Demo ဥယျာဉ်

Demo ဥယျာဉ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Demo ဥယျာဉ်, Gardener, Burmu.

06/06/2020

ပျိုးပင်တွေ ရောက်လာပါပီ
အာဆီယံသပြေ
သပြေဘူတ
ကံ‌့ကော်
မျှင်ဝါး
ဆူးပုတ်

29/05/2020

သစ်ပင်များကို အစာကျွေးခြင်း
🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

အပင်များကို အစာကျွေးရာတွင် မှန် (၄) မှန်ရှိသည်။
၁။ အမျိုးအစားမှန်
၂။ အချိန်မှန်
၃။ ပမာဏမှန်
၄။ နေရာမှန် ဟူ၍ဖြစ်သည်။

၁။ အမျိုးအစားမှန်

သီးနှံအမျိုးအစား၊ အပင်၏ကြီးထွားမှု၊ အချိန်ရာသီပေါ်မူတည်၍ အပင်မှ စာသုံးသည့် အာဟာရဓာတ်မှာ ကွာခြားမှုရှိသည်။ အပင်မှ အဓိကလိုအပ်သည့် အာဟာရဓာတ် ၁၇ မျိုးအကြောင်းကို ပြီးခဲ့သည့် ခေါင်းစဉ်တွင် အနည်းကျဉ်းဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့နည်းတူ စိုက်ပျိုးရေးစနစ် ၃မျိုးတွင် ၁မျိုးစီ၏အားသာချက်အားနည်းချက်များနှင့် ၎င်းတို့အပေါ်သုံးသပ်ချက်များကိုလည်း အကျဉ်းမျှ ဖော်ပြပြီးဖြစ်သည်။ ထို့ကြောင့် ထိုအချက်များတွင်ပြန်၍ တိုက်ရှုဖတ်ပါလေ။
အဓိကမှာ အပင်မှ တကယ်လိုအပ်သည့်အရာကို တကယ်လိုအပ်ချိန်တွင် အချိန်ကိုက် ပမာဏကိုက်၊ နေရာမှန်၊ အမျိုးအစားမှန် ကျွေးနိုင်ရေးပင်ဖြစ်သည်။

၂။ အချိန်မှန်

အချိန်မှန်ဟုဆိုရာ၌ ရေလောင်းခြင်းမှအစ အစားကျွေးခြင်း၊ ကာကွယ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖြန်းခြင်းတို့ပါ အပါအ၀င် ဖြစ်သည်။ ယေဘုယျအားဖြင့် အပင်ကြီးများအတွက် မြေသြဇာကို တနှစ်လျှင် မိုးဦး၊ မိုးနှောင်းကာလများတွင် အနဲဆုံး ၂ကြိမ် ကျွေးရမည်။ ရေလောင်းချိန်ကို နွေရာသီတွင် မနက် ၆-၉နာရီ အတွင်း၊ ဆောင်းရာသီတွင် မနက် ၈-၁၁နာရီ အတွင်း၊ ရာသီဥတုနှင့် မြေကြီးအစိုဓာတ်တို့ပေါ်မူတည်၍ မနက်ပိုင်းကိုသာ ရေလောင်းသင့်သည်။ နွေရာသီ၌ အပင်များလွန်းလျှင် မနက်ခင်းမနိုင်ပါက ညနေနေအေးချိန်မှာ လောင်းနိုင်သည်။ ထို့နည်းတူ သီးနှံပင်၊ နှစ်ရှည်ပင်အမျိုးအစားပေါ်မူတည်၍ မည်သည့် အချိန်တွင် မည့်သည့်ပိုး၊မည့်သည့်မှိုကျရောက်တတ်သည်ကို ရှေးဦးစွားသိထားနှင့်ပြီး ၎င်းတို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးများကြိုတင်ဖြန်းပေးသင့်သည်။ တချို့လဲ ဖြစ်သည့်အချိန်တွင် သိသိချင်းနှိမ်နင်းရသည်လည်းရှိတတ်သည်။

