14/04/2023
🌲" နေတတ်အောင်နေ "🌲
"""""""""""""""""""""""""""""""""
🌲
တစ်ယောက်ထဲနေတဲ့အခါ
နေတတ်အောင် နေပါ ။
🌲
အများနဲ့နေတဲ့အခါမှာလည်း
နေတတ်အောင် နေပါ ။
🌲
ကိုယ့်ကိုယ်ချစ်တဲ့သူတွေကြားထဲမှာ
နေတတ်အောင် နေပါ ။
🌲
ကိုယ့်ကို မုန်းတဲ့သူတွေကြားထဲမှာလည်း
နေတတ်အောင် နေပါ ။
🌲
တစ်ဦးတစ်ယောက်က
ချစ်သွားရင်လည်း
နေတတ်အောင် နေပါ ။
🌲
တစ်ဦးတစ်ယောက်
ပစ်သွားရင်လည်း
နေတတ်အောင် နေပါ ။
🌲
တစ်ဦးတစ်ယောက်က
ဂရုစိုက်ပေးတဲ့အခါ
နေတတ်အောင် နေပါ ။
🌲
တစ်ဦးတစ်ယောက်က
ဂရုစိုက်မပေးတဲ့အခါမှာလည်း
နေတတ်အောင် နေပါ ။
🌲
တစ်ဦးတစ်ယောက်က
အရေးပေးတဲ့အခါ
နေတတ်အောင် နေပါ ။
🌲
တစ်ဦးတစ်ယောက်က
အရေးမပေးတဲ့အခါမှာလည်း
နေတတ်အောင် နေပါ ။
🌲
တစ်ဦးတစ်ယောက်က
အလိုလိုက်တဲ့အခါမှာ
နေတတ်အောင် နေပါ ။
🌲
တစ်ဦးတစ်ယောက်က
အလိုမလိုက်တဲ့အခါမှာလည်း
နေတတ်အောင် နေပါ ။
🌲
ဘယ်သူကမှကိုယ့်ဘက်ကို
ရပ်တည်မပေးရင်လည်း
နေတတ်အောင် နေပါ ။
🌲
" နေတတ်အောင်နေ " ဆိုတဲ့စကားက
အရမ်းရိုးရှင်းပါတယ် ။
🌲
အလွယ်ဆုံးရှင်းပြရရင်
🌲
တစ်ယောက်ထဲဖြစ်ဖြစ်
အများနဲ့ပဲဖြစ်ဖြစ်
🌲
တစ်ဦးတစ်ယောက်က
ဂရုစိုက်သည်ဖြစ်စေ
ဂရုမစိုက်သည်ဖြစ်စေ
အလေးပေးသည်ဖြစ်စေ
အလေးမပေးသည်ဖြစ်စေ
🌲
မသာယာတဲ့စိတ်
ဝမ်းမနည်းတဲ့စိတ်
အားမငယ်တဲ့စိတ်
စိတ်မညစ်တဲ့စိတ်နဲ့နေတာဟာ
ကိုယ့်ကိုယ်ကိုယ်
နေတတ်အောင်နေတာပါပဲ ၊
🌲
အဲဒီမဟုတ်ပဲ
ကိုယ့်ကိုယ်ကိုယ်
ဝမ်းနည်းနေတဲ့စိတ်
သာယာနေတဲ့စိတ်
အားငယ်နေတဲ့စိတ်
စိတ်ညစ်နေတဲ့စိတ်
အဲဒီစိတ်တွေနေနေရင်
အဲဒါဟာ
ကိုယ့်ကိုယ်ကိုယ်
မနေတတ်သေးလို့ပဲ ။
🌲
ဒါကြောင့်
ဘယ်လိုလောကဓံမျိုးနဲ့ကြုံကြုံ
ဘယ်လိုအခြေအနေမျိုးမဆို
ကိုယ့်ကိုယ်ကိုယ်
နေတတ်အောင်နေပါ ။
🌲
တချို့အရာတွေက
ကိုယ်တိုင် လုပ်ပိုင်ခွင့်မရှိသလို
ကိုယ်တိုင်လဲ တားပိုင်ခွင့်မရှိဘူး ။
🌲
ကိုယ့်ကိုယ်ကိုယ်ပဲ
ရှေ့ဆက်ဖို့အားမွေးရမယ် ။
