Only if I were You

Only if I were You အကယ်၍ ကျွန်ုပ်သာ သင်ဖြစ်ခဲ့လျှင်

18/03/2024

ကိုယ့်နဖူးပေါ်တေ့ထားတဲ့ လွတ်မြောက်ခြင်းကိုမောင်းဖြုတ်ချင်လို့ မင်းလက်သွယ်သွယ်လေးခဏငှား။

16/03/2024

ကိုယ့်အချစ်က မင်းအလှကစတယ်ပြောတော့ မင်းပြန်ပြောတာ ရိုးလွန်းတယ်တဲ့။
Probability ဟာ ခေါင်းပန်းလှန်ခြင်းကစတယ်။
Mathematics ဟာ လက်ချိုးရေခြင်းကစတယ်။
Geometry ဟာ အလျားနဲ့အနံကစတယ်။
Physics ဟာ တိုင်းတာခြင်းကစတယ်။
Economy ဟာ ရောင်းခြင်းနဲ့ဝယ်ခြင်းကစတယ်။
Philosophy ဟာ ဘာကြောင့်နဲ့ဘယ်လိုကစတယ်။
Astronomy ဟာ ကြယ်တွေကိုငေးမောရာကစတယ်။
ကဲပါ ကိုယ်ထပ်ပြောမယ်။ ကိုယ့်ရဲ့ချစ်ခြင်း မင်းအလှကစတယ်။

07/03/2024

မပူပါနဲ့လူကြီး မင်းတို့ခင်ဗျာ ကမ္ဘာဟာပုံမှန်အတိုင်းနီးပါး လည်နေပါတယ်။

23/09/2023

နောက်ဆုံးသောနေ့ရောက်ခဲ့ပြီ။ “ကိုယ်” ရည်ညွှန်းတဲ့ “မင်း” ဆိုတာလဲ “မင်း” မဟုတ်တော့သလို “မင်း”ရည်ညွှန်းတဲ့ “မင်း” ဆိုတာလဲ “ကိုယ်” မဟုတ်တော့။

04/09/2023

ကမ္ဘာဟာတစ်ပတ်လည်ခဲ့ပြီ။
ဒီနေ့ငါဘာတွေများလုပ်ဖြစ်ပါလိမ့်။
လက်နောက်ပစ်လို့ ခါးကိုကိုင်းရင်း ပြဇာတ်ထဲကပညာရှိတွေလို လမ်းကိုလျှောက်ရင်း ငါတွေးတယ် တွေးတယ်။
လွတ်လပ်သောသူများဟာမကြာမကြာပျောက်ဆုံးတတ်သတဲ့။
ငါ့ခြေငါစမ်းတယ်၊ ငါ့လက်ငါစမ်းတယ်။ ငါ့နှလုံးသား ငါပြန်စမ်းတယ်၊ ငါမေးတယ် မေးတယ်။
ဘယ်အရာများကများပျောက်ဆုံးနေပြီလဲ။
မုန်းသောသူများလဲရှိသလို ချစ်သောသူများလဲပေါပါရဲ့။
ပြောစမ်းပါ ပြောစမ်းပါ။
ဒီရသာထူးကဲ ငါ့ဘ၀ဟင်းပွဲထဲမှာ ဘယ်အဖွယ်ဟာ ပျောက်ဆုံးနေပါသလဲ။

01/09/2023

သင့်ခြေရာကြီးသော်ငြား ဘယ်လောက်ပင်ကြာကြာထင်ပါလိမ့်။

01/09/2023

စိမ်းလန်းသော‌ပန်းနွယ်တို့ယှက်၍ ထွေပြားသောပန်းခက်တို့ရှိကြပါစေ။

01/09/2023

ကမ္ဘာရဲ့အဆုံးသတ်ကိုမြင်ခဲ့ပြီးသလို ဆည်းဆာချိန်ကိုလဲမြင်ခဲ့ပြီးပါပြီ။ ဒီလူသားတစ်ယောက်ရဲ့ဘ၀အဓိပ္ပာယ်ဟာ ဘာများဖြစ်မလဲ။

17/05/2023

လောကကြီးမှာဖိနပ်ဆိုတာမရှိရင် ဒီထက်ကျွန်တော် ပျော်ကောင်းပျော်ရပါလိမ့်မယ်။

06/05/2023

လူသန်းပေါင်း ၇၀၀၀ မှာ ကမ္ဘာကိုအလှဆင်သူဟာအနည်းအကျဉ်းသာရှိပါတယ်။ဘယ်လိုပင်ဖြစ်ပါစေ မရှိတဲ့တာ၀န်ကို သူတို့ကျေခဲ့ကြတယ်။

05/05/2023

စားမယ်၊အိပ်မယ်၊ရှင်သန်မယ်။
ဘ၀ဟာအဲ့လောက်ထိရိုးရှင်းပါသတဲ့။

07/03/2023

ဆုတောင်းမပြည့်ရင်တောင်ဘာသာမဲ့ချင်တဲ့ကောင်က မင်းကိုမှတစ်ဖက်သတ်တဲ့ဟေ့

Address

Ohio
Dublin
43002

Alerts

Be the first to know and let us send you an email when Only if I were You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category