၃။ ပမာဏမှန်

အပင်ငယ်နှင့် အပင်ကြီး အစာမည်သည်က ပိုစားမည်နည်း။ တကယ်တမ်း အပင်ငယ်တို့သည် အပင်ကြီးများနှင့် အရွယ်အစား ချင်းနှိုင်းစာလျှင် ပို၍ စားသုံးတတ်ကြသည်။ အပင်ကြီးများမှာ ဖူးပွင့်ချိန်၊ အသီးသီးချိန်တို့တွင်သာ လိုအပ်သောဓာတ်ကိုသာ ကျွေးရမည်။ ကျန်အချိန်များတွင် အပင်ကြီးထွားရန်အတွက်မူကား အပင်သေးများလောက် မလိုအပ်ပေ။ အဘယ်ကြောင့် ဆိုသော် မြေကြီးထဲရှိအဟာရဓာတ်များကို စွဲယူနိုင်သော အမြစ်များပိုမိုလာ၍ ဖြစ်သည်။ အပင်များအစာကျွေးရာ၌ စိုက်ပျိုးရေး လောကတွင် ကြုံတတ်သည့် အမှားတခုမှာ ပမာဏလျှော့ကျွေးခြင်းထက် ပိုကျွေးမိခြင်းက ပို၍ အန္တရာယ်ကြီးပေသည်။

၄။ နေရာမှန်

အထက်ပါအချက်များနည်းတူ နေရာမှန်မှန်ကျွေးနိုင်ခြင်းသည်လည်း အပင်အတွက်အလွန်အရေးပါလှသည်။ ယေဘုယျအားဖြင့် အပင်ကြီးမျိုးများ (နှစ်ရှည်ပင်များ)အတွက် အစာကျွေးခြင်းမှာ အစာအမြစ်ရှိသည့်နေရာကို ကျွေးခြင်းဖြစ်သည်။ သို့သော် မြေဆီလွှာအတွင်း အမြစ်များပျံ့နှံ့ပုံအနေအထားမှာ (နှစ်ရှည်ပင်များအတွက်) မြေပေါ်ကိုင်းများ ဖြန့်ထွက်သလောက် အမြစ်များ လည်း ဖြန့်ထွက်တည်ရှိနေသည်။ အပင်၏ ဘေးဆုံးအရွက်ဖျား တံစက်မြိတ်အထိ အမြစ်များတည်ရှိသည်။ ဆိုလိုသည်မှာ မွန်းတည့် ၁၂နာရီ နေရောင်အပေါ်တည့်တည့်ရှိချိန် အရိပ်ကျသည့်နေရာတဝိုက်အထိ အမြစ်များရှိသည်။ ထိုအရိပ်ပြင်တခုလုံးကို အချင်း ၉ပေရှိစက်ဝုိင်းသဏ္ဍာန်မြင်ကြည့်ပါ။ ပင်စည်အလယ်မှ ၁ပခွဲအကွာပတ်လည် (အချင်း ၃ပေရှိသော အပင်ခြေမှ စက်ဝုိင်း) အတွင်း အစားများမကျွေးရပါ။ ပုံများပြထားသည့်အတိုင်း ကြယ်နေရာသည် ပင်စည်အလယ်ဟုသတ်မှပါက စက်ဝုိင်းငယ်အတွင်း အစားမကျွေးရပါ။ မီခိုးရောင်ပြထားသည့်အတွင်း၌သာ တွင်းငယ်များတူး၍သော်၎င်း၊ မြောင်းဖော်၍သော်၎င်း၊ အစာများကျွေး နိုင်ပါသည်။ ထိုစက်ဝုိင်းငယ်အတွင်းသည် ပင်စည်နှင့်ကပ်သဖြင့် အကယ်၍မြေသြဇာပြင်းပါက အပင်အတွက် အန္တရာယ်ပင် ဖြစ်စေနိုင်သည်။

သစ်ပင်များကို အစာကျွေးခြင်း
🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

အပင်များကို အစာကျွေးရာတွင် မှန် (၄) မှန်ရှိသည်။
၁။ အမျိုးအစားမှန်
၂။ အချိန်မှန်
၃။ ပမာဏမှန်
၄။ နေရာမှန် ဟူ၍ဖြစ်သည်။

