Shwe Myint Mo

Shwe Myint Mo Be happy and healthy

17/10/2024
ဘဝမှာ ဘယ်သူနဲ့ဆုံဆုံကောင်းခြင်းနဲ့ပဲ ဆုံတွေ့ချင်တယ် ။ပစ်သွားတဲ့သူ မဖြစ်ချင်သလိုကျန်ခဲ့သူလည်း မဖြစ်ချင်ဘူး ။ဆုံတွေ့စဥ် ခဏ...
18/04/2024

ဘဝမှာ ဘယ်သူနဲ့ဆုံဆုံ
ကောင်းခြင်းနဲ့ပဲ ဆုံတွေ့ချင်တယ် ။

ပစ်သွားတဲ့သူ မဖြစ်ချင်သလို
ကျန်ခဲ့သူလည်း မဖြစ်ချင်ဘူး ။

ဆုံတွေ့စဥ် ခဏလေးမှာ
ရယ်ရယ်မောမော လေးနဲ့
ပျော်ပျော်ရွှင်ရွှင်လေးပဲ နေချင်တယ် ။

လူတိုင်းကတော့ ကိုယ့်ရဲ့အပေါ်
ကောင်းပေးနိူင်မှာ မဟုတ်တဲ့အတွက်ကြောင့်
တစ်ချို့ကို နားလည်မူ့တွေနဲ့ အတူ
ရှိနေစေချင်တယ် ။

လာလမ်းမတူ ပြန်လမ်းမတူကြတဲ့
အခြေအနေတစ်ခု ဆုံခွင့်သာခိုက်လေးမှာ
အမုန်းမရှိပဲ နေချင်တယ် ။

#မိုးမခ ( ဧရာ အနောက် )

“နားထဲ အဆိပ်မခတ်မိစေနဲ့ ”■ လောကကြီးမှာ အမှားကို အမှန်ထင်လို့ ဘဝပျက်တဲ့သူတွေ အများကြီးပဲ။ ■ အမှားကို အမှန်ထင်အောင် ပြောတဲ...
21/03/2023

“နားထဲ အဆိပ်မခတ်မိစေနဲ့ ”

■ လောကကြီးမှာ
အမှားကို အမှန်ထင်လို့
ဘဝပျက်တဲ့သူတွေ အများကြီးပဲ။

■ အမှားကို အမှန်ထင်အောင် ပြောတဲ့ စကားကို ❝ မုသားစကား ❞ လို့ ခေါ်ပါတယ်။

◾မုသားစကားဆိုတာ !
မဟုတ်မမှန်တဲ့ စကားပါ။

■ အပြောကောင်းတဲ့သူတွေက
မုသားစကားကို ယုတ္တိရှိရှိ ပညာသားပါပါ
ပြောတတ်တယ်။

■ ဒိသာပါမောက္ခရဲ့အပြောကောင်းမှုကြောင့်
စာတော်တဲ့ အင်္ဂုလိမာလဟာ
လူသတ်သမားကြီး ဖြစ်သွားတယ်။

■ အပြောကောင်းပေမဲ့ !
အကောင်းကို မပြောခဲ့ဘူး။ အမှားကို
အမှန်ထင်အောင်ပြောခဲ့တယ်။

■ ယင်းမုသားစကားကြောင့် !
တချို့လူတွေဟာ အမှားကို အမှန်လို့
ထင်သွားကြတယ်။

◾ဒီတလွဲ အထင်ကြောင့် !
သူတို့ ဘဝလေးတွေဟာ လမ်းကြောင်းလွဲသွားတယ်။

■ လမ်းကြောင်းလွဲမှတော့ !
ပန်းတိုင် မရောက်နိုင်တော့ဘူး။

◾တချို့ဆိုရင် !
သူ့တို့ဘဝဟာ အဖတ်ဆယ်လို့
မရလောက်အောင် ပျက်စီးသွားတယ်။

■ ဒါဆိုရင် !
သူတို့အတွက် တစ်ဘဝလုံး ပေးဆပ်လိုက်ရတာပဲ။
သူတို့အတွက် နစ်နာလွန်းပါတယ်။

