SMART Construction & Decoration

SMART  Construction & Decoration Construction, Design, Decoration & Furniture

Clients တွေကမေးကျတယ်....Renovation & Decoration ကို SERVICE တစ်ခုချင်းစီရော ဝန်ဆောင်မှုပေးပါသလားတဲ့....ဟုတ်ကဲ့...SERVICE...
23/08/2023

Clients တွေကမေးကျတယ်....Renovation & Decoration ကို SERVICE တစ်ခုချင်းစီရော ဝန်ဆောင်မှုပေးပါသလားတဲ့....

ဟုတ်ကဲ့...SERVICE တစ်ခုချင်းစီလဲ ဝန်ဆောင်မှုပေးပါတယ်။ ဝန်ဆောင်မှုပေးတဲ့ SERVICEs တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...
Wall Partition
(အုတ်နှင့်အခန်းကာရံခြင်း လုပ်ငန်း)
Wall Partition
(Gypsum Board နှင့် အခန်းကာရံခြင်း လုပ်ငန်း)
Work
(အုတ်စီထားသော မျက်နှာပြင်ချောခြင်း လုပ်ငန်း)
& Window Installation
(တံခါး နှင့် ပြတင်းပေါက် တပ်ဆင်ခြင်း လုပ်ငန်း)
Work
(မျက်နှာကျက် လုပ်ငန်း)
Work
(ကြွေပြားကပ်ခြင်း လုပ်ငန်း)
Work
(ကြမ်းပြင်ခင်းခြင်း လုပ်ငန်း)
Work
(ပရိဘောက လုပ်ငန်း)
Work
(မီးနှင့်ပတ်‌သက်သော လုပ်ငန်း)
& Sanitary Work
(ရေနှင့်ပတ်သက်သော လုပ်ငန်း)
Work
(ဆေးသုတ် လုပ်ငန်း)
Counter Work
(မီးဖိုခုံ လုပ်ငန်း)
Work
(အထွေထွေ လုပ်ငန်း)

အခန်းအပ်နှံချင်သော လူကြီးမင်းတို့ အတွက် SMART Construction & Decoration မှ Client စိတ်ကျေနပ်မှု ရရှိအောင် Quality ကိုအဓိကထား ဆောင်ရွက်ပေးလျှက်ရှိပါသည်။

ဆက်သွယ်မေးမြန်းလိုပါက
☎️ 09 400206087
☎️ 09 400206085

ဆေးသုတ်ဖို့ ဆေးအရောင် ဘယ်လိုရွေးချယ်ပေးရမလဲ  (ဆေးအရောင်တွေရဲ့ အဓိပ္ပါယ် )==========================================အိမ်ဆ...
23/07/2023

ဆေးသုတ်ဖို့ ဆေးအရောင် ဘယ်လိုရွေးချယ်ပေးရမလဲ (ဆေးအရောင်တွေရဲ့ အဓိပ္ပါယ် )
==========================================

အိမ်ဆေးသုတ်ဖို့ အရောင်တွေကို ဆေးအရောင်တွေရဲ့ အဓိပ္ပါယ်ပေါ် အခြေခံပြီး အသင့်တော်ဆုံး ဆေးအရောင် ( PAINT) ကို ရွေးချယ်ပေးရပါတယ်။

ဆေးလောကမှာ လူကြိုက်များပြီး အသုံးများတဲ့ ဆေးအရောင်တွေရဲ့ အဓိပ္ပါယ်ကို မျှဝေပေးချင်ပါတယ်။

1. # အပြာရောင်
အပြာရောင် ဆိုတာ ငြိမ်သက်ခြင်းနှင့် အေးမြမှုတို့ကို ကိုယ်စားပြုထားတဲ့အရောင်လေးဖြစ်ပါတယ်။ အပြာရောင်ကတော့ ယုံကြည်ကိုးစားမှုနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပါတယ်။ သစ္စာရှိခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းလို့ ပြောနိုင်သလို ရှေးရိုးစွဲအားကြီးမှုနဲ့ စိမ်းကားအေးစက်မှုလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။ငြိမ်သက် အေးဆေးသော စွမ်းအားတို့ကို ကိုယ်စားပြုတဲ့ အပြာရောင်လေးကို အိပ်ခန်းထဲမှာ သုတ်ထားမယ်ဆိုရင်တော့ ကောင်းစွာအိပ်ပျော်ဖို့ အတွက် အသင့်တော်ဆုံးဖြစ်စေမှာပါ။