၁။ အမျိုးအစားမှန်

သီးနှံအမျိုးအစား၊ အပင်၏ကြီးထွားမှု၊ အချိန်ရာသီပေါ်မူတည်၍ အပင်မှ စာသုံးသည့် အာဟာရဓာတ်မှာ ကွာခြားမှုရှိသည်။ အပင်မှ အဓိကလိုအပ်သည့် အာဟာရဓာတ် ၁၇ မျိုးအကြောင်းကို ပြီးခဲ့သည့် ခေါင်းစဉ်တွင် အနည်းကျဉ်းဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့နည်းတူ စိုက်ပျိုးရေးစနစ် ၃မျိုးတွင် ၁မျိုးစီ၏အားသာချက်အားနည်းချက်များနှင့် ၎င်းတို့အပေါ်သုံးသပ်ချက်များကိုလည်း အကျဉ်းမျှ ဖော်ပြပြီးဖြစ်သည်။ ထို့ကြောင့် ထိုအချက်များတွင်ပြန်၍ တိုက်ရှုဖတ်ပါလေ။
အဓိကမှာ အပင်မှ တကယ်လိုအပ်သည့်အရာကို တကယ်လိုအပ်ချိန်တွင် အချိန်ကိုက် ပမာဏကိုက်၊ နေရာမှန်၊ အမျိုးအစားမှန် ကျွေးနိုင်ရေးပင်ဖြစ်သည်။

၂။ အချိန်မှန်

အချိန်မှန်ဟုဆိုရာ၌ ရေလောင်းခြင်းမှအစ အစားကျွေးခြင်း၊ ကာကွယ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖြန်းခြင်းတို့ပါ အပါအ၀င် ဖြစ်သည်။ ယေဘုယျအားဖြင့် အပင်ကြီးများအတွက် မြေသြဇာကို တနှစ်လျှင် မိုးဦး၊ မိုးနှောင်းကာလများတွင် အနဲဆုံး ၂ကြိမ် ကျွေးရမည်။ ရေလောင်းချိန်ကို နွရောသီတွင် မနက် ၆-၉နာရီ အတွင်း၊ ဆောင်းရာသီတွင် မနက် ၈-၁၁နာရီ အတွင်း၊ ရာသီဥတုနှင့် မြေကြီးအစိုဓာတ်တို့ပေါ်မူတည်၍ မနက်ပိုင်းကိုသာ ရေလောင်းသင့်သည်။ နွရောသီ၌ အပင်များလွန်းလျှင် မနက်ခင်းမနိုင်ပါက ညနေနေအေးချိန်မှာ လောင်းနိုင်သည်။ ထို့နည်းတူ သီးနှံပင်၊ နှစ်ရှည်ပင်အမျိုးအစားပေါ်မူတည်၍ မည်သည့် အချိန်တွင် မည့်သည့်ပိုး၊မည့်သည့်မှိုကျရောက်တတ်သည်ကို ရှေးဦးစွားသိထားနှင့်ပြီး ၎င်းတို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးများကြိုတင်ဖြန်းပေးသင့်သည်။ တချို့လဲ ဖြစ်သည့်အချိန်တွင် သိသိချင်းနှိမ်နင်းရသည်လည်းရှိတတ်သည်။

၃။ ပမာဏမှန်

အပင်ငယ်နှင့် အပင်ကြီး အစာမည်သည်က ပိုစားမည်နည်း။ တကယ်တမ်း အပင်ငယ်တို့သည် အပင်ကြီးများနှင့် အရွယ်အစား ချင်းနှိုင်းစာလျှင် ပို၍ စားသုံးတတ်ကြသည်။ အပင်ကြီးများမှာ ဖူးပွင့်ချိန်၊ အသီးသီးချိန်တို့တွင်သာ လိုအပ်သောဓာတ်ကိုသာ ကျွေးရမည်။ ကျန်အချိန်များတွင် အပင်ကြီးထွားရန်အတွက်မူကား အပင်သေးများလောက် မလိုအပ်ပေ။ အဘယ်ကြောင့် ဆိုသော် မြေကြီးထဲရှိအဟာရဓာတ်များကို စွဲယူနိုင်သော အမြစ်များပိုမိုလာ၍ ဖြစ်သည်။ အပင်များအစာကျွေးရာ၌ စိုက်ပျိုးရေး လောကတွင် ကြုံတတ်သည့် အမှားတခုမှာ ပမာဏလျှော့ကျွေးခြင်းထက် ပိုကျွေးမိခြင်းက ပို၍ အန္တရာယ်ကြီးပေသည်။

