတ် 1350
သဲ 0.28ကျင်း
ပန်းရံ 4ယောက်
အကြမ်း 6

အထက်ပါအရေတွက်သည် Yellow Bookမှ တကျင်းကုန်ကျမည့်စံနှုန်းများဖြစ်ပါသည်။
#အိမ်ဆောက်ချင်သူများ

Address

Yangon

Telephone

+959980825311

Website

Alerts

Be the first to know and let us send you an email when Kyaw Kyar Aung Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Kyar Aung Construction:

Share