■ ဒါကြောင့် !
မုသားစကားပြောခြင်းဟာ နားထဲကို
အဆိပ်ခတ်တာနဲ့ အတူတူပဲ။

■ပါးစပ်ထဲ အဆိပ်ခတ်ရင် !
တစ်ယောက်ထဲ သေနိုင်တယ်။
နားထဲ အဆိပ်ခတ်ရင်တော့ !
အများကြီး သေနိုင်တယ်လေ။

■ ဒါကြောင့် မြတ်စွာဘုရားက
မုသားစကား ဆိုရင် !
ရယ်စရာတောင် မပြောနဲ့လို့ မိန့်ခဲ့တာပါ။

■ မုသားစကားဟာ !
အကုသိုလ်ထဲမှာ ကြောက်စရာ
အကောင်းဆုံးလို့လည်း လမ်းညွှန်တော်မူခဲ့ပါတယ်။

■ ဘာ့ကြောင့်လဲ !
သူများကို အဆိပ်ခတ်လိုက်ရင် ကိုယ်လည်း
တနေ့ကျရင် အဆိပ်သင့်မှာပဲ။တန်ပြန်အကျိုး
ရမှာစိုးလို့ ဘုရားက သတိပေးခဲ့တာပါ။

■ ဒါကြောင့် !
တိုတောင်းတဲ့ ဘဝလေးမှာ မကျေနပ်မှုတွေ
မုန်းတီးမှုတွေ လှည့်စားမှုတွေနှင့်
အချိန်မဖြုန်းသင့်ပါဘူး။

ကိုယ့်ဘဝကို
▪️ရိုးသားသော
▪️ဖြူစင်သော
▪️မြင့်မြတ်သော
▪️တည်ကြည်သော
ဘဝလေး ဖြစ်အောင် ကြိုးစားရမယ်။

■ အဲဒီလို ဘဝမျိုးရဖို့အတွက် !
အလိုအပ်ဆုံး အရာကတော့ သစ္စာတရားပဲ ဖြစ်ပါတယ်။

◾ဒါကြောင့် !
ဘယ်လိုအကြောင်းကြောင့်မျှ
သူများနားထဲကို အဆိပ်မခတ်မိစေနဲ့ !

❝ သတ္တဝါခပ်သိမ်း၊ တရားကိန်း၊အေးငြိမ်းချမ်းသာရှိပါစေ ❞

【အင်ကြင်းမြိုင်ဆရာတော်】သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

📘Credit Original Writer

20/08/2022
😁😁😁
16/08/2022

😁😁😁

မင်္ဂလာဆောင်ပြီး လို့ သုံးရက်မြောက် တဲ့ နေ့မှာပဲ သူမကို အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လာစေရန် စတင် ပုံစံသွင်းယူခဲ့သည်။"မိန်...
14/08/2022

မင်္ဂလာဆောင်ပြီး လို့
သုံးရက်မြောက် တဲ့ နေ့မှာပဲ
သူမကို
အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လာစေရန်
စတင် ပုံစံသွင်းယူခဲ့သည်။

"မိန်းကလေးဆိုတာ
မိဘအိမ်မှာ
ခြေမွှေး မီးမလောင်
လက်မွှေး
မီးမလောင်နေလာခဲ့လည်း အိမ်ထောင် ကျ ရင်တော့
အိမ်ထောင့်ကိစ္စတွေတာဝန်ယူရမှာပဲလေ "

"ဟုတ်..."