၄။ နေရာမှန်

အထက်ပါအချက်များနည်းတူ နေရာမှန်မှန်ကျွေးနိုင်ခြင်းသည်လည်း အပင်အတွက်အလွန်အရေးပါလှသည်။ ယေဘုယျအားဖြင့် အပင်ကြီးမျိုးများ (နှစ်ရှည်ပင်များ)အတွက် အစာကျွေးခြင်းမှာ အစာအမြစ်ရှိသည့်နေရာကို ကျွေးခြင်းဖြစ်သည်။ သို့သော် မြေဆီလွှာအတွင်း အမြစ်များပျံ့နှံ့ပုံအနေအထားမှာ (နှစ်ရှည်ပင်များအတွက်) မြေပေါ်ကိုင်းများ ဖြန့်ထွက်သလောက် အမြစ်များ လည်း ဖြန့်ထွက်တည်ရှိနေသည်။ အပင်၏ ဘေးဆုံးအရွက်ဖျား တံစက်မြိတ်အထိ အမြစ်များတည်ရှိသည်။ ဆိုလိုသည်မှာ မွန်းတည့် ၁၂နာရီ နေရောင်အပေါ်တည့်တည့်ရှိချိန် အရိပ်ကျသည့်နေရာတဝိုက်အထိ အမြစ်များရှိသည်။ ထိုအရိပ်ပြင်တခုလုံးကို အချင်း ၉ပေရှိစက်ဝိုင်းသဏ္ဍာန်မြင်ကြည့်ပါ။ ပင်စည်အလယ်မှ ၁ပခွဲအကွာပတ်လည် (အချင်း ၃ပေရှိသော အပင်ခြေမှ စက်ဝိုင်း) အတွင်း အစားများမကျွေးရပါ။ ပုံများပြထားသည့်အတိုင်း ကြယ်နေရာသည် ပင်စည်အလယ်ဟုသတ်မှပါက စက်ဝိုင်းငယ်အတွင်း အစားမကျွေးရပါ။ မီခိုးရောင်ပြထားသည့်အတွင်း၌သာ တွင်းငယ်များတူး၍သော်၎င်း၊ မြောင်းဖော်၍သော်၎င်း၊ အစာများကျွေး နိုင်ပါသည်။ ထိုစက်ဝိုင်းငယ်အတွင်းသည် ပင်စည်နှင့်ကပ်သဖြင့် အကယ်၍မြေသြဇာပြင်းပါက အပင်အတွက် အန္တရာယ်ပင် ဖြစ်စေနိုင်သည်။

29/05/2020

သစ်ပင်များကိုထိရောက်စွာ
အစာကျွေးတတ်ရန် စိုက်ပျိုးရေးသမားတိုင်း
သိထားသင့်သည့် မှန်ကန်ချက် (၄)ချက်
********************************

- - - မရှိမဖြစ်လိုအပ်သော ဓာတ်စင်ဆိုသည်မှာ ထိုဓာတ်စင်သည် အပင်၏ ဇီဝကမ္မဖြစ်စဥ်တစ်ခုခုတွင် တိကျသောတာဝန်ဖြင့် ပါဝင်ထမ်းဆောင်နေရပြီး ထိုတာဝန်က အခြားဓာတ်စင် တစ်မျိုးမျိုးဖြင့် အစားမထိုးနိုင်သောကြောင့် ဖြစ်ပါသည်။

ထိုဓာတ်စင်များ ချို့တဲ့မှုသော်လည်းကောင်း၊လွန်ကဲမှုသော်လည်းကောင်း ဖြစ်လာပါက အပင်တွင် ကြီးထွားဖွံ့ဖြိုးမှုနှင့် မျိုးပွားမှုကို ထိုက်ခိုက်လာနိုင်ပြီး နောက်ဆုံး အပင်သေသည်အထိ ဖြစ်ပေါ်လာစေနိုင်ပါသည်။ထို့ကြောင့် ဤဓာတ်စင်များသည် အပင်အတွက်အရေးပါလှပေသည်။

အပင်များတွင် မရှိမဖြစ်လိုအပ်သော ဓာတ်စင်များမှာ အချို့ပညာရှင်များက ၁၆မျိုး၊အချို့ပညာရှင်များက ၁၇မျိုး ၊အချို့ပညာရှင်များက ၁၈မျိုး၊အချို့က ၂၀ထိရှိသည်ဟု ဆိုကြပါတယ်။