2. # အဝါရောင်
အဝါရောင်လေးကတော့ ပျော်ရွှင်မှုရှိစေမယ့်အရောင် လှုံဆော်မှု၊ အကောင်းမြင်မှုတို့ကို ကိုယ်စားပြုထားတဲ့ နွေရာသီအရောင်လေးဖြစ်ပါတယ်။အဝါရောင်ကြိုက်နှစ်သက်သူတွေက အသစ်သစ်တွေနဲ့ ခေတ်ဆန်မှုတွေကို အလိုရှိသူလေးတွေဖြစ်ပါတယ်။အဝါရောင်ဖျော့ သုတ်ထားတဲ့နေရာလေးက နွေရာသီရဲ့ အငွေ့အသက်လေးတွေကို ဆောင်ကြဉ်းပေးနိုင်ပြီး အမြင်အာရုံမှတဆင့် တက်ကြွပျော်ရွှင်စေမှုတို့ကို ဖြစ်ပေါ်စေပါတယ်။

3. # ခရမ်းနုရောင်
ခရမ်းနုရောင်ကတော့ စိတ်ကူးနိုင်စွမ်းရဲ့ အရောင်ပါ။ သူဟာ ဖန်တီးနိုင်စွမ်းနဲ့ သီးသန့်ဆန်မှု အပြင် မရင့်ကျက်မှုနဲ့ လက်တွေ့မဆန်မှုလဲ ဖြစ်နိုင်ပါတယ်။

4. # ခရမ်းရောင်
ခရမ်းရောင်လေးကတော့ စိတ်ကူးစိတ်သန်းတို့ကို လှုံဆော်ပေးတဲ့အရောင်လေးဖြစ်ပါတယ်။ဒါဟာ နန်းဆန်မှုနဲ့ အတူ စည်းစိမ်ရှိရှိနေခြင်းရဲ့ အရောင်လေးလဲဖြစ်ပါတယ်။ခရမ်းရောင် ကြိုက်နှစ်သက်သူတွေက ဖန်းတီးမှုရှိသူ အမြော်မြင်ရှိမှု နဲ့ Romantics ဆန်တဲ့သူတွေဖြစ်ကျပါတယ်။အခန်းတခန်းထဲမှာ အနားယူပြီး သောကကင်းဝေအောင် ဖန်တီးချင်ပါလား။အိမ်ကနံရံကို ခရမ်းဖျော့ရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

5. # အနီရောင်
အနီရောင်ဆိုတာ ယုံကြည်မှုရှိမှု ၊ စိတ်လှုပ်ရှားမှု ၊ စွမ်းအားရှိမှုတို့ကိုဖြစ်ပေါ်စေပြီး… စိတ်ပိုင်းဆိုင်ရာ အလှုံ့ဆော်နိုင်ဆုံးသော အရောင်ဖြစ်ပါတယ်။အနီရောင်ကြိုက်နှစ်သက်သူတွေဆိုတာ စိတ်ဓာတ်ပြင်းပြ…ခွန်အားပြည့်ဝပြီး…စိတ်မြန်…ရဲရင့်သူတွေ ဖြစ်ကျပါတယ်။သင်ရဲ့ အိမ်ခန်းနေရာလေးကို ရွှင်လန်းတက်ကြွပြီး စိတ်ဓာတ်ပြင်းတဲ့ နေရာလေးဖြစ်စေချင်တယ်ဆိုရင်တော့
အနီရောင်လေး သုတ်ဖို့ကြိုးစားကြည့်လိုက်ပါ။

6. # နီညိုရောင်
နီညိုရောင်ကတော့ တည်ကြည်လေးနက်ခြင်းရဲ့ အရောင် ဖြစ်ပါတယ်။ လုံခြုံမှုရှိခြင်း၊ ကာကွယ်မှုပေးခြင်းနဲ့ ပေါများကြွယ်ဝခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။

7. # အစိမ်းရောင်
ဟန်ချက်ညီမှုနဲ့ ရှင်သန်ကြီးထွားခြင်းတို့ရဲ့ အရောင်ပါပဲ။ အစိမ်းရောင်ဆိုတာ သဘာဝရဲ့အရောင်လေးဖြစ်ပြီး ငြိမ်သက်မှုနှင့်အတူ သက်သောင့်သက်သာရှိစေပါတယ်။ဘဝမှာ ဝမ်းမြောက်မှုကိုဖြစ်ပေါ်စေ၍ သဟာဇာတဖြစ်မှု နှင့် သွက်လက်မှု ရှိစေအောင် အစိမ်းရောင်က အမြဲဖော်ကြူးပေးမှာပါ။အစိမ်းရောင်ကို ကြိုက်နှစ်သက်သူတွေဆိုတာ မျှတ၍ တည်ငြိမ်မှုရှိပြီး ဇွဲကောင်းသူလေးတွေ ဖြစ်ကျပါတယ်။အဲ့ဒီလို စွမ်းအားတွေရရှိနေအောင် အိမ်ကအခန်းကို အစိမ်းရောင်လေး သုတ်ထားရင်ပိုအဆင်ပြေပါတယ်နော်။