"အရင်ကမလုပ်ခဲ့ရလို့
မလုပ်တတ်တာက အပြစ်မဟုတ်ဘူး
အခု ယောကျာ်းယူပြီးချိန်မှာတော့ မတတ်တာကို
တတ်အောင်သင်ပြီး
အိမ်မှု့ကိစ္စတွေကို
နိုင်နင်းအောင်လုပ်ရမယ်"

"ဟို... အဲ့ဒါတွေက ဘယ်သူ့ဆီမှာ သွားသင်ရမလဲဟင် "

"ဘယ်သူ့ဆီမှ သွားသင်စရာမလိုဘူး ငါကိုယ်တိုင် ရှေ့ကလုပ်ပြပြီးသင်ပေးမယ်
မင်းကထိုင်ကြည့်ပြီးသင်ယူ၊
အဲ.. တတ်သွားတဲ့အခါ
အိမ်မှု့ကိစ္စတွေ
မင်းပဲဆက်တာဝန်ယူပေါ့
ဟုတ်ပြီလား "

"ဟုတ်.."

ပြောလိုက်တော့လည်း မျက်နှာငယ်လေးနဲ့ ။

ဒါပေမဲ့..
ကြည့်ပြီး
သနားနေလို့လည်းမဖြစ်သေးဘူး
အခုရှုပ် မှ နောင်ရှင်း
မယားနေစ ကြောင်သေမှ မဟုတ်လား။

နောက်တစ်နေ့ကစပြီး
ချက်ပြုတ်လျှော်ဖွတ် မှ အစ
အိမ်သန့်ရှင်းရေး က အလယ်
ဈေးဝယ်တာ ခြမ်းတာ က အဆုံး ကိုယ်တိုင်လုပ်ရင်း
ကိုင်ရင်း သင်ပြပေးတယ်။

ချမာ
နေ့စဉ်ကြည့်တယ် သင်ယူရှာတယ်။

ခက်တာက..
တစ်ခုပဲခက်နေတာ ......

သူမက သိပ်ညဏ်ကောင်းပုံမရဘူး သင်ရကြားရတာ
တော်တော်လက်ဝင်တယ်
ပြောရရင်
သင်လွယ် တတ်လွယ် လူမျိုးစားမဟုတ်ဘူးထင်တယ်။

ကိုယ်မှာစိတ်ရှည်ရှည်ထားပြီး
လုပ်ရင်းကိုင်ရင်း
သင်ကြားပြ လာခဲ့လိုက်တာ
ခုဆို
အိမ်ထောင်သက်၂၆နှစ်ကျော်လာပြီ..

ဒင်းက
အခုထိ တတ် မဲ့ ပုံမပေါ်သေး ။
😿😼😖
Credit

31/07/2022

သုဘရာဇာက သေသူကိုရေချိုးပေးရင်းနဲ့
သေသူရဲ့သားကိုပြောတယ်
ခင်ဗျားဖခင်ရဲ့အင်္ကျီနဲ့ပုဆိုးဟာ
အသစ်ကြီးရှိနေသေးတယ်
ကပ်ကျေးနဲ့မညှပ်တော့ဘူး
ခင်ဗျားပြီးမှ ဝတ်လိုက်ပေါ့

သားက သုဘရာဇာကိုပြန် ပြောတယ်
လူသေရဲ့ကိုယ်ကချွတ်တဲ့အဝတ်အစားကို
ပြန်ဝတ်တဲ့သူရှိလားတဲ့...

သားလေးရယ် သေသူရဲ့ဘဏ်စာအုပ်မှာ
ကျန်တဲ့ငွေ
သစ်လွင်နေတဲ့ကား
ခမ်းနားလှတဲ့အဆောက်အဦး
အဲ့ဒါတွေအားလုံးပြန်သုံးမှာပဲ မဟုတ်လား

သတိထားပါသူတော်ကောင်း အပေါင်းတို့...
အကြင်သားသမီးတွေအတွက် အသင်ဟာမိမိရဲ့
ကိုယ် စိတ် ဥစ္စာ အချိန် တွေကိုရင်းနှီးမြုပ်နှံပြီးတော့
ရှာဖွေရင်းသွားနေတယ်.....

အဲ့ဒီသားသမီးတွေ
သင် ကွယ်လွန်ပြီးလျှင်......
သင့်ရဲ့ခန္ဓာကိုယ်က
အဝတ်အစားတောင်ပြန်ဝတ်ဖို့
နှစ်မြို့မှာမဟုတ်ဘူး.....