၁-ဖွဲ့စည်းပုံရလိုအပ်သော ဓာတ်စင်များ
ကာဘွန် C၊
ဟိုက်ဒရိုဂျင် H၊
အောက်စီဂျင် O တို့သည်
လေနှင့် ရေမှ ရရှိသော ဓာတ်စင်များဖြစ်ပြီး စိုက်ပျိုးသူများက တကူးတက ကျွေးရန်မလိုသောကြောင့် သတိမထားမိကြချေ။
ဤဓာတ်စင်သုံးမျိုးမရှိပါက အပင်များသည် လုံးဝအရှင်သန်နိုင်ပေ။အပင်ခန္ဓာထဲတွင် ဤဓာတ်စင်(၃)မျိုးသည် အများဆုံးဖြစ်သည်။

၂-အဓိကလိုအပ်သော ဓာတ်စင်များ
နိုင်ထရိုဂျင်N(ယူရီးယား)၊
ဖော့ဖရပ်စ် P(မီးစုန်း)နှင့်
ပိုတက်စီယမ်K(ပြာဓာတ်)တို့သည်
အဓိက လိုအပ်သော ဓာတ်စင်များဖြစ်ကြသည်။ထိုဓာတ်စင်၃မျိုးသည် တောင်သူအများစုက အဓိကကျွေးသော ဓာတ်စင်များဖြစ်ကြသည်။

၃-ဒုတိယအများလို ဓာတ်စင်များ
ကယ်လီစီယမ်Ca(ထုံး)၊မဂ္ဂနီစီယမ် Mg(ဆားခါး)နှင့် ဆာလ်လဖာS (ကန့်) တို့သည် NPKတို့လောက်မလိုအပ်သော်လည်း ဒုတိယအများဆုံးလိုအပ်တဲ့ ဓာတ်စင်များဖြစ်ကြပါတယ်။

၄-အနည်းလို ဓာတ်စင်များ
ဘိုရွန် B(လက်ချား)
ကရိုရင်း Cl
ကော့ပါး Cu(ကြေး)
အိုင်ယွန်း Fe(သံ)
မင်းဂနီးစ် Mn(သတ္တု)
မော်လီဒီနမ် Mo
ဇင့် Zn(သွပ်)
နီငယ် Ni
ကိုးဘက် Co
ဆိုဒီယန် Na
စီလီကွန် Si
တို့သည် အပင်အတွက် အနည်းကျဥ်းသာ လိုအပ်သော ဓာတ်စင်များဖြစ်ကြပါသည်။
ဤဓာတ်စင်များအားလုံးကို စိုက်ပျိုးရေးသမားများအနေဖြင့် မှတ်သားရန် ခက်ခဲပါက အဓိက အများလို၊ဒုတိယအများလို ထိုဓာတ်စင်နှစ်မျိုးကိုမူ မဖြစ်မနေ သိထားသင့်ပေသည်။
အပင်အတွက် မရှိမဖြစ်လိုအပ်သော ဓာတ်စင်များက သဘာဝမြေသြဇာများမှသော်လည်းကောင်း၊ဓာတုမြေသြဇာများမှသော်လည်းကောင်း၊ဇီဝမြေသြဇာများမှသော်လည်းကောင်းရရှိနိုင်ပေသည်။ဤမြေသြဇာသုံးမျိုးအကြောင်းက အရင်က တင်ပြခဲ့ဖူးပါပေသည်။

သဘာဝမြေသြဇာရယ်၊ဇီဝမြေသြဇာရယ်၊ဓာတုမြေသြဇာရယ် ဤ၃မျိုးတို့သည် တစ်မျိုးနှင့်တစ်မျိုး အရေးပါပုံမှာ မတူညီသည့်အတွက် ၃မျိုးစလုံးသည် အရေးပါပြီး အချိုးအစားမှန်ကန်စွာ ရောစပ်ကျွေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။မြေသြဇာတစ်မျိုးတည်းကိုသာ ဆက်တိုက်ဆက်တိုက်အသုံးပြုနေပါက လိုအပ်သည့်အောင်မြင်မှုကို မရနိုင်ပါ။


အာဟာရများကို အပင်က ကောင်းစွာ ထိထိ​
‌ရောက်ရောက်ရယူစားသုံးနိုင်ရန် မြေသြဇာများကျွေးရာတွင် စိုက်ပျိုးရေးသမားတိုင်း နားလည်သိမှတ်ထားရမည့် အချက် ၄ချက်ရှိပါသည်။ဤအချက်(၄)ချက်နှင့် ကိုက်ညီမှန်ကန်မှသာ အပင်အတွက် ထိထိရောက်ရောက် အကျိုးရှိနိုင်ပေလိမ်မည်။ယင်းမှန်ကန်ရမည့် အချက် (၄)ချက်မှာ