8. # စိမ်းနုရောင်
အစိမ်းနုရောင်ကတော့ လူမှုဆက်ဆံရေးနဲ့ စိတ်ကြည်လင်ပြတ်သားခြင်းကို ဆိုလိုပါတယ်။ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့မဆန်မှုလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။

9. # ပန်းရောင်
အချစ်စစ်နဲ့ စောင့်ရှောက်ဖေးမခြင်းတို့ရဲ့ အရောင်ဖြစ်ပါတယ်။ ပန်းရောင်ဆိုတာ နှုးညံ့မှုကို ကိုယ်စားပြုထားတဲ့ အနီရောင်ရဲ့ မိသားစုဝင် အရောင်လေးဖြစ်ပါတယ်။ဗျာဆန်မှု၊ မရင့်ကျက်မှုနဲ့ တွေးခေါ်သုံးသပ်နိုင်စွမ်းမရှိမှုတို့ကိုလဲ ကိုယ်စားပြုပါတယ်။ပန်းရောင်ကိုကြိုက်နှစ်သက်သူတွေကတော့ အမျိုးသမီး လေးတွေက အများစုဖြစ်ပြီး…အပြစ်ကင်းသူ၊ Romantic ဆန်သူလေးတွေ ဖြစ်ကျပါတယ်။အနီရောင်နဲ့ ယှဉ်ရင်တော့ ပန်းရောင်က ငြိမ်သက်အေးချမ်းတဲ့အရောင်လေးဖြစ်လို့အိပ်ခန်းထဲမှာသုတ်မယ်ဆိုရင် ပိုအဆင်ပြေမယ့် အရောင်လေးဖြစ်ပါတယ်။

10. # ရွှေရောင်
ရွှေရောင်ကတော့ အောင်မြင်မှုရဲ့ အရောင်ပါ။ ဖြစ်ထွန်းမှုနဲ့ အောင်ပွဲရဲ့ အဓိပ္ပါယ်လဲ ဖြစ်ပါတယ်။ ပေါကြွယ်ဝမှုနဲ့ ကြီးပွားတိုးတက်မှု၊ စည်းစိမ်နဲ့ အရည်အသွေး၊ ရိုသေလေးစားမှုနဲ့ အတွေ့အကြုံများခြင်း၊ တန်ဖိုးရှိမှုနဲ့ ရည်မွန်ကြော့ရှင်းမှု စတာတွေနဲ့လဲ ဆက်စပ်နေပါတယ်။ ဓနငွေကြေးပေါကြွယ်ဝခြင်း၊ ပစ္စည်းဥစ္စာချမ်းသာခြင်းနဲ့ သုံးမကုန်၊ဖြုန်းမကုန်ခြင်းတို့ကိုလဲ ကိုယ်စားပြုပါတယ်။

11. # အညိုရောင်
အညိုရောင်လေးကတော့ ကမ္ဘာကြီးရဲ့ သင်္ကေတဖြစ်ပြီး..လုံခြုံမှု၊ ရောင့်ရဲနိုင်မှု နှင့် အားရကျေနပ်မှု တို့ကို ကိုယ်စားပြုထားတဲ့ အရောင်လေးဖြစ်ပါတယ်။အညိုရောင်ကြိုက်နှစ်သက်သူတွေကတော့ သဘာဝကို ချစ်မြတ်နိုးသူလေးတွေဖြစ်ပြီး ရိုးသားခြင်းရှိသော စိတ်ချမ်းသာမှုကို အလိုရှိတဲ့ သူလေးတွေ ဖြစ်ပါတယ်။

12. # လိမ္မော်ရောင်
လိမ္မောရောင်လေးကတော့ ကျန်းမာရေးကိုမြင့်တင်ပေးပြီး…စဉ်းစားဉာဏ်ရှိမှု၊ ကောင်းမွန်သည့်အကျိုးကျေးဇူးရရှိမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။မျှတမှုရှိပြီး နွေးထွေးခြင်း၊ မြူးကြွခြင်း၊ စိတ်အားထက်သန်မှုရှိခြင်း ၊ အာရုံစူးစိုက်မှုရှိခြင်းတို့နဲ့ ပြည့်စုံစေတဲ့ အရောင်လေးဖြစ်ပါတယ်။လိမ္မော်ရောင်ကြိုက်တတ်တဲ့ သူလေးတွေကတော့ လူတိုင်းနှင့် ခင်မင်တတ်တဲ့သူလေးတွေ ဖြစ်ပါတယ်နော်။
လိမ္မော်ရောင်ဟာ စားချင်သောက်ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့အရောင်လေးဖြစ်ပြီး…ထမင်းစားခန်းမှာ ထပ်ဖြည့်ဖို့လိုတဲ့ ဟင်းခတ်အမွေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။