သို့ရှိလေရာ.....သင့်အနေနဲ့...
သင့်ရဲ့... ဥစ္စာပစ္စည်းတွေကို
ဘဝရဲ့သွားလာနေတဲ့ခရီးရှည်ကြီးမှာ....
မိမိရဲ့အကူအညီကိုလိုအပ်နေတဲ့
ဒုက္ခရောက်နေတဲ့သူတွေ....
သက်ကြီးရွယ်အိုတွေ....
ဆွေမျိုးသားချင်းတွေ....
သူဆင်းရဲတွေ.....အပေါ်မှာလည်းသုံးစွဲပါ

သို့မှသာ သံသရာမှာလည်း အသင့်အတွက်
အပြည့်အဝအကျိုးရှိမယ်...
သံသရာအတွက် အထုပ်ကြီးကြီး ထုပ်နိုင်ကြပါစေ...

CRD

" မောင် ဘီယာကို ဖြတ်မလားး မိန်းမကို ဖြတ်မလား "" ဘာမဟုတ်တဲ့ ဘီယာကိုတောင် မဖြတ်နိုင်တာ၊ မိန်းမကို ဖြတ်နိုင်ပါ့မလား " 😜" ဘီ...
29/07/2022

" မောင် ဘီယာကို ဖြတ်မလားး မိန်းမကို ဖြတ်မလား "

" ဘာမဟုတ်တဲ့ ဘီယာကိုတောင် မဖြတ်နိုင်တာ၊ မိန်းမကို ဖြတ်နိုင်ပါ့မလား " 😜

" ဘီယာက အသည်းထိတယ်လေ "

" မိန်းမကို ချစ်ရတာ နှလုံးသားကို စုတ်ပြတ်သတ်ခံပြီး ချစ်ရတာ၊ ပိုထိတယ် ... ဒါပေမယ့် မစွန့်လွှတ်နိုင်ဘူးလေ " ;-)

" မိန်းမကို ရွေးမလား၊ ဘီယာကို ရွေးမလားဆိုရင်ရော "

" မောင့်မှာ လက်နှစ်ဖက်ရှိနေတယ်လေ၊ မိန်းမလက်ကို တစ်ဖက်က ဆုပ်ကိုင်ထားပြီး တစ်ဖက်က ဘီယာခွက် ကိုင်ထားမှာပေါ့ " 😂😂

" မိန်းမက ထားခဲ့မယ်ဆိုရင်ရော "

" မိန်းမကို လွမ်းနေတဲ့အကြောင်း ဘီယာသောက်ရင်း ဘော်ဒါတွေကို ပြောပြမယ် " 😃

" တကယ်လို့များ ဘီယာတစ်ဂျားရယ် မိန်းမရယ်ဆိုရင် ဘာကို မောင်ရွေးမလဲ "

" မိန်းမ ဆိုရင်ရော ဘာကို ရွေးမလဲ " 😊

" မိန်းမက မောင့်ကို ရွေးမှာပေါ့ "

" ဒါဆို မောင်က ဘီယာကိုရွေးမယ်၊ မိန်းမလက်ထဲမှာ မောင်ရှိနေမှတော့ ဆုံးရှုံးစရာမှ မလိုတော့တာ " 😝😝


ဆင်ဝှေ့ရန်ရှောင် ပြောနည်းဆိုလား ဘာဆိုလားးပဲဗျာ 😸😸

Credit
____________________________

 #မေတ္တာသုတ်ကို ပုံမှန်ဆို ပဋ္ဌာန်းမရွတ်ခင် တခေါက်ပဲ ရွတ်လိုက်တာခု ဒီပုံစံအတိုင်းလေး ရွတ်တာ( ၃ )နှစ်ကျော်ပီ စမ်းသပ်ခံရတဲ...
28/07/2022