၁:အမျိုးအစားမှန်
----------------------------

အပင်များသည် အစာစားသုံးမှုတွင် သီးနှံအမျိုးအစားနှင့် ကြီးထွားမှုအရွယ်အလိုက် ကွာခြားမှုရှိပါသည်။ပင်ပိုင်းကြီးထွားမှုအဆင့်တွင် ပင်ပိုင်းကြီးထွားမှုကိုအားပေးသော အာဟာရကို ပိုထည့်ပေးသင့်ပြီး မျိုးပွားအဆင့်(အသီးဘအပွင့်ပွင့်မည့်အဆင့်)တွင် မျိုးပွားမှုကို အားပေးသော အာဟာရကို ပိုထည့်ပေးသင့်ပါသည်။ဤသို့ လိုအပ်သည့်အဆင့်တွင် လိုအပ်သည့်မြေသြဇာကို မထည့်ပေးဘဲ မှားရွင်းစွာ ထည့်သုံးမိပါက အကျိုးဖြစ်ထွန်းမှုမရှိသည့်အပြင် ဆုံးရှုံးမှုကို ဖြစ်စေသည်သာမက ပတ်ဝန်းကျင်းကိုပါ ထိခိုက်စေနိုင်ပါသည်။

၂:အချိန်မှန်
----------------------------
အပင်များက အစားစားသုံးရန်ကာလ၊စားသုံးနိုင်မည့်ရာသီဥတု မျိုးတွင်သာ အစာကျွေးသင့်ပါသည်။ယေဘုယျအားဖြင့် သစ်ပင်များအစာကို ကောင်းစွာစားသုံးနိုင်ရန် ရေရှိဖို့လိုအပ်ပါသည်။ရေမရှိပါက အပင်က မစားသုံးနိုင်ပါ။သစ်ပင်များသည် အစာခဲကို စားခြင်းမဟုန်ပါ အစာရည်ကိုသာသောက်ခြင်းဖြစ်ပါသည်။ထို့ကြောင့် ရေရရှိနိုင်မည့် အချိန်တွင်သာ ကျွေးသင့်ပါသည်။ပုံမှန်အားဖြင့် သစ်ပင်များကို တစ်နှစ်တာတွင် မိုးဦး ၊မိုးနှောင်း(၂)ခါကို ကျွေးကြပါသည်။ အချို့က မိုးဦးဘမိုးနှောင်း(၂)ခါကျွေးသည့်အပြင် ဆောင်းရာသီ အသီးဘအပွင့် ပွင့်မည့်ကာလတွင်လည်း ရေရအောင်ဖန်တီးပေး၍ အစာကျွေးကြပါသည်။

၃:ပမာဏမှန်
-------------------------
အပင်များသည် ကြီးထွားမှု ၊သက်တမ်း၊ရာသီဥတု၊အရွယ်အစား စသည်တို့ပေါ်မူတည်ပြီး အစာအာဟာရ ကွာခြားမှုရှိပါသည်။လူသားများတွင် ကလေးလေးအတွက် နို့ ၊နို့မှုန့်ဆိုရှိပြီး လူကြီးစားသည့် စားစရာကို ကလေးလေးစားရန်မဖြစ်နိုင်သကဲ့သို့ အပင်တွင်လည်း သူ့အရွယ်နှင့်သူ ကျွေးရမည့် အစာအမျိုးအစား၊ပမာဏတို့ အသီးသီးရှိပါသည်။လိုအပ်သည့်အဆင့်တွင့် လိုအပ်သည့်ပမာဏကို ထည့်ပေးရန် သေချာမသိပါက ပို၍ကျွေးခြင်းထက် လျော့၍ကျွေးခြင်းက ပိုသည့်တော်ပါသည်။လျော့ကျွေးသော အမှားထက် ပိုသောအမှားက ဆုံးရှုံးမှုကိုဖြစ်စေသည့်အပြင် အန္တာရာယ်လည်း ကြီးလေးလှပါသည်။