13. # အဖြူရောင်
အဖြူရောင်ကတော့ သန့်ရှင်းစင်ကြယ်မှုနဲ့ ပြီးပြည့်စုံမှုကို ဖော်ဆောင်ပါတယ်။ ဖြူစင်ခြင်း၊ အပြစ်ကင်းခြင်း၊ ကြီးမြတ်ခြင်း၊ ပြည့်စုံခြင်းလို့လဲ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။အဖြူရောင်ဟာ ငယ်ရွယ်မှု၊ သန့်ရှင်းမှုနဲ့အတူ အေးမြအောင်ဖန်တီးပေးတဲ့ အရောင်လေးဖြစ်ပြီး လန်းဆန်းတဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်လို့ ရွေးချယ်သင့်တဲ့ အရောင်လေးဖြစ်ပါတယ်နော်။အဖြူရောင်ကြိုက်တဲ့သူတွေက ခေတ်ပေါ်စတိုင်လေးတွေကို ကြိုက်နှစ်သက်မှုရှိတဲ့ သူလေးတွေလဲ ဖြစ်ပါတယ်။ပူနွေးပြီး အရိပ်ကျနေတဲ့နေရာတွေမှာ အဖြူရောင်ဟာ အေးမြမှုကိုရရှိအောင် အကူညီပေးပြီး…အအေးရိပ်ကျနေတဲ့ နေရာလေးတွေမှာ ဆိုရင်တော့ အေးမြမှုကို ပိုမိုခံစားရအောင်ပြုလုပ်ပေးပါတယ်။

14. # အမဲရောင်
အမဲရောင်ကတော့ လှပတင့်တယ်မှု ၊ လျိုဝှက်ဆန်းကြယ်မှု နဲ့ စွမ်းအားရှိမှုတို့ကို ကိုယ်စားပြုတဲ့ အရောင်လေးဖြစ်ပါတယ်။အမဲရောင်ကြိုက်တဲ့ သူတွေက ရည်မှန်းချက်ကြီးသူတွေ ၊ ခေတ်မှီဆန်းပြားတဲ့သူတွေ ဖြစ်ကျပါတယ်။တစ်ဖက်မှာတော့ စိတ်မချမ်းသာမှုဖြစ်ခြင်း ရဲ့ အရောင်လေးလဲဖြစ်ပြီး…Drama ဆန်ဆန် ပြင်ဆင်ချင်တယ်ဆိုရင်တော့ အလေးပေးအရောင် အဖြစ် ရွေးချယ်သင့်ပါတယ်။

15. # မီးခိုးရောင်
မီးခိုးရောင်လေးကတော့ လှပကြော့ရှင်းတဲ့ အရောင်လေးဖြစ်ပြီး အခြားသောအရောင်တွေနဲ့ အံဝင်ခွင်ကျအဖြစ်ဆုံးသော အရောင်လေးလဲဖြစ်ပါတယ်နော်။မီးခိုးရောင်ကြိုက်သူတွေက လိမ္မာပါးနပ်ပြီး စည်းကမ်းရှိသော သူတွေဖြစ်ပါတယ်။အခြားသောနွေးထွေးမှုရှိတဲ့ အရောင်လေးတွေနဲ့ တွဲဖက်ပြီး သုတ်ထားမယ်ဆိုရင်တော့ ဖျတ်လတ်တက်ကြွတဲ့နေရာလေးတစ်ခုဖြစ်စေမှာ အသေအချာပါပဲနော်။

16. # လိမ္မော်ရောင်
လူမှုဆက်ဆံရေးနဲ့ အကောင်းမြင်ဝါဒကို ကိုယ်စားပြုပါတယ်။ ပြောင်းပြန်အဓိပ္ပါယ်အနေနဲ့ မကောင်းမြင်ဝါဒ၊ တုန်လှုပ်ချောက်ချားနေခြင်း နဲ့ ဘာခံစားချက်မှ မရှိ၊ ဟာလာဟင်းလင်းဖြစ်နေမှုကိုလဲ ကိုယ်စားပြုနိုင်ပြန်ပါတယ်။အဝါရောင်ကတော့ အတွေးအခေါ်နဲ့ ဉာဏ်ပညာတို့ရဲ့ အရောင်ပါ။ အကောင်းမြင်ဝါဒနဲ့ ပျော်ရွှင်တက်ကြွခြင်းကိုလဲ ကိုယ်စားပြုပါတယ်။ ဒါ့အပြင် စိတ်မရှည်ခြင်း၊ အပြစ်မြင်ခြင်းနဲ့ သူရဲဘောနည်းခြင်းလို့လဲ အဓိပ္ပါယ်ကောက်ယူနိုင်ပြန်ပါတယ်။