#မေတ္တာသုတ်ကို ပုံမှန်ဆို
ပဋ္ဌာန်းမရွတ်ခင် တခေါက်ပဲ ရွတ်လိုက်တာ
ခု ဒီပုံစံအတိုင်းလေး ရွတ်တာ( ၃ )နှစ်ကျော်ပီ
စမ်းသပ်ခံရတဲ့ အနေနဲ့ အိမ်တွင်းရေး မိသားစု ပြသာနာ ဖစ် အချိူ့သောအရာ
အတိုက်အခံလေးတွေတော့ ဖစ်တာပေါ့..ပြသာနာတွေဖစ်တာတောင်..ဒါပေမယ့်
စိတ်မာ အေးချမ်းတယ်
ကိုယ့် မေတ္တာ တွေမှန်လို့လားတော့မသိ
ဒုက္ခ ပေးမယ့်သူ အပူပေးမယ့်သူတွေ
ကိုယ့်နားမာ မနေနိုင် မနေရဲတော့ဘူး
တပတ်လောက်ပဲ အရင်လုပ်ကြည့်ပါ 😊

အခုအဓိဌာန်တခုအနေနဲ့ရွတ်မယ့်
မေတ္တာသုတ် ရွတ်ပုံရွတ်နည်းအဆင့်ဆင့်ကို အားလုံးနဲ့အတူကုသိုလ်ယူ ပူဇော်လို့ရအောင် တင်ပေးလိုက်တာပါ 🙏🙏🙏

မေတ္တာသုတ်ရွတ်ပုံနည်းစနစ်

တနင်္ဂနွေဂြိုလ်သက် ၆

တနင်္လာဂြိုလ်သက် ၁၅

အင်္ဂါဂြိုလ်သက် ၈

ဗုဒ္ဓဟူးဂြိုလ်သက် ၁၇

စနေဂြိုလ်သက် ၁၀

ကြာသပတေးဂြိုလ်သက် ၁၉

ရာဟုဂြိုလ်သက် ၁၂

သောကြာဂြိလ်သက် ၂၁

(စုစုပေါင်းဂြိုလ်သက် ၁၀၈)

၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မှီ-

"တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ

တနင်္ဂနွေသားသမီးများအားလုံး

၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ"......ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။🙏🙏🙏

၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မှီ-

"တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၅ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။🙏🙏🙏

၃။ အင်္ဂါနေ့မှာ စရွတ်လျှင် မရွတ်မှီ- "အင်္ဂါဂြိုလ်မင်းကြီးနှင့်တကွ အင်္ဂါသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အရှေ့တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၈ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။🙏🙏🙏

၄။ ဗုဒ္ဓဟူးနေ့ နံနက်အာရုံတက်မှ နေ့လည် ၁၂ နာရီ မထိုးမီ- စရွတ်လျှင် မရွတ်မှီ-

"ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ ဗုဒ္ဓဟူး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၇ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။🙏🙏🙏

၅။ ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမှ ည ၁၂ နာရီအတွင်း၊ စရွတ်လျှင် မရွတ်မှီ-

"ရာဟုဂြိုလ်မင်းကြီးနှင့်တကွ ရာဟု သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၂ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။🙏🙏🙏

၆။ ကြာသပတေးနေ့မှာ စရွတ်လျှင် မရွတ်မှီ- "ကြာသပတေးဂြိုလ်မင်းကြီးနှင့်တကွ ကြာသပတေး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊

အနောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၉ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။🙏🙏🙏

၇။ သောကြာနေ့မှာ စရွတ်လျှင် မရွတ်မှီ- "သောကြာဂြိုလ်မင်းကြီးနှင့်တကွ သောကြာ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၂၁ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။🙏🙏🙏

၈။ စနေ့မှာ စရွတ်လျှင် မရွတ်မှီ- "စနေဂြိုလ်မင်းကြီးနှင့်တကွ စနေ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်တောင်အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၁၀ ခေါက် စပြီးရွတ်ပါ၊

ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။🙏🙏🙏

မှတ်ချက်

၁။ ကြိုက်ရာနေ့မှာ အထက်ပါအတိုင်း သက်ဆိုင်ရာ နေ့၏ ဂြိုလ်သက်အတိုင်း စတင်ရွတ်ဆိုနိူင်ပါသည်။