🌲
ဘယ်သူအပေါ်မှ
လိုတာထက်ပိုပြီး
ရင်ဘက်ကြီးနဲ့မခံစားနဲ့ ။
🌲
ကိုယ်တစ်ယောက်ထဲ
ပိုင်ဆိုင်ခွင့်မရှိတဲ့အရာတွေကို
အတင်းရယူဖို့
ဘယ်တော့မှမကြိုးစားနဲ့ ။
🌲
ကိုယ့်ကိုယ်ကိုယ်တောင်
ကိုယ်မပိုင်တဲ့အတွက်
ကိုယ့်ကိုယ်ကိုယ်
ဘယ်တော့မှ
လိုတာထက်ပိုပြီးစိတ်ဆင်းရဲမခံပါနဲ့ ။
🌲
ဘာလို့လဲဆိုတော့
🌲
အချိန်တိုင်း
ကိုယ့်ဘေးနားမှာ
အမြဲတမ်း
ဘယ်သူမှ
ရှိပေးနိုင်မှာ မဟုတ်ပါဘူး ။
🌲
တချို့နေရာတွေမှာ
တချို့လူတွေအတွက်
ကိုယ်မရှိလဲ
အဆင်ပြေနေတာပဲလေ ၊
🌲
ဘာအတွက်နဲ့ စိတ်ညစ်ခံနေမှာလဲ ?
ဘယ်သူ့အတွက် ဝမ်းနည်းနေမှာလဲ ?
🌲
ဆင်းရဲတဲ့သူကလည်း
ဆင်းရဲသားဘဝနဲ့ပျော်အောင်နေပါ ။
🌲
ချမ်းသာတဲ့သူကလည်း
ချမ်းသာတဲ့ဘဝနဲ့ပျော်အောင်နေပါ ။
🌲
မုန်းတဲ့သူတွေ ရှိနေလည်း
နေတတ်အောင်နေ ။
🌲
ချစ်တဲ့သူတွေရှိနေလည်း
နေတတ်အောင် နေ ။
🌲
ဘာအကြောင်းကြောင့်မှ
ဘယ်သူ့အတွက်နဲ့မှ
အကြာကြီး စိတ်ညစ်မခံပါနဲ့ ၊
🌲
ကိုယ့်ကိုယ်ကိုယ်ပဲ
အလိုက်တသိလေးနဲ့ နေတတ်အောင် နေပါ !
🌲
ဘယ်သူ့အကြောင်းကြောင့်နဲ့မှ
ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို အတားအဆီးမဖြစ်စေနဲ့ ။
🌲
ကိုယ်နဲ့ပက်သက်သည်ပဲဖြစ်စေ
ကိုယ်နဲ့မပက်သက်သည်ပဲဖြစ်စေ
အတတ်နိုင်ဆုံး
ပြဿနာကြား ဓားစားခံမဖြစ်စေနဲ့ ။
🌲
အလိုက်တသိနဲ့
ကိုယ့်ကိုယ်ကိုယ် ရှောင်ပြီး နေတတ်အောင်နေပါ ။
🌲
ကိုယ့်ကိုယ်ကိုယ် နေတတ်ရင်
သူတစ်ပါးကပေးတဲ့အကုသိုလ်လည်း
နည်းသွားတာပေါ့ ။
🌲
နောက်ဆုံးပြောရရင်
ကိုယ့်ကိုယ်ကိုယ်နေတတ်ရင်
အများနဲ့နေနေ
တစ်ယောက်ထဲနေနေ
ပြဿနာလည်း နည်းတယ်
စိတ်လည်း ချမ်းသာတယ် ။
တရားအားထုတ်ရတာ စိတ်တည်ငြိမ်စေတယ် ။
စိတ်တွေလည်း လွတ်လပ်တယ် ပေါ့ပါးတယ် ။
🌲
နေတတ်အောင် နေပါ !
🔰 အစဥ်လေးစား ချစ်ခင်နေလျှက် ...... ✍🏻
Credit/- Original writer ..... ✍🏻
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)