လှပတဲ့ ရောင်စုံကမ္ဘာကို ပိုင်ဆိုင်နိုင်ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

to the Right Owner

လူကြီးမင်းတို့ အ‌နေနဲ့ လက်ရောင်ကောင်းမွန်သော ဆေးသုတ်လုပ်ငန်း ကို ရရှိလိုပါက SMART Construction & Decoration ကို ဆက်သွယ်လိုက်ပါ။
☎️ 09 400 20 60 87, 09 400 20 60 85

ပြီးပြည့်စုံသော Decorated အဖြူရောင် အခန်းလေးက ချစ်ဖို့ကောင်းနေရော။အိမ်အသစ်ဆောက်ဖို့၊ Decoration လုပ်ဖို့ စုံစမ်းချင်တယ်ဆ...
21/05/2023

ပြီးပြည့်စုံသော Decorated အဖြူရောင် အခန်းလေးက ချစ်ဖို့ကောင်းနေရော။

အိမ်အသစ်ဆောက်ဖို့၊ Decoration လုပ်ဖို့ စုံစမ်းချင်တယ်ဆိုရင်တော့ ဆက်သွယ်လိုက်ပါ။
09 400 20 60 87
09 400 20 60 85
09 400 20 60 83

Photos Credit to the Respective Owner.

ကလေးတွေအတွက် လှပတဲ့အခန်းလေး ဖန်တီးပေးချင်တာကတော့ မိဘတွေရဲ့တခု‌တည်းသော ဆန္ဒပါ။အိမ်အသစ်ဆောက်ဖို့၊ Decoration လုပ်ဖို့ စုံစ...
20/05/2023

ကလေးတွေအတွက် လှပတဲ့အခန်းလေး ဖန်တီးပေးချင်တာကတော့ မိဘတွေရဲ့တခု‌တည်းသော ဆန္ဒပါ။

အိမ်အသစ်ဆောက်ဖို့၊ Decoration လုပ်ဖို့ စုံစမ်းချင်တယ်ဆိုရင်တော့ ဆက်သွယ်လိုက်ပါ။
09 400 20 60 87
09 400 20 60 85
09 400 20 60 83

Photos Credit to the Respective Owner.

Gray Colour Bath Room Designs for you. အိမ်အသစ်ဆောက်ဖို့၊ Decoration လုပ်ဖို့ စုံစမ်းချင်တယ်ဆိုရင်တော့ ဆက်သွယ်လိုက်ပါ။09...
19/05/2023

Gray Colour Bath Room Designs for you.

အိမ်အသစ်ဆောက်ဖို့၊ Decoration လုပ်ဖို့ စုံစမ်းချင်တယ်ဆိုရင်တော့ ဆက်သွယ်လိုက်ပါ။
09 400 20 60 87
09 400 20 60 85
09 400 20 60 83

Photos Credit to the Respective Owner.

ဒီလိုလှေကားဒီဇိုင်းတွေဆိုရင် အတက်အဆင်းဘယ်လောက်လုပ်လုပ် စိတ်ထဲခြေထောက်ညောင်းမယ်မထင်။အိမ်အသစ်ဆောက်ဖို့၊ Decoration လုပ်ဖို...
18/05/2023

ဒီလိုလှေကားဒီဇိုင်းတွေဆိုရင် အတက်အဆင်းဘယ်လောက်လုပ်လုပ် စိတ်ထဲခြေထောက်ညောင်းမယ်မထင်။

အိမ်အသစ်ဆောက်ဖို့၊ Decoration လုပ်ဖို့ စုံစမ်းချင်တယ်ဆိုရင်တော့ ဆက်သွယ်လိုက်ပါ။
09 400 20 60 87
09 400 20 60 85
09 400 20 60 83

Photos Credit to the Respective Owner.

မိတ်ဆွေတို့ရော အခုလို စိမ်းစိမ်းစိုစိုသဘာဝနှင့်အတူ နေထိုင်ချင်ကြလား။ အိမ်အသစ်ဆောက်ဖို့၊ Decoration လုပ်ဖို့ စုံစမ်းချင်တ...
17/05/2023

မိတ်ဆွေတို့ရော အခုလို စိမ်းစိမ်းစိုစိုသဘာဝနှင့်အတူ နေထိုင်ချင်ကြလား။

အိမ်အသစ်ဆောက်ဖို့၊ Decoration လုပ်ဖို့ စုံစမ်းချင်တယ်ဆိုရင်တော့ ဆက်သွယ်လိုက်ပါ။
09 400 20 60 87
09 400 20 60 85
09 400 20 60 83

Photos Credit to the Respective Owner.