၂။ တစ်နေ့ခြင်းလည်း ရွတ်နိူင်ပါသည်။

၃။ တစ်နေ့တည်း ဂြိုလ်သက်စုံအောင် ရွတ်ဆိုနိူင်ပါကလည်း စသည့်နေ့၊ စသည့်ဂြိုလ်မှ ဆုံးအောင်၊ ၁၀၈ ခေါက်ပြည့်အောင် ရွတ်ဆိုနိူင်ပါသည်။

၄။ ဗုဒ္ဓဟူးနေ့မှာတော့ နေ့လည် ၁၂ နာရီ မထိုးမီ ဗုဒ္ဓဟူးနေ့အတွက် အပြီးရွတ်၍၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာ ရာဟူဂြိုလ်အတွက် ရွတ်ပေးရပါမည်။

၅။ ရန်ဖြစ်စရာကိစ္စများ၊ စကားအခြေအတင် ပြောရခြင်းများ ပေါ်ပေါက်လာပြီး အစမ်းသပ် ခံရပါလိမ့်မည်၊

၆။ မေတ္တာဖြင့် သီးခံပြီး ရှောင်ရှားပေးခြင်း၊ ပြန်မပြောခြင်းဖြင့် ရန်ကိုရှောင်ရပါမည်။

၇။ ပြိုင်လာလျှင် အရှုံးပေးခြင်း နည်းကိုသာ ရွေးချယ်ရပါမည်၊

၈။ ဤမေတ္တာကျင့်စဉ်မှာ အစမ်းသပ် ခံရပြီးမှသာလျှင် အဆင့် တက်မည်ဖြစ်၍ သတိထားပြီး ရန်ကိုရှောင်ပေးပါ။

၉။ ရရှိလာမည့် အကျိုးကျေးဇူးမျာမှာ-

(၁) မေတ္တာသုတ် ရွတ်ဆိုမည့် ရှေ့တည့်တည့်တွင် သောက်ရေထား၍ မောသည့်အခါ ထိုရေကိုသောက်ခြင်းဖြင့် မည်သည့်ဘေး ပယောဂရောဂါဆိုးများ မကျရောက်နိူင်တော့ပါ။

(၁) ၄၅ ရက် အတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းများ စတင်ပေါ်ပေါက်တတ်ပါသည်။

(၂) ဆက်လက် ကျင့်ကြံနိူင်ပါက ၃ နှစ်အတွင်း ယခုဘဝ တစ်သက်စာအတွက် စားဝတ်နေရေးကိစ္စများအတွက် မပူမပင် မကြောင့်မကြမတောင့်တရဘဲ အားလုံးပြည့်စုံပြီးဖြစ်ပါလိမ့်မည်။

(၃) ရွတ်ဆဲကာလ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရွတ်ဆို၍ အလွန်ကောင်းမွန်လာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများဖြစ်ပေါ်လာ၍ စတုတ္တစျာန်အဆင့်ကိုပင်ရရှိနိူင်ပါသည်။

(၄) ထိုမှတစ်ဆင့် ဝိပဿနာကူး၍အားထုတ်ခဲ့ပါက လွယ်ကူလျင်မြန်စွာတရားထူးတရားမြတ်ကို သေချာပေါက် ရရှိနိူင်ပါသည်။

28/07/2022

အရဟံပဋ္ဌာန်းလာဘ်ပွင့်ဂါထာတော်

-အကြွေးဆပ်စရာရှိနေလား?
-အကြွေးတွေမရပဲဖြစ်နေလား?
-ငွေကြေး လာဘ်လာဘတွေ ပိတ်ဆို့နေလား?
-ငွေကြေးအတွက်စိတ်ပူနေရလား?
-ငွေကြေးအတွက်သောကများနေရတာလား?