၄:နေရာမှန်
--------------------------

အပင်များအား အစာကျွေးရာတွင် နောက်ဆုံးမှန်ဖြစ်သော နေရာမှန်သည် မှန်၄မှန်တွင် အရေးကြီးဆုံးမှန်ကန်ရမည့် မှန်ကန်ချက်ဖြစ်ပြီး တောင်သူအများစု မှားတတ်သည့် အမှားလည်းပါသည်။တောက်သူအများစုသည် သစ်ပင်များအား အစာက​ျွေးရာတွင် သစ်ပင်ရင်၌ စုပုံ၍ကျွေးတတ်ကြပါသည်။သစ်ပင်ရင်၌ရှိသောအမြစ်များသည် အစာအာဟာရကို စုပ်ယူပေးသော အမြစ်မွှေများနည်းပါးလှသည့်အတွက် အစာကို ကောင်းစွာမစုပ်ယူနိုင်ပါ။အမြစ်တွင် အမြစ်မွှေးများသည် အမြဲ ပျက်စီးနေတတ်ပြီး ပျက်စီးသွားသော အမြစ်မွှေးများနေရာတွင် အမြစ်ဖျားမှ အမြစ်မွှေးများသည် အစားထိုးလာကြပါသည်။ထို့ကြောင့် အမြစ်ဖျားမှာ အစာစုပ်ယူဖို့ အမြစ်မွှေးများ ပိုမိုရှိသဖြင့် အမြစ်ဖျားပိုင်းသည် အစာအာဟာရစုပ်ယူမှုကောင်းသည်။ထို့ကြောင့် အမြစ်ဖျားပိုင်းသည် မည်သည့်နေရာတွင်ရှိ၍ မည့်သည့်နေရာကို အစာကျွေးရန် သိရပေမည်။ပညာရှင်များက မြေအောက်၌ မမြင်ရသော အမြစ်များသည် မြေပေါ်၌မြင်နိုင်သော အကိုင်း၊အခက် ဖြာထွက်သလောက် အမြစ်များလည်း ဖြာထွက်သည့်အပြင် ဤသည်ထက်လည်း ပိုကောင်းပိုနိုင်သည်ဟုဆိုကြပါသည်။ဥပမာ သစ်ပင်၏အကိုင်းသည် ၆ပေအထိဖြာထွက်နေလျှင် ဤ၆ပေသည် အချင်ဝက်ဖြစ်၍ သစ်ပင်၏ကျန်တစ်ဖက်က ၆ပေနှင့် ပေါင်းလျှင် ၁၂ပေအချင်းရှိသော စက်ဝိုင်းကြီးရလာလိမ့်မည်။ထိုစက်ဝိုင်းမှ အချင်းဝက် ၆ပေကို သုံးပုံစီ ပုံပါက ၂ပေစီရကာ ၂ပေအချင်းရှိသော စက်ဝိုင်းကို လည်းကောင်း၊၄ပေရှိသော စက်ဝိုင်းကိုလည်း​ကောင်း၊စက်ဝိုင်းကိုလည်း​ကောင်း၊ ၆ပေရှိ​သော စက်ဝိုင်းကိုလည်ကောင်းရပါလိမ့်မည်။သစ်ပင်နှင့် အနီးကပ်ဆုံးဖြစ်သော အချင်းဝက်၂ပေရှိသော စက်ဝိုင်းကိုချန်၍ ကျန်အချင်းဝက် ၄ပေရှိသော စက်ဝိုင်းနှင့် အခိင်းဝက် ၆ပေရှိသော စက်ဝိုင်းအတွင်းတွင်သာ မြေသြဇာများကို ကျွေးသင့်ပါသည်။ဤနေရာတွင် မြေသြဇာများကို မြေပေါ်၌ချကျွေးခြင်းထက် ၆လက်မှခန့် အနက်ရှိသော ကျင်းငယ်လေးများကို လိုအပ်သလို တူးပြီး ကျွေးခြင်းသည် အမြစ်များက ပိုမိုစားသုံးနိုင်သည့် အပြင် ဆုံးရှုံးမှုကိုလည်း လျော့နည်းစေပါသည်။

---------------------------------------------------

Shwe Noe Khant
23.Feb.2020

ဟိုလိုမရ ဒီလိုရရမယ်
29/05/2020

ဟိုလိုမရ ဒီလိုရရမယ်

Address

Burmu
835205

Website

Alerts

Be the first to know and let us send you an email when Demo ဥယျာဉ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category