ရိုးရိုးရှင်းရှင်းနဲ့  ပြီးပြည့်စုံတဲ့ အဲ့လိုအိမ်ကလေးမှာ နေချင်လိုက်တာ။အိမ်ဆောက်ဖို့ စုံစမ်းချင်တယ်ဆိုရင်တော့ ဆက်သွယ်လို...
16/05/2023

ရိုးရိုးရှင်းရှင်းနဲ့ ပြီးပြည့်စုံတဲ့ အဲ့လိုအိမ်ကလေးမှာ နေချင်လိုက်တာ။

အိမ်ဆောက်ဖို့ စုံစမ်းချင်တယ်ဆိုရင်တော့ ဆက်သွယ်လိုက်ပါ။
09 400 20 60 87
09 400 20 60 85
09 400 20 60 83

Photos Credit to the Respective Owner.

ဆောက်လုပ်ရေးနှင့်ပတ်သက်သော ဝေါဟာရ အခါ်အဝေါ်များကို စာဖတ်သူတို့သိစေရန် အတွက် SMART - Construction & Decoration မှ Origina...
14/05/2023

ဆောက်လုပ်ရေးနှင့်ပတ်သက်သော ဝေါဟာရ အခါ်အဝေါ်များကို စာဖတ်သူတို့သိစေရန် အတွက် SMART - Construction & Decoration မှ Original Writer/Owner ဆီမှထပ်ဆင့် ကူးယူ တင်ပြလိုက်ပါသည်။

လူကြီးမင်းတို့ အနေနဲ့ Construction & Decoration လုပ်လိုပါက SMART Construction & Decoration - Construction & Decoration ကို သတိရလိုက်ပါ။

1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -​ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာ​ဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -​​ချောမွတ်ပြောင်လက်​နေ​​သော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်​မြေအုတ်(​ဘောက်အုတ်)
18. Joint -နှာ(အုတ်စီ)
19. Raking back -​နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်​မြေ
23. Water -​ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -​ကျောက်စရစ်
28. Stone chipping -​ကျောက်ဆန်ကွဲ
29. Marble -စကျင်​ကျောက်
30. Shingle -​ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီး​သောသံ​ချောင်းများ
32. Steel Round Bar -​ပြောင်​ချောသံ​ချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံ​ချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအ​သေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဥ်(သစ်မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -​မြေကြီး
49. Dig earth -​​မြေကြီးတူး
50. Earth leveling construction-​မြေကြီးညှိ
51. Cement earth -ဘိလပ်​မြေညှိ(မျဥ်းတိုက်)
52. Construction site clearing -​နေရာဌာနရှင်းလင်း
53. Hall -​ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူ​ချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -​ရေချိုးခန်း
61. Lounge room/sitting room-အပန်း​ဖြေခန်း
62. Basement -​မြေ​အောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာ​ဆောင်
66. Verandah -ဝရန်တာ
67. Path -​လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်း​ရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်း​ရှေ့ အချက်​​​​ပေးဘဲ
75. Ditch - ​ရေ​မြောင်း
76. Water tank -​ရေ​လှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -​ကြေးဝါ
80.Aggreate -​ရောစာ
81. Marble tile -စကျင်​ကျောက်ပြား
82. Marble chipping-စကျင်​ကျောက်ဆန်ကွဲ
83. Abutment wall -​မြေကာနံရံ
84. Chimney -မီးဖို​ခေါင်းတိုင်
85. Gypsum - စကျင် သလင်း​ကျောက်
86. Lodedtone -သံလိုက်​ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်း​ဘောင်
89. Formwork -​ကျောက်ပုံး
90. Flooring tile- ​ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -​ခေါင်ရိုး
93. ridge piece-​ခေါင်ချုပ်
94. Folding door -​ခေါက်တံခါး
95. Hollw brick -​ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုး​ပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်​ဆေး
100. Ledged&battened door-ပျဥ်​ထောင်တံခါး
101. Putty -​ထေး​ဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -​ထောင့်ချိုးသံပြား
105.Angle -​ထောင့်မှန်ချိုး
106.Corner -​ထောင့်ချိုး
107.Header-ထိပ်စီ​ကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -​ရေတ​လျှောက်
114.Parapet gutter -နံရံကပ်​ရေတ​လျှောက်
115.Valley -​ရေလိမ်
116.Valley rafter -​ရေလိမ်ဒိုင်း
117.Valley gutter -​ရေလိမ်​ရေတံ​လျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံ​​စောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံ​ဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-​ပြော့​ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ်စတစ်ဆီ​ဆေး
129.Main rod-ပင်မသံ​ချောင်း
130.Cleat -ဖားတုံး
131.Mixing -​ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်​လေဝင်ပြတင်း​ပေါက်
136.Fixed fanlight -မှန်အ​သေတပ်ပြတင်း​ပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်​မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်​မြေ
143.Slow setting cement -အအိပ်​နှေးဘိလပ်​မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်​မြေ
145. Reinforcement rod -အားကူသံ​ချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံ​ချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ​ရေ​​​လှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - ​အောက်ခံ​ကျောက်များ
151. base line -အ​ခြေခံမျဥ်း
152. base plate -တိုင်​အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်​ခြေ
155. bedding plate- ခံ​ဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်​ကျောက်
158.cement motar -ဘိလပ်​မြေသရွတ်
159. cement sand screed -ဘိလပ်​မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -​ရေစစ်ကန်
172. final setting of cement -ဘိလပ်​မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -​ရောစာနု
174. flag stone -​ကျောက်ပြား
175. fl**ge -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -​လှေကား​ပြေး
178. Gypsum -ဂျစ်ပဆန်​ကျောက်
179. Precast -ကြိုတင်သွန်း​လောင်းခြင်း
180. rain water pipe -မိုး​ရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -​ရေ​​ဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -​ရေစုကန်
185. spill way -​ရေပိုလွှဲ
186. surplus works -​ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်​ရေလွှဲပိုက်
188. waste weir -​ရေလွှဲဆည်
189. water seal -​ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -​လေထွက်ပိုက်
192. filter bed -​ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ​ကျောက်ပြား
195. sun shade -​နေကာမိုး
196. super -structure အထက်ပိုင်းအ​ဆောက်အအုံ
197. support beam -​​ထောက်ရက်မ
198. surveying -​မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်