-ဤဂါထာကို ရွတ်ဖတ်မယ်ဆိုရင်
အဓိဌာန်တင်ပြီး တစ်နေ့လျှင် ၂၄ ခေါက် ၂၄ ရက်တိတိ ရွတ်ဖတ်ပူဇော်ပါ။

-မိမိ မွေးနေ့ကစတင်ပြီး အဓိဌာန်ဝင်ရပါမယ်။

-အဖျက်များသောကြောင့် ဇွဲကောင်းဖို့ ဖြစ်အောင်ဖို့တော့ လိုပါတယ်။

မိမိမှာ ပိတ်ဆို့နေတဲ့
ငွေကြေးကံများ ရသင့်လျှက်ကြန့်ကြာနေသော
ငွေကြေး လာဘ်လာဘများအပြင်
အခြားသော နေရာများမှလည်း
မိမိရဲ့ကံ နှင့် မိမိရဲ့ သဒ္ဒါတရားပေါ်
မူတည်ပြီး ငွေကြေးလာဘ်လာဘများ
၀င်လာပါလိမ့်မယ်။

၂၄ရက်ပြည့်ပြီးရင် တစ်ပတ်နားပြီး
မိမိမွေးနေ့ရောက်မှ
အဓိဌာန် နောက်တစ်ကြိမ်ပြန်၀င်ပါ။

အဓိဌာန်ကာလ ၂၄ ရက်အတွင်း မိမိ တတ်နိုင်သလောက် ခွေးစာ ငါးစာ ဌက်စာ ဒါနပြုပါ

အဓိဌာန်ကာလအတွင်း ပထမဆုံးဝင်လာသောငွေ​ကြေးဖြင့် မွေးနေ့တွင် မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီးကို သီဟိုစေ့ ဒါနပြု ကပ်လှူပါ

ဂါထာတော်

အရဟံ၀တ လာဘံ ဟေတုပစ္စယော
အရဟံ၀တ လာဘံ အရမ္မဏပစ္စယော
အရဟံ၀တ လာဘံ အဓိပတိပစ္စယော
အရဟံ၀တ လာဘံ အနန္တရပစ္စယော
အရဟံ၀တ လာဘံ သမနန္တရပစ္စယော
အရဟံ၀တ လာဘံ သဟဇာတပစ္စယော
အရဟံ၀တ လာဘံ အညမညပစ္စယော
အရဟံ၀တ လာဘံ နိဿယပစ္စယော
အရဟံ၀တ လာဘံ ဥပနိဿယပစ္စယော
အရဟံ၀တ လာဘံ ပုရေဇာတပစ္စယော
အရဟံ၀တ လာဘံ ပစ္ဆာဇာတပစ္စယော
အရဟံ၀တ လာဘံ အာသေ၀နပစ္စယော
အရဟံ၀တ လာဘံ ကမ္မပစ္စယော
အရဟံ၀တ လာဘံ ဝိပါကပစ္စယော
အရဟံ၀တ လာဘံ အဟာရပစ္စယော
အရဟံ၀တ လာဘံ ဣနြ္ဒိယပစ္စယော
အရဟံ၀တ လာဘံ စျာနပစ္စယော
အရဟံ၀တ လာဘံ မဂ္ဂပစ္စယော
အရဟံ၀တ လာဘံ သမ္ပယုတ္တပစ္စယော
အရဟံ၀တ လာဘံ ဝိပ္ပယုတ္တပစ္စယော
အရဟံ၀တ လာဘံ အတ္ထိပစ္စယော
အရဟံ၀တ လာဘံ နတ္ထိပစ္စယော
အရဟံ၀တ လာဘံ ဝိဂတပစ္စယော
အရဟံ၀တ လာဘံ အဝိဂတပစ္စယောတိ။

ဂုဏ်တော် ပဌာန်းကျင့်စဥ်တစ်ခုဖြစ်ပြီး ဓမ္မဒါနအနေနဲ့ ထပ်ဆင့်ပြန်လည်၍ မျှဝေပါတယ်။

SaiThihaKyaw

Address

Anisakan

Telephone

+959771636367

Website

Alerts

Be the first to know and let us send you an email when Shwe Myint Mo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Myint Mo:

Share