- Original Writer/Owner

အိမ်တစ်အိမ် ဆောက်ပြီဆိုလျှင် အိမ်ရှင်အနေ‌နဲ့ လှေကားထစ် အရေ‌အ‌တွက် ကို‌ ရှေးထုံးတမ်းစဉ်လာအတိုင်း ထည့်သွင်းစဉ်းစားကြပါတယ်။...
22/11/2021

အိမ်တစ်အိမ် ဆောက်ပြီဆိုလျှင် အိမ်ရှင်အနေ‌နဲ့ လှေကားထစ် အရေ‌အ‌တွက် ကို‌ ရှေးထုံးတမ်းစဉ်လာအတိုင်း ထည့်သွင်းစဉ်းစားကြပါတယ်။ အိမ်ပိုင်ရှင်တို့ အတွက် SMART - Construction & Decoration မှ အသုံးဝင်‌စေရန် ရှေးထုံးတမ်းစဉ်လာ လှေကားအကြောင်းကို Original Writer/Owner ဆီမှထပ်ဆင့် ကူးယူ တင်ပြလိုက်ပါသည်။

လှေကားအကြောင်း

စကားပြောဆိုကြတိုင်း အခက်အခဲ တစ်ခုတွေ့နေရတာက လှေကား အထစ် အရေအတွက်ပါ။ အချို့ကလှေကားအဆံကိုသာ တွက်ချက်လေ့ရှိပြီးအချို့ကလှေကား ခြေနင်းအဆုံး Slab ပြင်ကိုပါ ထည့်သွင်းတွက်ချက်လေ့ရှိကြတာ သတိထားမိပါတယ်။ ဘယ်ဟာက အမှန်လဲဆိုတာ ခုချိန်ထိဝေခွဲရခက်နေတယ်။

လှေကားထစ်နဲ့ပက်သက်တဲ့ အယူအဆ စာသားလေးတစ်ခု တွေ့ရှိဖတ်မိလို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
🏡 ရှေးကျမ်းဆရာတို့သည် ​စုံ မ နှစ်ခုလုံး တပ်​​ကောင်း၏ဟုဆိုသည်​။
🏡 လက်​သမား ကျမ်းဆရာတို့က မ ကိုသာ တပ်​​စေပါတယ်​။
🏡 လက်​သမား ဆရာကြီးများမှာ စုံ တပ်​သည်​လည်း ရှိတယ်​။ မ တပ်​သည်​လည်း ရှိပါတယ်​။
အဘယ်​​ကြောင့်ဆို​သသော် ပထမအထစ်​မှ **လာဘံ သုခံ မရဏံ**လာဘ သုခ မရဏ** တွက်ယူကာ
မရဏံ မရဏ ကို ​ရှောင်​ပါတယ်။

🏡 ပ ထစ်က လာဘ
🏡 ဒု ထစ်က သုခ
🏡 တ ထစ်က မရဏ

🏡 လာဘ က လာတ်လာဘ ပေါများခြင်း။
🏡 သုခ က ကြွယ်ဝချမ်းသာခြင်း။
🏡 မရဏ က ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ် တဲ့ ။

🏡 လာဘ - ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ်
🏡 သုခ - ၂ ထစ်၊ ၅ထစ် ၊ ၈ ထစ်
🏡 မရဏ- ၃ ထစ် ၊ ၆ ထစ် ၊ ၉ ထစ် ၊ ၁၂ ထစ် စသည်ဖြင့်ပေါ့။ အိမ်အ‌နေအထား၊ မင်္ဂလာသား အ​နေအထား အလိုက် လုပ်​​ဆောင်​ကြပါတယ်​။

တစ်​ချို့ ဆရာများမှာ **ရာဇ လာဘ မရဏ** လို့သတ်မှတ် လုပ်ဆောင်ကြပါတယ်။
🏡 ရာဇ - ဘုန်းကျက်သရေတိုးခြင်း
🏡 လာဘ - လာတ်လာဘ ပေါများခြင်း
🏡 မရဏ - ဆုတ်ယုတ်ပျက်စီးခြင်း စသဖြင့်ပေါ့။

တစ်ကျောင်း တစ်​ဂါထာ၊ တစ်​ရွာ တစ်​ပုဒ်​ ဆန်း ဆိုသလို ဒေသအလိုက်​ကွဲလွဲကြပါတယ်​။

🏡 အိမ်လှေခါး ၃ထစ်​ထားသော် ဒုက္ခံ မရဏံ ကြုံ ​စေပြန်​၏။
🏡 အိမ်လှေခါး ၄ထစ်​ထားသော် ကောင်းစားစေတတ် ၏။
🏡 အိမ်လှေခါး ၈ထစ်​ထားလျှင် မင်္ဂလာ အ​ပေါင်းနဲ့ ပြည့်စုံ၍ကျက်​သ​ရေ ဘုန်းသမ္ဘာ မြင့်မား​စေတက်​၏။
🏡 အိမ်လှေခါး ၉ထစ်​ထားလျှင် လာဘ်​လာဘ ​ပေါကြွယ်​ဝတက်​၏။
🏡 အိမ်လှေခါး ၁၂ ထစ်​ထားသော်ကျန်းမာရေးကောင်းမွန်​​စေ၍ ရန်​သူမျိုးငါးပါးမှကင်း​စေ၏။

တနင်္လာနေ့ ​လှေကား စလုပ်​ခြင်းမှ ရှောင်ကြပါစေ။

- Original Writer/Owner

အထက်ပါ အကြောင်းအရာက စာဖတ်သူအတွက် ဗဟုသုတ ရရှိ၍ အသုံးဝင်တယ်ဆိုရင်ဖြင့် ကျွန်တော်တို့ Page SMART SMART Construction & Decoration ကို Like & Share လေးလုပ်ပေးစေချင်ပါတယ်။

အိမ်ကြီးအိမ်ကောင်းတွေမှာတော့ Landscpae ကို သင့်တော်သော အပင်အမျိုးအစားများနှင့် Design ရေးဆွဲပြီး စိုက်ပျိုးလေ့ရှိတယ်။ သာ...
14/11/2021

အိမ်ကြီးအိမ်ကောင်းတွေမှာတော့ Landscpae ကို သင့်တော်သော အပင်အမျိုးအစားများနှင့် Design ရေးဆွဲပြီး စိုက်ပျိုးလေ့ရှိတယ်။

သာမန်မြေကျယ်သော အိမ်များမှာလည်း အဖိုးသင့်တင့်၍ လွယ်ကူစွာရရှိနိုင်သောအပင်များနှင့် ကိုယ့်စိတ်ကြိုက် Design ပုံဖော်ပြီး စိုက်ပျိုးနိုင်ပါတယ်။

မြေကျဉ်းသောအိမ်များအတွက်ကတော့ Indoor အပင်များနှင့် အလှဆင်နိုင်ပါတယ်။

- Photos

Red Color Crazy များအတွက် Kitchen Counter Design   - Photos
14/11/2021

Red Color Crazy များအတွက် Kitchen Counter Design

- Photos

Address

Ranchi

Telephone

+959400206087

Website

Alerts

Be the first to know and let us send you an email when SMART Construction & Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SMART Construction & Decoration:

Share